< ၃ ဓမ္မရာဇဝင် 16 >

1 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဗာရှာကို အကြောင်းပြု၍၊ ဟာနန်၏သားယေဟုသို့ ရောက်လာ သည်ကား၊
Na ka puta te kupu a Ihowa ki a Iehu, tama a Hanani mo Paaha; i mea ia,
2 သင့်ကို မြေမှုန့်ထဲကငါကြွ၍၊ ငါ၏လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက်သော်လည်း၊ သင်သည် ယေရောဗောင်၏လမ်းသို့လိုက်လျက်၊ ဣသရေလအမျိုးသည် ပြစ်မှား၍၊ ငါ့အမျက်ကို နှိုးဆော်စေခြင်းငှါ ပြုသောကြောင့်၊
Naku nei koe i whakaara ake i roto i te puehu, a hoatu ana koe e ahau hei rangatira mo taku iwi, mo Iharaira; na haere ana koe i te ara o Ieropoama, a nau i hara ai taku iwi, a Iharaira, hei whakapataritari i ahau, ki o ratou hara;
3 သင်၏အမျိုးအနွယ်သားစဉ် မြေးဆက်တို့ကို ငါပယ်ရှား၍၊ သင်၏အမျိုးကို နေဗတ်၏သား ယေရော ဗောင်၏ အမျိုးကဲ့သို့ ငါဖြစ်စေမည်။
Nana, ka moti i ahau nga uri o Paaha, me nga uri o tona whare, a ka meinga tou whare kia rite ki te whare o Ieropoama tama a Nepata.
4 ဗာရှာ၏အမျိုးသားသည် မြို့ထဲမှာသေလျှင်၊ အသေကောင်ကို ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုဃ်းကောင်းကင်ငှက် စားလိမ့်မည် ဟုမိန့်တော်မူ၏။
Ko te hunga o Paaha e mate ki te pa ma nga kuri e kai, ko nga mea hoki ona e mate ki te parae ma nga manu o te rangi e kai.
5 ဗာရှာပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် သူ၏တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
Na, ko era atu meatanga a Paaha me ana mahi, me tona toa, kahore ianei i tuhituhia ki te pukapuka o nga meatanga o nga ra o nga kingi o Iharaira?
6 ဗာရှာသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ တိရဇမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ဧလာသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
Na ka moe a Paaha ki ona matua, a tanumia iho ki Tirita; a ko Eraha, ko tana tama te kingi i muri i a ia.
7 ဗာရှာသည် ယေရောဗောင်အမျိုးနှင့်တူ၍ ထိုအမျိုးကို လုပ်ကြံသောအပြစ်၊ မိမိပြုမူသောအားဖြင့်၊ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ရှေ့တော်၌ ပြစ်မှားသမျှသော အပြစ်ကြောင့် ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ဗာရှာကိုအကြောင်းပြု၍၊ ဟာနန်၏ သားယေဟုအားဖြင့် ရောက်လာသည်နှင့်အညီ၊
I kawea ano e Iehu poropiti tama a Hanani te kupu a Ihowa mo Paaha ratou ko tona whare, mo te kino katoa i meatia e ia ki te aroaro o Ihowa, mo tana whakapataritari i a ia ki nga mahi a ona ringa, mona i rite ki te whare o Ieropoama, mo tana patu nga hoki i a ia.
8 ယုဒရှင်ဘုရင်အာသ နန်းစံနှစ်ဆယ်ခြောက်နှစ်တွင်၊ ဗာရှာသားဧလာသည် တိရဇမြို့၌နေ၍ ဣသရေလ နိုင်ငံကို နှစ်နှစ်စိုးစံသည်ရှိသော်၊
I te rua tekau ma ono o nga tau o Aha kingi o Hura ka kingi a Eraha tama a Paaha ki a Iharaira ki Tirita, e rua nga tau e kingi ana.
9 ရထားစီးသူရဲတဝက်ကိုအုပ်သောသူ၊ မိမိကျွန် ဇိမရိသည်သင်းဖွဲ့၍၊ ဧလာသည် တိရဇမြို့တွင် နန်းတော် အုပ်အာဇ၏ အိမ်၌ယစ်မူးအောင် သောက်လျက်နေစဉ် အခါ၊
Na ka whakatupuria he he mona e tana tangata, e Timiri, rangatira o te hawhe o ana hariata; na i Tirita ia e inu ana a haurangi iho, i roto i te whare o Arata kaitohutohu o tona whare i Tirita.
