< ၃ ဓမ္မရာဇဝင် 12 >
1 ၁ ဣသရေလအမျိုးသားအပေါင်းတို့သည် ရောဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ၊ ရှေခင်မြို့သို့သွားကြ၍ သူသည်လည်း သွား၏။
၁ဣသရေလ အမျိုးသားအပေါင်း တို့သည် ရောဗောင် ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ၊ ရှေခင် မြို့သို့သွား ကြ၍ သူသည်လည်း သွား ၏။
2 ၂ ရှောလမုန်မင်းကြီးထံမှ အဲဂုတ္တုပြည်သို့ ပြေးသော နေဗတ်၏သား ယေရောဗောင်သည် ထိုသိတင်း ကိုကြား၍ အဲဂုတ္တုပြည်မှ ပြန်လာ၏။
၂ရှောလမုန် မင်းကြီး ထံမှ အဲဂုတ္တု ပြည်သို့ ပြေး သော နေဗတ် ၏သား ယေရောဗောင် သည် ထိုသိတင်း ကိုကြား ၍ အဲဂုတ္တု ပြည်မှ ပြန်လာ၏။
3 ၃ ဣသရေလလူတို့သည် သူ့ထံသို့လူကိုစေလွှတ်၍ ခေါ်သဖြင့်၊ စည်းဝေးသော ပရိသတ်အပေါင်းတို့သည် သူနှင့်အတူ ရောဗောင်ထံသို့ ဝင်လျက်၊
၃ဣသရေလလူတို့သည် သူ့ ထံသို့ လူကိုစေလွှတ် ၍ ခေါ် သဖြင့် ၊ စည်းဝေးသော ပရိသတ် အပေါင်း တို့သည် သူနှင့်အတူ ရောဗောင် ထံသို့ဝင် လျက်၊
4 ၄ ခမည်းတော်သည် ကျွန်တော်တို့၌ လေးသောထမ်းဘိုးကိုတင်ပါပြီ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရသောအမှု၊ တင်တော်မူသော ထမ်းဘိုးလေး ကို ပေါ့စေတော်မူပါ။ ထိုသို့ပြုတော်မူလျှင်၊ ကျွန်တော် တို့သည် အမှုတော်ကို ထမ်းပါမည်ဟု လျှောက်ဆိုကြ၏။
၄ခမည်းတော် သည် ကျွန်တော် တို့၌ လေး သောထမ်းဘိုး ကိုတင်ပါပြီ။ ခမည်းတော် ထံမှာပင်ပန်း စွာ ဆောင်ရွက်ရသောအမှု ၊ တင် တော်မူသော ထမ်းဘိုး လေး ကို ပေါ့ စေတော်မူပါ။ ထိုသို့ ပြုတော်မူလျှင်၊ ကျွန်တော်တို့သည် အမှု တော်ကို ထမ်းပါမည်ဟု လျှောက်ဆို ကြ၏။
5 ၅ ရောဗောင်ကလည်း၊ သင်တို့သွားကြဦးလော့။ သုံးရက်လွန်မှ တဖန်လာကြဦးလော့ဟု မိန့်တော်မူလျှင်၊ သူတို့သည် သွားကြ၏။
၅ရောဗောင်ကလည်း၊ သင်တို့သွား ကြဦးလော့။ သုံး ရက် လွန်မှ တဖန် လာ ကြဦးလော့ဟု မိန့် တော်မူလျှင် ၊ သူတို့သည် သွား ကြ၏။
6 ၆ ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန် အသက်ရှင်စဉ်အခါ၊ အထံတော်၌ ခစားသော အသက်ကြီးသူတို့နှင့် တိုင်ပင်၍၊ ဤသူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့အကြံပေး ကြမည်နည်းဟု မေးသော်၊
၆ထိုအခါ ရောဗောင် မင်းကြီး သည် ခမည်းတော် ရှောလမုန် အသက် ရှင်စဉ် အခါ၊ အထံ တော်၌ ခစား သော အသက်ကြီး သူတို့နှင့် တိုင်ပင် ၍၊ ဤ သူ တို့အား ငါပြန် ပြောရမည်အကြောင်း အဘယ်သို့ အကြံ ပေး ကြမည်နည်းဟုမေး သော်၊
