< ၁ ယောဟန် 2 >
1 ၁ ချစ်သားတို့၊ သင်တို့သည်ဒုစရိုက်ကိုမပြုစေခြင်းငှါ ဤအရာများကိုသင်တို့အား ငါရေး၍ပေးလိုက်၏။ တစုံတယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။
hE priyabAlakAH, yuSmAbhi ryat pApaM na kriyEta tadarthaM yuSmAn pratyEtAni mayA likhyantE| yadi tu kEnApi pApaM kriyatE tarhi pituH samIpE 'smAkaM EkaH sahAyO 'rthatO dhArmmikO yIzuH khrISTO vidyatE|
2 ၂ ထိုသခင်သည်ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ၏။
sa cAsmAkaM pApAnAM prAyazcittaM kEvalamasmAkaM nahi kintu likhilasaMsArasya pApAnAM prAyazcittaM|
3 ၃ ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကိုအဘယ်သို့ သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။
vayaM taM jAnIma iti tadIyAjnjApAlanEnAvagacchAmaH|
4 ၄ ထိုသခင်ကို ငါသိ၏ဟုပညတ်တော်တို့ကို မစောင့်ဘဲလျက်ဆိုသောသူသည် မုသာကိုသုံးသောသူ ဖြစ်၍ ထိုသူ၌သစ္စာမရှိ။
ahaM taM jAnAmIti vaditvA yastasyAjnjA na pAlayati sO 'nRtavAdI satyamatanjca tasyAntarE na vidyatE|
5 ၅ ထိုသခင်၏စကားတော်ကို နားထောင်သောသူ မည်သည်ကား၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ၏။ ငါတို့သည် သခင်၌ရှိကြောင်းကို ထိုသို့အားဖြင့်သိရကြ၏။
yaH kazcit tasya vAkyaM pAlayati tasmin Izvarasya prEma satyarUpENa sidhyati vayaM tasmin varttAmahE tad EtEnAvagacchAmaH|
6 ၆ ထိုသခင်၌ငါတည်၏ဟုဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ရမည်။
ahaM tasmin tiSThAmIti yO gadati tasyEdam ucitaM yat khrISTO yAdRg AcaritavAn sO 'pi tAdRg AcarEt|
7 ၇ ချစ်သူတို့၊ သင်တို့အား ငါရေးထားသော ပညတ်သည် ပညတ်သစ်မဟုတ်။ ရှေ့ဦးစွာကပင် သင်တို့၌ ရှိသော ပညတ်ဟောင်းဖြစ်၏။ ပညတ်ဟောင်းကား၊ ရှေ့ဦးစွာကပင်သင်တို့ကြားရသော ဒေသနာတော်ဖြစ်၏။
hE priyatamAH, yuSmAn pratyahaM nUtanAmAjnjAM likhAmIti nahi kintvAditO yuSmAbhi rlabdhAM purAtanAmAjnjAM likhAmi| AditO yuSmAbhi ryad vAkyaM zrutaM sA purAtanAjnjA|
8 ၈ တဖန်တုံ၊ ပညတ်သစ်ကို သင်တို့အား ငါရေးထား၏။ ထိုသခင်အားဖြင့်၎င်း၊ သင်တို့အားဖြင့်၎င်း၊ အသစ်မှန်ပေ၏။ အကြောင်းမူကား မှောင်မိုက်ပျောက်လွင့်၍ မှန်သောအလင်းသည် ထွန်းတောက်လျက်ရှိ၏။
punarapi yuSmAn prati nUtanAjnjA mayA likhyata Etadapi tasmin yuSmAsu ca satyaM, yatO 'ndhakArO vyatyEti satyA jyOtizcEdAnIM prakAzatE;
9 ၉ မိမိညီအစ်ကိုကိုမုန်းလျက်ပင်၊ ငါသည် အလင်း၌ရှိ၏ ဟုဆိုသောသူသည်ယခုတိုင်အောင် မှောင်မိုက်၌ ရှိသေး၏။
ahaM jyOtiSi vartta iti gaditvA yaH svabhrAtaraM dvESTi sO 'dyApi tamisrE varttatE|
10 ၁၀ မိမိညီအစ်ကိုကိုချစ်သောသူသည် အလင်း၌ တည်နေ၏။ ထိမိ၍ လဲစရာအကြောင်းသည်ထိုသူ၌မရှိ။
svabhrAtari yaH prIyatE sa Eva jyOtiSi varttatE vighnajanakaM kimapi tasmin na vidyatE|
11 ၁၁ မိမိညီအစ်ကိုကို မုန်းသောသူသည် မှောင်မိုက်၌ရှိ၏။ မှောင်မိုက်၌လည်းကျင်လည်သွားလာ၏။ မှောင် မိုက်ကြောင့်သူ၏မျက်စိ မမြင်နိုင်သဖြင့်၊ အဘယ်အရပ်သို့ ကိုယ်သွားသည်ကိုကိုယ်မသိ။
kintu svabhrAtaraM yO dvESTi sa timirE varttatE timirE carati ca timirENa ca tasya nayanE 'ndhIkriyEtE tasmAt kka yAmIti sa jnjAtuM na zaknOti|
