< ၁ ကောရိန္သု 5 >
1 ၁ မတရားသောမေထုန်သာမညမဟုတ်၊ အဘ၏ မယားကို သိမ်းယူခြင်းတည်းဟူသော သာသနာပလူတို့ တွင်ပင် မကြားရသော မေထုန်၌မှီဝဲသော သူသည် သင်တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စောကြ၏။
我確實聽說在你們人間有淫亂的事,且是這樣的淫亂,連在外教人中也沒有過,以至有人同竟同自己父親的妻子姘居。
2 ၂ ထိုသို့ပြုသောသူကို သင်တို့အထဲမှ နှင်ထုတ်မည် အကြောင်း၊ စိတ်မသာ ညည်းတွားခြင်းကိုမပြု၊ မာန ထောင်လွှားလျက် နေကြ၏။
你們竟還傲慢自大,你們豈不是更該悲哀,把行這事的人從你們中間除去嗎?
3 ၃ ထိုကြောင့် ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့်ကွာလျက် ရှိသော်လည်း၊ ဝိညာဉ်အားဖြင့် မကွာ၊ ကိုယ်တိုင်သင်တို့နှင့် အတူရှိသကဲ့သို့ ထိုသို့ကျင့်သောသူကို ယခုပင်ငါစီရင်ပြီ။
至於我,身體雖不在你們那邊,但人神卻與你們同在,我好像親自在你們中間一樣,因我們的主耶穌的名,已判決了行這樣事的人;
4 ၄ စီရင်ချက်ဟူမူကား၊ ငါတို့သခင်ယေရှုခရစ်၏ အခွင့်အားဖြင့် သင်တို့သည် ငါ့ဝိညာဉ်နှင့်အတူ စည်းဝေးပြီးမှ ငါတို့သခင် ယေရှုခရစ်၏ တန်ခိုးတော်ကို အမှီပြု၍၊
當你們聚會時,我的人神也與你們同在,以我們的主耶穌的大能,
5 ၅ ထိုသူ၏ဝိညာဉ်သည် ယေရှုခရစ်၏နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း၊ သူ၏ကိုယ်ခန္ဓာ ပျက်စီးဘို့ရာ သူ့ကိုစာတန်လက်သို့ အပ်နှံကြစေဟု ငါစီရင်၏။
將這樣的人交與撒殫,摧他毀他的肉體,為使他的靈魂在主[耶穌]的日子上可以得救。
6 ၆ သင်တို့၏ ဝါကြွားခြင်းသည် မကောင်းမသင့် ဖြစ်၏။ အနည်းငယ်သောတဆေးသည် မုန့်စိမ်းတပုံလုံး ကို ဖောင်းကြွစေတတ်သည်ကို မသိကြသလော။
你們自誇實在不當;你們豈不知道少許的酵母.能使整個麵團發酵嗎?
7 ၇ သင်တို့သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ၊ အသစ်သော မုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသော တဆေးကို သုတ်သင်ပယ်ရှင်းကြလော့။ အကြောင်းမူ ကား၊ ခရစ်တော်တည်းဟူသော ငါတို့ပသခါ သိုးသငယ် သည် ငါတို့အဘို့ ယဇ်ပူဇော်ရာဖြစ်၏။
你你們應把舊酵母除淨,好使你們成為新的麵團,正如你們原是無酵餅一樣,因為我們的逾越節羔羊基督,祂被祭殺作了犧牲。
8 ၈ ထိုကြောင့်၊ ဟောင်းသောတဆေး၊ ဆိုးညစ် မိုက်မဲခြင်းတဆေးတို့ကို ပယ်ပစ်၍၊ တဆေးမဲ့မုန့်တည်း ဟူသော ကြည်ဖြူခြင်း၊ သစ္စာစောင့် ခြင်းနှင့်ပွဲခံကြ ကုန်အံ့။
我們過節,不可用舊酵母,也不可用奸詐和邪惡的酵母,而只可用純潔和真誠的無酵餅。
9 ၉ သင်တို့သည် မတရားသော မေထုန်၌ မှီဝဲသော သူတို့နှင့် မပေါင်းဘော်မည်အကြောင်း၊ အထက်ဩဝါဒ စာ၌ ငါရေးထားခဲ့ပြီ။
我先前在信上給你們寫過:不可與淫蕩的人交結,
10 ၁၀ ထိုသို့ရေးထားသော်၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ အနိုင်အထက်လုယူခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်းအမှုကို ပြုသော လောကီသားတို့ နှင့်အလျှင်း မပေါင်းဘော်ရဟုမဆိုလို။ ထိုသို့ဆိုလျှင်၊ သင်တို့သည်လောကီမှ ထွက်သွားရကြမည်။
這話不是泛指有這世上所有淫蕩的,或貪婪的人,或勒索人的人,或拜偶像的人;若是這樣,你們就非出離這世界不可。
11 ၁၁ ယခုမူကား ညီအစ်ကိုဟု ခေါ်ဝေါ်သော သူသည် မတရားသော မေထုန်၌မှီဝဲခြင်း၊ လောဘ လွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရည်သေရက်နှင့် ယစ်မူးခြင်း၊ အနိုင်အထက်လုယူ ခြင်းမှစ၍၊ ထိုသို့သောအမှုကို ပြုသောသူနှင့်မပေါင်း ဘော်ရသည်သာမက၊ ထိုသူနှင့် အတူစားသောက်ခြင်း ကိစ္စကိုမျှ မပြုရဟုငါရေးထား၍ ပညတ်၏။
其實我寫給你們們的,是說:若有稱為弟兄的,是淫蕩的,或貪婪的,或拜偶像的,或辱罵人的,或酗酒的,或勒索人的,你們就不要同他們交結;並且同這樣的人,連一起吃飯也不可。
12 ၁၂ ပြင်လူတို့ကို စီရင်ခြင်းအမှုနှင့် ငါသည် အဘယ်သို့ ဆိုင်သနည်း။ အတွင်းလူတို့ကို သင်တို့စီရင်ရသည် မဟုတ်လော။
審斷教外人的人,關我何事?教內的人,豈不該由你們審斷嗎?
13 ၁၃ ပြင်လူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။ သို့ဖြစ်၍ ထိုဆိုးညစ်သောသူကိုသင်တို့အထဲမှ နှင်ထုတ် ကြလော့။
教外的人,自有天主審斷他們。你們務要把壞人從你們中間剷除。