< ၃ ဓမ္မရာဇဝင် 18 >
1 ၁ ကာလအင်တန်ကြာ၍ သုံးနှစ်စေ့သောအခါ၊ ဧလိယသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ် တော်က၊ သင်သည် အာဟပ်မင်းအားသွား၍ ကိုယ်ကို ပြလော့။ ငါသည်လည်း မြေပေါ်မှာ မိုဃ်းရွာစေမည်ဟု မိန့်တော်မူသည်အတိုင်း၊
[預告旱災結束]過了許多時日,到了第三年,有上主的話傳於厄里亞說:「你去見阿哈布,我要在這地上降雨。」
2 ၂ ဧလိယသည် အာဟပ်မင်းအား ကိုယ်ကိုပြအံ့ သောငှါသွား၏။ ထိုအခါ ရှမာရိမြို့၌ပြင်းစွာသော အစာအာဟာရခေါင်းပါးခြင်းဘေးရှိ၍၊
厄里亞就去見阿哈布;那時,撒瑪黎雅正遭受嚴重的饑荒。
3 ၃ အာဟပ်မင်းသည် နန်းတော်အုပ်ဩဗဒိကိုခေါ်၏။ ထိုဩဗဒိသည် ထာဝရဘုရားကို အလွန် ရိုသေသောသူ ဖြစ်၏။
阿哈布將自己的家宰敖巴狄雅召來,─敖巴狄雅原是一位很敬畏上主的人。
4 ၄ ယေဇဗေလသည် ထာဝရဘုရား၏ပရောဖက်တို့ကိုပယ်ဖြတ်သောအခါ၊ ဩဗဒိသည် ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ကျွေးလေ၏။
當依則貝耳殺害上主的先知時,他曾收留一百個先知,每五十人分藏在一個洞裏,私下供給他們飲食。─
5 ၅ အာဟပ်ကလည်း၊ တပြည်လုံးသို့လှည့်လည်၍ စမ်းရေတွင်းများ၊ ချောင်းများရှိရာအရပ်ရပ်သို့ သွားလော့။ တိရစ္ဆာန်အပေါင်းတို့သည် မသေ၊ မြင်းနှင့်လားတို့သည် အသက်လွတ်မည်အကြောင်း၊ မြက်ပင်ကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိအားဆိုလျက်၊
阿哈布對敖巴狄雅說:「我們要走遍這地,到所有的水泉和小河那裏去,或許能找到一些青草,使騾馬生存,免得喪失許多牲畜。」
6 ၆ သူတို့သည် တပြည်လုံးကို နှံ့ပြားအောင် ဝေဖန်၍၊ အာဟပ်နှင့် ဩဗဒိသည် လမ်းတခြားစီ ထွက်သွား ကြ၏။
他們於是分地巡行;阿哈布獨自走了一條路,敖巴狄雅也獨自走了另一條路。敖巴狄雅遇厄里亞
7 ၇ ဩဗဒိသည်သွားစဉ်အခါ၊ ဧလိယသည် ဆီး၍ကြို၏။ ဩဗဒိသည် ဧလိယကိုသိ၍ ပြပ်ဝပ်လျက်၊ ကိုယ်တော်သည် အကျွန်ုပ်သခင် ဧလိယမှန်ပါသလောဟု မေးလျှင်၊
敖巴狄雅走路時,厄里亞恰巧遇見了他;敖巴狄雅認得他,便俯伏在地說:「你不就是我主厄里亞嗎﹖」
8 ၈ ဧလိယက ငါမှန်၏။ ဧလိယသည် ဤမည်သောအရပ်၌ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ ဟု ပြောဆိုသော်၊
厄里亞回答說:「是,你去告訴你的主人說:厄里亞在這裏。」
9 ၉ ဩဗဒိကလည်း၊ ကိုယ်တော်ကျွန်၏ အသက်ကို သတ်စေခြင်းငှါ အာဟပ်၌ အပ်ရမည်အကြောင်း၊ ကိုယ် တော်ကျွန်သည် အဘယ်သို့ ပြစ်မှားဘိသနည်း။
敖巴狄雅說:「我犯了什麼罪﹖你竟要將你的僕人交於阿哈布手中,讓他殺死我﹖
