< ၃ ဓမ္မရာဇဝင် 18 >

1 ကာလအင်တန်ကြာ၍ သုံးနှစ်စေ့သောအခါ၊ ဧလိယသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ် တော်က၊ သင်သည် အာဟပ်မင်းအားသွား၍ ကိုယ်ကို ပြလော့။ ငါသည်လည်း မြေပေါ်မှာ မိုဃ်းရွာစေမည်ဟု မိန့်တော်မူသည်အတိုင်း၊
Ba năm sau, Chúa Hằng Hữu phán bảo Ê-li: “Hãy đi gặp A-háp và bảo rằng Ta sẽ cho mưa trở lại.”
2 ဧလိယသည် အာဟပ်မင်းအား ကိုယ်ကိုပြအံ့ သောငှါသွား၏။ ထိုအခါ ရှမာရိမြို့၌ပြင်းစွာသော အစာအာဟာရခေါင်းပါးခြင်းဘေးရှိ၍၊
Ê-li vâng lời đi gặp A-háp. Lúc ấy, nạn đói đang hoành hành khắp xứ Sa-ma-ri.
3 အာဟပ်မင်းသည် နန်းတော်အုပ်ဩဗဒိကိုခေါ်၏။ ထိုဩဗဒိသည် ထာဝရဘုရားကို အလွန် ရိုသေသောသူ ဖြစ်၏။
Ngày nọ, A-háp gọi viên quản đốc hoàng cung là Áp Đia đến. (Áp Đia là người hết lòng kính sợ Chúa.
4 ယေဇဗေလသည် ထာဝရဘုရား၏ပရောဖက်တို့ကိုပယ်ဖြတ်သောအခါ၊ ဩဗဒိသည် ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ကျွေးလေ၏။
Khi Giê-sa-bên giết các tiên tri của Chúa, Áp Đia đem 100 tiên tri giấu trong hai hang đá, mỗi hang năm mươi người, và đem bánh và nước nuôi họ.)
5 အာဟပ်ကလည်း၊ တပြည်လုံးသို့လှည့်လည်၍ စမ်းရေတွင်းများ၊ ချောင်းများရှိရာအရပ်ရပ်သို့ သွားလော့။ တိရစ္ဆာန်အပေါင်းတို့သည် မသေ၊ မြင်းနှင့်လားတို့သည် အသက်လွတ်မည်အကြောင်း၊ မြက်ပင်ကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိအားဆိုလျက်၊
Vua A-háp bảo Áp Đia: “Chúng ta chia nhau đi khắp nơi, đến các suối, các khe, tìm xem nơi nào có cỏ, may ra có thể cứu được một số ngựa và la khỏi chết.”
6 သူတို့သည် တပြည်လုံးကို နှံ့ပြားအောင် ဝေဖန်၍၊ အာဟပ်နှင့် ဩဗဒိသည် လမ်းတခြားစီ ထွက်သွား ကြ၏။
Vậy, họ lên đường; mỗi người đi một hướng.
7 ဩဗဒိသည်သွားစဉ်အခါ၊ ဧလိယသည် ဆီး၍ကြို၏။ ဩဗဒိသည် ဧလိယကိုသိ၍ ပြပ်ဝပ်လျက်၊ ကိုယ်တော်သည် အကျွန်ုပ်သခင် ဧလိယမှန်ပါသလောဟု မေးလျှင်၊
Trên đường, Áp Đia gặp Ê-li. Khi nhận ra Ê-li, ông sấp mình dưới đất và hỏi: “Có đúng ông là Ê-li không?”
8 ဧလိယက ငါမှန်၏။ ဧလိယသည် ဤမည်သောအရပ်၌ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ ဟု ပြောဆိုသော်၊
Ê-li đáp: “Vâng, ta là Ê-li. Ngươi hãy đi báo với Vua A-háp là ta đang ở đây.”
9 ဩဗဒိကလည်း၊ ကိုယ်တော်ကျွန်၏ အသက်ကို သတ်စေခြင်းငှါ အာဟပ်၌ အပ်ရမည်အကြောင်း၊ ကိုယ် တော်ကျွန်သည် အဘယ်သို့ ပြစ်မှားဘိသနည်း။
Áp Đia thắc mắc: “Tôi có tội gì mà ông cho A-háp giết tôi?
