< ၃ ဓမ္မရာဇဝင် 10 >
1 ၁ ရှေဘပြည်ကို အစိုးရသော မိဖုရားသည် ရှောလမုန်၏ ဂုဏ်အသရေနှင့် ထာဝရဘုရား၏ နာမတော် သိတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကို စုံစမ်းခြင်းငှါ လာ၏။
၁ရှေဘပြည့်ရှင်ဘုရင်မသည် ရှောလမုန်၏ကျော် စောကိတ္တိသတင်းကိုကြားလျှင် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။-
2 ၂ နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သော ကျောက်တို့ကိုဆောင်သော ကုလားအုပ်များ၊ လိုက်သော သူများနှင့်တကွ ယေရုရှလင်မြို့သို့ရောက်၍၊ ရှောလမုန်မင်းကြီးထံတော်သို့ ဝင်သောအခါ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွေးမေးမြန်းလေ၏။
၂ဘုရင်မသည်နံ့သာမျိုး၊ ကျောက်မျက်ရတနာ၊ ရွှေအမြောက်အများတင်ဆောင်ထားသည့် ကုလားအုတ်များနှင့်တကွ များစွာသော အခြံအရံလိုက်ပါလျက်ရောက်ရှိလာလေ သည်။ သူသည်မင်းကြီးရှေ့တော်သို့ရောက်သော အခါမိမိစဉ်းစားရသမျှသောပုစ္ဆာတို့ကို မေးတော်မူ၏။-
3 ၃ သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်မင်းကြီးသည် ဖြေလေ၏။ နားမလည်၍ မဖြေနိုင် သောအရာ တစုံတခုမျှမရှိ။
၃မင်းကြီးကလည်းတစ်ခုမကျန်ဖြေကြား တော်မူသည်။ မင်းကြီးမဖြေရှင်းနိုင်လောက် အောင်ခက်ခဲသည့်ပုစ္ဆာဟူ၍မရှိ။-
4 ၄ ရှေဘမိဖုရားသည် ရှောလမုန်၏ ပညာအလုံးစုံကို၎င်း၊ တည်ဆောက်သောအိမ်တော်ကို၎င်း၊
၄ဘုရင်မသည်မင်းကြီးဉာဏ်ပညာရှိပုံ၊ မင်းကြီး ဆောက်လုပ်ထားသည့်နန်းတော်၊ သူကျွေးမွေးသည့် အစားအစာ၊ မှူးမတ်များနေထိုင်ရန်အဆောက် အအုံများ၊ နန်းတွင်းအရာရှိအစေခံများကို စီမံခန့်ခွဲပုံနှင့်သူတို့ဝတ်ဆင်ထားသောဆင် တူဝတ်စုံများ၊ စားသောက်ပွဲများတွင်မင်းကြီး အားလုပ်ကျွေးရသည့်အစေအပါးများ၊ ဗိမာန်တော်တွင်ပူဇော်ထားသည့်ယဇ်များကို မြင်သောအခါအံ့သြတွေဝေ၍သွားလေသည်။-
5 ၅ စားပွဲတော်တန်ဆာကို၎င်း၊ အမှုတော်စောင့်တို့နေရာထိုင်ရာကို၎င်း၊ လုလင်တို့ ခစားသည် အခြင်းအရာ ကို၎င်း၊ သူတို့ဝတ်သောအဝတ်တန်ဆာကို၎င်း၊ ဝန်စာရေးများကို၎င်း၊ ထာဝရဘုရား၏ အိမ်တော်၌ မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို၎င်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊
၅
6 ၆ ကိုယ်တော်၏ အခြင်းအရာနှင့်ကိုယ်တော်၏ပညာကို အကျွန်ုပ်သည် ကိုယ်ပြည်၌ကြားရသော သိတင်းစကားမှန်ပါ၏။
၆သူသည်ရှောလမုန်အား``ကျွန်ုပ်သည်ရှေဘပြည် တွင်ရှိစဉ်အခါက အဆွေတော်နှင့်အဆွေတော် ၏ဉာဏ်ပညာတော်အကြောင်းကိုကြားသိခဲ့ရ သည့်သတင်းမှန်ပေ၏။-