10 ၁၀ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်ကို ရှာစေ ခြင်းငှါ အကျွန်ုပ်သခင်မစေလွှတ်သော တိုင်းနိုင်ငံတခုမျှ မရှိပါ။ တကျွန်းတနိုင်ငံသားက၊ ဧလိယမရှိပါဟု လျှောက်သောအခါ၊ ကိုယ်တော်ကို ရှာ၍မတွေ့နိုင်ဟု ထိုတိုင်းနိုင်ငံသားတို့သည် အကျိန်ကိုခံရကြပါ၏။
我指著永生的上主,你的天主起誓:沒有一個民族,沒有一個國家,我的主上不派人去尋找你的;如果人們說:厄里亞不在我們這裏;他一定要叫那個國家和那個民族起誓說:實在他們沒有找到你。
11 ၁၁ ယခုမူကား၊ ဧလိယသည် ဤမည်သောအရပ်၌ ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု မိန့် တော်မူပါသည်တကား။
現在你說:你去告訴你的主人說:厄里亞在這裏。
12 ၁၂ အကျွန်ုပ်သည် ကိုယ်တော်ထံမှ ထွက်သွား၍ အာဟပ်မင်းထံမှာ လျှောက်စဉ်တွင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် အကျွန်ုပ်မသိသောအရပ်သို့ ကိုယ်တော်ကို ဆောင်သွားတော်မူလျှင်၊ အာဟပ်မင်းသည် ကိုယ်တော်ကို မတွေ့နိုင်သောအခါ အကျွန်ုပ်ကို သတ်ပါလိမ့်မည်။ ကိုယ်တော်ကျွန်မူကား၊ အသက်ငယ်စဉ်ကာလ မှစ၍ ထာဝရဘုရားကို ရိုသေပါပြီ။
我一離開你,上主的神把你帶到我所不知道的地方去;我若去告訴阿哈布,而他找不到你,啟不要殺死我﹖你的僕人自幼也是個敬畏上主得人啊!
13 ၁၃ ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက် တို့ကို သတ်သောအခါ၊ အကျွန်ုပ်ပြုသောအမှုတည်း ဟူသော ထာဝရဘုရား၏ပရောဖက်တရာကို မြေတွင်းထဲမှာ ငါးဆယ်စီ ဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ကျွေးကြောင်းကို အကျွန်ုပ်သခင်ကြားတော်မမူသလော။
難道我主沒有聽說過:當依則耳殘殺上主的先知時,我所作的事﹖我曾隱藏一百個上主的先知,每五十人分藏在一個洞裏,由我供給他們飲食。
14 ၁၄ ယခုမူကား၊ ဧလိယသည် ဤမည်သောအရပ်၌ ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု ကိုယ်တော်မိန့်တော်မူသည်ဖြစ်၍၊ အာဟပ်သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည်ဟု ပြန်ဆို၏။
現在你說:你去告訴你的主人,厄里亞在這裏,他一定要殺我! 」
15 ၁၅ ဧလိယကလည်း၊ ငါကိုးကွယ်သော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားအသက် ရှင်တော်မူသည် အတိုင်း၊ ငါသည် ယနေ့အာဟပ်မင်းအား ကိုယ်ကို အမှန်ပြမည်ဟု ဆိုပြန်သော်၊
厄里亞說:「我指著我所服侍的萬軍的永生上主起誓:今天我一定要叫阿哈布看見我。」阿哈布和厄里亞見面