10 ၁၀ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်ကို ရှာစေ ခြင်းငှါ အကျွန်ုပ်သခင်မစေလွှတ်သော တိုင်းနိုင်ငံတခုမျှ မရှိပါ။ တကျွန်းတနိုင်ငံသားက၊ ဧလိယမရှိပါဟု လျှောက်သောအခါ၊ ကိုယ်တော်ကို ရှာ၍မတွေ့နိုင်ဟု ထိုတိုင်းနိုင်ငံသားတို့သည် အကျိန်ကိုခံရကြပါ၏။
Tôi thề trước mặt Chúa Hằng Hữu, Đức Chúa Trời của tôi, rằng A-háp đã sai người đi lùng ông khắp nơi. Khi dân một địa phương nào nói: ‘Ê-li không có ở đây,’ Vua A-háp buộc họ phải thề rằng khắp địa phương ấy không ai gặp ông.
11 ၁၁ ယခုမူကား၊ ဧလိယသည် ဤမည်သောအရပ်၌ ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု မိန့် တော်မူပါသည်တကား။
Bây giờ, ông bảo tôi đi báo với A-háp rằng ông đang ở đây.
12 ၁၂ အကျွန်ုပ်သည် ကိုယ်တော်ထံမှ ထွက်သွား၍ အာဟပ်မင်းထံမှာ လျှောက်စဉ်တွင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် အကျွန်ုပ်မသိသောအရပ်သို့ ကိုယ်တော်ကို ဆောင်သွားတော်မူလျှင်၊ အာဟပ်မင်းသည် ကိုယ်တော်ကို မတွေ့နိုင်သောအခါ အကျွန်ုပ်ကို သတ်ပါလိမ့်မည်။ ကိုယ်တော်ကျွန်မူကား၊ အသက်ငယ်စဉ်ကာလ မှစ၍ ထာဝရဘုရားကို ရိုသေပါပြီ။
Nếu tôi bỏ đây ra đi, và Thần Linh của Chúa Hằng Hữu đem ông đi nơi nào chẳng biết. Khi A-háp đến đây không tìm thấy ông, vua sẽ giết tôi, mặc dù tôi vẫn một lòng tôn kính Chúa ngay từ thời thơ ấu.
13 ၁၃ ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက် တို့ကို သတ်သောအခါ၊ အကျွန်ုပ်ပြုသောအမှုတည်း ဟူသော ထာဝရဘုရား၏ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီ ဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ကျွေးကြောင်းကို အကျွန်ုပ်သခင်ကြားတော်မမူသလော။
Ông không biết việc tôi làm khi Giê-sa-bên giết các tiên tri của Chúa Hằng Hữu sao? Tôi đã đem 100 vị giấu trong hai hang đá, đem bánh và nước nuôi họ.
14 ၁၄ ယခုမူကား၊ ဧလိယသည် ဤမည်သောအရပ်၌ ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု ကိုယ်တော်မိန့်တော်မူသည်ဖြစ်၍၊ အာဟပ်သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည်ဟု ပြန်ဆို၏။
Thế mà, bây giờ ông bảo tôi đi nói với A-háp rằng: ‘Ê-li ở đây.’ Nếu tôi làm vậy, thế nào tôi cũng bị giết.”
15 ၁၅ ဧလိယကလည်း၊ ငါကိုးကွယ်သော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားအသက် ရှင်တော်မူသည် အတိုင်း၊ ငါသည် ယနေ့အာဟပ်မင်းအား ကိုယ်ကို အမှန်ပြမည်ဟု ဆိုပြန်သော်၊
Ê-li đáp: “Trước Chúa Hằng Hữu Toàn Năng, ta thề với ông rằng ta sẽ gặp A-háp hôm nay.”
16 ၁၆ ဩဗဒိသည် အာဟပ်မင်းထံသို့သွား၍ လျှောက်သဖြင့်၊ အာဟပ်သည် ဧလိယကို ကြိုဆိုအံ့သောငှါ သွား၍၊
Vậy, Áp Đia đi báo cho A-háp, và A-háp đến gặp Ê-li.
17 ၁၇ တွေ့မြင်သောအခါ၊ သင်သည် ဣသရေလ အမျိုးကို နှောင့်ရှက်သောသူမှန်သလောဟု မေးလျှင်၊
Khi thấy Ê-li, A-háp hỏi: “Có phải đây là người gây rối loạn cho Ít-ra-ên không?”