12 ၁၂ ချစ်သားတို့၊ သင်တို့သည် ထိုသခင်၏ နာမတော်အားဖြင့် အပြစ်များနှင့်ကင်းလွတ်သောကြောင့်၊ သင်တို့အားငါရေး၍ပေးလိုက်၏။
hE zizavaH, yUyaM tasya nAmnA pApakSamAM prAptavantastasmAd ahaM yuSmAn prati likhAmi|
13 ၁၃ အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ သူငယ်တို့၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။
hE pitaraH, ya AditO varttamAnastaM yUyaM jAnItha tasmAd yuSmAn prati likhAmi| hE yuvAnaH yUyaM pApatmAnaM jitavantastasmAd yuSmAn prati likhAmi| hE bAlakAH, yUyaM pitaraM jAnItha tasmAdahaM yuSmAn prati likhitavAn|
14 ၁၄ အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျိုတို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ် သဖြင့် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။
hE pitaraH, AditO yO varttamAnastaM yUyaM jAnItha tasmAd yuSmAn prati likhitavAn| hE yuvAnaH, yUyaM balavanta AdhvE, Izvarasya vAkyanjca yuSmadantarE vartatE pApAtmA ca yuSmAbhiH parAjigyE tasmAd yuSmAn prati likhitavAn|
15 ၁၅ လောကကို၎င်း၊ လောက၌ရှိသောအရာတို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။
yUyaM saMsArE saMsArasthaviSayESu ca mA prIyadhvaM yaH saMsArE prIyatE tasyAntarE pituH prEma na tiSThati|
16 ၁၆ လောက၌ရှိသမျှသော အရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီ စည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။
yataH saMsArE yadyat sthitam arthataH zArIrikabhAvasyAbhilASO darzanEndriyasyAbhilASO jIvanasya garvvazca sarvvamEtat pitRtO na jAyatE kintu saMsAradEva|
17 ၁၇ လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။ (aiōn )
saMsArastadIyAbhilASazca vyatyEti kintu ya IzvarasyESTaM karOti sO 'nantakAlaM yAvat tiSThati| (aiōn )
18 ၁၈ ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ ရန်သူတည်းဟူသော အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင်အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခု ကာလသည်နောက်ဆုံးသောကာလဖြစ်သည်ကိုသိရ၏။
hE bAlakAH, zESakAlO'yaM, aparaM khrISTAriNOpasthAvyamiti yuSmAbhi ryathA zrutaM tathA bahavaH khrISTAraya upasthitAstasmAdayaM zESakAlO'stIti vayaM jAnImaH|
19 ၁၉ ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက်ကငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူနေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ၊ ငါတို့ထံမှ ထွက်သွားကြ၏။
tE 'smanmadhyAn nirgatavantaH kintvasmadIyA nAsan yadyasmadIyA abhaviSyan tarhyasmatsaggE 'sthAsyan, kintu sarvvE 'smadIyA na santyEtasya prakAza Avazyaka AsIt|
20 ၂၀ သင်တို့သည် သန့်ရှင်းတော်မူသောဘုရား၏ လက်မှဘိသိတ်ကျေးဇူးတော်ကိုခံရ၍၊ ခပ်သိမ်းသော အရာတို့ကို သိကြ၏။
yaH pavitrastasmAd yUyam abhiSEkaM prAptavantastEna sarvvANi jAnItha|
21 ၂၁ သမ္မာတရားကို သင်တို့မသိသောကြောင့်၊ ငါရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သမ္မာတရား ကို၎င်း၊ မုသာရှိသမျှတို့သည် သမ္မာတရားနှင့် မစပ်ဆိုင်သည်ကို၎င်း၊ သိသောကြောင့် ငါရေး၍ပေးလိုက်၏။
