< ၁ ကောရိန္သု 4 >
1 ၁ ခရစ်တော်၏ အစေအပါ ကဲ့သို့၎င်း၊ ဘုရားသခင်၏ နက်နဲသော အရာတို့ကို စောင့်သော ဘဏ္ဍာစိုး ကဲ့သို့၎င်း၊ သူတပါးသည် ငါတို့ကို မှတ်ပါစေ။
आदमी हम्ख मसीह को सेवक अऊर परमेश्वर की लूकी बातों को व्यवस्थापक समझे।
2 ၂ ထိုမှတပါး၊ ဘဏ္ဍာစိုးမည်သည်ကား၊ သစ္စာရှိရမည်။
तब इत देखरेख वालो म या बात जरूरी हय कि जो व्यवस्थापक हय ऊ विश्वास लायक रहन ख होना।
3 ၃ သင်တို့မှစ၍ အခြားသောလူများတို့သည် ငါ့ကို သစ္စာမရှိဟု စီရင်သော်လည်း၊ ငါသည်အမှုမထား။ ငါ့ကိုယ်ကို ငါမစီရင်။
पर मोरी नजर म या बहुत छोटी बात आय कि तुम लोग या आदमियों म अगर कोयी मोरो न्याय करे, बल्की मय खुद अपनो आप ख नहीं परखू हय।
4 ၄ အကြောင်းမူကား၊ ကိုယ်စိတ်သည် ကိုယ်ကို အပြစ်မတင်။ သို့သော်လည်း၊ ထိုအကြောင်းဖြင့် ငါသည် အပြစ်လွတ်သည်မဟုတ်။ ငါ့ကို စီရင်သောသူကား၊ ထာဝရဘုရားပေတည်း။
कहालीकि मोरो मन मोख कोयी बात म दोषी नहीं ठहरावय, पर येको सी मय निर्दोष नहीं ठहरू, कहालीकि मोरो न्याय करन वालो प्रभु हय।
5 ၅ ထိုသို့ဖြစ်လျှင်မှောင်မိုက်၌ ဝှက်ထားသော အရာတို့ကို ပွင့်လင်း စေ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတံ့သော သခင်ဘုရား ကြွလာတော်မမူမှီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင် ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးသီးတို့သည် ဘုရားသခင်ချီးမွမ်းတော်မူခြင်းကျေးဇူးကို ခံရကြလတံ့။
येकोलायी जब तक प्रभु नहीं आवय, समय सी पहिले कोयी बात को न्याय मत करो: उच अन्धारो की लूकी बाते ज्योति म दिखायेंन, अऊर मनों को इरादा ख प्रगट करेंन, तब परमेश्वर की तरफ सी हर एक की प्रशंसा होयेंन।
6 ၆ ညီအစ်ကိုတို့၊ သင်တို့သည် ကျမ်းစာကို လွန်၍ သူတပါးကို မရိုသေအပ်ဟု ငါတို့ကိုထောက်၍ နားလည် စေခြင်းငှါ၎င်း၊ မာနစိတ်ထောင်လွှားသည်နှင့် တယောက်ကိုမှီဝဲ၍ တယောက်ကိုငြင်းဆန်ခြင်း မရှိစေခြင်းငှါ၎င်း၊ ငါဆိုခဲ့ပြီးသောအချက်၌ သင်တို့၏ အကျိုးကို ထောက်၍ ငါနှင့်အာပေါလုကို ပုံဆောင်လျက် ဆိုသတည်း။
हे भाऊवों-बहिनों, मय न या बातों म तुम्हरो लायी अपनी अऊर अपुल्लोस की चर्चा दृष्टान्त की रीति पर करी हय, येकोलायी कि तुम हमरो सी यो सीखो कि असो शास्त्र म लिख्यो हय ओको सी आगु नहीं बढ़नो, अऊर एक को पक्ष म अऊर दूसरों को विरोध म घमण्ड नहीं करनो।
7 ၇ ထိုမှတပါး၊ အဘယ်သူသည် သင့်ကိုထူးခြားစေသနည်း။ သူတပါးလက်မှ မခံမယူဘဲ အလိုအလျောက် ရသော အရာတစုံတခုမျှ သင်၌ရှိသလော။ သူတပါးလက်မှ ခံယူသည်မှန်လျှင်၊ မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။
तोरो म अऊर दूसरों म कौन भेद करय हय? अऊर तोरो जवर का हय जो तय न परमेश्वर सी नहीं पायो? अऊर जब कि तय न परमेश्वर सी पायो हय, त असो घमण्ड कहाली करय हय कि मानो नहीं पायो?