7 ၇ သို့သော်လည်း၊ ကိုယ်တိုင်ရောက်၍မမြင်မှီ ထိုစကားကိုမယုံ။ ယခုမူကား၊ အရင်ကြားသော စကား သည် တဝက်ကိုမျှမမှီ။ ကိုယ်တော်၏ ပညာနှင့်ကိုယ်တော်၏စည်းစိမ်သည် အကျွန်ုပ်ကြားရသော သိတင်းကို လွန်ကဲ ပါ၏။
၇သို့ရာတွင်ကျွန်ုပ်သည်ကိုယ်တိုင်မျက်မြင်ဒိဌ မတွေ့မမြင်ရမိစဉ်အခါက ထိုသတင်းကို မယုံနိုင်ပါ။ ထိုစဉ်အခါကကျွန်ုပ်ကြားသိ ရသည့်အရာများသည် ယခုတွေ့မြင်ရသည့် အမှုအရာများ၏ထက်ဝက်မျှပင်မရှိပါ။ အဆွေတော်၏ဉာဏ်ပညာတော်နှင့်စည်းစိမ် ချမ်းသာသည်ကျွန်ုပ်ကြားသိခဲ့သည်ထက် များစွာပိုမိုကြီးကျယ်ပါပေသည်။-
8 ၈ ရှေ့တော်၌ အစဉ်နေ၍ ပညာတော်ကိုကြားရသော ကိုယ်တော်၏လူ၊ ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။
၈အဆွေတော်၏မိဖုရားများသည်အလွန်မင်္ဂ လာရှိကြပါသည်တကား။ အဆွေတော်၏ အပါးတော်တွင်အစဉ်ခစားလျက် အဆွေ တော်၏ထံမှဉာဏ်ပညာနှင့်ယှဉ်သောစကား များကိုကြားရသူအဆွေတော်၏အစေခံ များသည်လည်း အလွန်မင်္ဂလာရှိကြပါသည် တကား။-
9 ၉ ကိုယ်တော်ကို နှစ်သက်၍၊ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် ဣသရေလအမျိုးကို အစဉ်ချစ်သောကြောင့်၊ ဖြောင့်မတ်စွာတရားစီရင်စေခြင်းငှါ ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူ ပြီဟု ရှင်ဘုရင်အား ပြောဆို၍၊
၉အဆွေတော်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသတည်း။ ကိုယ်တော်သည် အဆွေတော်ကိုလွန်စွာနှစ်သက်မြတ်နိုးတော်မူ သည်ဖြစ်၍ ဣသရေလဘုရင်အဖြစ်ချီးမြှောက် တော်မူလေပြီ။ ဣသရေလလူမျိုးကိုထာဝစဉ် ချစ်တော်မူသဖြင့် သူတို့အားတရားမျှတစွာ အုပ်စိုးစေရန်အဆွေတော်ကိုမင်းမြှောက်တော် မူလေပြီ'' ဟုပြော၏။
10 ၁၀ ရွှေအခွက်တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သော နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သောနံ့သာမျိုးနှင့်အမျှ များပြားသော နံ့သာမျိုးသည် နောက်တဖန်မရောက်။
၁၀ထိုနောက်ရှေဘဘုရင်မသည်ရှောလမုန်အား ရွှေချိန်ငါးတန်နီးပါးကိုလည်းကောင်း၊ နံ့သာ မျိုးအမြောက်အမြားနှင့်ကျောက်မျက်ရတနာ တို့ကိုလည်းကောင်းပေးဆက်တော်မူ၏။ ရှောလမုန် ရရှိဖူးသမျှသောနံ့သာမျိုးတို့အနက်ဘုရင် မပေးဆက်သည့်နံ့သာမျိုး၏ပမာဏမှာ အများဆုံးဖြစ်သတည်း။
11 ၁၁ ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံသင်္ဘောတို့သည် အာလဂုံသစ်သားများ၊ ကျောက်မြတ်များကို လည်း ဆောင်ခဲ့ကြ၏။
