< ၃ ဓမ္မရာဇဝင် 14 >
1 ၁ ထိုအခါ ယေရောဗောင်၏သား အဘိယသည် နာသောကြောင့်၊
У то време разболе се Авија, син Јеровоамов.
2 ၂ ယေရောဗောင်သည် မိမိမယားကိုခေါ်၍၊ သင်သည် ယေရောဗောင်၏ မယားဖြစ်သည်ကို အဘယ်သူမျှ မသိစေခြင်းငှါ ခြားနားသော အဆင်းအရောင်ကို ဆောင်ပြီးလျှင်၊ ရှိလောမြို့သို့ ထသွားပါလော့။ ငါသည် ဤလူမျိုးကို စိုးစံရမည်အကြောင်းကို ပြသော ပရောဖက် အဟိယသည် ထိုမြို့၌ရှိ၏။
И Јеровоам рече жени својој: Устани и преобуци се да те не познаду да си жена Јеровоамова; па иди у Силом. Ето, онде је Ахија пророк, који ми је казао да ћу бити цар над овим народом.
3 ၃ မုန့်ဆယ်လုံး၊ မုန့်ပြားအချို့၊ ပျားရည်ဘူးကို ဆောင်လျက် ပရောဖက်ထံသို့ သွားပါလော့။ သူငယ်၌ အဘယ်သို့ဖြစ်မည်ကို သူဟောလိမ့်မည်ဟု မှာထားသည် အတိုင်း၊
И понеси десет хлебова и колача и жбан меда, па отиди к њему; он ће ти казати шта ће бити од детета.
4 ၄ ယေရောဗောင်မယားသည် ထ၍ ရှိလောမြို့၌ အဟိယအိမ်သို့ သွားလေ၏။ ထိုအခါ အဟိယသည် အသက်ကြီးသောကြောင့် မျက်စိမမြင်၊ မှုန်လျက်ရှိ၏။
И учини тако жена Јеровоамова, и уставши отиде у Силом и уђе у кућу Ахијину. Ахија, пак, не могаше видети, јер му очи беху потамнеле од старости.
5 ၅ ထာဝရဘုရားကလည်း၊ ယေရောဗောင်မယားသည် သားနားသောကြောင့်၊ သားအတွက်တစုံတခုကို တောင်းအံ့သောငှါ သင့်ဆီသို့ ယခုလာ၏။ ဤမည်သော စကားဖြင့် ပြန်ပြောရမည်။ သူသည် လာသောအခါ အခြားသော မိန်းမဖြစ်ယောင်ဆောင်လိမ့်မည်ဟု အဟိယအား မိန့်တော်မူ၏။
Али Господ рече Ахији: Ето иде жена Јеровоамова да те пита за сина свог, јер је болестан; ти јој кажи то и то; а кад она дође учиниће се да је друга.
6 ၆ ထိုမိန်းမသည် တံခါးအထဲသို့ ဝင်၍၊ နင်းသံကို အဟိယသည် ကြားလျှင်၊ အိုယေရောဗောင်မယား ဝင်လော့။ အဘယ်ကြောင့် အခြားသော သူ၏အယောင်ကို ဆောင်သနည်း။ ဝမ်းနည်းစရာသိတင်းကို ကြား ပြောစေခြင်းငှါ သင့်ဆီသို့ ငါ့ကိုစေလွှတ်တော်မူ၏။
И Ахија чувши шуштање ногу њених кад уђе на врата, рече: Ходи, жено Јеровоамова; што се чиниш да си друга? Ја сам послан к теби да ти зло кажем.
7 ၇ သင်သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို၊ ယေရောဗောင်ထံသို့ သွား၍ ဆင့်ဆိုရမည်မှာ၊ သင့်ကိုလူစုထဲက ငါရွေး၍ ငါ၏လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ ချီးမြှောက် လျက်၊
Иди, реци Јеровоаму: Овако вели Господ Бог Израиљев: Што сам те подигао између народа и поставио те вођом народу свом Израиљу,
8 ၈ နိုင်ငံတော်ကို ဒါဝိဒ်မင်းမျိုးလက်မှနှုတ်၍ သင့်အားပေးသော်လည်း၊ သင်သည် ငါ့ကျွန်ဒါဝိဒ်ကဲ့သို့ မဟုတ်။ သူသည် ငါ့ပညတ်တို့ကို စောင့်ရှောက်၏။ ငါ့ရှေ့မှာ ကောင်းသောအကျင့်ကိုသာ ကျင့်မည်ဟု စိတ်နှလုံး အကြွင်းမဲ့ ငါ့ကို ဆည်းကပ်၏။
И отрвши царство од дома Давидовог дадох теби, а ти не би као слуга мој Давид, који је држао заповести моје и ходио за мном свим срцем својим чинећи само што је право преда мном;
9 ၉ သင်မူကား သင့်ရှေ့မှာ ဖြစ်ဘူးသောသူ အပေါင်းတို့ကို လွန်၍ ဒုစရိုက်ကိုပြုလေပြီ။ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ အခြားတပါးသော ဘုရားနှင့်သွန်းသော ရုပ်တုတို့ကိုလုပ်၍ ငါ့ကိုသင့်ကျောနောက်သို့ ပစ်ထားပြီ။
Него си радио горе од свих који бише пре тебе, и отишао си и начинио себи друге богове и ликове ливене да би ме дражио, па си ме бацио на леђа своја;
10 ၁၀ ထိုကြောင့် ယေရောဗောင်အမျိုးအပေါ်သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ အချုပ် ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ ယေရောဗောင်အမျိုးယောက်ျားများကို ပယ်ဖြတ်မည်။ လူသည် နောက်ချေးကို အကုန်အစင်ကျုံးသွားသကဲ့သို့၊ ကျန်ကြွင်းသော ယေရောဗောင်အမျိုးသားကို ပယ်သွားမည်။
Зато, ево, ја ћу пустити зло на дом Јеровоамов, и истребићу Јеровоаму и оно што мокри уза зид, и ухваћеног и остављеног у Израиљу, и дом ћу Јеровоамов омести као што се мете да га не остане ништа.