yUyaM satyamataM na jAnItha tatkAraNAd ahaM yuSmAn prati likhitavAn tannahi kintu yUyaM tat jAnItha satyamatAcca kimapyanRtavAkyaM nOtpadyatE tatkAraNAdEva|
22 ၂၂ မုသာကိုသုံးသောသူကားအဘယ်သူနည်း။ ယေရှုသည်ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သော သူသည် အန္တိခရစ်ဖြစ်၏။
yIzurabhiSiktastrAtEti yO nAggIkarOti taM vinA kO 'parO 'nRtavAdI bhavEt? sa Eva khrISTAri ryaH pitaraM putranjca nAggIkarOti|
23 ၂၃ သားတော်ကိုငြင်းပယ်သောသူမည်သည်ကား၊ ခမည်းတော်ကိုမသိ။ သားတော်ကို ဝန်ခံသောသူ မည်သည်ကား၊ ခမည်းတော်ကိုသိ၏။
yaH kazcit putraM nAggIkarOti sa pitaramapi na dhArayati yazca putramaggIkarOti sa pitaramapi dhArayati|
24 ၂၄ ထိုကြောင့်၊ သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော ဒေသနာကို သင်တို့၌ တည်စေကြလော့။ ထိုဒေသနာသည် သင်တို့၌တည်လျှင်၊ သင်တို့သည် သားတော်၌၎င်း၊ ခမည်းတော်၌၎င်း၊ တည်ရကြလိမ့်မည်။
AditO yuSmAbhi ryat zrutaM tad yuSmAsu tiSThatu, AditaH zrutaM vAkyaM yadi yuSmAsu tiSThati, tarhi yUyamapi putrE pitari ca sthAsyatha|
25 ၂၅ ငါတို့အား ပေးတော်မူသောဂတိတော်မူကား၊ ထာဝရအသက်ကို ဝန်ခံတော်မူသောဂတိတော် ပေတည်း။ (aiōnios )
sa ca pratijnjayAsmabhyaM yat pratijnjAtavAn tad anantajIvanaM| (aiōnios )
26 ၂၆ သင်တို့ကို လှည့်ဖြားသောသူတို့၏အကြောင်းကို ဤသို့ သင်တို့အား ငါရေး၍ပေးလိုက်၏။
yE janA yuSmAn bhrAmayanti tAnadhyaham idaM likhitavAn|
27 ၂၇ သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား၏လက်မှ သင်တို့ခံရသော ဘိသိတ်ကျေးဇူးတော်သည် သင်တို့၌ရှိသည်ဖြစ်၍၊ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာအကြောင်းမရှိ။ ထိုဘိသိတ် ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင်သည်မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသောအရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း၊ သင်တို့သည် သားတော်၌တည်နေကြလော့။
aparaM yUyaM tasmAd yam abhiSEkaM prAptavantaH sa yuSmAsu tiSThati tataH kO'pi yad yuSmAn zikSayEt tad anAvazyakaM, sa cAbhiSEkO yuSmAn sarvvANi zikSayati satyazca bhavati na cAtathyaH, ataH sa yuSmAn yadvad azikSayat tadvat tatra sthAsyatha|
28 ၂၈ ချစ်သားတို့၊ သားတော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် အထံတော်သို့ ရောက်လျှင်၊ ရဲရင့်ရသောအခွင့်ရှိ၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သားတော်၌ တည်နေကြလော့။
ataEva hE priyabAlakA yUyaM tatra tiSThata, tathA sati sa yadA prakAziSyatE tadA vayaM pratibhAnvitA bhaviSyAmaH, tasyAgamanasamayE ca tasya sAkSAnna trapiSyAmahE|
29 ၂၉ ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကို သင်တို့သည်သိလျှင်၊ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူ မည်သည်ကား၊ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူဖြစ်သည်ကို သိရကြ၏။
sa dhArmmikO 'stIti yadi yUyaM jAnItha tarhi yaH kazcid dharmmAcAraM karOti sa tasmAt jAta ityapi jAnIta|