16 ၁၆ ဩဗဒိသည် အာဟပ်မင်းထံသို့သွား၍ လျှောက်သဖြင့်၊ အာဟပ်သည် ဧလိယကို ကြိုဆိုအံ့သောငှါ သွား၍၊
敖巴狄雅於是前去會見阿哈布,告訴他這消息,阿哈布就去迎接厄里亞。
17 ၁၇ တွေ့မြင်သောအခါ၊ သင်သည် ဣသရေလ အမျိုးကို နှောင့်ရှက်သောသူမှန်သလောဟု မေးလျှင်၊
阿哈布一見厄里亞,就對他說:「叫以色列遭難的人,不就是你嗎﹖」
18 ၁၈ ဧလိယက၊ ငါသည်ဣသရေလအမျိုးကို မနှောင့်ရှက်၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရဘုရား၏ ပညတ်တရားကိုစွန့်၍ ဗာလဘုရားတို့ကိုဆည်းကပ်သဖြင့်၊ ဣသရေလအမျိုးကို နှောင့်ရှက်ကြပြီ။
厄里亞答說:「不是我叫以色列遭難,而是你和你的父家,因為你們拋棄了上主的誡命,歸順了巴耳邪神。
19 ၁၉ သို့ရာတွင်လူကို ယခုစေလွှတ်၍ ဣသရေလ အမျိုးသားအပေါင်းတို့ကို၎င်း၊ ဗာလပရောဖက်လေးရာ ငါးဆယ်ကို၎င်း၊ ယေဇဗေလစားပွဲ၌ စားသောအာရှရပရောဖက်လေးရာကို၎င်း၊ ကရမေလတောင်၊ ငါ့ထံသို့ စုဝေးစေလော့ဟုဆိုသည်အတိုင်း၊
現在,你派人去召集全以色列人,同受依則貝耳供養的那四百五十個巴耳的先知,【及那四百個阿舍辣的先知,】上加爾默耳山,到我跟前來。」
20 ၂၀ အာဟပ်သည် ဣသရေလအမျိုးသားအပေါင်း တို့ရှိရာသို့ စေလွှတ်၍၊ ပရောဖက်တို့ကို ရမေလတောင် ပေါ်မှ စုဝေးစေ၏။
阿哈布便派人召集了所有的以色列子民,聚集了那些先知,一起到了加爾默耳山上。厄里亞與假先知比試
21 ၂၁ ဧလိယသည် လူများရှိရာသို့ လာ၍၊ သင်တို့ သည် ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလ ပတ်လုံး ယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့ဟုဆိုလျှင်၊ လူများတို့ သည် တိတ်ဆိတ်စွာ နေကြ၏။
厄里亞走向全體民眾面前說:「你們搖擺不定,模稜兩可,要到幾時呢﹖如果上主是天主,你們就應該隨從上主;如果巴耳是天主,就該隨從巴耳。」人民一句話也不回答。
22 ၂၂ တဖန် ဧလိယက၊ ထာဝရဘုရား၏ ပရောဖက်ကား ငါတယောက်တည်း ကျန်ရစ်၏။ ဗာလ၏ပရော ဖက်ကား လေးရာငါးဆယ် ရှိကြ၏။
厄里亞對人民說:「上主的先知指剩下我一個人了,巴耳的先知卻有四百五十人。
23 ၂၃ နွားနှစ်ကောင်ကို ပေးကြလော့။ သူတို့သည် တကောင်ကိုရွေး၍ အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်ပါလေစေ။ မီးမထည့်စေနှင့်။ ငါလည်း နွားတကောင်ကို လုပ်၍ထင်းပေါ်မှာ တင်မည်။ မီးကိုမထည့်။
請給我們牽兩隻公牛犢來;他們可任選一隻,剖分成塊,放在木柴上,不要點火;我也照樣預備另一隻,放在木柴上,也不點火。