11 ၁၁ ယေရောဗောင်အမျိုးသားသည် မြို့ထဲမှာ သေလျှင်အသေကောင်ကို ခွေးစားလိမ့်မည်။ မြို့ပြင်မှာ သေလျှင် မိုဃ်းကောင်းကင်ငှက်စားလိမ့်မည်အကြောင်း ထာဝရဘုရားမိန့်တော်မူပြီ။
Ко Јеровоамов погине у граду, изјешће га пси, а ко погине у пољу, изјешће га птице небеске; јер Господ рече.
12 ၁၂ သင်ထ၍ ကိုယ်အိမ်သို့ သွားလော့။ မြို့တံခါး အထဲသို့ ဝင်သောအခါ သူငယ်သေလိမ့်မည်။
А ти устани, иди кући својој; и кад ступиш ногама својим у град, одмах ће умрети дете.
13 ၁၃ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြု၍ သင်္ဂြိုဟ်ကြလိမ့်မည်။ ယေရော ဗောင်အမျိုးသားစုတွင်၊ ထိုသူငယ်တယောက်တည်းသာ သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား၊ ယေရော ဗောင်အမျိုးသားစုတွင် ထိုသူငယ်တယောက်သည် ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား၌ ကြည်ညို သော စိတ်ရှိ၏။
И сав ће Израиљ плакати за њим, и погрепшће га; јер ће он сам од дома Јеровоамовог доћи у гроб, јер се на њему самом у дому Јеровоамовом нађе нешто добра пред Господом Богом Израиљевим.
14 ၁၄ အချိန်ရောက်မှ ယေရောဗောင်အမျိုးကို ပယ်ဖြတ်လတံ့သော ဣသရေလရှင်ဘုရင်တပါးကို ထာဝရ ဘုရားသည် မိမိတို့အဘို့ ပေါ်ထွန်းစေတော်မူမည်။ အဘယ်အချိန်နည်းဟုမေးသော်၊ ယခုပင်ဖြစ်လိမ့်မည်။
А Господ ће подигнути себи цара над Израиљем, који ће истребити дом Јеровоамов у онај дан; да, шта? Сад већ.
15 ၁၅ အာရှရပင်တို့ကို ပြုစု၍ ထာဝရဘုရား၏ အမျက်တော်ကိုနှိုးဆော်ကြသောကြောင့်၊ ကျူပင်ကို ရေ၌လှုပ်ရှားသကဲ့သို့ ထာဝရဘုရားသည် ဣသရေလ အမျိုးကို ဒဏ်ခတ်၍၊ ဘိုးဘေးတို့အား ပေးတော်မူသော ဤပြည်ကောင်းမှ နှုတ်ပယ်ပြီးလျှင်၊ မြစ်ကြီးတဘက်၌ အရပ်ရပ်သို့ ကွဲပြားစေတော်မူမည်။
И удариће Господ Израиља да ће се заљуљати као што се љуља трска у води, и ишчупаће Израиља из ове добре земље, који је дао оцима њиховим, и разасуће их далеко преко реке зато што начинише себи лугове гневећи Господа.
16 ၁၆ ကိုယ်တိုင်ပြစ်မှား၍ ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသော ယေရောဗောင်၏ အပြစ်တို့ကြောင့် ဣသရေလအမျိုးကို စွန့်ပစ်တော်မူမည်ဟု ဆင့်ဆိုလေ ၏။
И напустиће Израиља за грехе Јеровоамове, којима је грешио и на грех навео Израиља.
17 ၁၇ ယေရောဗောင် မယားသည် ထသွား၍၊ တိရဇမြို့တံခါးခုံသို့ရောက်သောအခါ သူငယ်သေ၏။
Тада уста жена Јеровоамова и отиде и дође у Терсу; и кад ступи на праг кућни умре дете.
18 ၁၈ ထာဝရဘုရားသည် မိမိကျွန် ပရောဖက် အဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ထိုသူငယ်ကို သင်္ဂြိုဟ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
И погребоше га и сав Израиљ плака за њим по речи Господњој, коју рече преко слуге свог Ахије пророка.
