< ၁ ကောရိန္သု 9 >

1 ငါပေါလုသည် ကျွန်မဟုတ်၊ လူလွတ်ဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည်မဟုတ်လော။ ငါတို့ သခင် ယေရှုခရစ်ကို မြင်ရပြီ မဟုတ်လော။ သင်တို့သည် သခင်ဘုရား၌ ငါလုပ်သော အလုပ်ဖြစ်ကြသည် မဟုတ်လော။
Er jeg ikke fri? er jeg ikke Apostel? har jeg ikke set Jesus, vor Herre? ere I ikke min Gerning i Herren?
2 ငါသည် အခြားသောသူတို့အား တမန်တော် မဖြစ်သော်လည်း၊ သင်တို့အားတမန်တော် အမှန်ဖြစ်၏။ အကြောင်းမူကား၊ ငါသည် တမန်တော်မှန်သည်ဟု သင် တို့သည် တပည့်တော်ဖြစ်သောအားဖြင့် ငါ့ကို တံဆိပ် ခတ်ကြ၏။
Er jeg ikke Apostel for andre, saa er jeg det dog i det mindste for eder; thi Seglet paa min Apostelgerning ere I i Herren.
3 ငါ့ကိုစစ်ဆေးမေးမြန်းသော သူတို့အား ငါ အပြစ်ဖြေရာစကားဟူမူကား၊
Dette er mit Forsvar imod dem, som bedømme mig.
4 ငါတို့သည် စားသောက်ခြင်း အခွင့်မရှိသလော။
Have vi ikke Ret til at spise og drikke?
5 ကေဖနှင့်သခင်ဘုရား၏ညီများမှစ၍ ကြွင်းသော တမန်တော်များကဲ့သို့၊ ငါတို့သည်ဒေသစာရီ လှည့် လည်သည်တွင် နှမဖြစ်သော မယားပါစေခြင်းငှါ အခွင့် မရှိသလော။
Have vi ikke Ret til at føre en Søster med om som Hustru, som ogsaa de andre Apostle og Herrens Brødre og Kefas?
6 ငါနှင့်ဗာနဗသာ အလုပ်မလုပ်ဘဲနေရသော အခွင့်မရှိဟု ဆိုရသလော။
Eller have alene jeg og Barnabas ingen Ret til at lade være at arbejde?
7 အဘယ်သူသည် ကိုယ်စရိတ်ကို သုံး၍ စစ်မှုကို ထမ်းရသနည်း။ အဘယ်သူသည် ဥယျာဉ်ကိုစိုက်ပျိုး၍ အသီးကိုမစားဘဲနေရသနည်း။ အဘယ်သူသည် သိုးထိန်း လုပ်၍ သိုးနို့ကိုမသုံးဘဲနေရသနည်း။
Hvem tjener vel nogen Sinde i Krig paa egen Sold? Hvem planter en Vingaard og spiser ikke dens Frugt? Eller hvem vogter en Hjord og nyder ikke af Hjordens Mælk?
8 လောကီဝေါဟာရအားဖြင့်သာ ဤသို့ ငါဆို သလော။ ပညတ်တရားသည်လည်း ဤသို့ပင်ဆိုသည် မဟုတ်လော။
Taler jeg vel dette blot efter menneskelig Vis, eller siger ikke ogsaa Loven dette?
9 မောရှေ၏ ပညတ္တိကျမ်းစာ၌လာသည်ကား၊ စပါးနင်းနယ်သော နွား၏ နှုတ်ကိုမချုပ်တည်းရဟု လာ၏။ ဘုရားသခင်သည် နွားကိုသာ ပမာဏပြုတော်မူ သလော။
Thi i Mose Lov er der skrevet: „Du maa ikke binde Munden til paa en Okse, som tærsker.‟ Er det Okserne, Gud bekymrer sig om,
10 ၁၀ သို့မဟုတ် ငါတို့ကြောင့်သာ ဤသို့ပညတ်တော်မူ သလော။ လယ်ထွန်သောသူသည် မြော်လင့်လျက် လယ်ထွန်စေခြင်းငှါ၎င်း၊ မြော်လင့်လျက် စပါးနင်းနယ် သောသူသည် မြော်လင့်သည်အတိုင်း ရစေခြင်းငှါ၎င်း၊ ငါတို့ကြောင့်သာဤသို့ ကျမ်းစာလာ၏။
eller siger han det ikke i hvert Tilfælde for vor Skyld? For vor Skyld blev det jo skrevet, fordi den, som pløjer, bør pløje i Haab, og den, som tærsker, bør gøre det i Haab om at faa sin Del.
