< ၃ ဓမ္မရာဇဝင် 21 >

1 ထိုနောက်မှ ယေဇရေလမြို့သား နာဗုတ်ပိုင်သော စပျစ်ဥယျာဉ်သည် ယေဇရေလမြို့တွင်၊ ရှမာရိ မင်းကြီးအာဟပ်၏နန်းတော်နားမှာ ရှိသည်ဖြစ်၍၊
EIA hoi kekahi mea mahope mai o ia mau mea, he malawaina ia Nabota no Iezereela, maloko ia o Iezereela, e pili ana i ka halealii o Ahaba ke alii o Samaria.
2 အာဟပ်မင်းက၊ သင့်စပျစ်ဥယျာဉ်သည် နန်းတော်နားမှာရှိသောကြောင့် ယာလုပ်စရာဘို့ပေးပါ။ သာ၍ကောင်းသော ဥယျာဉ်ကို ငါပေးမည်။ သို့မဟုတ် သင်အလိုရှိလျှင် အဘိုးကိုပေးမည်ဟု နာဗုတ်အား ဆိုလျှင်၊
Olelo mai la o Ahaba ia Nabota, i mai la, E haawi mai oe i kou malawaina, i lilo ia ia'u i mala laauikiai, no ka mea, e kokoke mai ana no ia i ko'u hale; a e haawi aku au nau i ka malawaina e oi aku kona mai kai mamua o keia: a i pono ia oe, e haawi aku au ia oe i ke kala e like kona waiwai me ia.
3 နာဗုတ်က၊ ဘိုးဘေးလက်မှ အမွေခံသောမြေကို ကိုယ်တော်အား ပေးရသောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု ပြန်လျှောက်၏။
I aku la o Nabota ia Ahaba, Na Iehova wau e hoole mai, i ole e haawi au i ka hooilina o ko'u mau makua ia oe.
4 ဘိုးဘေးမှ အမွေခံသော မြေကို မပေးရဟု ယေဇရေလမြို့သား နာဗုတ်လျှောက်သော စကား ကြောင့် အာဟပ်မင်းသည် ညစ်ညူးသော စိတ်နှင့် ညှိုးငယ်လျက်၊ နန်းတော်သို့သွား၍ အစာကိုမစား၊ မျက်နှာကို လွှဲ၍သာလွန်ပေါ်မှာ အိပ်လျက်နေ၏။
Hele ae la hoi o Ahaba iloko o kona hale me ke kaumaha, a me ka huhu, no ka olelo a Nabota no Iezereela i olelo aku ai ia ia; no ka mea, ua olelo oia, Aole au e haawi aku i ka hooilina o ko'u mau makua ia oe. Moe iho la oia ma kona wahi moe, haliu e aku i kona maka, aole hoi i ai i ka berena.
5 ခင်ပွန်းယေဇဗေလသည်လာ၍၊ အစာကို မစားနိုင်အောင် စိတ်တော်သည် အဘယ်ကြောင့် ညှိုးငယ် တော်မူသနည်းဟုမေးလျှင်၊
Alaila hele ae la kana wahine o Iezebela io na la, ninau aku la hoi, No ke aha la e kaumaha nei kou uhane, i ole ai oe e ai i ka berena?
6 မင်းကြီးက၊ ယေဇရေလမြို့သားနာဗုတ်ကို ငါခေါ်၍ သင့်စပျစ်ဥယျာဉ်ကို ရောင်းပါ။ သို့မဟုတ် သင်အလို ရှိလျှင် အခြားသောဥယျာဉ်ကို ငါပေးမည်ဟုဆိုသော်၊ ထိုဥယျာဉ်ကို ကိုယ်တော်အားမပေးရဟု ပြန်ပြော သောကြောင့် စိတ်ညှိုးငယ်သည်ဟုဆို၏။
Hai mai la oia, No ka mea, ua olelo aku au ia Nabota no Iezereela, i ka i ana'ku ia ia, E haawi mai oe i kou malawaina ia'u no ke kala; a, ina e makemake oe, e haawi aku au ia oe i kekahi malawaina e nona; a olelo mai la oia, Aole au e haawi i kuu malawaina ia oe.
