< ၃ ဓမ္မရာဇဝင် 16 >
1 ၁ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဗာရှာကို အကြောင်းပြု၍၊ ဟာနန်၏သားယေဟုသို့ ရောက်လာ သည်ကား၊
Zvino shoko raJehovha rakasvika kuna Jehu mwanakomana waHanani richipikisana naBhaasha richiti,
2 ၂ သင့်ကို မြေမှုန့်ထဲကငါကြွ၍၊ ငါ၏လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက်သော်လည်း၊ သင်သည် ယေရောဗောင်၏လမ်းသို့လိုက်လျက်၊ ဣသရေလအမျိုးသည် ပြစ်မှား၍၊ ငါ့အမျက်ကို နှိုးဆော်စေခြင်းငှါ ပြုသောကြောင့်၊
“Ndakakusimudza kubva muguruva ndikakuita mutungamiri wavanhu vangu Israeri, asi wakafamba munzira dzaJerobhoamu ukaita kuti vanhu vangu Israeri vaite chivi, nokuita kuti nditsamwe nokuda kwezvivi zvavo.
3 ၃ သင်၏အမျိုးအနွယ်သားစဉ် မြေးဆက်တို့ကို ငါပယ်ရှား၍၊ သင်၏အမျိုးကို နေဗတ်၏သား ယေရော ဗောင်၏ အမျိုးကဲ့သို့ ငါဖြစ်စေမည်။
Naizvozvo ndava kuda kuparadza Bhaasha neimba yake, uye ndichaita kuti imba yako ifanane neimba yaJerobhoamu mwanakomana waNebhati.
4 ၄ ဗာရှာ၏အမျိုးသားသည် မြို့ထဲမှာသေလျှင်၊ အသေကောင်ကို ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင်ငှက် စားလိမ့်မည် ဟုမိန့်တော်မူ၏။
Imbwa dzichadya vose vaBhaasha vachafira muguta, uye shiri dzedenga dzichadya avo vachafira kusango.”
5 ၅ ဗာရှာပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် သူ၏တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
Kana zviri zvimwe zvakaitika panguva yokutonga kwaBhaasha, nesimba rake, hazvina kunyorwa here mubhuku renhoroondo dzegore negore dzamadzimambo eIsraeri?
6 ၆ ဗာရှာသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ တိရဇမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ဧလာသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
Bhaasha akazorora namadzibaba ake uye akavigwa muTiza. Zvino Era, mwanakomana wake, akamutevera paumambo.
7 ၇ ဗာရှာသည် ယေရောဗောင်အမျိုးနှင့်တူ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ်၊ မိမိပြုမူသောအားဖြင့်၊ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ရှေ့တော်၌ ပြစ်မှားသမျှသော အပြစ်ကြောင့် ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏ သားယေဟုအားဖြင့် ရောက်လာသည်နှင့်အညီ၊
Pamusoro paizvozvo, shoko raJehovha rakauyawo nokumuprofita Jehu mwanakomana waHanani kuna Bhaasha neimba yake, nokuda kwezvakaipa zvose zvaakanga aita pamberi paJehovha achimutsamwisa nezvaakaita, achifanana neimba yaJerobhoamu, uyewo nokuti akaiparadza.
8 ၈ ယုဒရှင်ဘုရင်အာသ နန်းစံနှစ်ဆယ်ခြောက်နှစ်တွင်၊ ဗာရှာသားဧလာသည် တိရဇမြို့၌နေ၍ ဣသရေလ နိုင်ငံကို နှစ်နှစ်စိုးစံသည်ရှိသော်၊
Mugore ramakumi maviri namatanhatu raAsa mambo weJudha, Era, mwanakomana waBhaasha akava mambo weIsraeri, uye akatonga muTiza kwamakore maviri.
9 ၉ ရထားစီးသူရဲတဝက်ကိုအုပ်သောသူ၊ မိမိကျွန် ဇိမရိသည်သင်းဖွဲ့၍၊ ဧလာသည် တိရဇမြို့တွင် နန်းတော် အုပ်အာဇ၏ အိမ်၌ယစ်မူးအောင် သောက်လျက်နေစဉ် အခါ၊
Zimuri, mumwe wamachinda ake, aitungamirira hafu yengoro dzake, akamumukira. Era akanga ari muTiza panguva iyoyo, achidhakwa zvake pamba paAza, murume aichengeta muzinda wamambo paTiza.