8 ၈ ယခုတွင် သင်တို့သည် ကြွယ်ဝကြ၏။ ငွေရ တတ်ကြ၏။ ငါတို့ မရှိစဉ်တွင်စိုးစံကြ၏။ ငါတို့သည် သင်တို့နှင့်အတူ စိုးစံရသော အခွင့်ရှိမည်အကြောင်း၊ သင်တို့ကို အမှန်စိုးစံစေခြင်းငှါ အလိုရှိ၏။
तुम त सन्तुष्ट भय गयो, तुम धनी भय गयो, तुम न हमरो बिना राज करयो; पर भलो होतो कि तुम राज करतो; कि हम भी तुम्हरो संग राज करतो।
9 ၉ သတ်ဘို့ရာထားသောသူကဲ့သို့ အခြားသော သူများနောက်၌ တမန်တော်တည်းဟူသော ငါတို့ကို ဘုရားသခင်ထုတ်ပြတော်မူသည်ဟု ငါထင်၏။ အကြောင်းမူကား၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များ မျက်မှောက်၌ ပွဲဝင်သောသူ ဖြစ်ကြ၏။
मोरी समझ म परमेश्वर न हम प्रेरितों ख सब को बाद उन लोगों को जसो ठहरायो हय, जिन की मरन की आज्ञा भय गयी हय; कहालीकि हम जगत अऊर स्वर्गदूतों अऊर आदमी लायी एक तमाशा ठहरो हंय।
10 ၁၀ ငါတို့သည် ခရစ်တော်၏ အကြောင်းကြောင့် လူမိုက်ဖြစ်ကြ၏။ သင်တို့မူကား၊ ခရစ်တော်၌ ပညာရှိ ဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူ ဖြစ်ကြ၏။ သင်တို့မူကား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောသူ၊ အသရေ ရှိသောသူ ဖြစ်ကြ၏။ ငါတို့သည် အရှက်အကြောက် ခံရသော သူဖြစ်၍၊
हम मसीह लायी मूर्ख हंय! पर तुम मसीह म बुद्धिमान हय; हम कमजोर हंय! पर तुम ताकतवर हय! तुम आदर पावय हय, पर हम अपमानित होवय हंय।
11 ၁၁ ယခုတိုင်အောင် အစားအသောက်ငတ်မွတ်ခြင်း၊ အဝတ်နွမ်းပါးခြင်း၊ ရိုက်ပုတ်ညှဉ်းဆဲခြင်းကို ခံရကြ၏။ နေရာမကျသောသူ၊
हम यो घड़ी तक भूखो प्यासो अऊर हम फट्यो कपड़ा पहिन्यो हुयो हंय, अऊर घूसा खावय हंय अऊर मारे मारे फिरय हंय;
12 ၁၂ ကိုယ်လက်နှင့်ပင်ပန်းစွာ လုပ်ဆောင်ရသောသူ ဖြစ်ကြ၏။ ကဲ့ရဲ့ခြင်းကို ခံရသောအခါ မေတ္တာပို့ကြ၏။ ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံကြ၏။
अऊर अपनोच हाथों सी काम कर क् मेहनत करय हंय। लोग हम्ख बुरो कह्य हंय, हम आशीर्वाद देजे हंय; हि सतावय हंय, हम सहजे हंय,
13 ၁၃ အသရေရှုတ်ချခြင်းကို ခံရသောအခါ တောင်းပန်ကြ၏။ ဤလောက၏ အညစ်အကြေးကဲ့သို့၎င်း၊ အရပ်ရပ်ထဲက လှည်းပစ်သော တန်မြက်ချေး အမှိုက် ကဲ့သို့၎င်း၊ ယခုတိုင်အောင်ဖြစ်ကြ၏။
हि बदनाम करय हंय, हम उन्ख आदर को संग उत्तर देजे हंय। हम अज तक जगत को कूड़ा-कचरा अऊर सब चिज को मईल को जसो ठहरो हंय।