10 ၁၀ ဇိမရိသည်ဝင်၍ ယုဒရှင်ဘုရင် အာသနန်းစံ နှစ်ဆယ်ခုနစ်နှစ်တွင်၊ ဧလာကို သေစေခြင်းငှါလုပ်ကြံ၍ နန်းထိုင်လေ၏။
Na haere ana a Timiri, patua iho ia, whakamatea iho i te rua tekau ma whitu o nga tau o Aha kingi o Hura, a ko ia te kingi i muri i a ia.
11 ၁၁ နန်းထိုင်စက၊ ဗာရှာအမျိုးသားအပေါင်းတို့ကိုသတ်၏။ ဗာရှာနှင့် ပေါက်ဘော်တော်သော ယောက်ျား၊ အဆွေဖွဲ့သော ယောက်ျားတယောက်ကိုမျှမချန်မထား။
A, ka kingi nei ia, tona nohoanga ano ki te torona, patua iho e ia te whare katoa o Paaha: kihai tetahi tamaiti tane i mahue ki a ia, o ona whanaunga, o ona hoa aroha ranei.
12 ၁၂ ထာဝရဘုရားသည် ဗာရှာကို အကြောင်းပြု၍ ပရောဖက်ယေဟုအားဖြင့် မိန့်တော်မူသော စကားတော် နှင့်အညီ၊ ဇိမရိသည် ဗာရှာအမျိုးသားအပေါင်းတို့ကို ဖျက်ဆီး၏။
Heoi huna ana e Timiri te whare katoa o Paaha; ko ta Ihowa kupu ia i korerotia e Iehu poropiti mo Paaha,
13 ၁၃ အကြောင်းမူကား၊ ဗာရှာနှင့်သား ဧလာတို့သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှားစေသော အပြစ်အားဖြင့်၎င်း၊ မိစ္ဆာဒိဌိအားဖြင့်၎င်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သော အကြောင်းတည်း။
Mo nga hara katoa o Paaha, mo nga hara o Eraha, o tana tama i hara nei raua, i hara ai a Iharaira, he whakapataritari i a Ihowa, i te Atua o Iharaira ki a ratou mea horihori.
14 ၁၄ ဧလာပြုမူသော အမှုအရာကြွင်းသမျှတို့သည် ဣသရေလရာဇဝင်၌ရေးထားလျက် ရှိ၏။
Na, ko era atu meatanga a Eraha me ana mahi katoa, kahore ianei i tuhituhia ki te pukapuka o nga meatanga o nga ra o nga kingi o Iharaira?
15 ၁၅ ယုဒရှင်ဘုရင်အာသနန်းစံနှစ်ဆယ် ခုနစ်နှစ် တွင်၊ ဇိမရိသည် တိရဇမြို့၌ ခုနစ်ရက်စိုးစံ၏။
No te rua tekau ma whitu o nga tau o Aha kingi o Hura i kingi ai a Timiri ki Tirita, e whitu nga ra. Na i te whakapae te iwi i Kipetono o nga Pirihitini.
16 ၁၆ ထိုသို့ ဇိမရိသည် သင်းဖွဲ့၍ ရှင်ဘုရင်ကို သတ်သည်ဟု ဖိလိတ္တိပြည်ဂိဗေသုန်မြို့ရှေ့မှာ တပ်ချသော သူအပေါင်းတို့သည် သိတင်းကြားလျှင်၊ ထိုနေ့ခြင်းတွင် ဗိုလ်ချုပ်မင်းဩမရိကို ဣသရေလရှင်ဘုရင်အရာ၌ တပ်ထဲမှာ ချီးမြှောက်ကြ၏။
A ka rongo taua iwi i whakapae ra i te korero, kua whakatakoto he a Timiri, kua patua hoki e ia te kingi; heoi meinga ana e Iharaira katoa a Omori rangatira ope hei kingi mo Iharaira i taua ra, i te puni.
17 ၁၇ ဩမရိသည် ဣသရေလအမျိုးသားအပေါင်းတို့ နှင့်တကွ ဂိဗေသုန်မြို့မှထွက်၍၊ တိရဇမြို့ကို ဝိုင်းထား ကြ၏။
Na haere atu ana a Omori i Kipetono, ratou ko Iharaira katoa, a whakapaea ana e ratou a Tirita.