10 ၁၀ ဇိမရိသည်ဝင်၍ ယုဒရှင်ဘုရင် အာသနန်းစံ နှစ်ဆယ်ခုနစ်နှစ်တွင်၊ ဧလာကို သေစေခြင်းငှါလုပ်ကြံ၍ နန်းထိုင်လေ၏။
Zimuri akapinda, akamubaya akamuuraya, mugore ramakumi maviri namanomwe raAsa, mambo weJudha. Ipapo akabva amutevera paumambo.
11 ၁၁ နန်းထိုင်စက၊ ဗာရှာအမျိုးသားအပေါင်းတို့ကိုသတ်၏။ ဗာရှာနှင့် ပေါက်ဘော်တော်သော ယောက်ျား၊ အဆွေဖွဲ့သော ယောက်ျားတယောက်ကိုမျှမချန်မထား။
Paakatanga kutonga, achangogara pachigaro choushe, akauraya mhuri yose yaBhaasha. Haana kusiya murume mumwe chete, hama kana shamwari.
12 ၁၂ ထာဝရဘုရားသည် ဗာရှာကို အကြောင်းပြု၍ ပရောဖက်ယေဟုအားဖြင့် မိန့်တော်မူသော စကားတော် နှင့်အညီ၊ ဇိမရိသည် ဗာရှာအမျိုးသားအပေါင်းတို့ကို ဖျက်ဆီး၏။
Saizvozvo Zimuri akaparadza mhuri yose yaBhaasha, sezvakanga zvarehwa neshoko raJehovha rakataurwa richipikisa Bhaasha nokumuprofita Jehu,
13 ၁၃ အကြောင်းမူကား၊ ဗာရှာနှင့်သား ဧလာတို့သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှားစေသော အပြစ်အားဖြင့်၎င်း၊ မိစ္ဆာဒိဌိအားဖြင့်၎င်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သော အကြောင်းတည်း။
nokuda kwezvivi zvose zvakanga zvaitwa naBhaasha nomwanakomana wake Era nezvaakaita kuti Israeri iite, zvokuti vakaita kuti Jehovha, Mwari waIsraeri, atsamwe, nokuda kwezvifananidzo zvavo zvisina maturo.
14 ၁၄ ဧလာပြုမူသော အမှုအရာကြွင်းသမျှတို့သည် ဣသရေလရာဇဝင်၌ရေးထားလျက် ရှိ၏။
Kana zviri zvimwe zvakaitika panguva yokutonga kwaEra, nezvose zvaakaita, hazvina kunyorwa here mubhuku renhoroondo dzegore negore dzamadzimambo eIsraeri?
15 ၁၅ ယုဒရှင်ဘုရင်အာသနန်းစံနှစ်ဆယ် ခုနစ်နှစ် တွင်၊ ဇိမရိသည် တိရဇမြို့၌ ခုနစ်ရက်စိုးစံ၏။
Mugore ramakumi maviri namanomwe raAsa, mambo weJudha, Zimuri akatonga muTiza kwamazuva manomwe. Varwi vakanga vakadzika misasa pedyo neGibhetoni, guta ravaFiristia.
16 ၁၆ ထိုသို့ ဇိမရိသည် သင်းဖွဲ့၍ ရှင်ဘုရင်ကို သတ်သည်ဟု ဖိလိတ္တိပြည်ဂိဗေသုန်မြို့ရှေ့မှာ တပ်ချသော သူအပေါင်းတို့သည် သိတင်းကြားလျှင်၊ ထိုနေ့ခြင်းတွင် ဗိုလ်ချုပ်မင်းဩမရိကို ဣသရေလရှင်ဘုရင်အရာ၌ တပ်ထဲမှာ ချီးမြှောက်ကြ၏။
VaIsraeri vakanga vari kumisasa pavakanzwa kuti Zimuri akanga amukira mambo akamuuraya, vakagadza Omuri mutungamiri wehondo, kuti ave mambo weIsraeri musi iwoyo mumusasa.
17 ၁၇ ဩမရိသည် ဣသရေလအမျိုးသားအပေါင်းတို့ နှင့်တကွ ဂိဗေသုန်မြို့မှထွက်၍၊ တိရဇမြို့ကို ဝိုင်းထား ကြ၏။
Zvino Omuri, navaIsraeri vose vaaiva navo, vakabva kuGibhetoni vakauya kuzokomba Tiza.
