< ၁ ကောရိန္သု 15 >
1 ၁ ညီအစ်ကိုတို့၊ ငါသည်သင်တို့အား ဟောပြော ဘူးသည်နှင့်အညီ၊ သင်တို့သည် ခံယူ၍ မှီဝဲဆည်းကပ် သော ဧဝံဂေလိတရားကို သင်တို့အား တဖန် ငါကြား လိုက်၏။
Bakwetu, nimi zibisa kuti evengeli ini ba mi wambili imuba tambuli ni ku zimana.
2 ၂ အထက်ကငါဟောပြောသည် အကြောင်းများကို သင်တို့သည် အကျိုးမဲ့မယုံဘဲစိတ်စွဲလမ်းလျှင်၊ ထိုဧဝံ ဂေလိတရားအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။
Kayo evangeli njimi haza heba muibika kakuti niba imhi, heba nimu wondisa che ziho manzwi aniba kutazi kwenu, chikuna bulyo intumelo yenu kaina intuso.
3 ၃ ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။
Kakuti, matangilo, zimwi za butokwa zini ba tambuli: Kuti Jesu aba tu fwili bakeñicha zibi zetu, kakuya cha mañolo,
4 ၄ သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။
kuti aba zikwa, imi aba buswa che zuba lya butatu cha kuya cha mañolo.
5 ၅ ကေဖသည်ကိုယ်တော်ကို မြင်ပြီးမှ၊ တကျိပ်နှစ်ပါးသော သူတို့သည် မြင်ရကြ၏။
Mukuti aba boneki kwa Cefasi, niku balutwana bena ikumi niyenke,
6 ၆ ထိုနောက် ညီအစ်ကိုငါးရာမက၊ တပြိုင်နက် မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခု တိုင်အောင် အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။
Cwale aba bonahali ku chicaba china myanda yilikana iyanza cheyo inako. Bamwi kubali basi hala, bamwi cibaba lali.
7 ၇ ထိုနောက် ယာကုပ်မြင်ရ၏။ ထိုနောက် တမန် တော်အပေါင်းတို့သည် မြင်ရကြ၏။
Cwale cha libonahaza kwa James, mi ni kuba Apositola.
8 ၈ နောက်ဆုံး၌ အချိန်မတော်မတန်ဘွားသော သူကဲ့သို့ဖြစ်သော ငါပင်မြင်ရ၏။
Ku ma manimani, cha libonahaza kwangu, sina mwana yaba zalwa che nako ifosahele.
9 ၉ ငါသည် အထက်ကဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့်၊ အညံ့ဆုံးသော တမန် တော်ဖြစ်၏။ တမန်တော်ဟု ခေါ်ဝေါ်ခြင်းကို မခံထိုက်။
Njeme nimunini ku ba Apositola mi kani lukeli ku sumpwa Muapositola, kakuli niba nyandisi ikeleke ye Ireeza.
10 ၁၀ သို့သော်လည်း ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသော ကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ်။ အခြား သော တမန်တော်အပေါင်းတို့ထက်၊ ငါသည် သာ၍ ကြိုးစားခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း၊ ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူရှိသော ဘုရားသခင်၏ ကျေးဇူး တော်သည် ကြိုးစားတော်မူ၏။
Kono ka chisemo che Ireeza njeme chili icho, mi chisemo chakwe kwangu kana niba chi hewa kusena intuso. Mukuti, niba sebezi cheziho ku hita bamwi. imi kana ibali njeme. Kono chisemo che Ireeza china kwangu.
11 ၁၁ ထိုကြောင့်၊ ငါဖြစ်စေ၊ သူတို့ဖြစ်စေ၊ ဤသို့ ငါတို့သည် ဟောပြောကြ၏။ ဤသို့လည်းသင်တို့သည် ယုံကြည်ကြ၏။
Heba ime kapa abo chitu kutaza niku zumina.