24 ၂၄ သင်တို့သည် သင်တို့ဘုရားများ၏ နာမကို ဟစ်ခေါ်ကြလော့။ ငါလည်း ထာဝရဘုရား၏ နာမတော် ကို ဟစ်ခေါ်မည်။ မီးဖြင့် ထူးတော်မူသောဘုရားသည် ဘုရားသခင်မှန်ပါစေဟု လူများတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ဧလိယ၏စကားသည် လျောက်ပတ်ပေသည်ဟု ဆိုကြ၏။
你們呼求你們神的名字,我也呼求上主的名字:那降火顯示應允的神,就是真神。」民眾回答說:「你這話說得很好! 」
25 ၂၅ တဖန်ဧလိယက၊ သင်တို့သည် များသောကြောင့် နွားတကောင်ကို အရင်ရွေး၍ လုပ်ကြလော့။ မီးမထည့်ဘဲ သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ် ကြလော့ဟု ဗာလ၏ပရောဖက်တို့အားဆိုသည်အတိုင်း၊
厄里亞對巴耳的先知們說:「因為你們人數眾多,你們應該先挑選一隻牛犢,準備好,然後呼求你們神的名字,只是不要點火。」
26 ၂၆ သူတို့သည် လူများပေးသော နွားကိုယူ၍ လုပ်ပြီးလျှင်၊ အိုဗာလဘုရား၊ အကျွန်ုပ်တို့အား ထူးတော်မူပါဟု နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ဗာလ၏ နာမကို ဟစ်ခေါ်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ၏။
他們即將人給他們的公牛犢牽來,預備好,從早晨直到中午呼求巴耳的名字說:「巴耳,應允我們罷! 」但是沒有聲音,也沒有答應的。他們就在自己所築的祭壇旁,跪下又起來,跳個不停。
27 ၂၇ မွန်းတည့်အချိန်၌ ဧလိယက၊ ကျယ်သောအသံ နှင့် ဟစ်ကြလော့။ ဗာလသည် ဘုရားဖြစ်တော်မူ၏။ ဆင်ခြင်လျက် နေတော်မူ၏။ သို့မဟုတ် တစုံတခုကို လိုက်၍ရှာတော်မူ၏။ သို့မဟုတ် ခရီးသွားတော်မူ၏။ သို့မဟုတ် ကျိန်းစက်တော်မူသောကြောင့်၊ တစုံတယောက် သောသူသည် နှိုးရမည်ဟု ပြက်ယယ်ပြု၍ဆို၏။
到了中午,厄里亞嘲弄他們說:「你們再高聲喊叫,因為他是神,或者他正在沉思冥想,或者它暫時隱退,或者正在外旅行,或者他正在睡覺,必須把他叫醒。」
28 ၂၈ သူတို့သည်လည်း ကျယ်သောအသံနှင့် ဟစ်၍ ထုံးစံရှိသည်အတိုင်း၊ ကိုယ်အသွေးနှင့် ကိုယ်ကိုလူးခြင်းငှါ ထား၊ သံစူးနှင့်ကိုယ်ကို ရှစေကြ၏။
他們遂更高聲喊叫,照他們的習慣,用刀用槍割傷自己,直到全身流出血來。
29 ၂၉ မွန်းလွှဲ၍ ညဦးယံယဇ်ပူဇော်ချိန်တိုင်အောင် ပရောဖက်ပြုကြသော်လည်း၊ ဗျာဒိတ်သံမရှိ။ ထူးသောသူ၊ အမှုထားသောသူလည်း မရှိသောအခါ၊
過了中午,他們仍繼續狂喊亂叫,直到晚祭的時候,但仍然沒有聲音,也沒有答應的,也沒有理會。
30 ၃၀ ဧလိယက၊ ငါ့အနီးသို့လာကြလော့ဟု လူများတို့ကိုခေါ်သည်အတိုင်း၊ လူအပေါင်းတို့သည် အနီးသို့လာကြ၏။ ထိုအခါဧလိယသည် ပြိုပျက်သော ထာဝရဘုရား၏ယဇ်ပလ္လင်ကို ရှင်းလင်းပြီးမှ၊
厄里亞對全你人民說:「你們到我這裏來。」全體人民便都到他那裏去;厄里亞立即重修了已經坍塌了的上主的祭壇;