၁၁သြဖိရမြို့မှရွှေများကိုတင်ဆောင်လာသော ဟိရံ၏သင်္ဘောစုသည် စန္ဒကူးသားနှင့်ကျောက် မျက်ရတနာမြောက်မြားစွာကိုလည်းယူ ဆောင်ခဲ့လေသည်။-
12 ၁၂ ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော်ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို၎င်း၊ သီချင်းဆိုသော သူတို့စောင်းနှင့် တယောတို့ကို၎င်း လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည်နောက် တဖန်မရောက်၊ ယနေ့တိုင်အောင် မပေါ်လာ။
၁၂ရှောလမုန်သည်စန္ဒကူးသားကိုဗိမာန်တော်နှင့် နန်းတော်တွင် လက်ရန်းများပြုလုပ်ရာတွင်လည်း ကောင်း၊ ဂီတဆရာများအတွက်စောင်းကြီး၊ စောင်းငယ်များပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုတော်မူ၏။ ထိုမျှကောင်းသောစန္ဒကူး သားမျိုးကိုဣသရေလပြည်သို့ ယခင်အဘယ် အခါကမျှမသွင်းစဖူးချေ။ ယနေ့တိုင် အောင်လည်းမမြင်ဘူးချေ။
13 ၁၃ ရှောလမုန်မင်းကြီးသည် အလိုလိုပေးသော လက်ဆောင်မှတပါး၊ ရှေဘမိဖုရား၏ အလိုဆန္ဒပြည့်စုံစေ ခြင်းငှါ၊ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့်တကွ မိမိပြည်သို့ ပြန်သွားလေ၏။
၁၃ရှောလမုန်မင်းသည်အခါအားလျော်စွာ ပေးလေ့ ပေးထရှိသည့်လက်ဆောင်များကို ရှေဘဘုရင်မ အားရက်ရောစွာပေးတော်မူသည့်အပြင် ဘုရင်မ အလိုရှိသမျှသောအရာတို့ကိုလည်းပေးတော် မူ၏။ ထို့နောက်ဘုရင်မနှင့်အခြွေအရံတို့သည် ရှေဘပြည်သို့ပြန်သွားကြ၏။
14 ၁၄ ရှောလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေအချိန်ကား အခွက်ခြောက်ရာခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။
၁၄နှစ်စဉ်နှစ်တိုင်းရှောလမုန်သည်ရွှေချိန်နှစ်ဆယ့် ငါးတန်ရရှိ၏။-
15 ၁၅ ထိုမှတပါးကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များဆက်သော ရွှေရှိသေး ၏။
၁၅ထို့အပြင်ကုန်သည်ကြီးများထံမှကောက်ခံရရှိ သည့်အခွန်အကောက်များ၊ ကုန်စည်ကူးသန်းရောင်း ဝယ်မှုမှထွက်ပေါ်လာသည့်အမြတ်အစွန်းများ၊ အာရပ်ဘုရင်များနှင့်နယ်မြေဘုရင်ခံများ ဆက်သသည့်အခွန်များရရှိသေး၏။
16 ၁၆ ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုတ်လုပ်၍ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သောနန်းတော်၌ ထားတော်မူ၏။
၁၆ရှောလမုန်သည်ဒိုင်းကြီးနှစ်ရာကိုပြုလုပ်ပြီး လျှင် တစ်ခုစီကိုရွှေချိန်တစ်ဆယ့်ငါးပေါင်ခန့် ဖြင့်မွမ်းမံထားစေ၏။-