12 ၁၂ ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက် တော်မူကြောင်းကို ဟောပြောရသည်ဖြစ်၍၊ သေသော သူတို့သည် ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့် ဆိုရကြသနည်း။
Linu ku lutwa kuti krisite aba buki fubafu, cwale cinzi bamwi haba kanana kuti kakwina kubuswa ku bafu?
13 ၁၃ သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။
Kono heba kakwina kubuswa kubafu, cwale nji kuti ni Jesu kana aba buki kubafu,
14 ၁၄ ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။
Imi heba Jesu kana aba buki, cwale inkutazo zetu kazina intuso. mi ni ntumelo yenu kaina intuso.
15 ၁၅ ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ၏။
Imi tu wanika kuti tu mpanki za mapa kuamana ni Ireeza. Mukuti tuba paki kuti Ireeza aba busi Jesu, kanti kana aba mubusi,
16 ၁၆ အကြောင်းမူကား၊ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော်မမူ၊ ယခုမှာ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏အကြောင်းကို သက်သေခံကြ၏။ သေလွန်သောသူတို့သည် ထမြောက် ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။
Heba kuti bafu kena babuswa, mini Jesu kana aba buswa kubafu.
17 ၁၇ ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက် အပြစ်အောက်၌ ရှိကြသေး၏။
Kambe Jesu kana aba buswa, intumelo yenu kaina intuso, imi musina mucibi.
18 ၁၈ ထိုမှတပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော် သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။
Abo baba fwi ni Jesu baba fwilili,
19 ၁၉ ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ ၌သာ မြော်လင့်စရာရှိလျှင်၊ အခြားသော သူအပေါင်းတို့ ထက်သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။
Haiba tusepete jesu mubuhalo bwetu bu mana, tumaibite ku hita bonse ba fwile.
20 ၂၀ ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီး သော အသီးဖြစ်တော်မူပြီ။
Kono krisite aba buswa kuba fwile ceyo inako, nji chichelo che ntazi kuba fwile.
21 ၂၁ သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်းတရား သည် လူအားဖြင့် တည်လျက်ရှိ၏။
Sina ifu hali bezi cha muntu, imi ka muntu kubuswa kubezi chefu.
22 ၂၂ လူအပေါင်းတို့သည် အာဒံအားဖြင့်သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အား ဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။
Kono cha Adama bonse baba fwi, mi hape bonse ka bahale.
23 ၂၃ သို့ရာတွင် လူအသီးအသီးတို့သည် မိမိတို့ အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးအသီးသော အသီးဖြစ်တော်မူ၏၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့ သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။
Muntu ni muntu ka buke che nako yakwe: Kirisite, chililo che ntanzi, imi nabo ba wanika kwa Krisite kabeze ba buswe hete na keze.
24 ၂၄ ထိုအခါ ခရစ်တော်သည် အထွဋ်အမြတ် အာဏာတန်ခိုးအမျိုးမျိုးကို ပယ်ရှင်း၍၊ မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော် မူပြီးမှ ကမ္ဘာကုန်ရလတံ့။
Imi kaibe nji mamanimani, Krisite hete na tambike mubuso kwe Ireeza Tayo. Njinako yete na manise milao, mubuso ne nguzu,
25 ၂၅ ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဘဝါး တော်အောက်၌ ချထားတော်မမူမှီတိုင်အောင် အုပ်စိုး တော်မူရမည်။
Kono u swanela ku busa kuhita zila zakwe chiza ba mwi konde lya matende akwe.
26 ၂၆ နောက်ဆုံးသော ရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတံ့။
Chila cha mamanimani ku ku maniswa ifu.
