< ၁ ယောဟန် 1 >
1 ၁ ရှေ့ဦးစွာကပင်ဖြစ်၍၊ ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ်မျက်စိနှင့်မြင်လျက်၊ စေ့စေ့ကြည့်ရှု၍ လက်နှင့် စမ်းသပ်ခဲ့ပြီးသောအရာတည်းဟူသော အသက်ရှင်သောနှုတ်ကပတ်တော်နှင့်ဆိုင်သောအရာကို သင်တို့အားပြသကြ၏။
Nuuni koyroppe doomidi de7iya, nu haythan si7ida, nu xeellida, ayfiyaan be7ida, nu kushiyan bochchida de7o qaalabaa hinttew xaafoos.
2 ၂ ထိုအသက်သည်ထင်ရှားခဲ့ပြီ။ ငါတို့လည်း မြင်ရကြပြီ။ ခမည်းတော်နှင့်အတူရှိဘူး၍၊ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို၊ ငါတို့သည် သင်တို့အား သက်သေခံ၍ပြသကြ၏။ (aiōnios )
He de7oy qonccin, nuuni iya be7idi, iyabaa markkattoos. Aawa matan de7iya nuus qonccida, merinaa de7uwabaa hinttew awaajjos. (aiōnios )
3 ၃ ငါတို့သည် ခမည်းတော်နှင့်၎င်း၊ သားတော်ယေရှုခရစ်နှင့်၎င်း၊ မိဿဟာယဖွဲ့ရသည်ဖြစ်၍၊ သင်တို့သည် ငါတို့နှင့် မိဿဟာယဖွဲ့စေခြင်းငှါ၊ ငါတို့ကြားမြင်ရသောအရာကို သင်တို့အားပြသကြ၏။
Nuura hinttew issifetethi daana mela nuuni be7idayssanne si7idayssa hinttew odoos. Hinttew nuura issifetethi de7iya gisho, Aawaranne iya Na7aa Yesuus Kiristtoosara issifetethi de7ees.
4 ၄ သင်တို့၏ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါလည်း၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ၏။
Nu ufayssay polo gidana mela hessa hinttew xaafoos.
5 ၅ ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည်ကြားရ၍၊ သင်တို့အား ပြသသောတရားစကားဟူမူကား၊ ဘုရား သခင်သည်အလင်း ဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။
Nuuni de7o gidida iyappe si7idi, hinttew odiya kiitay hayssa: “Xoossay poo7o; iyan dhumi baawa” yaageyssa.
6 ၆ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ပြီဟုဆိုလျက်ပင်၊ မှောင်မိုက်၌ကျင်လည်လျှင်၊ သစ္စာတရား ကိုမကျင့်။ မုသာကိုသုံးသောသူ ဖြစ်ကြ၏။
Nuus iyara issifetethi de7ees yaagishe dhuman de7ikko, nu odaaninne nu oosuwan worddotoos.
7 ၇ ဘုရားသခင်သည်အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည်အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိဿဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည်၊ ငါတို့အပြစ် ရှိသမျှကို ဆေးကြောတော်မူ၏။
Shin poo7on I de7eyssada, nukka poo7on de7ikko, nuus woli giddon issifetethi de7ees. Iya Na7aa, Yesuusa suuthay nagara ubbaafe nuna geeshshees.
8 ၈ ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ။
Nuuni, nunan nagari baawa giikko nu nuna cimmoos; nunan tumi baawa.
9 ၉ ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။
Shin Xoossaas nu nagara paaxikko, I nu nagara atto gaanawunne nu qoho ooso ubbaafe nuna geeshshanaw, ammanettidayssanne tumaa.
10 ၁၀ ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသာအပြစ်တင်ကြ၏။ နှုတ်ကပတ်တော် လည်း ငါတို့၌မရှိ။
Nuuni nagara oothibookko giikko Xoossaa worddanchcho kessoos; iya qaalaykka nunan deenna.