< ၃ ဓမ္မရာဇဝင် 2 >
1 ၁ ဒါဝိဒ်သည်အနိစ္စရောက်ရသော အချိန်နီးသော အခါ၊ သားတော်ရှောလမုန်ကို ပညတ်ထားတော်မူသည် ကား၊
Kun lähestyi aika, jolloin Daavidin oli kuoltava, käski hän poikaansa Salomoa sanoen:
2 ၂ မြေကြီးသားအပေါင်းတို့၏ သွားရာလမ်းသို့ ငါသွားရမည်။ သို့ဖြစ်၍အားယူလော့။ ယောက်ျား၏ ဂုဏ်သတ္တိရှိလော့။
"Minä menen kaiken maailman tietä; ole luja ja ole mies.
3 ၃ ထာဝရဘုရားသည် ငါ့အားဗျာဒိတ်ပေးတော် မူသည်ကား၊
Ja noudata Herran, Jumalasi, määräyksiä, niin että vaellat hänen teitänsä ja noudatat hänen säädöksiänsä, käskyjänsä, oikeuksiansa ja todistuksiansa, niinkuin on kirjoitettuna Mooseksen laissa, että menestyisit kaikessa, mitä teet, ja kaikkialla, minne käännyt;
4 ၄ သင်၏သားမြေးတို့သည် စိတ်နှလုံးအကြွင်းမဲ့ ငါ့ရှေ့မှာ သမ္မာတရား၌ ကျင်လည်ခြင်းငှါ မိမိတို့သွားရာ လမ်းကို သတိပြုလျှင်၊ ဣသရေ လနိုင်ငံရာဇပလ္လင်ပေါ် မှာ ထိုင်ရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု မိန့်တော် မူသော စကားတော်တည်၍၊ သင်သည်ပြုလေရာရာ၊ သွားလေရာရာ၌ အောင်မြင်မည်အကြောင်းသင်၏ ဘုရားသခင်ထာဝရဘုရား၏ လမ်းတော်သို့ လိုက်၍၊ မောရှေ၏ပညတ္တိကျမ်း၌ပါသော စီရင်ထုံးဖွဲ့ချက်၊ သက်သေခံချက်၊ ပညတ်တရားတော်တို့ကို စောင့်ရှောက် စေခြင်းငှါ မှာထားတော်မူသော စကားကို နားထောင် လော့။
että Herra täyttäisi tämän sanansa, jonka hän minusta puhui: 'Jos sinun poikasi pitävät vaarin teistänsä, niin että vaeltavat minun edessäni uskollisesti, kaikesta sydämestänsä ja kaikesta sielustansa, niin on mies sinun suvustasi aina oleva Israelin valtaistuimella'.
5 ၅ ဇေရုယာသားယွာဘသည် ငါ၌ပြုသောအမှု၊ ဣသရေလဗိုလ်ချုပ်နှစ်ပါးနေရ၏သားအာဗနာ၊ ယေသာ ၏ သားအာမသ၌ ပြုသောအမှုတည်းဟူသော သူတို့ကို သတ်၍ စစ်မတိုက်ဘဲ စစ်အသွေးကို သွန်းလောင်း သဖြင့်၊ မိမိဝတ်သောခါးစည်း၊ မိမိနင်းသောခြေနင်းတို့ကို စစ်အသွေးနှင့် လူးသောအမှုကို သင်သိသည်ဖြစ်၍၊
Sinä tiedät myöskin, mitä Jooab, Serujan poika, on tehnyt minulle-tiedät, mitä hän teki kahdelle Israelin sotapäällikölle, Abnerille, Neerin pojalle, ja Amasalle, Jeterin pojalle: kuinka hän tappoi heidät, vuodattaen sotaverta rauhan aikana ja tahraten sotaverellä vyönsä, joka hänellä oli vyötäisillään, ja kenkänsä, jotka hänellä oli jalassaan.