7 ခင်ပွန်းယေဇဗေလက၊ ကိုယ်တော်သည် ဣသ ရေလနိုင်ငံကို အစိုးရတော်မူသည် မဟုတ်လော။ ထ၍ ရွှင်လန်းသော စိတ်နှင့် စားတော်ခေါ်ပါ။ ကျွန်မသည် ယေဇရေလမြို့သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို ဆက်ပါ မည်ဟုဆိုသည်အတိုင်း၊
I aku la hoi o Iezebela kana wahine ia ia, Ke hoomalu nei anei oe i ke aupuni o ka Iseraela? E ala'e a e ai i ka berena, e olioli kou naau, na'u no e haawi i ka malawaina o Nabota no Iezereela ia oe.
8 အာဟပ်မင်း၏ အခွင့်နှင့်စာရေး၍ တံဆိပ် တော်နှင့် ခတ်ပြီးမှ၊ နာဗုတ်နေရာမြို့၌ သူနှင့်အတူ နေသော အသက်ကြီးသူနှင့်မှူးမတ်များထံသို့ ပေးလိုက် လေ၏။
Kakau iho la oia i na palapala ma ka inoa o Ahaba, a kau iho la i kona sila, a hoouna aku la i ua mau palapala la i na lunakahiko a me na haku na mea iloko o kona kulanakauhale, e noho ana me Nabota.
9 စာချက်ဟူမူကား၊ အစာရှောင်ရာအချိန်ကို ကြွေးကြော်၍၊ နာဗုတ်ကို လူများရှေ့မှာ မြှောက်ထား ကြလော့။
Palapala ae la ia iloko o na palapala, i aku la, E kala aku i ka hookeai, a e hooku ia Nabota iluna imua o na kanaka;
10 ၁၀ သူ့ရှေ့မှာ အဓမ္မလူနှစ်ယောက်ကိုထား၍၊ သင်သည် ဘုရားသခင်နှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီဟု သက်သေခံပါလေစေ။ သို့ပြီးမှ သူ့ကို ထုတ်၍ သေစေခြင်း ငှါ ကျောက်ခဲနှင့်ပစ်ကြလော့ဟု ပါသတည်း။
A e hooku hoi i na kanaka elua, i na keiki a Beliala, imua ona, e hoike ku e ia ia, e olelo ana, Ua hoi no wale oe i ke Akua a i ke alii. Alaila lawe aku ia ia mawaho, a e hailuku ia ia i make ia.
11 ၁၁ ယေဇဗေလပေးလိုက်သော စာ၌ ပါသည် အတိုင်း၊ နာဗုတ်နေသောမြို့သား အသက်ကြီးသူနှင့် မှူးမတ်တို့သည် ပြုလျက်၊
Hana iho la na kanaka o ke kulanakauhale, o na lunakahiko a me na haku ka poe e noho ana ma kona kulanakauhale, e like me ka Iezebela i hoouna aku ai ia lakou, a e like me ka mea i kakauia maloko o na palapala ana i hoouna aku ai ia lakou.
12 ၁၂ အစာရှောင်ရာအချိန်ကို ကြွေးကြော်၍ နာဗုတ် ကို လူများရှေ့မှာ မြှောက်ထားကြ၏။
Kala ae la lakou i ka hookeai, a hooku ae la lakou ia Nabota iluna imua o na kanaka.
13 ၁၃ အဓမ္မလူနှစ်ယောက်သည် လာ၍သူ့ရှေ့မှာ ထိုင်လျက်၊ နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို စွန့်ပယ်ပြီဟု လူများရှေ့တွင် နာဗုတ်တဘက်၌ သက်သေ ခံကြလျှင်၊ နာဗုတ်ကို မြို့ပြင်သို့ ထုတ်၍ သေအောင် ကျောက်ခဲနှင့်ပစ်ကြ၏။
A hele mai la na kanaka elua, na keiki a Beliala, a noho iho la imua ona: hoike ku e ae la ua mau kanaka la o Beliala ia ia, ia Nabota, ma ke alo o na kanaka, i ae la, Ua hoino wale o Nabota i ke Akua a i ke alii. Alaila lawe ae la lakou ia ia mawaho o ke kulanakauhale, a hailuku aku la lakou ia ia me na pohaku a make ia.