31 ၃၁ သင်၏အမည်ကား ဣသရေလဖြစ်ရမည်ဟူသော ထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံရသော ယာကုပ်သား အမျိုးအနွယ် အရေအတွက်အတိုင်း၊ ကျောက်တဆယ်နှစ်လုံးကိုယူ၍၊
依照雅各伯子孫的支派數目,取了十二塊石頭,─這雅各伯就是上主曾對他說過:「你的名字要叫以色列。」─
32 ၃၂ ထာဝရဘုရား၏ နာမတော်အဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ၊ မျိုးစေ့နှစ်တင်းလောက်ဝင်နိုင်သော ကျုံးကို ယဇ်ပလ္လင်ပတ်လည်၌ တူးလေ၏။
用這些石頭,為上主的名築成一座祭壇,在祭壇四周作了一個水溝,可容二「色阿」穀種。
33 ၃၃ ထင်းကိုစီ၍နွားကိုလည်း အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်လေ၏။
把木柴放好,將牛犢剖分成塊,放在木柴上,
34 ၃၄ အိုးလေးလုံးကိုရေနှင့် အပြည့်ထည့်၍၊ မီးရှို့စရာ ယဇ်နှင့်ထင်းပေါ်မှာလောင်းကြလော့ဟု ဆိုသည်အတိုင်း သူတို့သည် လောင်းပြီးမှ၊ တဖန်လောင်းကြဦးလော့ဟု ဆိုသည်အတိုင်း သူတို့သည်လောင်းပြီးမှ၊ သုံးကြိမ် တိုင်အောင် လောင်းကြလော့ဟုဆိုသည်အတိုင်း၊ သူတို့သည် သုံးကြိမ်တိုင်အောင် လောင်းကြ၏။
然後吩咐說:「盛滿四桶水,倒在全燔祭和木柴上! 」他們就這樣做了。他又吩咐說:「再倒一次! 」他們就再倒了一次;他再吩咐說:「倒第三次! 」他們就倒了第三次;
35 ၃၅ ရေသည် ယဇ်ပလ္လင်ပတ်လည်၌ စီး၍ကျုံးသည်လည်း ရေနှင့်ပြည့် လေ၏။
水沿祭壇四周奔流,溝裏滿了水。
36 ၃၆ ညဦးယံ ယဇ်ပူဇော်ချိန်ရောက်သောအခါ၊ ပရောဖက်ဧလိယသည် ချဉ်းလာ၍၊ အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဣသရေလအမျိုး၏ဘုရားသခင် ဖြစ်တော်မူ ကြောင်းကို၎င်း၊ အကျွန်ုပ်သည် ကိုယ်တော်ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကို ၎င်း၊ ယနေ့သိကြပါစေသော။
到了要奉獻晚祭的時候,厄里亞先知走近前來說:「上主,亞巴郎、依撒格和以色列的天主,求你今天使人知道:你是以色列的天主,我是你的僕人,是奉你的命作這一切事。
37 ၃၇ အိုထာဝရဘုရား၊ ကိုယ်တော်သည် ထာဝရအရှင်ဘုရားသခင်ဖြစ်တော်မူကြောင်းကို၎င်း၊ ဤလူတို့ စိတ်သဘောကို ပြောင်းလဲစေတော်မူကြောင်းကို၎င်း၊ သူတို့သည် သိစေခြင်းငှါ အကျွန်ုပ်စကားကိုနားထောင် တော်မူပါ။ နားထောင်တော်မူပါဟု ဆုတောင်းလေ၏။
上主,求你應允我,應允我! 使這人民知道你上主,是真天主,是你叫他們心回意轉。」
38 ၃၈ ထိုအခါ ထာဝရဘုရား၏မီးသည် ကျသဖြင့်၊ မီးရှို့ရာယဇ်အစရှိသော ထင်း၊ ကျောက်၊ မြေမှုန့်ကို လောင်၍ကျုံး၌ရှိသော ရေကိုလည်း ခန်းခြောက်စေ၏။