18 ၁၈ မြို့ကိုတိုက်၍ ရမည်ဟုဇိမရိသည် သိသောအခါ၊ နန်းတော်ထဲသို့ဝင်၍ မိမိအပေါ်မှာ နန်းတော်ကို မီးရှို့ သဖြင့် ကိုယ်တိုင်သေလေ၏။
A, no te kitenga o Timiri ka horo te pa, na haere ana ia ki te wahi pai rawa o te whare o te kingi, a tahuna ana e ia ki te ahi te whare kingi ki runga ki a ia, a mate iho;
19 ၁၉ အကြောင်းမူကား၊ ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးကို ပြစ်မှားစေသော လမ်းသို့ လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသော အကြောင်းတည်း။
Mo ona hara i hara ai, i tana mahinga i te kino i te aroaro o Ihowa, i tona haerenga i te ara o Ieropoama, a i tona hara i hara ai, a hara iho a Iharaira.
20 ၂၀ ဇိမရိပြုမူသောအမှုအရာ ကြွင်းသမျှတို့နှင့် ပုန်ကန်ခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထား လျက် ရှိ၏။
Na, ko era atu meatanga a Timiri me tana he i whakatupu ai ia, kahore ianei i tuhituhia ki te pukapuka o nga meatanga o nga ra o nga kingi o Iharaira?
21 ၂၁ ထိုအခါ ပြည်သားတို့သည် ကွဲပြား၍၊ အချို့တို့သည် ဂိနတ်၏သားတိဗနိကို ရှင်ဘုရင်အရာ၌ ချီးမြှောက် ခြင်းငှါ သူ့နောက်သို့ လိုက်ကြ၏။ အချို့တို့သည် ဩမရိ နောက်သို့လိုက်ကြ၏။
Katahi ka wahia te iwi o Iharaira, kia rua nga wahi: ko tetahi hawhe o te iwi i whai i a Tipini tama a Kinata, ko ia hei kingi; ko tetahi hawhe i whai i a Omori.
22 ၂၂ ဩမရိနောက်သို့လိုက်သော သူတို့သည် ဂိနတ်၏ သားတိဗနိနောက်သို့ လိုက်သောသူတို့ကို နိုင်သဖြင့်၊ တိဗနိသေ၍ ဩမရိသည် နန်းထိုင်လေ၏။
Otiia i kaha ake te hunga i whai i a Omori i te hunga i whai i a Tipini tama a Kinata; heoi mate ana a Tipini, a ka kingi ko Omori.
23 ၂၃ ယုဒရှင်ဘုရင် အာသနန်းစံသုံးဆယ်တနှစ်တွင်၊ ဩမရိသည် နန်းထိုင်၍ ဣသရေလနိုင်ငံကို တဆယ်နှစ် နှစ်စိုးစံ၏။ တိရဇမြို့၌ ခြောက်နှစ်စိုးစံပြီးမှ၊
No te toru tekau ma tahi o nga tau o Aha kingi o Hura i kingi ai a Omori ki a Iharaira, a kotahi tekau ma rua ona tau i kingi ai: e ono nga tau i kingi ai ki Tirita.
24 ၂၄ ရှမာရိတောင်ကို တောင်ရှင်ရှမေရ၌ ငွေအခွက် နှစ်ဆယ်နှင့် ဝယ်၍ တောင်ပေါ်မှာ မြို့ကိုတည်၏။ ထိုမြို့ ကို တောင်ရှင်ရှမေရအမည်ကို အစွဲပြုသဖြင့်၊ ရှမာရိမြို့ ဟူ၍ သမုတ်လေ၏။
Na ka hokona e ia i a Hemere te pukepuke, a Hamaria, mo nga taranata hiriwa e rua; a hanga ana ia ki runga ki te pukepuke, a huaina iho e ia te ingoa o te pa i hanga e ia ko Hamaria, ko te ingoa o Hemere, o te tangata nona te puke.
25 ၂၅ ဩမရိသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသဖြင့်၊ မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်း ထက်သာ၍ ဆိုးညစ်၏။
Na kino ana te mahi a Omori ki te aroaro o Ihowa, kino atu i a te katoa i mua atu i a ia.