၁၇ရွှေချိန်လေးပေါင်ခန့်စီဖြင့်မွမ်းမံထားသောဒိုင်း ငယ်သုံးရာကိုလည်းပြုလုပ်၍ ထိုဒိုင်းအားလုံး ကိုလေဗနုန်ခန်းမဆောင်တွင်ထားရှိစေ၏။
18 ၁၈ ရှင်ဘုရင်သည်လည်း၊ ဆင်စွယ်ရာဇပလ္လင်ကြီး ကို လုပ်၍ရွှေစင်နှင့်မွမ်းမံလေ၏။
၁၈မင်းကြီးသည်ရွှေစင်ဖြင့်မွမ်းမံထားသည့် ဆင် စွယ်ရာဇပလ္လင်ကြီးကိုလည်းပြုလုပ်တော်မူ၏။-
19 ၁၉ ရာဇပလ္လင်တော်သည် လှေကားခြောက်ထစ် ရှိ၏။ နောက်ဖေးဝိုင်း၏။ ထိုင်ရာတဘက်တချက်၌ မှီစရာလက်ရုံးတန်းနှင့်ပြည့်စုံ၍၊ လက်ရုံးတန်းအနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ၏။
၁၉ရာဇပလ္လင်ကိုတက်ရန်လှေကားထစ်ခြောက်ထစ်ရှိ၍ ယင်းတို့၏အစွန်းတစ်ဘက်တစ်ချက်တွင်ခြင်္သေ့ ရုပ်တစ်ကောင်စီရှိသဖြင့် စုစုပေါင်းခြင်္သေ့ရုပ် တစ်ဆယ့်နှစ်ကောင်ရှိလေသည်။ ရာဇပလ္လင်၏ ကျောဘက်တွင်နွားလားဥသဘ၏ခေါင်းရုပ် တစ်ခုရှိ၍ လက်တင်နှစ်ခု၏ဘေးတစ်ဘက် တစ်ချက်၌ခြင်္သေ့ရုပ်တစ်ခုစီရှိလေသည်။ အခြားအဘယ်နိုင်ငံတွင်မျှဤသို့သော ရာဇပလ္လင်မျိုးမရှိချေ။
20 ၂၀ လှေကားခြောက်ထစ်အပေါ်တွင် တဘက်တချက်၌လည်း ခြင်္သေ့တဆယ်နှစ်ကောင်ရပ်နေ၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ၌မျှမရှိ။
၂၀
21 ၂၁ ရှောလမုန်မင်းကြီးသောက်သော ဖလားတော် ရှိသမျှနှင့် လေဗနုန်နန်းတော်၌ သုံးသောဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ် ရွှေဖလားသက်သက် ဖြစ်၏။ ရှောလမုန်လက်ထက်၌ ငွေကို အလျှင်းပမာဏ မပြုတတ်ကြ။
၂၁ရှောလမုန်၏သောက်တော်ရေဖလားမှန်သမျှ သည်ရွှေဖြင့်ပြီး၍ လေဗနုန်တောခေါ်ခန်းမ ဆောင်တွင်ရှိသမျှသောအသုံးအဆောင်များ သည်လည်းရွှေစင်ဖြင့်ပြီးသတည်း။ ရှောလမုန် ၏လက်ထက်ကငွေကိုတန်ဖိုးမထားသဖြင့် ငွေအသုံးအဆောင်မထားချေ။-
22 ၂၂ ရှင်ဘုရင်သည် တာရှုသင်္ဘောကို ဟိရံမင်း သင်္ဘောနှင့်အတူ စေလွှတ်သဖြင့်၊ သုံးနှစ်တခါ တာရှု သင်္ဘောသည် ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့တတ်၏။
၂၂မင်းကြီးသည်ဟိရံ၏သင်္ဘောစုနှင့်အတူ ကူးသန်း သွားလာရန်ပင်လယ်ကူးသင်္ဘောများရှိလေသည်။ ထိုသင်္ဘောတို့သည်သုံးနှစ်လျှင်တစ်ကြိမ်ပြည်တော် သို့ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များ ကိုယူဆောင်လာတတ်ကြ၏။
23 ၂၃ ထိုသို့ရှောလမုန်သည် မြေကြီးပေါ်မှာ ရှိသမျှသော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်အားဖြင့် လွန်ကဲ၏။
၂၃ရှောလမုန်မင်းသည်ဘုရင်တကာတို့ထက်ပို၍ စည်းစိမ်ချမ်းသာနှင့်ဉာဏ်ပညာရှိတော်မူ၏။-