18 ၁၈ ဧလိယက၊ ငါသည်ဣသရေလအမျိုးကို မနှောင့်ရှက်၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရဘုရား၏ ပညတ်တရားကိုစွန့်၍ ဗာလဘုရားတို့ကိုဆည်းကပ်သဖြင့်၊ ဣသရေလအမျိုးကို နှောင့်ရှက်ကြပြီ။
Ê-li đáp: “Không phải tôi là người gây rối loạn Ít-ra-ên, nhưng chính vua và nhà cha vua, vì đã chối bỏ điều răn của Chúa, theo thờ thần Ba-anh.
19 ၁၉ သို့ရာတွင်လူကို ယခုစေလွှတ်၍ ဣသရေလ အမျိုးသားအပေါင်းတို့ကို၎င်း၊ ဗာလပရောဖက်လေးရာ ငါးဆယ်ကို၎င်း၊ ယေဇဗေလစားပွဲ၌ စားသောအာရှရပရောဖက်လေးရာကို၎င်း၊ ကရမေလတောင်၊ ငါ့ထံသို့ စုဝေးစေလော့ဟုဆိုသည်အတိုင်း၊
Bây giờ, tôi yêu cầu vua triệu tập toàn dân Ít-ra-ên tại Núi Cát-mên, cùng với 450 tiên tri của Ba-anh và 400 tiên tri của A-sê-ra là những người ăn chung bàn với Giê-sa-bên.”
20 ၂၀ အာဟပ်သည် ဣသရေလအမျိုးသားအပေါင်း တို့ရှိရာသို့ စေလွှတ်၍၊ ပရောဖက်တို့ကို ရမေလတောင် ပေါ်မှ စုဝေးစေ၏။
Vậy, A-háp triệu tập toàn dân và các tiên tri tại Núi Cát-mên.
21 ၂၁ ဧလိယသည် လူများရှိရာသို့ လာ၍၊ သင်တို့ သည် ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလ ပတ်လုံး ယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့ဟုဆိုလျှင်၊ လူများတို့ သည် တိတ်ဆိတ်စွာ နေကြ၏။
Ê-li đến, trách cứ toàn dân: “Anh chị em còn phân vân giữa ngã ba đường cho đến bao giờ? Nếu Chúa Hằng Hữu là Đức Chúa Trời, hãy theo Ngài! Nếu Ba-anh là Đức Chúa Trời, hãy theo hắn!” Nhưng dân chúng không nói gì cả.
22 ၂၂ တဖန် ဧလိယက၊ ထာဝရဘုရား၏ ပရောဖက်ကား ငါတယောက်တည်း ကျန်ရစ်၏။ ဗာလ၏ပရော ဖက်ကား လေးရာငါးဆယ် ရှိကြ၏။
Ê-li tiếp: “Trong số những nhà tiên tri của Chúa Hằng Hữu, chỉ có một mình tôi là tiên tri còn lại, nhưng tiên tri của Ba-anh có đến 450 người.
23 ၂၃ နွားနှစ်ကောင်ကို ပေးကြလော့။ သူတို့သည် တကောင်ကိုရွေး၍ အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်ပါလေစေ။ မီးမထည့်စေနှင့်။ ငါလည်း နွားတကောင်ကို လုပ်၍ထင်းပေါ်မှာ တင်မည်။ မီးကိုမထည့်။
Hãy đem đến đây hai con bò để các tiên tri Ba-anh chọn lấy một con, chặt ra từng miếng, chất trên củi, nhưng không được châm lửa. Tôi sẽ làm thịt con kia, chất trên củi và cũng không châm lửa.
24 ၂၄ သင်တို့သည် သင်တို့ဘုရားများ၏ နာမကို ဟစ်ခေါ်ကြလော့။ ငါလည်း ထာဝရဘုရား၏ နာမတော် ကို ဟစ်ခေါ်မည်။ မီးဖြင့် ထူးတော်မူသောဘုရားသည် ဘုရားသခင်မှန်ပါစေဟု လူများတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ဧလိယ၏စကားသည် လျောက်ပတ်ပေသည်ဟု ဆိုကြ၏။
Họ sẽ cầu thần của họ; còn tôi sẽ cầu Chúa Hằng Hữu. Thần nào trả lời bằng lửa làm cho sinh tế bốc cháy là Đức Chúa Trời.” Toàn dân đều cho lời Ê-li nói là hợp lý.