18 ၁၈ မြို့ကိုတိုက်၍ ရမည်ဟုဇိမရိသည် သိသောအခါ၊ နန်းတော်ထဲသို့ဝင်၍ မိမိအပေါ်မှာ နန်းတော်ကို မီးရှို့ သဖြင့် ကိုယ်တိုင်သေလေ၏။
Zimuri paakaona kuti guta rakanga ratorwa, akaenda kunhare yomuzinda wamambo akabva azvipisira mumuzinda. Naizvozvo akafa,
19 ၁၉ အကြောင်းမူကား၊ ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသော လမ်းသို့ လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသော အကြောင်းတည်း။
nokuda kwezvivi zvaakanga aita, achiita zvakaipa pamberi paJehovha uye achifamba munzira dzaJerobhoamu nomuchivi chaakanga aita, uye nechivi chaakanga aita kuti Israeri iite.
20 ၂၀ ဇိမရိပြုမူသောအမှုအရာ ကြွင်းသမျှတို့နှင့် ပုန်ကန်ခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထား လျက် ရှိ၏။
Kana zviri zvimwe zvakaitika panguva yokutonga kwaZimuri, nokumukira kwake kwaakaita, hazvina kunyorwa here mubhuku renhoroondo dzegore negore dzamadzimambo aIsraeri?
21 ၂၁ ထိုအခါ ပြည်သားတို့သည် ကွဲပြား၍၊ အချို့တို့သည် ဂိနတ်၏သားတိဗနိကို ရှင်ဘုရင်အရာ၌ ချီးမြှောက် ခြင်းငှါ သူ့နောက်သို့ လိုက်ကြ၏။ အချို့တို့သည် ဩမရိ နောက်သို့လိုက်ကြ၏။
Ipapo vanhu veIsraeri vakaparadzana vakaita zvikwata zviviri; hafu ikatevera Tibhini, mwanakomana waGinati, kuti ave mambo, uye imwe hafu ikatevera Omuri.
22 ၂၂ ဩမရိနောက်သို့လိုက်သော သူတို့သည် ဂိနတ်၏ သားတိဗနိနောက်သို့ လိုက်သောသူတို့ကို နိုင်သဖြင့်၊ တိဗနိသေ၍ ဩမရိသည် နန်းထိုင်လေ၏။
Asi vateveri vaOmuri vakakunda vateveri vaTibhini, mwanakomana waGinati. Saka Tibhini akafa, Omuri akava mambo.
23 ၂၃ ယုဒရှင်ဘုရင် အာသနန်းစံသုံးဆယ်တနှစ်တွင်၊ ဩမရိသည် နန်းထိုင်၍ ဣသရေလနိုင်ငံကို တဆယ်နှစ် နှစ်စိုးစံ၏။ တိရဇမြို့၌ ခြောက်နှစ်စိုးစံပြီးမှ၊
Mugore ramakumi matatu nerimwe raAsa, mambo weJudha, Omuri akava mambo weIsraeri, uye akatonga kwamakore gumi namaviri, matanhatu acho muTiza.
24 ၂၄ ရှမာရိတောင်ကို တောင်ရှင်ရှမေရ၌ ငွေအခွက် နှစ်ဆယ်နှင့် ဝယ်၍ တောင်ပေါ်မှာ မြို့ကိုတည်၏။ ထိုမြို့ ကို တောင်ရှင်ရှမေရအမည်ကို အစွဲပြုသဖြင့်၊ ရှမာရိမြို့ ဟူ၍ သမုတ်လေ၏။
Akatenga gomo reSamaria kubva kuna Shemeri namatarenda maviri esirivha uye akavaka guta pagomo iri, achiritumidza kuti Samaria, zvichibva pana Shemeri, zita rouyo aimbova muridzi wegomo.
25 ၂၅ ဩမရိသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသဖြင့်၊ မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်း ထက်သာ၍ ဆိုးညစ်၏။
Asi Omuri akaita zvakaipa pamberi paJehovha, akatadza kupfuura vose vakanga vamutangira.