7 ၇ သူတို့က၊ ကိုယ်တော်သည် ယနေ့ဤသူတို့၏ ကျွန်ခံလျက်၊ သူတို့အမှုကို စောင့်၍ ကောင်းသော စကား နှင့်ပြန်ပြောတော်မူလျှင်၊ သူတို့သည် အစဉ်ကိုယ်တော်၏ ကျွန်ခံကြပါလိမ့်မည်ဟု လျှောက်ထားကြ၏။
၇သူတို့က၊ ကိုယ်တော်သည် ယနေ့ ဤ သူ တို့၏ ကျွန် ခံ လျက်၊ သူ တို့အမှု ကို စောင့်၍ ကောင်း သော စကား နှင့်ပြန် ပြောတော်မူလျှင် ၊ သူတို့သည် အစဉ် ကိုယ်တော် ၏ ကျွန် ခံ ကြပါလိမ့်မည်ဟု လျှောက် ထားကြ၏။
8 ၈ အသက်ကြီးသူတို့ပေးသော အကြံကို ရောဗောင်သည်မလိုက်။ ခစားမြဲခစားသော မိမိသူငယ်ချင်း တို့နှင့် တိုင်ပင်လျက်၊
၈အသက်ကြီး သူတို့ပေး သော အကြံ ကို ရောဗောင်သည်မ လိုက်။ ခစား မြဲခစားသော မိမိ သူငယ်ချင်း တို့နှင့် တိုင်ပင် လျက်၊
9 ၉ ပြည်သားတို့က၊ ခမည်းတော်တင်သောထမ်းဘိုးကို ပေါ့စေတော်မူပါဟု လျှောက်ဆိုကြသည်ဖြစ်၍၊ သူတို့ အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေး ကြမည်နည်းဟု မေးသော်၊
၉ပြည်သားတို့က၊ ခမည်းတော် တင် သော ထမ်းဘိုး ကို ပေါ့ စေတော်မူပါဟု လျှောက်ဆို ကြသည်ဖြစ်၍၊ သူ တို့ အား ငါပြန် ပြောရမည်အကြောင်း အဘယ်သို့ အကြံ ပေး ကြမည်နည်းဟုမေး သော်၊
10 ၁၀ ထိုသူငယ်ချင်းလုလင်တို့က၊ ခမည်းတော်သည် ကျွန်တော်တို့၌ ထမ်းဘိုးကို လေးစေပါပြီ။ ပေါ့စေတော် မူပါဟု လျှောက်သောပြည်သားတို့အား၊ ကိုယ်တော်က၊ ငါ့လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ၍ ကြီးလိမ့် မည်။
၁၀ထိုသူငယ်ချင်းလုလင် တို့က၊ ခမည်းတော် သည် ကျွန်တော် တို့၌ ထမ်းဘိုး ကို လေး စေပါပြီ။ ပေါ့ စေတော်မူပါဟု လျှောက် သော ပြည်သား တို့အား ၊ ကိုယ်တော်က၊ ငါ့ လက်သန်း သည် ငါ့ ခမည်းတော် ခါး ထက် သာ၍ကြီး လိမ့်မည်။
11 ၁၁ ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းဘိုးကိုတင်လေပြီ။ ငါသည်လည်းထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦး မည်ဟု ပြန်ပြောတော်မူပါဟု လျှောက်ထားကြ၏။
၁၁ငါ့ ခမည်းတော် သည် သင် တို့အပေါ် မှာ လေး သောထမ်းဘိုး ကိုတင် လေပြီ။ ငါ သည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ ခမည်းတော် သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက် လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက် ဦးမည်ဟု ပြန် ပြောတော်မူပါဟု လျှောက် ထားကြ၏။
12 ၁၂ ရှင်ဘုရင်က၊ သုံးရက်မြောက်သောနေ့၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်းချက်သည်အတိုင်း၊ သုံးရက်မြောက်သောနေ့၌ ယေရောဗောင်နှင့် လူအပေါင်းတို့သည် ရောဗောင်ထံသို့ ရောက်လာကြ၏။