25 ၂၅ တဖန်ဧလိယက၊ သင်တို့သည် များသောကြောင့် နွားတကောင်ကို အရင်ရွေး၍ လုပ်ကြလော့။ မီးမထည့်ဘဲ သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ် ကြလော့ဟု ဗာလ၏ပရောဖက်တို့အားဆိုသည်အတိုင်း၊
Ê-li bảo các tiên tri của Ba-anh: “Các ông chọn lấy một con bò, làm thịt trước đi vì bên các ông đông. Nhớ cầu thần mình nhưng đừng châm lửa vào củi.”
26 ၂၆ သူတို့သည် လူများပေးသော နွားကိုယူ၍ လုပ်ပြီးလျှင်၊ အိုဗာလဘုရား၊ အကျွန်ုပ်တို့အား ထူးတော်မူပါဟု နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ဗာလ၏ နာမကို ဟစ်ခေါ်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ၏။
Họ làm thịt con bò, và từ sáng đến trưa, họ khấn vái Ba-anh: “Lạy Ba-anh, xin đáp lời chúng tôi!” Nhưng chẳng có tiếng đáp. Họ bắt đầu nhảy chung quanh bàn thờ mới dựng.
27 ၂၇ မွန်းတည့်အချိန်၌ ဧလိယက၊ ကျယ်သောအသံ နှင့် ဟစ်ကြလော့။ ဗာလသည် ဘုရားဖြစ်တော်မူ၏။ ဆင်ခြင်လျက် နေတော်မူ၏။ သို့မဟုတ် တစုံတခုကို လိုက်၍ရှာတော်မူ၏။ သို့မဟုတ် ခရီးသွားတော်မူ၏။ သို့မဟုတ် ကျိန်းစက်တော်မူသောကြောင့်၊ တစုံတယောက် သောသူသည် နှိုးရမည်ဟု ပြက်ယယ်ပြု၍ဆို၏။
Đến trưa, Ê-li chế giễu họ: “Chắc các ông phải la lớn hơn. Ba-anh là thần mà! Có lẽ Ba-anh đang suy niệm, hoặc bận việc, hoặc đi đường xa, có khi đang ngủ, các ông phải đánh thức dậy chứ!”
28 ၂၈ သူတို့သည်လည်း ကျယ်သောအသံနှင့် ဟစ်၍ ထုံးစံရှိသည်အတိုင်း၊ ကိုယ်အသွေးနှင့် ကိုယ်ကိုလူးခြင်းငှါ ထား၊ သံစူးနှင့်ကိုယ်ကို ရှစေကြ၏။
Họ kêu thật lớn và lấy gươm giáo rạch mình cho đến khi máu đổ ra như họ thường làm.
29 ၂၉ မွန်းလွှဲ၍ ညဦးယံယဇ်ပူဇော်ချိန်တိုင်အောင် ပရောဖက်ပြုကြသော်လည်း၊ ဗျာဒိတ်သံမရှိ။ ထူးသောသူ၊ အမှုထားသောသူလည်း မရှိသောအခါ၊
Họ nói lảm nhảm suốt buổi trưa cho đến giờ dâng sinh tế buổi chiều. Dù vậy, chẳng có tiếng nói, không ai trả lời, tuyệt nhiên không một thần nào lưu ý.
30 ၃၀ ဧလိယက၊ ငါ့အနီးသို့လာကြလော့ဟု လူများတို့ကိုခေါ်သည်အတိုင်း၊ လူအပေါင်းတို့သည် အနီးသို့လာကြ၏။ ထိုအခါဧလိယသည် ပြိုပျက်သော ထာဝရဘုရား၏ယဇ်ပလ္လင်ကို ရှင်းလင်းပြီးမှ၊
Lúc ấy, Ê-li nói với toàn dân: “Hãy lại gần ta!” Họ đến gần ông. Ê-li sửa lại bàn thờ của Chúa Hằng Hữu đã bị phá hủy.
31 ၃၁ သင်၏အမည်ကား ဣသရေလဖြစ်ရမည်ဟူသော ထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံရသော ယာကုပ်သား အမျိုးအနွယ် အရေအတွက်အတိုင်း၊ ကျောက်တဆယ်နှစ်လုံးကိုယူ၍၊
Ông lấy mười hai viên đá theo số mười hai đại tộc của các con Gia-cốp người được Chúa đổi tên thành Ít-ra-ên,
32 ၃၂ ထာဝရဘုရား၏ နာမတော်အဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ၊ မျိုးစေ့နှစ်တင်းလောက်ဝင်နိုင်သော ကျုံးကို ယဇ်ပလ္လင်ပတ်လည်၌ တူးလေ၏။
xây dựng một bàn thờ cho Chúa Hằng Hữu. Chung quanh bàn thờ, ông đào một cái mương rộng có thể chứa được mười hai lít hạt giống.