27 ၂၇ ခပ်သိမ်းသောအရာတို့ကို လူသား၏ ခြေအောက်၌ ချထားတော်မူသည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိကြောင်းကို ဆိုသော်၊ ခပ်သိမ်းသောအရာတို့ကို လူသားအောက်၌ ချထား တော်မူသောသူသည် ကြွင်းတော်မူကြောင်း ထင်ရှားသတည်း။
Kono,”Iye cha bika zintu zonse mwi konde lya matende akwe”, Kono hachi wamba kuti” aba biki zintu zonse”, imi zintu zonse ziba bikwa mwi konde lyakwe, ku zuweka iye ka balwa mwa teni.
28 ၂၈ ခပ်သိမ်းသော အရာတို့သည် လူသားအောက်၌ ချထားလျက် ရှိသောအခါ၊ ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ ချထားတော်မူသော သူ၏ အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံ ဖြစ်တော်မူမည် အကြောင်းတည်း။
Imi zintu zonse chiza bikwa mwi konde lyakwe, imi ni mwana kabikwe mu mata akwe. Ilikuti Ireeza abe wa zintu zonse kubantu bonse.
29 ၂၉ သေလွန်သောသူတို့သည် ထမြောက်ခြင်း အလျှင်းမရှိလျှင်၊ သေလွန်သော သူတို့၏ ကိုယ်စား ဗတ္တိဇံကိုခံသော သူတို့သည် အဘယ်သို့ ပြုရမည်နည်း။ သေလွန်သော သူတို့၏ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံ ကို ခံရကြသနည်း။
Kapa ka tende nji abo ba ba kolobezwa kubafu? Heba bafu kete ni ba buswe, heba bafu kaba buki chi haba kolobezwa?
30 ၃၀ ငါတို့သည်လည်း ဘေးရောက်အံ့သော အခြင်း အရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။
Imi chinzi neswe hatu hala mubukabo inako yonse?
31 ၃၁ ငါသည် နေ့တိုင်းအသေခံရ၏ဟု ငါတို့သခင် ယေရှုခရစ်၌ သင်တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။
Ni wamba buniti bakwetu, sina hanina ibaka lya kulitemba kenu kwa Jesu Krisite Simwine wetu, nicho, kuti nina mwi fu izuba ne zuba,
32 ၃၂ သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌ လောကီဝေါဟာရအားဖြင့်၊ အထက် က ငါသည်သားရဲတို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။
Chinzi cini wana ku muntu, heba kuti niba lwi ni zibatana mwa Efese kamukwa wa bantu fela, heba kuti bafu kete niba buke? Cwale tulye niku nywa, kakuti lye izona katufwe.
33 ၃၃ အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဘော်ခြင်းအားဖြင့် ကောင်းသော အကျင့်ဓလေ့ ယိုယွင်းတတ်၏။
Kanji mulicengi, kuti itwayelano imbi zi sinya mukwa mulotu,
34 ၃၄ တရားသဖြင့် နိုးကြလော့။ ဒုစရိုက်ကိုမပြုကြနှင့်။ အချို့သော သူတို့သည် ဘုရားသခင်ကို မသိကြ။ ထိုသို့ဆိုသော်၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှါ ငါဆို၏။
Mulilekule! Mi muhale cha ku luka! Imi kanji mutendi chibi. sina bamwi kwenu habasena inzibo ye Ireeza. Nimi wambila izo kuti muswabe.
35 ၃၅ သေလွန်သောသူတို့သည် အဘယ်သို့ ထမြောက်ကြမည်နည်း။ အဘယ်သို့သော ကိုယ်နှင့်ပေါ်လာကြမည် နည်းဟု တစုံတယောက်သောသူ မေးလိမ့်မည်။
Kono zumwi mwa ka wambe, “Bafu babuswa ka mubili wina buti?
36 ၃၆ အချင်းလူမိုက်၊ သင်စိုက်သောမျိုးစေ့မပျက်လျှင် မရှင်တတ်။
Kubula ingana kwako! Ili kuli cho byala kachi woli ku mena konji hacifwa.