於是上主的火降下,焚盡了全燔祭、柴木、石頭和塵土,也燒乾了溝中的水。
39 ၃၉ လူအပေါင်းတို့သည် မြင်လျှင် ပြပ်ဝပ်၍၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြ၏။
全體人民見了,都俯伏在地說:「雅威是天主,雅威是天主!」
40 ၄၀ ဧလိယကလည်း၊ ဗာလ၏ပရောဖက်တို့ကို ဘမ်းဆီးကြလော့။ တယောက်ကိုမျှ မလွတ်စေနှင့်ဟုစီရင် သည်အတိုင်း၊ သူတို့ကို ဘမ်းဆီး၍ ဧလိယသည် ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ၏။
厄里亞對民眾說:「你們捉住巴耳的先知,不要讓他們走脫一個! 」民眾立即捉住他們。厄里亞帶他們下到克雄小河旁,在那裏將他們全部殺掉。天降大雨
41 ၄၁ ထိုနောက်မှ ဧလိယက၊ မင်းကြီးသည် စား သောက်ခြင်းငှါ တက်သွားပါလော့။ များစွာသော မိုဃ်းရွာ မည့်အသံရှိသည်ဟု အာဟပ်အား ပြောဆိုလျှင်၊
厄里亞對阿哈布說:「你上去吃喝罷! 因為已聽到大雨的怒號聲。」
42 ၄၂ အာဟပ်သည်စားသောက်ခြင်းငှါ တက်သွား၏။ ဧလိယသည် ကရမေလတောင်ပေါ်သို့ တက်၍၊ မြေ၌ ပြပ်ဝပ်လျက်မျက်နှာကို ဒူးကြားမှာ ထားလျက်၊
阿哈布就上去吃喝,厄里亞卻上了加爾默耳山頂,跪伏在地,將臉放在兩膝之間。
43 ၄၃ မိမိကျွန်အားသင်တက်၍ ပင်လယ်သို့ ကြည့်ရှုလော့ဟုဆိုသည်အတိုင်း၊ ကျွန်သည်တက်၍ ကြည့်ရှုလျှင်၊ အဘယ်အရာမျှ မရှိပါဟု ပြောဆို၏။ ဧလိယက၊ ခုနစ် ကြိမ်တိုင်အောင်သွား၍ ကြည့်ရှုဦးလော့ဟု ဆို၏။
以後,對自己的僕人說:「你上去,朝海那邊觀看! 」僕人就上去觀看,說:「什麼也沒有。」厄里亞說:「你來回觀看七次! 」他就去了七次。
44 ၄၄ ခုနစ်ကြိမ်မြောက်သောအခါ၊ လူလက်နှင့် တူသော မိုဃ်းတိမ်ငယ်တခုသည် ပင်လယ်ထဲက တက်ပါ ၏ဟုဆိုသော်၊ အာဟပ်မင်းထံသို့ သွားလော့။ မိုဃ်းရွာ၍ ဆီးတားမည်ကိုစိုးရိမ်စရာရှိသောကြောင့်၊ မင်းကြီး ပြင်ဆင်၍ ပြန်သွားမည်အကြောင်း လျှောက်ထားလော့ ဟု မှာလိုက်လေ၏။
第七次僕人說:「看,有一片雲彩,小得像手掌那麼大,從海上升起來了。」厄里亞說:「你上去告訴阿哈布說:快套車下去,免得被雨阻止! 」
45 ၄၅ မကြာမမြင့်မှီ မိုဃ်းကောင်းကင်သည် မိုဃ်းသက်မုန်တိုင်းနှင့် မည်း၍ ပြင်းစွာမိုဃ်းရွာ၏။ အာဟပ် သည် ရထားစီး၍ ယေဇရေလမြို့သို့ သွား၏။
轉瞬之間,天空因風雲變為昏黑,落下大雨;阿哈布上車去了依次勒耳。
46 ၄၆ ထာဝရဘုရား၏လက်တော်သည် ဧလိယအပေါ်မှာရှိ၍၊ သူသည် ခါးပန်းကိုစည်းလျက် အာဟပ်မင်း အရင် ယေဇရလမြို့ တံခါးဝသို့ ပြေးလေ၏။
上主的手臨於厄里亞身上,他就束上腰,跑在阿哈布前頭,直到依次勒耳的城門口。