၁၂ရှင် ဘုရင်က၊ သုံး ရက်မြောက်သောနေ့ ၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်းချက်သည်အတိုင်း ၊ သုံး ရက်မြောက်သောနေ့ ၌ ယေရောဗောင် နှင့် လူ အပေါင်း တို့သည် ရောဗောင် ထံသို့ ရောက် လာကြ၏။
13 ၁၃ ရှင်ဘုရင်သည် အသက်ကြီးသူတို့ပေးသော အကြံကိုမလိုက်။ လူပျိုတို့ပေးသောအကြံကို လိုက်လျက်၊
၁၃ရှင် ဘုရင်သည် အသက်ကြီး သူတို့ပေး သော အကြံ ကိုမ လိုက်။ လူပျို တို့ပေးသောအကြံ ကို လိုက်လျက်၊
14 ၁၄ ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင်လေပြီ။ ငါသည်လည်းထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။
၁၄ငါ့ ခမည်းတော် သည် သင် တို့အပေါ်မှာ လေး သော ထမ်းဘိုး ကိုတင်လေပြီ။ ငါ သည်လည်း ထပ်၍ တင်ဦးမည်။ ငါ့ ခမည်းတော် သည် သင် တို့ကို ကြိမ်လုံး နှင့် ရိုက် လေပြီ။ ငါ သည်လည်း ကင်းမြီးကောက် နှင့် ရိုက် ဦးမည်ဟု ကြမ်းတမ်း စွာ ပြန် ပြောတော်မူ၏။
15 ၁၅ ရှင်ဘုရင်သည် ပြည်သားတို့၏ စကားကိုနားမထောင်ရသည်အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောမြို့သား အဟိယအားဖြင့် နေဗတ်၏သား ယေရောဗောင်အား မိန့်တော်မူသောစကားကို ပြည့်စုံစေ တော်မူမည်အကြောင်းတည်း။
၁၅ရှင် ဘုရင်သည် ပြည်သား တို့၏ စကားကိုနား မ ထောင်ရသည်အကြောင်း ကား၊ ထာဝရဘုရား သည် ရှိလော မြို့သားအဟိယ အားဖြင့် နေဗတ် ၏သား ယေရောဗောင် အား မိန့် တော်မူသော စကား ကို ပြည့်စုံ စေတော်မူမည်အကြောင်း တည်း။
16 ၁၆ ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင် နားမထောင်ကြောင်းကို သိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့်အဘယ်သို့ဆက်ဆံသနည်း။ ယေရှဲ၏သားနှင့် အဘယ်သို့ အမွေခံရသေးသနည်း။ အိုဣသ ရေလအမျိုး၊ သင်တို့နေရာသို့ သွားကြ။ အိုဒါဝိဒ်၊ သင်၏ အိမ်ကို ကြည့်ရှုလော့ဟု ရှင်ဘုရင်အားပြန်ပြောလျက်၊ ဣသရေလလူတို့သည် မိမိတို့နေရာသို့ပြန်သွားကြ၏။
၁၆ဣသရေလ အမျိုးသားအပေါင်း တို့သည် ရှင်ဘုရင် နား မ ထောင်ကြောင်း ကို သိမြင် လျှင် ၊ ငါတို့သည် ဒါဝိဒ် နှင့်အဘယ်သို့ ဆက်ဆံသနည်း။ ယေရှဲ ၏သား နှင့် အဘယ်သို့အမွေခံရသေးသနည်း။ အိုဣသရေလ အမျိုး၊ သင် တို့နေရာ သို့ သွားကြ။ အိုဒါဝိဒ် ၊ သင် ၏ အိမ် ကို ကြည့်ရှု လော့ဟု ရှင်ဘုရင် အားပြန်ပြော လျက် ၊ ဣသရေလ လူတို့သည် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။
17 ၁၇ သို့ရာတွင် ယုဒမြို့ရွာတို့၌နေသော ဣသရေလ လူတို့ကို ရောဗောင်သည် အုပ်စိုးရသေး၏။
၁၇သို့ရာတွင် ယုဒ မြို့ ရွာတို့၌ နေ သောဣသရေလ လူတို့ကို ရောဗောင် သည် အုပ်စိုး ရသေး၏။