26 ၂၆ နေဗတ်၏သား ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလအမျိုးသည် မိစ္ဆာဒိဌိအားဖြင့် မိမိတို့ဘုရား သခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်၍၊ ပြစ်မှားစေသော ဒုစရိုက်အပြစ်လမ်းသို့ လိုက်လေ၏။
I haere hoki ia i nga ara katoa o Ieropoama tama a Nepata, i ona hara i mea ai ia i a Iharaira kia hara, kia whakapataritari i a Ihowa, i te Atua o Iharaira ki a ratou mea horihori.
27 ၂၇ ဩမရိပြုမူသော အမှုအရာကြွင်းသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက် ရှိ၏။
Na, ko era atu meatanga a Omori i mea ai ia me ana mahi toa, kahore ianei i tuhituhia ki te pukapuka o nga meatanga o nga ra o nga kingi o Iharaira?
28 ၂၈ ဩမရိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာဟပ်သည် ခမည်းတော်အရာ၌နန်းထိုင်၏။
Na ka moe a Omori ki ona matua, a tanumia iho ki Hamaria: a ko tana tama, ko Ahapa te kingi i muri i a ia.
29 ၂၉ ယုဒရှင်ဘုရင်အာသနန်းစံ သုံးဆယ်ရှစ်နှစ်တွင်၊ ဩမရိသားအာဟပ်သည် ရှမာရိမြို့၌ ဣသရေလမင်း ပြု၍၊ ဣသရေလနိုင်ငံကို နှစ်ဆယ်နှစ်နှစ် စိုးစံ၏။
No te toru tekau ma waru o nga tau o Aha kingi o Hura, i kingi ai a Ahapa tama a Omori ki a Iharaira: a e rua tekau ma rua nga tau i kingi ai a Ahapa tama a Omori ki a Iharaira ki Hamaria.
30 ၃၀ ဩမရိသားအာဟပ်သည် မိမိရှေ့မှာ ဖြစ်ဘူးသောသူအပေါင်းတို့ထက် ထာဝရဘုရားရှေ့တော်၌သာ၍ ဒုစရိုက်ကိုပြု၏။
Na i mahia e Ahapa tama a Omori te kino i te tirohanga a Ihowa, hira atu i a te katoa i mua atu i a ia.
31 ၃၁ နေဗတ်၏သားယေရောဗောင်ပြုသော ဒုစရိုက် အပြစ်လမ်းသို့သာလိုက်လျှင်၊ သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက်၊ ဇိဒုန်မင်းကြီး ဧသဗာလသမီး ယေဇဗေလနှင့်စုံဘက်၍၊ ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၏။
Na, me te mea nei he mea mama ki a ia te haere i runga i nga hara o Ieropoama tama a Nepata, ka tango ia i a Ietepere, tamahine a Etepaara kingi o nga Haironi, hei wahine mana; a haere ana, mahi ana ki a Paara, koropiko ana ki a ia.
32 ၃၂ ရှမာရိမြို့တွင် ဗာလဘုရား၏ ဗိမာန်၌ ဗာလဘုရားအဘို့ ယဇ်ပလ္လင်ကိုတည်၏။
I whakaarahia e ia tetahi aata mo Paara i roto i te whare o Paara i hanga nei e ia ki Hamaria.
33 ၃၃ အာရှရပင်ကိုလည်းပြုစု၍၊ မိမိရှေ့မှာ ဖြစ်ဘူးသော ဣသရေလ ရှင်ဘုရင်အပေါင်းတို့ထက် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှါ သာ၍ပြု၏။
Na hanga ana e Ahapa te Ahera; a nui atu ta Ahapa i mea ai hei whakapataritari mo Ihowa, mo te Atua o Iharaira i ta nga kingi katoa o Iharaira i mua i a ia.
34 ၃၄ အာဟပ်လက်ထပ်၌ ဗေသလမြို့သားဟိဧလသည် ယေရိခေါမြို့ကို တည်၏။ ထာဝရဘုရားသည် နုန်၏သားယောရှုအားဖြင့် မိန့်တော်မူသော စကားနှင့် အညီ၊ သားဦးအဘိရံလက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍၊ သားထွေး စေရပ်လက်ထက်၌ မြို့တံခါးတို့ကို ထောင်၏။
No ona ra ka hanga Heriko e Hiere o Peteere: ko tana matamua, ko Apirama, te papa i te timatanga o te whakaturanga, a ko tana whakaotinga, ko Hekupu, te papa i te whakanohoanga o nga tatau; ko ta Ihowa kupu ia i korerotia e Hohua tama a Nunu.

< ၃ ဓမ္မရာဇဝင် 16 >