26 ၂၆ နေဗတ်၏သား ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးသည် မိစ္ဆာဒိဌိအားဖြင့် မိမိတို့ဘုရား သခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ပြစ်မှားစေသော ဒုစရိုက်အပြစ်လမ်းသို့ လိုက်လေ၏။
Akafamba munzira dzose dzaJerobhoamu mwanakomana waNebhati nomuchivi chake, chaakaita kuti Israeri iite, zvokuti vakaita kuti Jehovha, Mwari waIsraeri, atsamwe nokuda kwezvifananidzo zvavo zvisina maturo.
27 ၂၇ ဩမရိပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက် ရှိ၏။
Kana zviri zvimwe zvakaitika panguva yokutonga kwaOmuri, nezvaakaita, hazvina kunyorwa here mubhuku renhoroondo dzegore negore dzamadzimambo eIsraeri?
28 ၂၈ ဩမရိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာဟပ်သည် ခမည်းတော်အရာ၌နန်းထိုင်၏။
Omuri akazorora namadzibaba ake akavigwa muSamaria. Uye Ahabhu mwanakomana wake akamutevera paumambo.
29 ၂၉ ယုဒရှင်ဘုရင်အာသနန်းစံ သုံးဆယ်ရှစ်နှစ်တွင်၊ ဩမရိသားအာဟပ်သည် ရှမာရိမြို့၌ ဣသရေလမင်း ပြု၍၊ ဣသရေလနိုင်ငံကို နှစ်ဆယ်နှစ်နှစ် စိုးစံ၏။
Mugore ramakumi matatu namasere raAsa, mambo weJudha, Ahabhu, mwanakomana waOmuri, akava mambo weIsraeri, uye akatonga Israeri muSamaria kwamakore makumi maviri namaviri.
30 ၃၀ ဩမရိသားအာဟပ်သည် မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်းတို့ထက် ထာဝရဘုရားရှေ့တော်၌သာ၍ ဒုစရိုက်ကိုပြု၏။
Ahabhu, mwanakomana waOmuri, akaita zvakaipa pamberi paJehovha kupfuura vose vakamutangira.
31 ၃၁ နေဗတ်၏သားယေရောဗောင်ပြုသော ဒုစရိုက် အပြစ်လမ်းသို့သာလိုက်လျှင်၊ သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက်၊ ဇိဒုန်မင်းကြီး ဧသဗာလသမီး ယေဇဗေလနှင့်စုံဘက်၍၊ ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၏။
Akazviona zviri zvinhu zvidiki kuita zvivi zvaJerobhoamu mwanakomana waNebhati, uye pamusoro pezvo akawana Jezebheri mwanasikana waEtibhaari mambo wavaSidhoni, akatanga kushandira Bhaari uye akamunamata.
32 ၃၂ ရှမာရိမြို့တွင် ဗာလဘုရား၏ ဗိမာန်၌ ဗာလဘုရားအဘို့ ယဇ်ပလ္လင်ကိုတည်၏။
Akavakira Bhaari aritari mutemberi yaBhaari yaakavaka muSamaria.
33 ၃၃ အာရှရပင်ကိုလည်းပြုစု၍၊ မိမိရှေ့မှာ ဖြစ်ဘူးသော ဣသရေလ ရှင်ဘုရင်အပေါင်းတို့ထက် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှါ သာ၍ပြု၏။
Ahabhu akagadzirawo danda raAshera akaita kuti Jehovha, Mwari waIsraeri, atsamwe kupfuura zvakaita madzimambo akamutangira.
34 ၃၄ အာဟပ်လက်ထပ်၌ ဗေသလမြို့သားဟိဧလသည် ယေရိခေါမြို့ကို တည်၏။ ထာဝရဘုရားသည် နုန်၏သားယောရှုအားဖြင့် မိန့်တော်မူသော စကားနှင့် အညီ၊ သားဦးအဘိရံလက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍၊ သားထွေး စေရပ်လက်ထက်၌ မြို့တံခါးတို့ကို ထောင်၏။
Munguva yaAhabhu, Hieri wokuBheteri akavakazve Jeriko. Mwanakomana wake wedangwe, Abhiramu, akafa paakavaka hwaro hweguta, uye mwanakomana wake wegotwe Segubhi akafa paakamisa masuo aro, sezvazvakarehwa neshoko raJehovha naJoshua mwanakomana waNuni.