24 ၂၄ ရှောလမုန်၏ နှလုံး၌ ဘုရားသခင် သွင်းပေးတော်မူသော ပညာကို မြေကြီးသားအပေါင်းတို့သည် ကြားရအံ့သောငှါ၊ မျက်နှာတော်ကို ဖူးလာကြ၏။
၂၄ထို့ကြောင့်ကမ္ဘာအရပ်ရပ်မှလူတို့သည်မင်းကြီး အား ထာဝရဘုရားပေးတော်မူသောဉာဏ်ပညာ ဖြင့် မြွက်ဆိုသည့်စကားများကိုကြားနာရန် လာရောက်ကြ၏။-
25 ၂၅ လာသောသူအသီးအသီးတို့သည် ရွှေဖလား၊ ငွေဖလား၊ အဝတ်တန်ဆာ၊ စစ်တိုက်လက်နက်၊ နံ့သာမျိုး၊ မြင်း၊ လားတို့ကို နှစ်တိုင်းအခွန် ဆက်ရကြ၏။
၂၅နှစ်စဉ်လာရောက်ကြသူအပေါင်းတို့သည်ကိုယ်စီ ကိုယ်ငှ ရွှေထည်၊ အဝတ်တန်ဆာ၊ လက်နက်၊ နံ့သာ မျိုး၊ မြင်း၊ လားတို့ကိုလက်ဆောင်ပဏ္ဏာအဖြစ် မင်းကြီးအားဆက်သကြလေသည်။
26 ၂၆ ရှောလမုန်သည်လည်း၊ ရထားများ၊ မြင်းစီးသူရဲ များကို ဆည်းဖူး၍၊ ရထားတထောင်နှင့် လေးရာ၊ မြင်းစီးသူရဲတသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်း မြို့တို့၌ ၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်းထား၏။
၂၆ရှောလမုန်သည်စစ်ရထားတစ်ထောင့်လေးရာနှင့် မြင်းကောင်ရေတစ်သောင်းနှစ်ထောင်ရှိသောတပ်ကို ဖွဲ့စည်းပြီးနောက် အချို့ကိုယေရုရှလင်မြို့တွင် လည်းကောင်း၊ အချို့ကိုအခြားမြို့တို့တွင်လည်း ကောင်းစခန်းချ၍ထားတော်မူ၏။-
27 ၂၇ ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ငွေကို ကျောက်ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ ပေါက် သော သဖန်းပင်ကဲ့သို့၎င်း များပြားစေ၏။
၂၇သူ၏လက်ထက်တော်၌ယေရုရှလင်မြို့တွင်ငွေ သည်ကျောက်ခဲကဲ့သို့လည်းကောင်း၊ သစ်ကတိုး သားသည်ယုဒပြည်တောင်ခြေ၌အလေ့ကျ ပေါက်သောပိုးစာပင်ကဲ့သို့လည်းကောင်းပေါ များလေသည်။-
28 ၂၈ ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှဆောင်ခဲ့ရ၏။ ရှင်ဘုရင်၏ ကုန်သည်တို့သည် အဘိုးပေးလျက် ကောမြို့၌ ခံယူရကြ၏။
၂၈မူသရိပြည်နှင့်ကိလိကိပြည် မှမြင်းများ၊-
29 ၂၉ အဲဂုတ္တုပြည်မှ ရထားတခုကို ငွေခြောက်ပိဿာ နှင့်၎င်း၊ မြင်းတစီးကို တပိဿာငါးဆယ်နှင့်၎င်း ရောင်းမြဲ ရှိ၏။ ထိုသို့ဟိတ္တိမင်းကြီးနှင့် ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကို ရတတ်ကြ၏။
၂၉အီဂျစ်ပြည်မှရထားများတင်သွင်းမှုကိုမင်း ကြီး၏အဝယ်တော်များကချုပ်ကိုင်ထားကြ၏။ သူတို့သည်ဟိတ္တိနှင့်ရှုရိဘုရင်တို့အားမြင်း တစ်ကောင်လျှင် ငွေသားခြောက်ရာနှုန်းဖြင့်လည်း ကောင်း၊ ရထားတစ်စီးလျှင်ငွေသားတစ်ရာ့ငါး ဆယ်နှုန်းဖြင့်လည်းကောင်းရောင်းချကြလေ သည်။