18 ၁၈ ထိုအခါ ရောဗောင်မင်းကြီးသည် အခွန်တော်ဝန် အဒေါနိရံကို စေလွှတ်၍ ဣသရေလလူအပေါင်းတို့ သည် သူ့ကိုသေအောင် ကျောက်ခဲနှင့် ပစ်ကြ၏။
၁၈ထိုအခါ ရောဗောင် မင်းကြီး သည် အခွန် တော်ဝန် အဒေါနိရံ ကို စေလွှတ် ၍ ဣသရေလ လူအပေါင်း တို့ သည် သူ့ ကိုသေ အောင် ကျောက်ခဲ နှင့် ပစ်ကြ၏။
19 ၁၉ ရောဗောင်မင်းကြီးသည် ရထားတော်ကို အလျင်အမြန်တက်၍ ယေရုရှလင်မြို့သို့ ပြေးလေ၏။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ် မင်းမျိုးကို ပုန်ကန်ကြ၏။
၁၉ရောဗောင် မင်းကြီး သည် ရထား တော်ကို အလျင်အမြန် တက် ၍ ယေရုရှလင် မြို့သို့ ပြေး လေ၏။ ထိုသို့ ဣသရေလ အမျိုးသည် ယနေ့ တိုင်အောင် ဒါဝိဒ် မင်းမျိုး ကို ပုန်ကန် ကြ၏။
20 ၂၀ ယေရောဗောင်ပြန်လာကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့သည် ကြားသောအခါ၊ လူကို စေလွှတ်၍၊ ယေရောဗောင်ကို စည်းဝေးရာ ပရိသတ်ထံသို့ ခေါ်ပြီးလျှင်၊ ဣသရေလအမျိုးကို အုပ်စိုးသော ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယုဒအမျိုးမှတပါး အဘယ်အမျိုးမျှ ဒါဝိဒ်မင်းမျိုးသို့ မဆည်းကျပ်။
၂၀ယေရောဗောင် ပြန် လာကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြား သောအခါ ၊ လူကို စေလွှတ် ၍ ၊ ယေရောဗောင်ကို စည်းဝေးရာ ပရိသတ် ထံသို့ ခေါ် ပြီးလျှင် ၊ ဣသရေလ အမျိုးကို အုပ်စိုးသော ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယုဒ အမျိုး မှတပါး အဘယ်အမျိုးမျှ ဒါဝိဒ် မင်းမျိုး သို့ မ ဆည်းကပ် ။
21 ၂၁ ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဣသရေလအမျိုးကို စစ်တိုက်၍ နိုင်ငံတော်ကို ရှောလမုန်သား ရောဗောင်လက်သို့ရောက်ပြန်စေခြင်းငှါ၊ ဗင်္ယာမိန်အမျိုးနှင့်တကွ ယုဒအမျိုးသားအပေါင်းတို့နှင့် ရွေးချယ်သော စစ်သူရဲတသိန်းရှစ်သောင်းတို့ကို စုဝေး စေ၏။
၂၁ရောဗောင် သည် ယေရုရှလင် မြို့သို့ ရောက် သောအခါ ၊ ဣသရေလ အမျိုး ကို စစ်တိုက် ၍ နိုင်ငံ တော်ကို ရှောလမုန် သား ရောဗောင် လက်သို့ရောက် ပြန်စေခြင်းငှါ ၊ ဗင်္ယာမိန် အမျိုး နှင့်တကွ ယုဒ အမျိုးသား အပေါင်း တို့နှင့် ရွေးချယ် သော စစ်သူရဲတသိန်း ရှစ်သောင်းတို့ကို စုဝေး စေ၏။
22 ၂၂ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏လူရှေမာယသို့ ရောက်၍၊
၂၂သို့ရာတွင် ဘုရားသခင် ၏ နှုတ်ကပတ် တော်သည် ဘုရားသခင် ၏လူ ရှေမာယ သို့ ရောက် ၍၊
23 ၂၃ သင်သည် ရှောလမုန်သား၊ ယုဒရှင်ဘုရင် ရောဗောင်နှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးသားများ၊ ကျန်ကြွင်းသော သူများတို့အား ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊
