< ၁ ကောရိန္သု 8 >
1 ၁ ရုပ်တုရှေ့၌ပူဇော်သော ယဇ်ကောင်အရာမှာ၊ ငါတို့ရှိသမျှ သည် ပိုင်းခြားတတ်သော ဥာဏ်ရှိသည်ကို ငါတို့သိကြ၏။ ဥာဏ်သည် ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။
Sasa kuhusu vyakula vilivyotolewa sadaka kwa sanamu: tunajua ya kwamba “sisi sote tuna maarifa.” Maarifa huleta majivuno, bali upendo hujenga.
2 ၂ အကြင်သူသည်၊ ငါကားပညာရှိဖြစ်သည်ဟူ၍ စိတ်ထင်၏။ ထိုသူသည် သိအပ်သည်အတိုင်း အလျှင်း မသိသေး။
Ikiwa mtu yeyote anadhani kwamba anajua jambo fulani, mtu huyo bado hajui kama impasavyo kujua.
3 ၃ ဘုရားသခင်ကိုချစ်သော သူမည်သည်ကား၊ ဘုရားသခင် သိစေတော်မူသော သူဖြစ်၏။
Lakini ikiwa mmoja wapo akimpenda Mungu, mtu huyo anajulikana naye.
4 ၄ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စားခြင်းအရာမှာ၊ ရုပ်တုသည် ဤလောက၌ အချည်းနှီး သက်သက်ဖြစ်သည်ကို၎င်း၊ တဆူတည်းသော ဘုရားသခင်မှတပါး အဘယ်ဘုရားသခင်မျှမရှိသည်ကို၎င်း၊ ငါတို့သိကြ၏။
Basi kuhusu kula vyakula vilivyotolewa sadaka kwa sanamu: twajua kuwa “sanamu si kitu katika dunia hii,” na ya kuwa hakuna Mungu ila mmoja tu.”
5 ၅ ဘုရားများ၊ အရှင်များဟုဆိုသည်အတိုင်း ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ဘုရားဟူ၍ ခေါ်ဝေါ် သမုတ်သော သူအများရှိသော်လည်း၊
Kwa maana kuna wengi waitwao miungu ikiwa ni mbinguni au duniani, kama vile walivyo “miungu na mabwana wengi.”
6 ၆ အကြင်ဘုရားသခင်အထဲက ခပ်သိမ်းသော အရာဖြစ်၍၊ အကြင်ဘုရားသခင်အဘို့အလိုငှါ ငါတို့သည် ဖြစ်ကြ၏။ ထိုခမည်းတော်ဘုရားသခင်တပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါတို့မှစ၍ ခပ်သိမ်းသောအရာဖြစ်ကြ၏။ ထိုသခင်ယေရှုခရစ်တပါးတည်းသာငါတို့၌ရှိတော်မူ၏။
“Ijapokuwa kwetu kuna Mungu mmoja tu ambaye ni Baba, vitu vyote vimetoka kwake, nasi tunaishi kwake, na Bwana mmoja Yesu Kristo, ambaye kwake vitu vyote vimekuwapo, na kwa yeye sisi tupo.”
7 ၇ သို့သော်လည်း ထိုဥာဏ်ကို လူတိုင်းမရ။ အချို့ သော သူတို့သည် ယခုတိုင်အောင်ရုပ်တုရှေ့၌ ပူဇော် သော ယဇ်ကောင်ကိုစားသော်၊ ရုပ်တုကို ထောက်သော စိတ်နှင့်စားကြသည်ဖြစ်၍၊ သူတို့၌ကိုယ်ကို ကိုယ်သိသော စိတ်သည်အားနည်းသောကြောင့် ညစ်ညူးခြင်းသို့ ရောက်တတ်၏။
Hata hivyo, ujuzi huu haupo ndani ya kila mmoja. Badala yake, wengine walishiriki ibada za sanamu hapo zamani, na hata sasa wanakula vyakula hivi kana kwamba ni kitu kilichotolewa sadaka kwa sanamu. Dhamiri zao zimepotoshwa kwa kuwa ni dhaifu.
8 ၈ အစားအသောက်အားဖြင့် ဘုရားသခင်ရှေ့မှာ မျက်နှာရသည်မဟုတ်။ အစားကိုသုံးကာမျှဖြင့် မြတ်သည် မဟုတ်။ ရှောင်ကာမျှဖြင့် ယုတ်သည်မဟုတ်။
Lakini chakula hakitatuthibitisha sisi kwa Mungu. Sisi sio wabaya sana kama tusipo kula, wala wema sana ikiwa tutakula.
9 ၉ သို့သော်လည်း၊ သင်တို့အခွင့်ကိုအားနည်းသော သူတို့၌ ထိမိ၍ လဲစရာအကြောင်း မဖြစ်စေခြင်းငှါ သတိ ပြုကြလော့။
Lakini iweni makini ya kwamba uhuru wenu usiwe sababu ya kumkwaza aliye dhaifu katika imani.
10 ၁၀ အကြောင်းမူကား၊ သင်သည် ပိုင်းခြားတတ်သော ဥာဏ်ရှိလျက်ပင်၊ ရုပ်တုစင်ထဲ၌ စားပွဲနားမှာ လျောင်းသည်ကို သူတပါးမြင်လျှင်၊ ကိုယ်ကိုကိုယ်သိသော စိတ်အားနည်းသောသူသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကို စားခြင်းငှါ ရဲမည်မဟုတ်လော။
Hebu fikiri kwamba mtu amekuona, wewe uliye na ujuzi, unakula chakula katika hekalu la sanamu. Dhamiri yake mtu huyo haitathibitika hata yeye naye ale vitu vilivyotolewa sadaka kwa sanamu?
11 ၁၁ ထိုသို့ဖြစ်လျှင်၊ အကြင်ညီအစ်ကိုအဘို့အလို့ငှါ ခရစ်တော်သည် အသေခံတော်မူ၏။ အားနည်းသော ထိုညီအစ်ကိုသည် သင်၏ဥာဏ် ကြောင့်ပျက်စီးခြင်းသို့ ရောက်ရပါသည်တကား၊
Kwa hiyo kwa sababu ya ufahamu wako wa ukweli juu ya asili ya sanamu, kaka au dada yako aliye dhaifu, ambaye pia Kristo alikufa kwa ajili yake, anaangamizwa.
12 ၁၂ သင်တို့သည်၊ ညီအစ်ကိုတို့ကို ထိုသို့ပြစ်မှား၍ သူတို့၌ ကိုယ်ကို ကိုယ်သိသော အားနည်းသောစိတ်ကို ထိခိုက်သောအခါ၊ ခရစ်တော်ကိုလည်း ပြစ်မှားရာသို့ ရောက်၏။
Hivyo, unapofanya dhambi dhidi ya kaka na dada zako na kuzijeruhi dhamiri zao zilizo dhaifu, mnatenda dhambi dhidi ya Kristo.
13 ၁၃ သို့ဖြစ်၍၊ ငါ၏အစားအသောက်သည် ငါ့ညီအစ်ကိုကို မှားယွင်းစေလျှင်၊ ငါ့ညီအစ်ကို၌ မှားယွင်း စရာအကြောင်းမရှိစေခြင်းငှါ၊ အမဲသားကို အစဉ်မပြတ် ရှောင်မည်။ (aiōn )
Kwa hiyo, ikiwa chakula kinasababisha kumkwaza kaka au dada, sitakula nyama kamwe, ili nisimsababishe kaka au dada yangu kuanguka. (aiōn )