6 ၆ သင်၌ပညာရှိသည်အတိုင်း စီရင်လျက်၊ ဆံပင် ဖြူသော ထိုသူ၏ဦးခေါင်းကို မရဏာနိုင်ငံသို့ ငြိမ်ဝပ်စွာ မဆင်းစေနှင့်။ (Sheol )
Niin tee nyt viisautesi mukaan äläkä anna hänen harmaiden hapsiensa rauhassa mennä alas tuonelaan. (Sheol )
7 ၇ ဂိလဒ်ပြည်သားဗာဇိလဲ၏သားတို့ကိုကား ကျေးဇူးပြု၍ စားပွဲတော်၌ စားသောလူစုထဲသို့ ဝင်စေ လော့။ သင့်အစ်ကိုအဗရှလုံကြောင့် ငါပြေးရသောအခါ၊ သူတို့သည် ထိုသို့သောကျေးဇူးကိုပြု၍ ငါ့ထံသို့ လာကြ၏။
Mutta gileadilaisen Barsillain pojille osoita laupeutta, niin että he pääsevät niiden joukkoon, jotka syövät sinun pöydästäsi, sillä hekin tulivat minun avukseni, kun minä pakenin sinun veljeäsi Absalomia.
8 ၈ ငါသည်မဟာနိမ်မြို့သို့သွားသော နေ့၌ ငါ့ကို ကြမ်းတမ်းစွာ ကျိန်ဆဲသောသူ၊ ဗင်္ယာမိန်အမျိုးဗာဟု ရိမ်ရွာသား၊ ဂေရ၏သားရှိမိသည် သင့်လက်၌ရှိ၏။ သူသည်ငါ့ကိုခရီးဦးကြိုပြုအံ့သောငှါ ယော်ဒန်မြစ်နားသို့ လာသောအခါ၊ သင့်ကို ငါမကွပ်မျက်ဟု ထာဝရဘုရားကို တိုင်တည်၍ ငါကျိန်ဆိုသော်လည်း၊
Ja katso, vielä on sinun luonasi Siimei, Geeran poika, benjaminilainen Bahurimista, joka hirveillä kirouksilla kiroili minua, kun minä menin Mahanaimiin. Kun hän tuli minua vastaan alas Jordanille, vannoin minä hänelle Herran kautta ja sanoin: 'Minä en surmaa sinua miekalla'.
9 ၉ ထိုသူကို အပြစ်မရှိသော သူကဲ့သို့မမှတ်ရဘဲ၊ သင်သည် လိမ္မာသော သူဖြစ်၍ သူ၌အဘယ်သို့ စီရင် သင့်သည်ကို သိသည်နှင့်အညီ၊ ဆံပင်ဖြူသော ထိုသူ၏ ခေါင်းကို အသေသတ်ခြင်းအားဖြင့် မရဏာနိုင်ငံသို့ ဆင်းစေလော့ဟု မှာထားတော်မူပြီးမှ၊ (Sheol )
Mutta älä sinä jätä häntä rankaisematta, sillä sinä olet viisas mies ja tiedät, mitä sinun on hänelle tehtävä, saattaaksesi hänen harmaat hapsensa verisinä alas tuonelaan." (Sheol )
10 ၁၀ ဒါဝိဒ်သည်ဘိုးတော်ဘေးတော်တို့နှင့် အိပ်ပျော် ၍ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံတော်မူ၏။
Sitten Daavid meni lepoon isiensä tykö, ja hänet haudattiin Daavidin kaupunkiin.
11 ၁၁ ဟေဗြုန်မြို့၌ခုနစ်နှစ်၊ ယေရုရှလင်မြို့၌ သုံး ဆယ်သုံးနှစ် မင်းပြု၍ ဣသရေလနိုင်ငံကို အနှစ် လေးဆယ်စိုးစံတော်မူ၏။
Ja aika, jonka Daavid hallitsi Israelia, oli neljäkymmentä vuotta: Hebronissa hän hallitsi seitsemän vuotta, ja Jerusalemissa hän hallitsi kolmekymmentä kolme vuotta.
12 ၁၂ ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်၏ ရာဇ ပလ္လင်ပေါ်မှာ ထိုင်တော်မူ၍၊ အာဏာတော်သည် အမြဲတည်၏။
Ja Salomo istui isänsä Daavidin valtaistuimelle, ja hänen kuninkuutensa tuli hyvin vahvaksi.
13 ၁၃ ထိုနောက် ဟဂ္ဂိတ်၏သား အဒေါနိယသည် ရှောလမုန်၏ မယ်တော်ဗာသရှေဘထံသို့သွား၍၊ ဗာသရှေဘက သင်သည်မိတ်ဆွေဖွဲ့လျက် လာသလော ဟုမေးလျှင်၊ မိတ်ဆွေဖွဲ့လျက် လာပါ၏။
Mutta Adonia, Haggitin poika, tuli Batseban, Salomon äidin, luo. Tämä sanoi: "Rauhaako sinun tulosi tietää?" Hän vastasi: "Rauhaa".