19 ၁၉ ယေရောဗောင်ပြုမူသော အမှုအရာကြွင်းသမျှ၊ စစ်တိုက်ခြင်း အမှု၊ မင်းပြုခြင်းအမှုတို့သည် ဣသရေလ ရာဇဝင်၌ ရေးထားလျက် ရှိ၏။
А остала дела Јеровоамова, како је војевао и како је царовао, ено записана су у дневнику царева Израиљевих.
20 ၂၀ ယေရောဗောင်သည် အနှစ်နှစ်ဆယ်နှစ်နှစ် စိုးစံပြီးမှ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်နာဒဒ် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
А царова Јеровоам двадесет и две године; и почину код отаца својих, а Надав, син његов зацари се на његово место.
21 ၂၁ ရှောလမုန်သားရောဗောင်သည် ယုဒပြည်ကို စိုးစံလေ၏။ နန်းထိုင်သောအခါ အသက်လေးဆယ် တနှစ်ရှိ၏။ ထာဝရဘုရားသည် နာမတော်တည်စေရာဘို့ ဣသရေလခရိုင်များတို့အထဲက ရွေးကောက်သော ယေရု ရှလင်မြို့၌ ဆယ်ခုနစ်နှစ်စိုးစံလေ၏။ မယ်တော်ကား အမ္မုန်အမျိုးသား၊ နေမအမည်ရှိ၏။
А Ровоам, син Соломунов, цароваше над Јудом; беше Ровоаму четрдесет и једна година кад поче царовати, и царова седамнаест у Јерусалиму граду, који изабра Господ између свих племена Израиљевих да онде намести име своје. Матери његовој беше име Нама Амонка.
22 ၂၂ ယုဒအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဘိုးဘေးတို့ပြစ်မှားသမျှထက် ပြစ်မှား သော အပြစ်များအားဖြင့် အမျက်တော်ကိုနှိုးဆော်ကြ၏။
И Јуда чињаше што је зло пред Господом; и гресима својим којим грешаху дражише Га већма него оци њихови свим што чинише.
23 ၂၃ မြင့်သောတောင်ရှိသမျှတို့အပေါ်၌၎င်း၊ စိမ်း သော သစ်ပင်ရှိသမျှတို့အောက်၌၎င်း၊ ကုန်းများ၊ ရုပ်တု များ၊ အာရှရပင်များကို တည်ကြ၏။
Јер и они начинише себи висине и ступове и лугове на сваком високом хуму и под сваким зеленим дрветом.
24 ၂၄ ယုဒပြည်၌ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာများရှိ၍၊ ထာဝရဘုရားသည် ဣသရေလ အမျိုးရှေ့မှ နှင်ထုတ်တော်မူသော ပြည်သားမျိုးပြုသော စက်ဆုပ်ရွံရှာဘွယ်ရာ အမှုအလုံးစုံတို့ကို ပြုကြသည် တကား။
А беше и аџувана у земљи, и чињаху све гадове народа које беше истерао Господ испред синова Израиљевих.
25 ၂၅ ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင်၊ အဲဂုတ္တု ရှင်ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့သို့ စစ်ချီ၍၊
А пете године царовања Ровоамовог дође Сисак, цар мисирски, на Јерусалим.
26 ၂၆ ဗိမာန်တော် ဘဏ္ဍာနှင့်နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။
И узе благо из дома Господњег и благо из дома царевог, све то узе; и узе све штитове златне које је начинио Соломун.
27 ၂၇ ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား ကြေးဝါ ဒိုင်းတို့ကိုလုပ်၍ နန်းတော်တံခါးစောင့် ကိုယ်ရံတော်မှူး၌ အပ်လေ၏။
И на њихово место начини цар Ровоам штитове од бронзе, и предаде их старешинама над стражарима, који чуваху врата дома царевог.
28 ၂၈ ရှင်ဘုရင်သည် ဗိမာန်တော်သို့သွားသောအခါ၊ ကိုယ်ရံတော် သားတို့သည် ဒိုင်းတို့ကိုထား၍ နောက် တဖန်မိမိတို့စောင့်ရာအခန်းမှာ ပြန်ထားကြ၏။
И кад цар иђаше у дом Господњи, ношаху их стражари, а после их опет остављаху у ризницу своју.
29 ၂၉ ရောဗောင်ပြုမူသော အမှုအရာ ကြွင်းသမျှတို့ သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
А остала дела Ровоамова, и све што је чинио, није ли записано у дневнику царева Јудиних?
30 ၃၀ ရောဗောင်နှင့်ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံးရန်ဘက်ပြုကြ၏။
А беше рат између Ровоама и Јеровоама једнако.
31 ၃၁ ရောဗောင်သည်လည်း ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သူတို့နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
И почину Ровоам код отаца својих, и би погребен код отаца својих у граду Давидовом, А име матери његовој беше Нама Амонка. А на место његово зацари се Авијам, син његов.