14 ၁၄ ထိုအခါ နာဗုတ်သည် ကျောက်ခဲနှင့် ပစ်ခြင်း ကိုခံရ၍ သေပါပြီဟု ယေဇဗေလထံသို့ စေလွှတ်၍ ကြားလျှောက်ကြ၏။
Alaila hoouna mai la lakou io Iezebela la, i mai la, Ua hailukuia o Nabota, a ua make.
15 ၁၅ ထိုအကြောင်းကို ယေဇဗေလသည် ကြားလျှင်၊ ယေဇရေလမြို့ သားနာဗုတ် မရောင်းလိုသော စပျစ် ဥယျာဉ်ကို ထ၍ သိမ်းယူတော်မူပါ။ နာဗုတ်အသက်မရှိ၊ သေပါပြီဟု ဆို၏။
Eia hoi kekahi, i ka lohe ana o Iezebela ua hailukuia o Nabota, a ua make, i aku la o Iezebela ia Ahaba, E eu e komo i ka malawaina o Nabota no Iezereela, ka mea ana i haawi ole ai ia oe no ke kala; no ka mea, aole e ola ana o Nabota, aka, ua make no.
16 ၁၆ နာဗုတ်သေကြောင်းကို အာဟပ်သည် ကြားလျှင်၊ ယေဇရေလမြို့ သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ ထသွား၏။
Eia keia, i ka lohe ana o Ahaba, ua make o Nabota, ku ae la o Ahaba iluna e iho i ka malawaina o Nabota no Iezereela, e lawe ia nona.
17 ၁၇ ထိုအခါတိရှဘိမြို့သား ဧလိယသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်က၊
Hiki mai la ka olelo a Iehova ia Elia no Tiseba, i mai la,
18 ၁၈ သင်သည်ရှမာရိမြို့၌နေသော ဣသရေလ ရှင်ဘုရင်အာဟပ်ကို ကြိုဆိုအံ့သောငှါ ထသွားလော့။ သူသည်နာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ သွား၍ ယခုဥယျာဉ်၌ရှိ၏။
E eu, e iho ae oe e halawai me Ahaba ke alii o ka Iseraela, o ko Samaria; aia hoi ia maloko o ka malawaina o Nabota kahi i iho ai oia e komo.
19 ၁၉ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် လူအသက်ကို သတ်၍သူ့ဥစ္စာကို သိမ်းယူပြီလော။ တဖန် မိန့်တော်မူသည်ကား၊ ခွေးတို့သည် နာဗုတ်အသွေးကို လျက်သောအရပ်၌ သင့်အသွေးကိုပင် လျက်ကြလိမ့် မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထား တော်မူ၏။
E olelo aku hoi oe ia ia, i ka i ana aku, Ke i mai nei o Iehova, Ua pepehi ae nei anei oe, a ua lawe hoi nou? A e olelo aku oe ia ia, Ke i mai nei o Iehova penei, Ma kahi i palu ai o na ilio i ke koko o Nabota, malaila no e palu ai na ilio i kou koko, i kou ponoi no.
20 ၂၀ အာဟပ်ကလည်း၊ အချင်းရန်သူ၊ ငါနှင့်တွေ့ပြီ လောဟု ဧလိယအားဆိုလျှင်၊ ဧလိယကသင်သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုလို၍ ကိုယ်ကို ရောင်းသောကြောင့် သင်နှင့်ငါတွေ့ပြီ။
A olelo ae la o Ahaba ia Elia, Ua loaa anei au ia oe, e kuu enemi? I aku la o Elia, Ua loaa no ia'u, no ka mea, ua kuai lilo aku oe ia oe iho e hana ma ka hewa imua o Iehova.
21 ၂၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်အပေါ် သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ ချုပ်ထားသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုး ယောက်ျားများကိုပယ်ဖြတ်မည်။
Eia hoi, e hoili au i ka poino maluna ou, a e kaili ae au i kou hope, a e hooki aku au i na kane mai Ahaba aku, a me ka mea paa a me ka mea paa ole iloko o ka Iseraela.