14 ၁၄ ပြောစရာတစုံတခုရှိပါသည်ဟု ဆိုသော်၊ မယ်တော်က ပြောပါဟု ပြန်ဆို၏။
Sitten hän sanoi: "Minulla on asiaa sinulle". Batseba sanoi: "Puhu".
15 ၁၅ အဒေါနိယကလည်း၊ နိုင်ငံတော်သည် ကျွန်ုပ် လက်သို့ရောက်သည်ကို၎င်း၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ကျွန်ုပ်ကို ရှင်ဘုရင်အဖြစ်၌ ချီးမြှောက် ချင်သည်အကြောင်းကို၎င်း မယ်တော်သိပါ၏။ သို့သော် လည်းနိုင်ငံတော်သည် ကျွန်ုပ်လက်မှလွဲ၍ ညီတော်လက် သို့ ရောက်ပါပြီ။ ထိုသို့ထာဝရဘုရားအလိုတော်ရှိ၏။
Silloin hän sanoi: "Sinä tiedät, että kuninkuus oli minun, ja että koko Israel oli kääntänyt katseensa minuun, että minusta tulisi kuningas. Mutta sitten kuninkuus meni minulta pois ja joutui minun veljelleni, sillä Herralta se hänelle tuli.
16 ၁၆ ယခုမှာ တစုံတခုသော ဆုကို မယ်တော်၌ တောင်းချင်ပါ၏။ မငြင်းပါနှင့်ဟုဆိုလျှင်၊ မယ်တော်က ပြောပါဟုဆို၏။
Yhtä minä nyt sinulta pyydän; älä sitä minulta kiellä." Hän sanoi hänelle: "Puhu".
17 ၁၇ သူကလည်းရှောလမုန်မင်းကြီးသည် ရှုနင်မြို့သူ အဘိရှက်ကို ကျွန်ုပ်အား ပေးစားတော်မူမည်အကြောင်း လျှောက်ပါတော့။ မင်းကြီးသည် မယ်တော်ကို ငြင်းတော် မမူနိုင်ဟု ဆိုလေသော်၊
Hän sanoi: "Puhu kuningas Salomolle-sillä sinulta hän ei sitä kiellä-että hän antaisi minulle suunemilaisen Abisagin vaimoksi".
18 ၁၈ ဗာသရှေဘကကောင်းပြီ။ သင့်အဘို့နားတော် လျှောက်မည်ဟု ဆိုပြီးမှ၊ အဒေါနိယအဘို့ နားတော် လျှောက်မည်ဟုဆိုပြီးမှ၊ အဒေါနိယအဘို့ နားတော် လျှောက်အံ့သောငှါ ရှောလမုန်မင်းကြီးထံတော်သို့သွား၏။
Batseba vastasi: "Hyvä. Minä puhun kuninkaalle sinun puolestasi."
19 ၁၉ ရှင်ဘုရင်သည် မယ်တော်ကို ခရီးဦးကြိုပြုအံ့ သောငှါ ထ၍ ဦးချပြီးမှ၊ ပလ္လင်တော်ပေါ်မှ ထိုင်တော် မူ၏။ မယ်တော်ထိုင်စရာဘို့ စီရင်၍ သူသည် လက်ျာ တော်ဘက်မှာ ထိုင်လေ၏။
Silloin Batseba meni kuningas Salomon tykö puhumaan hänelle Adonian puolesta. Niin kuningas nousi ja meni häntä vastaan ja kumarsi häntä ja istui valtaistuimelleen. Ja myös kuninkaan äidille asetettiin istuin, ja hän istui hänen oikealle puolellensa.
20 ၂၀ ထိုအခါ မယ်တော်က၊ ငယ်သောဆု တစုံတခုကို တောင်းချင်သည်ဖြစ်၍ မငြင်းပါနှင့်ဟု လျှောက်လျှင်၊ ရှင်ဘုရင်ကမိခင်၊ တောင်းပါ၊ ကျွန်ုပ်မငြင်းပါဟု မိန့်တော် မူ၏။
Sitten hän sanoi: "Minulla on sinulle pieni pyyntö, älä sitä minulta kiellä". Kuningas sanoi hänelle: "Pyydä, äiti, minä en sinulta kiellä".
