< ၃ ဓမ္မရာဇဝင် 15 >
1 ၁ နေဗတ်၏သား ယေရောဗောင်မင်းကြီး နန်းစံ တဆယ်ရှစ်နှစ်တွင်၊ အဘိယသည် ယေရုရှလင်မြို့၌ မင်းပြု၍၊ ယုဒပြည်ကို သုံးနှစ်စိုးစံ၏။ မယ်တော်ကား၊ အဘရှလုံ၏ သမီးမာခါ အမည်ရှိ၏။
Nebat capa Jeroboam manghai kah kum hlai rhet vaengah Judah ah Abijam manghai.
Jerusalem ah kum thum manghai tih a manu ming tah Absalom canu Maakah ni.
3 ၃ ခမည်းတော်ပြုသော ဒုစရိုက်ကို ပြုမြဲပြု၍၊ ဘေးတော်ဒါဝိဒ်ကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စိတ်နှလုံးစုံလင်သည်မဟုတ်။
A mikhmuh ah a saii pah a napa kah tholhnah cungkuem dongah pongpa tih a napa David kah thinko bangla a Pathen BOEIPA taengah a thinko rhuemtuet la a om moenih.
4 ၄ သို့သော်လည်း ဒါဝိဒ်၏မျက်နှာကိုထောက်၍၊ သူ၏ဘုရားသခင် ထာဝရဘုရားသည် ဆွေတော်မျိုးတော် ကို ချီးမြှောက်၍၊ ယေရုရှလင်မြို့ကို တည်စေသဖြင့်၊ ထိုမြို့ ၌ ဒါဝိဒ်၏မီးခွက်ကို ထွန်းလင်းစေတော်မူ၏။
Tedae David kongah ni a Pathen BOEIPA loh anih te Jerusalem ah hmaithoi a paek. Anih hnukah a capa te a phoe sak tih Jerusalem te a pai sak.
5 ၅ အကြောင်းမူကား၊ ဒါဝိဒ်သည် ဟိတ္တိအမျိုး ဥရိယအမှုကိုထားလျှင်၊ တသက်လုံးထာဝရဘုရားမှာ ထားတော်မူသော အမှုတစုံတခုကိုမျှ မရှောင်၊ ရှေ့တော်၌ တရားသဖြင့် ကျင့်သောအကြောင်းတည်း။
David tah BOEIPA mikhmuh ah a thuem he a saii tih anih a uen boeih te a phaelh moenih. A hing tue khuiah Khitti Uriah kah lai bueng ni lai dawk a om.
6 ၆ ရောဗောင်သား အဘိယနှင့် ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။
Rehoboam laklo neh Jeroboam laklo ah he a hing tue khuiah caemtloek om.
7 ၇ အဘိယပြုမူသောအမှုအရာ ကြွင်းသမျှတို့သည် ယုဒရာဇဝင် ၌ ရေးထားလျက်ရှိ၏။
Abijam kah ol noi neh a saii boeih te Judah manghai rhoek kah khokhuen olka cabu dongah a daek moenih a? Abijam laklo neh Jeroboam laklo ah caemtloek ni aka om.
8 ၈ အဘိယသည်ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ဒါဝိဒ် မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာသသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
Abijam te a napa rhoek taengla a khoem uh vaengah anih te David khopuei ah a up uh. Te phoeiah a capa Asa he anih yueng la manghai.
9 ၉ ဣသရေလရှင်ဘုရင် ယေရောဗောင် နန်းစံ နှစ်ဆယ်တွင်၊ အာသသည် ယေရုရှလင်မြို့၌ လေးဆယ် တနှစ်မင်းပြု၍ ယုဒပြည်ကို စိုးစံလေ၏။
Israel manghai Jeroboam kah a kum kul dongah Judah manghai Asa he manghai.
10 ၁၀ အဘွားတော်ကား၊ အဘရှလုံ၏သမီး မာခါ ဖြစ်၏။
Anih te Jerusalem ah sawmli kum khat manghai. A manu ming tah Absalom canu Maakah ni.
11 ၁၁ အာသသည် အဘိတော်ဒါဝိဒ်ပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ တရားသဖြင့်ပြု၏။
Asa tah a napa David bangla BOEIPA mikhmuh ah a thuem ni a. saii.
12 ၁၂ ယောက်ျားအလိုသို့ လိုက်တတ်သောမိန်းမလျှာ တို့ကို၎င်း၊ ဘိုးတော်ဘေးတော်လုပ်သော ရုပ်တုရှိသမျှ တို့ကို၎င်း၊ ပြည်တော်ထဲက ပယ်ရှားတော်မူ၏။
Te dongah hlanghalh rhoek te khohmuen lamloh a haek tih a napa rhoek loh a saii mueirhol te boeih a khoe.
13 ၁၃ အဘွားတော်မာခါသည် အာရှရပင်အဘို့ ရုပ်တုကိုလုပ်သောကြောင့်၊ မိဖုရားအရာကိုနှုတ်၍၊ ရုပ်တုကို ဖျက်ဆီးပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။
A manu Maakah pataeng Asherah ham rhobuk a saii dongah manghainu lamloh a khoe. A rhobuk te Asa loh a phae pah tih Kidron soklong ah a hoeh.