11 ၁၁ ငါတို့သည် သင်တို့၌ ဓမ္မမျိုးစေ့ကို စိုက်ပြီးမှ သင်တို့၏လောကီအသီးကို သုံးဆောင်လျှင် ကျေးဇူးကြီး မည်လော။
Naar vi have saaet eder de aandelige Ting, er det da noget stort, om vi høste eders timelige?
12 ၁၂ အခြားသောသူတို့သည် သင်တို့ထံမှာ ထိုအခွင့် ကိုရလျှင် ငါတို့သည် သာ၍ရထိုက်သည်မဟုတ်လော။ သို့သော်လည်း ထိုအခွင့်ကို ငါတို့သည် မသုံးဘဲ၊ ခရစ်တော် ၏ ဧဝံဂေလိတရားကို ဆီးတားခြင်းအကြောင်း မရှိ စေခြင်းငှါ အရာရာ၌ သည်းခံကြ၏။
Dersom andre nyde saadan Ret over eder, kunde da vi ikke snarere? Dog have vi ikke brugt denne Ret; men vi taale alt, for at vi ikke skulle lægge noget i Vejen for Kristi Evangelium.
13 ၁၃ ဓမ္မကိစ္စအမှုကို ဆောင်ရွက်သော သူတို့သည် ဗိမာန်တော်ကို အမှီပြု၍ စားရသည်ကို၎င်း၊ ယဇ်ပူဇော် ခြင်းအမှုကို ဆောင်ရွက်သော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံ၍ စားရသည်ကို၎င်း၊ သင်တို့ မသိကြသလော။
Vide I ikke, at de, som udføre de hellige Tjenester, faa deres Føde fra Helligdommen, de, som tjene ved Alteret, dele med Alteret?
14 ၁၄ ထိုနည်းတူ၊ ဧဝံဂေလိတရားကိုဟောသော သူတို့သည် ဧဝံဂေလိတရားကို အမှီပြု၍ အသက်မွေးရမည် အကြောင်း၊ သခင်ဘုရား၏ ပညတ်တော်မူချက်ရှိ၏။
Saaledes har ogsaa Herren forordnet for dem, som forkynde Evangeliet, at de skulle leve af Evangeliet.
15 ၁၅ သို့သော်လည်းထိုအခွင့်ကို ငါသည် အလျှင်းမသုံး။ သင်တို့သည် ငါ့အား ထိုသို့ပြုစေခြင်းငှါ ဤစကား ကို ငါရေးသည်မဟုတ်။ အကြောင်းမူကား၊ ငါဝါကြွားခြင်းအခွင့်ကိုသူတပါးဖျက်ဆီးသည်ထက် ငါသေသော် သာ၍ ကောင်း၏။
Jeg derimod har ikke gjort Brug af noget af dette. Jeg skriver dog ikke dette, for at det skal ske saaledes med mig; thi jeg vil hellere dø, end at nogen skulde gøre min Ros til intet.
16 ၁၆ ငါသည်ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်း အကြောင်းမရှိသေး။ အဘယ်ကြောင့် နည်းဟူမူကား၊ မဟောဘဲမနေနိုင်။ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။
Thi om jeg forkynder Evangeliet, har jeg ikke noget at rose mig af; der paaligger mig nemlig en Nødvendighed, thi ve mig, om jeg ikke forkynder det!
17 ၁၇ သို့ဖြစ်၍ အမှုတော်ကို အလိုအလျောက် ဆောင်ရွက်လျှင် အကျိုးရှိ၏။ ကိုယ်အလိုကိုငြင်းဆန်၍ ဆောင်ရွက်လျှင် အရာတော်၌ ခန့်ထားသောသူဖြစ်၏။
Gør jeg nemlig dette af fri Villie, saa faar jeg Løn; men har jeg imod min Villie faaet en Husholdning betroet,
18 ၁၈ သို့ဖြစ်၍ ငါ၏အကျိုးအဘယ်သို့နည်းဟူမူကား၊ ဧဝံဂေလိတရားကို ဟောသောအခါ၊ ဟောခြင်းနှင့် စပ်ဆိုင်သော အခွင့်ကို မသုံးဘဲလျက်၊ ခရစ်တော်၏ ဧဝံဂေလိတရားကို နာသောသူတို့သည် အဘယ် စရိတ်ကိုမျှ မကုန်ဘဲနေစေခြင်းငှါ ပြုလျှင်ငါ၌အကျိုးရှိ၏။
hvad er da min Løn? For at jeg, naar jeg forkynder Evangeliet, skal fremsætte det for intet, saa at jeg ikke gør Brug af min Ret i Evangeliet.