21 ၂၁ မယ်တော်ကလည်း၊ ရှုနင်မြို့သူ အဘိရှက်ကို နောင်တော်အဒေါနိယအား ပေးစားတော်မူပါဟု တောင်း လေသော်၊
Silloin hän sanoi: "Annettakoon suunemilainen Abisag sinun veljellesi Adonialle vaimoksi".
22 ၂၂ ရှောလမုန်မင်းကြီးက၊ အဒေါနိယအဘို့ ရှုနင် မြို့သူ အဘိရှက်ကိုသာ အဘယ်ကြောင့် တောင်းရ သနည်း။ နိုင်ငံတော်ကိုလည်း သူအဘို့ တောင်းပါလော့။ သူသည်ကျွန်ုပ်နောင်တော်ဖြစ်၏။ သူနှင့်ယဇ်ပုရောဟိတ် အဗျာသာ၊ ဇေရုယာ၏ သားယွာဘအဘို့ တောင်းပါလော့ ဟု မယ်တော်အား ပြန်ပြောပြီးမှ၊
Mutta kuningas Salomo vastasi ja sanoi äidillensä: "Miksi pyydät vain suunemilaista Abisagia Adonialle? Pyydä myös kuninkuutta hänelle-hänhän on minun vanhin veljeni-hänelle ja pappi Ebjatarille ja Jooabille, Serujan pojalle."
23 ၂၃ တဖန်အဒေါနိယသည် ထိုသို့တောင်းသော်၊ မိမိ အသက်သေစေခြင်းငှါ မတောင်းမိလျှင်၊ ဘုရားသခင် သည် ငါ့အားထိုမျှမက ပြုတော်မူစေသတည်း။
Ja kuningas Salomo vannoi Herran kautta, sanoen: "Jumala rangaiskoon minua nyt ja vasta, jollei Adonia saa hengellään maksaa sitä, että on puhunut näin.
24 ၂၄ ငါ့ကိုမြဲမြံစေသဖြင့်၊ ငါ့ခမည်းတော် ဒါဝိဒ်၏ ရာဇပလ္လင်တော်ပေါ်မှာ တင်၍ဂတိတော်နှင့်အညီ ငါ့နေရာနန်းတော်ကို ပေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ အဒေါနိယသည် ယနေ့ အသေခံရမည်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆို ပြီးမှ၊
Ja nyt, niin totta kuin Herra elää, joka on minut vahvistanut ja on asettanut minut isäni Daavidin valtaistuimelle ja joka lupauksensa mukaan on perustanut minun sukuni: Adonia on tänä päivänä kuolemalla rangaistava."
25 ၂၅ ယောယဒသား ဗေနာယကိုစေလွှတ်၍၊ အဒေါ နိယကို သေအောင်လုပ်ကြံလေ၏။
Ja kuningas Salomo lähetti Benajan, Joojadan pojan, lyömään hänet kuoliaaksi; ja hän kuoli.
26 ၂၆ ယဇ်ပုရောဟိတ် အဗျာသာကိုလည်းရှင်ဘုရင် ခေါ်၍၊ သင်သည် အာနသုတ်မြို့၊ သင်ပိုင်သော မြေသို့ သွားလော့။ သင်သည် အသေခံထိုက်သော်လည်း ယခု ငါမစီရင်။ အကြောင်းမူကား၊ ထာဝရ အရှင်ဘုရားသခင် ၏သေတ္တာတော်ကို ငါ့ခမည်းတော် ဒါဝိဒ်ရှေ့မှာ ထမ်း လေပြီ။ ငါ့ခမည်းတော်ဆင်းရဲခံလေရာရာ၌ သင်သည် ဆင်းရဲခံလေပြီဟု မိန့်တော်မူ၏။
Ja pappi Ebjatarille kuningas sanoi: "Mene maatilallesi Anatotiin, sillä sinä olet kuoleman oma. En minä sinua nyt surmaa, koska sinä olet kantanut Herran Jumalan arkkia minun isäni Daavidin edessä ja koska olet kärsinyt kaikkea, mitä isäni on kärsinyt."