22 ၂၂ ငါ့အမျက်ကို နှိုးဆော်သောအပြစ်နှင့် ဣသ ရေလအမျိုးကို ပြစ်မှားစေသောအပြစ်ကြောင့်၊ သင့်အမျိုး ကို နေဗတ်၏သား ယေရောဗောင်အမျိုးနှင့် အဟိယ၏ သားဗာရှာအမျိုးကဲ့သို့ ငါဖြစ်စေမည်။
A e hoohalike au i kau ohana me ka ohana a Ieroboama ke keiki a Nebata, a e like me ka ohana a Baasa ke keiki a Ahiia, no ka hoonaukiuki ana i hoohuhu mai ai oe ia'u, a i hoolilo ai hoi i ka Iseraela e lawehala.
23 ၂၃ ယေဇဗေလအမှုမှာ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ ယေဇရေလမြို့ရိုးနားမှာ ခွေးတို့သည် ယေဇ ဗေလကို စားကြလိမ့်မည်။
A no Iezebela kekahi i olelo mai ai o Iehova, i mai la, E ai na ilio ia Iezebela ma ka pa o Iezereela.
24 ၂၄ အာဟပ်အမျိုးသည် မြို့ထဲမှာ သေလျှင်ခွေးစား လိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင်ငှက် စားလိမ့်မည်ဟု မိန့်တော်မူကြောင်းကို အာဟပ်အား ဆင့်ဆို၏။
A o ko Ahaba mea make maloko o ke kulanakauhale, oia ka na ilio e ai ai; a o ka mea make ma kula, oia ka na manu o ka lewa e ai ai.
25 ၂၅ အာဟပ်နှင့်တူသော သူတယောက်မျှမရှိ။ ခင်ပွန်းယေဇဗေလသည် တိုက်တွန်းသဖြင့်၊ ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုလို၍ ကိုယ်ကို ရောင်း သောသူဖြစ်၏။
Aohe mea like me Ahaba, ka mea i kuai lilo aku ia ia iho e hana ma ka hewa, ma ke alo o Iehova, ka mea a Iezebela kana wahine i hooikaika aku ai.
26 ၂၆ ထာဝရဘုရားသည် ဣသရေလအမျိုးရှေ့မှ နှင်ထုတ်တော်မူသောအာမောရိ အမျိုးသားပြုသမျှ အတိုင်း၊ ရုပ်တုဆင်းတုကို ဆည်းကပ်၍ စက်ဆုပ်ရွံရှာ ဘွယ် အမှုကိုပြု၏။
Hana hoi oia i ka mea e inaina nui ia i kona hahai ana mamuli o na akuakii, e like me ka Amora i hana'i a pau, ka poe a Iehova i kipaku aku ai imua o na mamo a Iseraela.
27 ၂၇ သို့ရာတွင် ဧလိယဆင့်ဆိုသော စကားတော်ကို ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍လျှော်တေအဝတ်ကို ဝတ်၏။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်၌ အိပ်ခြင်း ကို ပြု၍ ဖြည်းဖြည်းသွားလာ၏။
Eia hoi kekahi, i ka lohe ana o Ahaba i keia mau olelo, uhae ae la oia i kona kapa, a kau i ke kapa eleele i kona io, a hookeai iho. a moe iho la iloko o ke kapa eleele, a hele malie no hoi.
28 ၂၈ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် တိရှဘိမြို့သား ဧလိယသို့ ရောက်လာသည်ကား၊
Hiki mai la ka olelo a Iehova ia Elia no Tiseba, i mai la,
29 ၂၉ အာဟပ်သည် ငါ့ရှေ့မှာနှိမ့်ချသည်ကို မြင်ပြီ လော။ ထိုသို့ငါ့ရှေ့ မှာနှိမ့်ချသောကြောင့်၊ သူ့လက်ထက်၌ ထိုဘေးဥပဒ်ကို ငါမရောက်စေ။ သူ့သားလက်ထက်၌ အမျိုးအပေါ်သို့ရောက်စေမည်ဟု မိန့်တော်မူ၏။
Ke ike nei anei oe i ko Ahaba hoohaahaa ana ia ia iho imua o'u? No kona hoohaahaa ana ia ia iho imua o'u, aole au e lawe mai i ka poino, i kona mau la; aka, i na la o kana keiki e hoili ai au i ka poino maluna o kana ohana.

< ၃ ဓမ္မရာဇဝင် 21 >