၂၃သင်သည် ရှောလမုန် သား ၊ ယုဒ ရှင်ဘုရင် ရောဗောင် နှင့် ယုဒ အမျိုး ၊ ဗင်္ယာမိန် အမျိုးသားများ၊ ကျန်ကြွင်း သော သူ များတို့အား ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊
24 ၂၄ သင်တို့ညီအစ်ကိုဖြစ်သော ဣသရေလ အမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ ချီ၍မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွားကြလော့။ ဤအမှုသည် ငါအခွင့်ပေးကြောင့် ဖြစ်၏ဟု မိန့်တော်မူသော ထာဝရဘုရား၏စကားတော်ကို နားထောင်၍ စကား တော်အတိုင်း ပြန်သွားကြ၏။
၂၄သင် တို့ညီအစ်ကို ဖြစ်သော ဣသရေလ အမျိုးသား တို့ကို စစ်တိုက် ခြင်းငှါချီ ၍မ သွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ် နေရာ သို့ ပြန် သွားကြလော့။ ဤ အမှု သည် ငါအခွင့်ပေးသောကြောင့် ဖြစ်၏ဟု မိန့်တော်မူသောထာဝရဘုရား ၏စကား တော်ကို နားထောင် ၍ စကား တော်အတိုင်း ပြန် သွားကြ၏။
25 ၂၅ ထိုနောက် ယေရောဗောင်သည် ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို တည်၍ နေရာချ၏။ ထိုမြို့မှသွား၍ ပေနွေလမြို့ကိုလည်း တည်၏။
၂၅ထိုနောက် ယေရောဗောင် သည် ဧဖရိမ် တောင် ပေါ် မှာ ရှေခင် မြို့ကို တည် ၍ နေရာ ချ၏။ ထို မြို့မှ သွား ၍ ပေနွေလ မြို့ကိုလည်း တည် ၏။
26 ၂၆ ယေရောဗောင်က၊ ဤနိုင်ငံသည် ဒါဝိဒ်မင်းမျိုး လက်သို့ ပြန်ကောင်းပြန်လိမ့်မည်။
၂၆ယေရောဗောင် က၊ ဤနိုင်ငံ သည် ဒါဝိဒ် မင်းမျိုး လက်သို့ ပြန် ကောင်းပြန်လိမ့်မည်။
27 ၂၇ ပြည်သားတို့သည် ထာဝရဘုရား၏ ဗိမာန်တော်၌ ယဇ်ပူဇော်ခြင်းငှါ ယေရုရှလင်မြို့သို့သွားလျှင်၊ သူတို့ စိတ်နှလုံးသည် မိမိတို့သခင် ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ပြောင်းလဲ၍၊ ငါ့ကိုသတ်ပြီးမှ ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ တဖန် ဝင်စားကြလိမ့်မည်ဟု အောက် မေ့သောကြောင့်၊
၂၇ပြည်သား တို့သည် ထာဝရဘုရား ၏ ဗိမာန် တော်၌ ယဇ် ပူဇော် ခြင်းငှါ ယေရုရှလင် မြို့သို့ သွား လျှင် ၊ သူတို့ စိတ် နှလုံးသည် မိမိ တို့သခင် ယုဒ ရှင်ဘုရင် ရောဗောင် ဘက်သို့ ပြောင်းလဲ၍၊ ငါ့ ကိုသတ် ပြီးမှ ယုဒ ရှင်ဘုရင် ရောဗောင် ဘက်သို့ တဖန် ဝင်စားကြလိမ့်မည်ဟု အောက်မေ့ သောကြောင့်၊
28 ၂၈ သူတပါးနှင့်တိုင်ပင်၍ ရွှေနွားသငယ်နှစ်ကောင် ကို လုပ်ပြီးလျှင်၊ သင်တို့သည် ယေရုရှလင်မြို့သို့ သွားရ သော အမှုခက်လှ၏။ အို ဣသရေလအမျိုး၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ဘုရားတို့ကို ကြည့်ရှုကြ လော့ဟု ဆိုလျက်၊