27 ၂၇ ထာဝရဘုရားသည် ဧလိအမျိုးကို အကြောင်း ပြု၍၊ ရှိလောမြို့၌ မိန့်တော်မူသော စကားပြည့်စုံမည် အကြောင်း၊ ရှောလမုန်သည် အဗျာသာကို ထာဝရဘုရား ထံတော်၌ ယဇ်ပုရောဟိတ်မဖြစ်စေခြင်းငှါ နှင်ထုတ်တော် မူ၏။
Niin Salomo karkoitti Ebjatarin olemasta Herran pappina ja täytti sen sanan, minkä Herra oli Siilossa puhunut Eelin suvusta.
28 ၂၈ ယွာဘမူကား၊ အဗရှလုံ နောက်သို့မလိုက်သော် လည်း၊ အဒေါနိယနောက်သို့ လိုက်သောသူဖြစ်၍၊ ထို သိတင်းကို ကြားသောအခါ၊ ထာဝရဘုရား၏ တဲတော်သို့ ပြေး၍ ယဇ်ပလ္လင်ဦးချိုတို့ကို ကိုင်လျက်နေ၏။
Ja kun sanoma tästä tuli Jooabille-sillä Jooab oli liittynyt Adoniaan, vaikka hän ei ollut liittynyt Absalomiin-pakeni Jooab Herran majaan ja tarttui alttarin sarviin.
29 ၂၉ ယွာဘသည် ထာဝရဘုရား၏ တဲတော်သို့ ပြေးပါပြီ။ ယဇ်ပလ္လင် အနားမှာရှိပါသည်ဟု ရှောလမုန် မင်းကြီးအား လျှောက်သောအခါ၊ ယွာဘကို လုပ်ကြံ လော့ဟု ယောယဒသား ဗေနာယကို စေလွှတ်တော်မူ၏။
Mutta kun kuningas Salomolle ilmoitettiin: "Jooab on paennut Herran majaan ja on alttarin ääressä", lähetti Salomo Benajan, Joojadan pojan, sanoen: "Mene ja lyö hänet kuoliaaksi".
30 ၃၀ ဗေနာယသည် ထာဝရဘုရား၏ တဲတော်သို့ သွား၍၊ ရှင်ဘုရင်ခေါ်တော်မူသည်ဟုဆိုလျှင်၊ ယွာဘက ငါမသွား၊ ဤအရပ်မှာ အသေခံမည်ဟုဆို၏။ ဗေနာယ ကလည်း၊ ယွာဘသည်ဤသို့ပြန်ပြောပါ၏ဟု နားတော် လျှောက်လေသော်၊
Benaja meni Herran majaan ja sanoi hänelle: "Näin käskee kuningas: 'Tule ulos'". Mutta hän vastasi: "En, tässä minä kuolen". Silloin Benaja palasi kertomaan sitä kuninkaalle ja sanoi: "Näin Jooab puhui, ja näin hän vastasi minulle".
31 ၃၁ ရှင်ဘုရင်က၊ အပြစ်မရှိသော သူ၏အသက်ကို ယွာဘသတ်သောအပြစ်နှင့် ငါမှစ၍ ငါ့အဆွေအမျိုး ကင်းစင်မည်အကြောင်း သူ့စကားအတိုင်းပြုလော့။ သူ့ကို လုပ်ကြံ၍ သင်္ဂြိုဟ်လော့။
Kuningas sanoi hänelle: "Tee, niinkuin hän on puhunut, lyö hänet kuoliaaksi ja hautaa hänet, että poistaisit minusta ja minun isäni perheestä sen viattoman veren, jonka Jooab on vuodattanut.
32 ၃၂ သူသည် မိမိထက်သာ၍ ဖြောင့်မတ် ကောင်း မြတ်သောသူ၊ ဣသရေလဗိုလ်ချုပ်နေရ၏သား အာဗနာ နှင့်ယုဒဗိုလ်ချုပ်ယေသာ၏သားအာမသကို ငါ့ခမည်း တော် ဒါဝိဒ်မသိဘဲ တိုက်၍ထားနှင့် သတ်သော အပြစ် ကို ထာဝရဘုရားသည် သူ၏ခေါင်းပေါ်သို့ သက်ရောက် စေတော်မူမည်။
Ja Herra antakoon hänen verensä tulla hänen oman päänsä päälle, koska hän löi kuoliaaksi kaksi miestä, jotka olivat häntä hurskaammat ja paremmat, ja tappoi heidät miekalla, minun isäni Daavidin siitä mitään tietämättä: Abnerin, Neerin pojan, Israelin sotapäällikön, ja Amasan, Jeterin pojan, Juudan sotapäällikön.