14 ၁၄ မြင့်သောအရပ်တို့ကို မပယ်ရှားသော်လည်း၊ လက်ထက်တော် ကာလပတ်လုံး၊ အာသစိတ်နှလုံးသည် ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းရှိ၏။
Hmuensang te khoe uh sitoe pawt cakhaw amah tue khuiah tah Asa kah thinko he BOEIPA taengah rhuemtuet la om.
15 ၁၅ ခမည်းတော်လှူသောဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းတော်မူ၏။
A napa kah hnocim neh amah kah hnocim khaw, cak neh, sui neh hnopai khaw BOEIPA im kah hnocim la a khuen.
16 ၁၆ အာသနှင့် ဣသရေလရှင်ဘုရင် ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။
Amah tue khuiah tah Asa laklo neh Israel manghai Baasha laklo ah caemtloek om.
17 ၁၇ ဣသရေလရှင်ဘုရင် ဗာရှာသည် ယုဒပြည်သို့ စစ်ချီ၍၊ ယုဒရှင်ဘုရင်အာသထံသို့ အဘယ်သူမျှ မထွက် မဝင်စေခြင်းငှါ ရာမမြို့ကို တည်၏။
Israel manghai Baasha loh Judah te a paan tih Ramah te a tuung. Judah manghai Asa taengah aka kun ham neh aka vuenva ham khaw pae pawh.
18 ၁၈ ထိုအခါ ကျန်ကြွင်းသော ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို အာသ သည်ယူ၍ မိမိကျွန်တို့၌ အပ်သဖြင့်၊ ဒမာသက်မြို့မှာ နေသောရှုရိရှင်ဘုရင် ရေဇုန်သား တာဗရိမုန်၏သား ဗင်္ဟာဒဒ်ထံသို့ပေးလိုက်၍၊
Asa loh BOEIPA im thakvoh khuiah aka sueng cak neh sui boeih, manghai im kah manghai thakvoh khaw a loh tih a sal rhoek kut ah a tloeng. Te phoeiah manghai Asa loh Damasku ah kho aka sa Aram manghai, Hezion koca Tabrimmon capa Benhadad taengla a thak.
19 ၁၉ ငါသည်သင်နှင့်၎င်း၊ ငါ့ခမည်းတော်သည် သင့် ခမည်းတော်နှင့်၎င်း၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါလက်ဆောင်ပေးလိုက်၏။ ဣသရေလ ရှင်ဘုရင် ဗာရှာသည် ငါ့ထံမှ ထွက်သွားစေခြင်းငှါ၊ သူနှင့် ဖွဲ့သော မိဿဟာယကို ဖျက်၍လာပါဟု မှာလိုက်လေ၏။
Te vaengah, “Kamah laklo neh namah lako ah, a pa laklo neh na pa laklo kah paipi om tih nang taengah kapbaih la cak neh sui he kam pat ne. Cet lamtah Israel manghai Baasha taengkah na paipi te phae mai. Te vaengah kai taeng lamloh nong bitni,” a ti nah.
20 ၂၀ အာသမင်းကြီး၏ စကားကို ဗင်္ဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှါ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည် ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့မှစ၍ဂင်္နေသရက်ပြည်လုံး၊ နဿလိပြည်လုံးကို လုပ်ကြံကြ၏။
Benhadad loh manghai Asa ol te a ngai pah. Te dongah amah taengkah mangpa tatthai rhoek te Israel khopuei rhoek ah a tueih tih Ijon, Dan, Abelbethmaakah neh Kinnereth boeih, Naphtali khohmuen boeih te a ngawn.
21 ၂၁ ထိုသိတင်းကို ဗာရှာသည် ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ တိရဇမြို့၌ နေရ၏။
Baasha loh a yaak van neh Ramah a sak te a toeng tih Tirzah la kho a sak.
22 ၂၂ ထိုအခါ အာသမင်းကြီးသည် ယုဒပြည် တရှောက်လုံးတွင် အမိန့်တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သားတယောက်မျှ မလွတ်၊ ရှိသမျှတို့သည် ရာမမြို့၌ ဗာရှာမင်းသွင်းသော ကျောက်နှင့် သစ်သားကိုယူသွား ကြ၍၊ အာသမင်းကြီးသည် ဗင်္ယာမိန်ခရိုင်၌ ဂေဘမြို့နှင့် မိဇပါမြို့ကို တည်၏။
Asa manghai loh Judah pum te a yaak sak vaengah ommongsitoe om voel pawh. Te dongah Baasha loh Ramah a sak nah lungto neh thing te a puen uh. Te nen te manghai Asa loh Benjamin Geba neh Mizpah te a sak.
23 ၂၃ အာသမင်းပြုမူသောအမှုအရာကြွင်းသမျှနှင့် တန်ခိုးကြီးခြင်း၊ မြို့များကိုတည်ခြင်းအရာတို့သည် ယုဒ ရာဇဝင်၌ ရေးထားလျက်ရှိ၏။ သို့ရာတွင် အသက်ကြီး သောအခါ ခြေတော်၌ အနာရောဂါစွဲသဖြင့်၊
Asa kah ol noi boeih neh a thayung thamal boeih, a saii boeih neh a sak khopuei rhoek te Judah manghai rhoek kah khokhuen olka cabu dongah a daek uh moenih a? Tedae a patong tue ah a kho a tloh pah.