37 ၃၇ ထိုမှတပါး မျိုးစေ့ကို စိုက်သောအခါ၊ နောက် ဖြစ်လတံ့သော ကိုယ်ကိုမစိုက်၊ ဂျုံစပါးဖြစ်စေ၊ အခြား သောစပါးဖြစ်စေ၊ အစေ့သက်သက်ကို စိုက်တတ်၏။
Imi cho byala kanji wona mubili wete ube, kono u byala imbuto isa zwete. Iwola kwiza ka buloto kapa chimwi chintu.
38 ၃၈ ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကို ပေးတော်မူ၏။ မျိုးစေ့အသီးအသီးတို့အား လည်း၊ မိမိတို့မျိုးအတိုင်း ကိုယ်ကိုပေးတော်မူ၏။
Kono Ireeza kahe mubili kaku keta, mi ke mbuto ni mbuto ka mubili wayo,
39 ၃၉ အသားရှိသမျှတို့သည် တမျိုးတည်းမဟုတ်။ လူသားတမျိုး၊ အမဲသားတမျိုး၊ ငါးသားတမျိုး၊ ငှက်သား တမျိုး၊ အသီးအသီးရှိကြ၏။
Inyama zonse kazi swani, kono inyama ya bantu ingi, ni imwi nyama ya zinyolozi, imwi nyama ya zizuni, imwi inyama yenswi.
40 ၄၀ ကောင်းကင်အကောင်အထည်လည်းရှိ၏။ မြေကြီးအကောင်အထည်လည်းရှိ၏။ ကောင်းကင် အကောင်အထည်၏ ဂုဏ်အသရေလည်းတမျိုး၊ မြေကြီး အကောင်အထည်၏ ဂုဏ်အသရေလည်းတမျိုးဖြစ်၏။
Hape kwina mibili ya kwi wulu, ne mibili ya hansi. Kono ikanya yo mubili wo kwi wulu ungi, ni kanya ya mubili wa hansi ingi.
41 ၄၁ နေ၏ဂုဏ်အသရေတမျိုး၊ လ၏ဂုဏ်အသရေတမျိုး၊ ကြယ်တို့၏ ဂုဏ်အသရေတမျိုးအသီးအသီး ရှိကြ၏။ ကြယ်တို့၏ ဂုဏ်အသရေသည်လည်း အသီးသီး အခြားခြား ဖြစ်ကြ၏။
Kwina ikanya yonke ye zuba, ni kanya ya mwezi, ni kanya ye nkani. Kono inkani ne nkani i chinchana kwi kanya.
42 ၄၂ ထိုနည်းတူ၊ သေသောသူတို့၏ ထမြောက်ခြင်း အကြောင်းအရာဖြစ်၏။ ကိုယ်သည်စိုက်သောအခါ၊ ပုပ်တတ်သောသဘေရှိ၏။ ထမြောက်သောအခါ မပုပ် နိုင်သောအဖြစ်၌ တည်၏။
Niku buka kwa bafu kakube bulyo. Mubili u byalwa ni usa boli, imi kau buke nosa boli, imbuto isana iba byalwa hande kai bukile mwi kanya.
43 ၄၃ စိုက်သောအခါဂုဏ်အသရေပျက်၏။ ထမြောက်သောအခါ ဂုဏ်အသရေနှင့် ပြည့်စုံ၏။ စိုက်သောအခါ အစွမ်းမရှိ။ ထမြောက်သောအခါ အစွမ်းနှင့်ပြည့်စုံ၏။
Kai byalwe ni ifokwele; mi kaibuke ne nguzu.
44 ၄၄ စိုက်သောအခါ ဇာတိပကတိ ကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ်၏။ ဇာတိပကတိ ကိုယ်တမျိုး၊ ဝိညာဏကိုယ်တမျိုးရှိ၏။
Iba byalwa ka mubili wina bulyo; mi kau buke mumubili wa luhuho. Heba kwina mubili bulyo, mi kwina mubili wa luhuho.