33 ၃၃ ထိုသူတို့၏ အသွေးသည် ယွာဘခေါင်း၊ သားမြေးတို့၏ ခေါင်းပေါ်မှာ အစဉ်သက်ရောက်ပါစေ။ ဒါဝိဒ်နှင့် သူ၏ဆွေတော်မျိုးတော်၊ နန်းတော်၊ ရာဇပလ္လင် တော်၌ ထာဝရဘုရားပေးတော်မူသော ငြိမ်ဝပ်ခြင်း အမြဲသက်ရောက်ပါစေဟု မိန့်တော်မူသည်အတိုင်း၊
Heidän verensä tulkoon Jooabin pään päälle ja hänen jälkeläistensä pään päälle, iankaikkisesti. Mutta Daavidilla ja hänen jälkeläisillään, hänen suvullansa ja hänen valtaistuimellansa olkoon rauha Herralta iankaikkisesti."
34 ၃၄ ယောယဒသား ဗေနာယသည် သွားပြီးလျှင်၊ ယွာဘကို တိုက်သတ်၍ တောအရပ်၊ ယွာဘနေရာအိမ်၌ သင်္ဂြိုဟ်လေ၏။
Niin Benaja, Joojadan poika, meni ja löi hänet kuoliaaksi; ja hänet haudattiin omaan taloonsa erämaahan.
35 ၃၅ ဗိုလ်ချုပ်ယွာဘအရာ၌ ယောယဒသား ဗေနာယကို၎င်း၊ အဗျာသာအရာ၌ ယဇ်ပုရောဟိတ် ဇာဒုတ်ကို၎င်း ရှင်ဘုရင်ခန့်ထားတော်မူ၏။
Ja kuningas asetti Benajan, Joojadan pojan, hänen sijaansa sotaväen päälliköksi; ja pappi Saadokin kuningas asetti Ebjatarin sijalle.
36 ၃၆ တဖန်ရှင်ဘုရင်သည် ရှိမိကို ခေါ်ပြီးလျှင်၊ သင်သည် ယေရုရှလင်မြို့ထဲမှာ အိမ်ကိုဆောက်၍ နေရ မည်။ မြို့ပြင်သို့ထွက်၍ အဘယ်အရပ်ကို မျှမသွားနှင့်။
Sen jälkeen kuningas lähetti kutsumaan Siimein ja sanoi hänelle: "Rakenna itsellesi talo Jerusalemiin ja asu siellä, menemättä sieltä sinne tai tänne.
37 ၃၇ မြို့ပြင်သို့ထွက်၍ ကေဒြုန်ချောင်းကို ကူးလျှင်၊ ကူးသောနေ့၌ အသေသတ်ခြင်းကို အမှန်ခံရမည်ဟု သတိနှင့်မှတ်လော့။ သင့်အသွေးသည် သင့်ခေါင်းပေါ်မှာ သက်ရောက်စေဟု မိန့်တော်မူသော်၊
Sillä jona päivänä sinä lähdet sieltä ja menet Kidronin laakson poikki, sinä päivänä on sinun, tiedä se, kuolemalla kuoltava; sinun veresi on tuleva oman pääsi päälle."
38 ၃၈ ရှိမိက၊ အမိန့်တော်ကောင်းပါ၏။ အရှင်မင်းကြီး မိန့်တော်မူသည်အတိုင်း ကိုယ်တော်ကျွန်ပြုပါမည်ဟု ပြန် လျှောက်၍ ယေရုရှလင်မြို့၌ ကြာမြင့်စွာနေလေ၏။
Siimei sanoi kuninkaalle: "Hyvä on; niinkuin herrani, kuningas, on puhunut, niin on sinun palvelijasi tekevä". Ja Siimei asui Jerusalemissa kauan aikaa.
39 ၃၉ သို့ရာတွင် သုံးနှစ်လွန်သောအခါ၊ ရှိမိ၏ကျွန် နှစ်ယောက်တို့သည် ဂါသမင်းကြီးမာခါသား အာခိတ်ထံ သို့ပြေး၍ ဂါသမြို့၌ရှိကြောင်းကို ရှိမိသည်ကြားလေသော်၊
Mutta kolmen vuoden kuluttua tapahtui, että Siimeiltä karkasi kaksi palvelijaa Aakiin, Maakan pojan, Gatin kuninkaan, luo. Ja Siimeille ilmoitettiin: "Katso, sinun palvelijasi ovat Gatissa".