33 ၃၃ ထင်းကိုစီ၍နွားကိုလည်း အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်လေ၏။
Ông chất củi lên bàn thờ, chặt con bò ra từng miếng, đem sắp trên củi. Rồi ông nói: “Múc đầy bốn bình nước, đem tưới lên sinh lễ và củi.”
34 ၃၄ အိုးလေးလုံးကိုရေနှင့် အပြည့်ထည့်၍၊ မီးရှို့စရာ ယဇ်နှင့်ထင်းပေါ်မှာလောင်းကြလော့ဟု ဆိုသည်အတိုင်း သူတို့သည် လောင်းပြီးမှ၊ တဖန်လောင်းကြဦးလော့ဟု ဆိုသည်အတိုင်း သူတို့သည်လောင်းပြီးမှ၊ သုံးကြိမ် တိုင်အောင် လောင်းကြလော့ဟုဆိုသည်အတိုင်း၊ သူတို့သည် သုံးကြိမ်တိုင်အောင် လောင်းကြ၏။
Khi người ta làm xong, ông bảo họ làm như thế lần thứ hai. Ông lại bảo làm lần thứ ba. Họ vâng lời,
35 ၃၅ ရေသည် ယဇ်ပလ္လင်ပတ်လည်၌ စီး၍ကျုံးသည်လည်း ရေနှင့်ပြည့် လေ၏။
nước từ bàn thờ chảy ra ngập cả mương.
36 ၃၆ ညဦးယံ ယဇ်ပူဇော်ချိန်ရောက်သောအခါ၊ ပရောဖက်ဧလိယသည် ချဉ်းလာ၍၊ အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဣသရေလအမျိုး၏ဘုရားသခင် ဖြစ်တော်မူ ကြောင်းကို၎င်း၊ အကျွန်ုပ်သည် ကိုယ်တော်ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကို ၎င်း၊ ယနေ့သိကြပါစေသော။
Đến giờ dâng sinh tế buổi chiều, Tiên tri Ê-li đến bên bàn thờ và cầu nguyện: “Lạy Chúa Hằng Hữu, Đức Chúa Trời của Áp-ra-ham, Y-sác, và Gia-cốp, hôm nay xin chứng minh cho mọi người biết Chúa là Đức Chúa Trời của Ít-ra-ên, cho họ biết con là đầy tớ Ngài, và con làm những việc này theo lệnh Chúa.
37 ၃၇ အိုထာဝရဘုရား၊ ကိုယ်တော်သည် ထာဝရအရှင်ဘုရားသခင်ဖြစ်တော်မူကြောင်းကို၎င်း၊ ဤလူတို့ စိတ်သဘောကို ပြောင်းလဲစေတော်မူကြောင်းကို၎င်း၊ သူတို့သည် သိစေခြင်းငှါ အကျွန်ုပ်စကားကိုနားထောင် တော်မူပါ။ နားထောင်တော်မူပါဟု ဆုတောင်းလေ၏။
Lạy Chúa Hằng Hữu, xin đáp lời con. Ngài đáp lời con để dân này biết Chúa Hằng Hữu là Đức Chúa Trời, và Chúa dẫn họ trở về với Ngài.”
38 ၃၈ ထိုအခါ ထာဝရဘုရား၏မီးသည် ကျသဖြင့်၊ မီးရှို့ရာယဇ်အစရှိသော ထင်း၊ ကျောက်၊ မြေမှုန့်ကို လောင်၍ကျုံး၌ရှိသော ရေကိုလည်း ခန်းခြောက်စေ၏။
Lập tức, Chúa Hằng Hữu cho lửa xuống thiêu đốt cá sinh tế, củi, đá, bụi, và đốt cạn nước trong mương.
39 ၃၉ လူအပေါင်းတို့သည် မြင်လျှင် ပြပ်ဝပ်၍၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြ၏။
Dân chúng thấy thế, đồng loạt quỳ rạp xuống đất, và tung hô: “Chúa Hằng Hữu là Đức Chúa Trời! Chúa Hằng Hữu là Đức Chúa Trời!”