၂၈သူတပါးနှင့်တိုင်ပင် ၍ ရွှေ နွား သငယ်နှစ် ကောင်ကို လုပ် ပြီးလျှင် ၊ သင် တို့သည် ယေရုရှလင် မြို့သို့ သွား ရသောအမှုခက် လှ၏။ အို ဣသရေလ အမျိုး၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော ဘုရား တို့ကို ကြည့်ရှု ကြ လော့ဟု ဆို လျက်၊
29 ၂၉ ဗေသလမြို့၌တကောင်၊ ဒန်မြို့၌တကောင်ကို ထားသဖြင့်၊
၂၉ဗေသလ မြို့၌ တကောင် ၊ ဒန် မြို့၌ တကောင် ကို ထား သဖြင့်၊ ပြစ်မှား စရာအကြောင်းကို ပြု လေ၏။
30 ၃၀ ပြစ်မှားစရာအကြောင်းကို ပြုလေ၏။ ပြည်သားတို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှါ၊ ဒန်မြို့တိုင်အောင် သွားတတ်ကြ၏။
၃၀ပြည်သား တို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှါ၊ ဒန် မြို့တိုင်အောင် သွား တတ်ကြ၏။
31 ၃၁ ယေရောဗောင်သည်လည်း၊ မြင့်သောအရပ်ပေါ်မှာ အိမ်ကိုဆောက်၍၊ လေဝိသားမဟုတ်သော သာမညလူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။
၃၁ယေရောဗောင်သည်လည်း၊ မြင့် သောအရပ်ပေါ်မှာ အိမ် ကိုဆောက် ၍ ၊ လေဝိ သား မ ဟုတ် သော သာမညလူ တို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား လေ၏။
32 ၃၂ ယုဒပြည်၌ခံသော ပွဲကဲ့သို့ အဋ္ဌမလတဆယ် ငါးရက်နေ့တွင် ပွဲကိုစီရင်၍၊ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်၏။ ထိုသို့ဗေသလမြို့၌စီရင်၍၊ မိမိလုပ်သောနွားသငယ်တို့အား ယဇ်ပူဇော်၏။ မြင့်သောအရပ်၌ ခန့်ထားသော ယဇ်ပုရောဟိတ်တို့ကိုလည်း ဗေသလမြို့မှာနေရာချ၏။
၃၂ယုဒ ပြည်၌ ခံသော ပွဲ ကဲ့သို့ အဋ္ဌမ လ တဆယ် ငါး ရက် နေ့တွင် ပွဲ ကိုစီရင် ၍ ၊ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် ၏။ ထိုသို့ ဗေသလ မြို့၌ စီရင် ၍၊ မိမိလုပ် သော နွား သငယ်တို့အား ယဇ် ပူဇော်၏။ မြင့် သောအရပ်၌ ခန့်ထား သော ယဇ် ပုရောဟိတ်တို့ကိုလည်း ဗေသလ မြို့မှာ နေရာ ချ၏။
33 ၃၃ ထိုသို့ကိုယ်အလိုအလျောက် ချိန်းချက်သော အဋ္ဌမလတဆယ်ငါးရက်နေ့တွင် ဗေသလမြို့၌ မိမိလုပ် သော ယဇ်ပလ္လင်ပေါ်မှာပူဇော်၏ ဣသရေလအမျိုးသားတို့အား ပွဲကိုလည်းစီရင်၏ ယဇ်ပလ္လင်ပေါ်မှာ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။
၃၃ထိုသို့ ကိုယ် အလိုအလျောက်ချိန်းချက် သော အဋ္ဌမ လ တဆယ် ငါး ရက် နေ့တွင် ဗေသလ မြို့၌ မိမိလုပ် သော ယဇ် ပလ္လင်ပေါ် မှာပူဇော် ၏။ ဣသရေလ အမျိုးသား တို့အား ပွဲ ကိုလည်း စီရင် ၏။ ယဇ် ပလ္လင်ပေါ် မှာ ယဇ်ပူဇော် ၍ နံ့သာပေါင်း ကို မီးရှို့၏။