45 ၄၅ ကျမ်းစာလာသည်ကား၊ ရှေ့ဦးစွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်၏ဟု လာသတည်း။ ယခုတွင်နောက်ဆုံးဖြစ်သော အာဒံမူကား၊ အသက်ရှင် စေတတ်သော ဝိညာဉ်ဖြစ်၏။
Imi kuñoletwe kuti, “Mukwame we ntanzi Adama aba bi mubili u hala. Adama wa mamanimani aba hi luhuho lwa buhalo.
46 ၄၆ ဝိညာဏကိုယ်သည် ရှေ့ဦးစွာဖြစ်သည်မဟုတ်၊ ဇာတိပကတိကိုယ်သည် ရှေ့ဦးစွာဖြစ်၏။ နောက်မှ ဝိညာဏကိုယ်ဖြစ်၏။
Kono luhuho kena luba kezi lwe ntanzi kono che nyama, chichilila che nyama.
47 ၄၇ ရှေ့ဦးစွာသော လူသည်မြေကြီးကဖြစ်သော ကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား၊ ကောင်းကင် ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။
Mukwame we ntanzi wa hansi, aba bumbwa he longo. Mukwame wa bubeli uzwa kwi wulu.
48 ၄၈ မြေသားတို့သည် ထိုမြေသားကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်သားတို့သည် ထိုကောင်းကင်သားကဲ့သို့ ဖြစ်ကြလိမ့်မည်။
Mwe kalile wa hansi, ni bahansi mube kalile. Mi mwe kalile we kwiwulu, niba kwiwulu mube kalile.
49 ၄၉ ငါတို့သည် မြေသား၏ ပုံသဏ္ဌာန်ကို ဆောင်သကဲ့သို့၊ ကောင်းကင်သား၏ပုံသဏ္ဌာန်ကို ဆောင်ကြ လိမ့်မည်။
Sina hatu zabele chiswaniso che longo, mutu zabale bulyo ni chiswaniso ca kwiwulu.
50 ၅၀ ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ လူအသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်၊ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်ကို အမွေမခံနိုင်။
Linu ni cho kuti, bakwetu, malaha ni nyama kazi woli ku muna mubuso we Ireeza. Mi chi bola kachi woli ku muna chisa boli.
51 ၅၁ နက်နဲသော အရာတခုကိုငါပြဦးမည်။ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။
Mubone nimi wambila indaba yiba patitwe: Tubonse kete ni tufwe, kono tubonse katu sanduke.
52 ၅၂ သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင် သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။
Tubonse katu sanduke chaku koba kwe liinso, che mpeta ya mamanimani. Impeta kazi lile, mi bafwile kaba buswe ku bafu.
53 ၅၃ ယခုမျက်မှောက်ပုပ်တတ်သော အရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သော အရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။
Mi chi bola ci zwate kusa bola, mi cifwa chi zwate kusa fwa.
54 ၅၄ ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေနိုင် သောအဖြစ်သို့၎င်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက်ပြည့် စုံလိမ့်မည်။
Chi bola keyo inako muchi zwate chisa boli, mi chifwa chi zwate kusafwa, mi kaku tendahale kenzwi ku ñoletwe kuti, imi ifu liba minwa niku shila.
55 ၅၅ အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။ (Hadēs )
Iwe ifu ku shila kwako kwinahi? Iwe ifu, chihaiso chako chinahi? (Hadēs )
56 ၅၆ သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏ တန်ခိုးကား၊ ပညတ်တရား ပေတည်း။
Chihaiso chefu chibi, mi inguzu ze chibi mulao.
57 ၅၇ ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။
Kono tumela kwe Ireeza yaba tuhi ku tula kwa Simwine Jesu Krisite!
58 ၅၈ ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်၍ အကျိုး ကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား ၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။
Cwale bakwetu, mukole kanji munyanganiswa. Mi mukole mumisebezi ya Simwine, ni mwizi kuti misebezi yenu kwa Simwine ina intuso.