19 ၁၉ ငါသည် အဘယ်သူ၏ကျွန် မဖြစ်သော်လည်း သာ၍များသော သူတို့ကိုရခြင်းအလိုငှါ လူတကာတို့၏ ကျွန်ခံရ၏။
Thi skønt jeg er fri over for alle, har jeg dog gjort mig selv til Tjener for alle, for at jeg kunde vinde des flere.
20 ၂၀ ယုဒလူတို့ကိုရခြင်းအလိုငှါ ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တရားကိုကိုယ်တိုင် မဆည်းကပ် သော်လည်း၊ ပညတ်တရားကို ဆည်းကပ်သောသူတို့ကို ရခြင်းအလိုငှါ၊ ပညတ်တရားကို ဆည်းကပ်သောသူတို့၌ ပညတ်တရားကို ကျင့်သောသူကဲ့သို့ဖြစ်၏။
Og jeg er bleven Jøderne som en Jøde, for at jeg kunde vinde Jøder; dem under Loven som en under Loven, skønt jeg ikke selv er under Loven, for at jeg kunde vinde dem, som ere under Loven;
21 ၂၁ ဘုရားသခင်ရှေ့တော်၌ တရားမဲ့မနေ၊ ခရစ်တော်၏တရားကို ကျင့်သောသူဖြစ်သော်လည်း၊ ပညတ် တရားမဲ့သောသူတို့ကို ရခြင်းအလိုငှါ ပညတ်တရားမဲ့သောသူတို့၌ ပညတ်တရားမဲ့သော သူကဲ့သို့ဖြစ်၏။
dem uden for Loven som en uden for Loven, skønt jeg ikke er uden Lov for Gud, men under Kristi Lov, for at jeg kunde vinde dem, som ere uden for Loven.
22 ၂၂ အားနည်းသော သူတို့၌ အားနည်းသော သူကဲ့သို့ဖြစ်၏။ အချို့သော သူတို့ကို တစုံတခုသော အမှု အရာအားဖြင့် ကယ်တင်ခြင်းအလိုငှါ၊ ခပ်သိမ်းသော သူတို့၌ ခပ်သိမ်းသောအရာဖြစ်၏။
Jeg er bleven skrøbelig for de skrøbelige, for at jeg kunde vinde de skrøbelige; jeg er bleven alt for alle, for at jeg i ethvert Fald kunde frelse nogle.
23 ၂၃ သင်တို့နှင့်အတူ ဧဝံဂေလိတရားကို ဆက်ဆံခြင်းအလိုငှါ၊ ဧဝံဂေလိတရားကြောင့် ထိုသို့ငါပြုလေ့ရှိ၏။
Men alt gør jeg for Evangeliets Skyld, for at jeg kan blive meddelagtig deri.
24 ၂၄ မြေတလင်း၌ပြိုင်၍ ပြေးကြသောသူအပေါင်းတို့သည် ပြိုင်၍ ပြေးကြသော်လည်း၊ တယောက်တည်း သာလျှင် ဆုကိုရသည်ဟု သင်တို့ မသိကြသလော။ ဆုကို ရမည်အကြောင်း ပြေးကြလော့။
Vide I ikke, at de, som løbe paa Banen, løbe vel alle, men ikkun een faar Prisen? Saaledes skulle I løbe, for at I kunne vinde den.
25 ၂၅ ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သော သူမည်သည်ကား၊ အရာရာ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။ ထိုသူတို့သည် ညှိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါပြုကြ၏။ ငါတို့မူကား မညှိုးနွမ်း မပျက်စီး နိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ၏။
Enhver, som deltager i Kamplegene, er afholdende i alt; hine nu vel for at faa en forkrænkelig Krans, men vi en uforkrænkelig.
26 ၂၆ ထိုကြောင့် ငါပြေးသောအခါ၊ အမှတ်တမဲ့ပြေးသည်မဟုတ်၊ လက်ပွေ့သတ်သောအခါ အာကာသ ကောင်းကင်ကိုသာ ထိုး၍ သတ်သည်မဟုတ်။
Jeg løber derfor ikke som paa det uvisse; jeg fægter som en, der ikke slaar i Luften;
27 ၂၇ သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသော သူမဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏။
men jeg bekæmper mit Legeme og holder det i Trældom, for at ikke jeg, som har prædiket for andre, selv skal blive forkastet.

< ၁ ကောရိန္သု 9 >