14 ၁၄ သင်တို့သည် ရှက်စေခြင်းငှါ ဤသို့ငါရေးသည် မဟုတ်။ သင်တို့ကို ချစ်သားကဲ့သို့ မှတ်၍ သတိပေး၏။
मय तुम्ख शर्मिन्दा करन लायी या बाते नहीं लिखूं, पर मोरो प्रिय बच्चां जान क तुम्ख समझाऊ हय।
15 ၁၅ သင်တို့တွင် ခရစ်တော်၏အကြောင်းကို သင်ပေးသော ဆရာတသောင်းရှိငြားသော်လည်း၊ အဘ အများမရှိ။ ဧဝံဂေလိတရားအားဖြင့် ငါသည် သင်တို့ကို ယေရှုခရစ်၌ ဖြစ်ဘွားစေပြီ။
कहालीकि यदि मसीह म तुम्हरो सिखावन वालो दस हजार भी होतो, तब भी तुम्हरो बाप बहुत सो नहाय; येकोलायी कि मसीह यीशु म सुसमाचार को द्वारा मय तुम्हरो बाप भयो।
16 ၁၆ သို့ဖြစ်၍၊ ငါကျင့်သည်နည်းတူ သင်တို့သည် ကျင့်ကြမည်အကြောင်း ငါနှိုးဆော် တောင်းပန်၏။
येकोलायी मय तुम सी बिनती करू हय कि मोरो अनुकरन करो।
17 ၁၇ ထိုအကြောင်းကြောင့် သခင်ဘုရား၌ သစ္စာရှိသော ငါ၏ချစ်သားတိမောသေကို သင်တို့ဆီသို့ ငါ စေလွှတ်၏။ ခပ်သိမ်းသော အရပ်တို့၌ ခပ်သိမ်းသော အသင်းတော်တို့ကို ငါသွန်သင်သည်နှင့်အညီ၊ ငါသည် ခရစ်တော်၌ကျင့်သော အကျင့်ဓလေ့များကို သင်တို့သည် မှတ်မိစေခြင်းငှါ သူသည် ပြသတိုက်တွန်းလိမ့်မည်။
येकोलायी मय न तीमुथियुस ख जो प्रभु म मोरो प्रिय टुरा अऊर विश्वास लायक सेवक हय, तुम्हरो जवर भेज्यो हय। ऊ तुम्ख यीशु मसीह म मोरो चरित्र याद करायेंन, जसो कि मय हर जागा हर एक मण्डली म उपदेश करू हय।
18 ၁၈ ငါသည်သင်တို့ဆီသို့ ကိုယ်တိုင်မလာဟု အချို့သော သူတို့သည် ထင်မှတ်သည်နှင့်၊ မာနထောင်လွှားခြင်း ရှိကြ၏။
कुछ त असो घमण्ड म फूल गयो हंय, मानो मय तुम्हरो जवर आऊ नहीं।
19 ၁၉ သို့သော်လည်း သခင်ဘုရားသည် အလိုတော်ရှိ လျှင် ငါသည် မြန်မြန်လာမည်။ လာသောအခါ မာန ထောင်လွှားသောသူတို့၏ စကားကို သိမှတ်မည်မဟုတ်။ သူတို့၏တန်ခိုးကို သိမှတ်မည်။
पर प्रभु न चाह्यो त मय तुम्हरो जवर तुरतच आऊं, अऊर उन घमण्ड म फूल्यो हुयो की बातों ख नहीं, पर उन्की सामर्थ ख जान लेऊ।
20 ၂၀ အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် စကား၌ တည်သည်မဟုတ်၊ တန်ခိုး၌ တည်၏။
कहालीकि परमेश्वर को राज्य बातों म नहीं पर सामर्थ म हय।
21 ၂၁ သင်တို့သည် အဘယ်သို့ အလိုရှိသနည်း။ ငါသည်နှင်တံနှင့် သင်တို့ဆီသို့လာရမည်လော။ သို့မဟုတ် မေတ္တာနှင့် ၎င်း၊ နူးညံ့သိမ်မွေ့သော စိတ်နှင့်၎င်း၊ လာရမည်လော။
तुम का चाहवय हय? का मय छड़ी ले क तुम्हरो जवर आऊं, या प्रेम अऊर नम्रता को संग?