40 ၄၀ ဧလိယကလည်း၊ ဗာလ၏ပရောဖက်တို့ကို ဘမ်းဆီးကြလော့။ တယောက်ကိုမျှ မလွတ်စေနှင့်ဟုစီရင် သည်အတိုင်း၊ သူတို့ကို ဘမ်းဆီး၍ ဧလိယသည် ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ၏။
Ê-li ra lệnh: “Bắt hết các tiên tri Ba-anh, đừng để ai trốn thoát!” Dân chúng vâng lời và bắt họ. Ê-li đem họ xuống Trũng Ki-sôn và giết tất cả.
41 ၄၁ ထိုနောက်မှ ဧလိယက၊ မင်းကြီးသည် စား သောက်ခြင်းငှါ တက်သွားပါလော့။ များစွာသော မိုဃ်းရွာ မည့်အသံရှိသည်ဟု အာဟပ်အား ပြောဆိုလျှင်၊
Ê-li nói với A-háp: “Vua lo ăn và uống đi, vì tôi nghe có tiếng mưa lớn!”
42 ၄၂ အာဟပ်သည်စားသောက်ခြင်းငှါ တက်သွား၏။ ဧလိယသည် ကရမေလတောင်ပေါ်သို့ တက်၍၊ မြေ၌ ပြပ်ဝပ်လျက်မျက်နှာကို ဒူးကြားမှာ ထားလျက်၊
Vậy, A-háp đi ăn và uống. Còn Ê-li lên đỉnh Núi Cát-mên, gập mình xuống đất, và cúi mặt giữa hai đầu gối.
43 ၄၃ မိမိကျွန်အားသင်တက်၍ ပင်လယ်သို့ ကြည့်ရှုလော့ဟုဆိုသည်အတိုင်း၊ ကျွန်သည်တက်၍ ကြည့်ရှုလျှင်၊ အဘယ်အရာမျှ မရှိပါဟု ပြောဆို၏။ ဧလိယက၊ ခုနစ် ကြိမ်တိုင်အောင်သွား၍ ကြည့်ရှုဦးလော့ဟု ဆို၏။
Ông bảo người đầy tớ: “Đi nhìn về hướng biển xem.” Người ấy vâng lời, đi nhìn rồi thưa: “Con chẳng thấy gì cả.” Ông bảo: “Cứ tiếp tục đi bảy lần như thế.”
44 ၄၄ ခုနစ်ကြိမ်မြောက်သောအခါ၊ လူလက်နှင့် တူသော မိုဃ်းတိမ်ငယ်တခုသည် ပင်လယ်ထဲက တက်ပါ ၏ဟုဆိုသော်၊ အာဟပ်မင်းထံသို့ သွားလော့။ မိုဃ်းရွာ၍ ဆီးတားမည်ကိုစိုးရိမ်စရာရှိသောကြောင့်၊ မင်းကြီး ပြင်ဆင်၍ ပြန်သွားမည်အကြောင်း လျှောက်ထားလော့ ဟု မှာလိုက်လေ၏။
Lần thứ bảy người đầy tớ nói: “Có một cụm mây nhỏ bằng bàn tay hiện ra từ biển lên.” Ê-li nói: “Đi bảo A-háp lên xe chạy xuống núi ngay, nếu không sẽ bị mưa cầm chân!”
45 ၄၅ မကြာမမြင့်မှီ မိုဃ်းကောင်းကင်သည် မိုဃ်းသက်မုန်တိုင်းနှင့် မည်း၍ ပြင်းစွာမိုဃ်းရွာ၏။ အာဟပ် သည် ရထားစီး၍ ယေဇရေလမြို့သို့ သွား၏။
Trong khoảnh khắc, bầu trời bị mây đen phủ kín. Gió kéo mưa lớn đến; và A-háp vội vàng lên xe về Gít-rê-ên.
46 ၄၆ ထာဝရဘုရား၏လက်တော်သည် ဧလိယအပေါ်မှာရှိ၍၊ သူသည် ခါးပန်းကိုစည်းလျက် အာဟပ်မင်း အရင် ယေဇရလမြို့ တံခါးဝသို့ ပြေးလေ၏။
Lúc đó quyền năng Chúa Hằng Hữu giáng trên Ê-li, người quấn áo ở thắt lưng và chạy trước xe A-háp cho đến thành Gít-rê-ên.

< ၃ ဓမ္မရာဇဝင် 18 >