24 ၂၄ ဘိုးဘေးတို့နှင့်အိပ်ပျော်၍ အဘိတော်ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယောရှဖတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
Asa te a napa rhoek taengla a khoem uh vaengah a napa David khopuei kah a napa rhoek taengah a up. Te phoeiah a capa Jehoshaphat te anih yueng la manghai.
25 ၂၅ ယုဒရှင်ဘုရင် အာသနန်းစံနှစ်နှစ်တွင်၊ ယေရောဗောင်သား နာဒဒ်သည် ဣသရေလနိုင်ငံ၌ မင်းပြု၍ နှစ်နှစ်စိုးစံ၏။
Judah manghai Asa kah a kum bae dongah Jeroboam capa Nadab he Israel soah manghai tih Israel soah kum nit manghai.
26 ၂၆ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ခမည်းတော်လိုက်သောလမ်း၊ ဣသရေလ အမျိုးကို ပြစ်မှားစေသော လမ်းသို့ လိုက်လေ၏။
BOEIPA mikhmuh ah boethae a saii tih a napa kah longpuei ah pongpa. Anih kah tholhnah khuiah Israel te a tholh sak.
27 ၂၇ ဣသခါအမျိုး၊ အဟိယသားဗာရှာသည် သင်းဖွဲ့၍၊ နာဒဒ်မင်းနှင့် ဣသရေလအမျိုးသားအပေါင်း တို့သည် ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကို ဝိုင်းထားကြစဉ်၊
Anih te Issakhar imkhui kah Ahijah capa Baasha loh a ven. Te dongah Baasha loh Nadab neh Gibbethon aka dum Israel boeih te Philisti kah Gibbethon ah a ngawn.
28 ၂၈ ယုဒရှင်ဘုရင်အာသ နန်းစံသုံးနှစ်တွင်၊ ဗာရှာသည် နာဒဒ်မင်းကို လုပ်ကြံ၍ နန်းထိုင်လေ၏။
Judah manghai Asa kah a kum thum dongah Baasha loh Nadab te a duek sak tih Nadab yueng la manghai.
29 ၂၉ နန်းထိုင်သောအခါ ယေရောဗောင်အမျိုးရှိသမျှကိုလည်း လုပ်ကြံ၏။ ထာဝရဘုရားသည် မိမိကျွန်၊ ရှိလောမြို့သား အဟိယအားဖြင့် မိန့်တော်မူသည် အတိုင်း၊ ယေရောဗောင်အမျိုးကို မဖျက်မှီတိုင်အောင်၊ အသက်ရှူသောသူတယောက်ကိုမျှ မချန်မထား။
A manghai van neh Jeroboam imkhui te boeih a ngawn tih Jeroboam hiil la aka hiil boeih te hlun pawh. A sal Shiloh Ahijah kut ah a thui BOEIPA ol bangla Nadab te a mit sak.
30 ၃၀ အကြောင်းမူကား၊ ယေရောဗောင်သည် ကိုယ်တိုင်ပြစ်မှားသော အပြစ်နှင့်ဣသရေလအမျိုးကို လည်းပြစ်မှား စေသော အပြစ်အားဖြင့်၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော် သောအကြောင်းတည်း။
Jeroboam kah tholhnah tah tholh coeng tih Israel te khaw a tholh sak. A konoinah lamloh Israel Pathen BOEIPA te a veet.
31 ၃၁ နာဒဒ်မင်းပြုမူသော အမှုအရာကြွင်းသမျှတို့ သည် ဣသရေလရာဇဝင်၌ရေးထားလျက် ရှိ၏။
Nadab kah ol noi neh a saii boeih te khaw Israel manghai rhoek kah khokhuen olka cabu dongah a daek uh moenih a?
32 ၃၂ အာသနှင့်ဣသရေလရှင်ဘုရင်ဗာရှာတို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။
Amah tue khuiah tah Asa laklo neh Israel manghai Baasha laklo ah caemtloek puet om.
33 ၃၃ ယုဒရှင်ဘုရင် အာသနန်းစံသုံးနှစ်တွင်၊ အဟိယသားဗာရှာသည် တိရဇမြို့မှာမင်းပြု၍၊ ဣသရေလနိုင်ငံ ကို နှစ်ဆယ်လေးနှစ်စိုးစံ၏။
Judah manghai Asa kah a kum thum dongah Ahijah capa Baasha he Israel boeih soah manghai van tih Tirzah ah kum kul kum li om.
34 ၃၄ ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ယေရောဗောင်လိုက်သောလမ်း၊ ဣသရေလ အမျိုးကိုပြစ်မှားစေသောလမ်းသို့ လိုက်လေ၏။
BOEIPA mikhmuh ah boethae a saii tih Jeroboam kah longpuei ah pongpa. Anih kah tholhnah khuiah Israel te a tholh sak.