40 ၄၀ ထ၍မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ ကျွန်တို့ကို ရှာအံ့သောငှါ ဂါသမြို့၊ အာခိတ်ထံသို့သွား၍ ကျွန်တို့ကို ခေါ်လေ၏။
Niin Siimei nousi ja satuloi aasinsa ja lähti Aakiin luo Gatiin etsimään palvelijoitaan; ja Siimei meni ja toi palvelijansa Gatista.
41 ၄၁ ထိုသို့ရှိမိသည် ယေရုရှလင်မြို့မှ ဂါသမြို့သို့ သွား၍ ပြန်လာကြောင်းကို ရှောလမုန်မင်းကြီး ကြား လေသော်၊
Ja kun Salomolle ilmoitettiin, että Siimei oli mennyt Jerusalemista Gatiin ja palannut takaisin,
42 ၄၂ ရှိမိကို ခေါ်ပြီးလျှင်၊ သင်သည် မြို့ပြင်သို့ ထွက် ၍ အခြားတပါးသော အရပ်သို့သွားလျှင်၊ သွားသောနေ့၌ အသေသတ်ခြင်းအမှန်ခံရမည်ကို သတိနှင့်မှတ်လော့ဟု ထာဝရဘုရားကိုတိုင်တည်လျက် သင့်ကို ငါကျိန်ဆိုစေ၍ သတိပေးသည်မဟုတ်လော။ သင်ကလည်း ကျွန်တော် ကြားရသော အမိန့်တော်ကောင်းပါသည်ဟု ဝန်ခံသည် မဟုတ်လော။
lähetti kuningas kutsumaan Siimein ja sanoi hänelle: "Enkö minä ole vannottanut sinua Herran kautta ja varoittanut sinua sanoen: 'Jona päivänä sinä lähdet ja menet sinne tai tänne, sinä päivänä on sinun, tiedä se, kuolemalla kuoltava'? Ja sinä sanoit minulle: 'Hyvä on; minä olen kuullut'.
43 ၄၃ သို့ဖြစ်၍ ထာဝရဘုရား၏သစ္စာတော်ကို၎င်း၊ ငါမှာထားသော ပညတ်ကို၎င်း၊ ငါမှာထားသော ပညတ် ကို၎င်း အဘယ်ကြောင့် မစောင့်သနည်းဟု မိန့်တော် မူပြီးမှ၊
Miksi et ole pitänyt Herran valaa etkä sitä käskyä, jonka minä sinulle annoin?"
44 ၄၄ တဖန်သင်သည် ကိုယ်နှစ်သက်သည်အတိုင်း ငါ့ခမည်းတော်ဒါဝိဒ်၌ ပြုဘူးသော ဒုစရိုက်ရှိသမျှကို သင်သိ၏။ သင်၏ဒုစရိုက်အပြစ်ကို ထာဝရဘုရားသည် သင့်ခေါင်းပေါ်သို့ ရောက်စေတော်မူ၏။
Ja kuningas sanoi vielä Siimeille: "Sinä tiedät, tunnossasi tiedät, kaiken pahan, minkä olet tehnyt minun isälleni Daavidille; Herra kääntää tekemäsi pahan omaan päähäsi.
45 ၄၅ ရှောလမုန်မင်းကြီးသည် မင်္ဂလာရှိ၍ ဒါဝိဒ်၏ ရာဇပလ္လင်တော်သည် ထာဝရဘုရားရှေ့တော်၌ အစဉ် အမြဲတည်ပါစေသတည်းဟု မိန့်တော်မူပြီးလျှင်၊
Mutta kuningas Salomo on oleva siunattu, ja Daavidin valtaistuin on oleva iäti vahva Herran edessä."
46 ၄၆ ယောယဒသား ဗေနာယသည် အမိန့်တော်ကို ခံ၍ ပြင်သို့ထွက်ပြီးလျှင် ရှိမိကိုသေအောင်လုပ်ကြံ လေ၏။ ထိုသို့နိုင်ငံတော်သည် ရှောလမုန်လက်၌ တည်၏။
Ja kuningas käski Benajaa, Joojadan poikaa; niin tämä meni ja löi hänet kuoliaaksi, ja hän kuoli. Niin kuninkuus vahvistui Salomon käsissä.