< ၁ ကောရိန္သု 15 >

1 ညီအစ်ကိုတို့၊ ငါသည်သင်တို့အား ဟောပြော ဘူးသည်နှင့်အညီ၊ သင်တို့သည် ခံယူ၍ မှီဝဲဆည်းကပ် သော ဧဝံဂေလိတရားကို သင်တို့အား တဖန် ငါကြား လိုက်၏။
Tsono abale, ndikufuna ndikukumbutseni za Uthenga Wabwino umene ndinakulalikirani. Munawulandira ndipo munawukhulupirira kolimba.
2 အထက်ကငါဟောပြောသည် အကြောင်းများကို သင်တို့သည် အကျိုးမဲ့မယုံဘဲစိတ်စွဲလမ်းလျှင်၊ ထိုဧဝံ ဂေလိတရားအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။
Inu munapulumutsidwa ndi Uthenga Wabwinowu, ngati mwasunga mawu amene ndinakulalikirani. Kupanda kutero, mwangokhulupirira pachabe.
3 ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။
Pakuti chimene ndinalandira ndinapereka kwa inu monga chofunika kuposa zonse, kuti Khristu anafera zoyipa zathu monga mwa Malemba,
4 သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။
kuti anayikidwa mʼmanda, kuti anaukitsidwa tsiku lachitatu monga mwa Malemba;
5 ကေဖသည်ကိုယ်တော်ကို မြင်ပြီးမှ၊ တကျိပ်နှစ်ပါးသော သူတို့သည် မြင်ရကြ၏။
ndipo kuti anaonekera kwa Petro, ndipo kenaka kwa Atumwi khumi ndi awiriwo.
6 ထိုနောက် ညီအစ်ကိုငါးရာမက၊ တပြိုင်နက် မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခု တိုင်အောင် အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။
Pambuyo pake, Iye anaonekera kwa anthu oposa 500 mwa abale pa nthawi imodzi, ndipo ambiri mwa iwo akanali ndi moyo ngakhale kuti ena anagona tulo.
7 ထိုနောက် ယာကုပ်မြင်ရ၏။ ထိုနောက် တမန် တော်အပေါင်းတို့သည် မြင်ရကြ၏။
Kenaka anaonekeranso kwa Yakobo, kenaka kwa atumwi onse.
8 နောက်ဆုံး၌ အချိန်မတော်မတန်ဘွားသော သူကဲ့သို့ဖြစ်သော ငါပင်မြင်ရ၏။
Potsiriza pa onse anaonekeranso kwa ine, monga mwana wobadwa nthawi isanakwane.
9 ငါသည် အထက်ကဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့်၊ အညံ့ဆုံးသော တမန် တော်ဖြစ်၏။ တမန်တော်ဟု ခေါ်ဝေါ်ခြင်းကို မခံထိုက်။
Pakuti ine ndine wamngʼono kwa atumwi ndipo sindiyenera nʼkomwe kutchedwa mtumwi chifukwa ndinazunza mpingo wa Mulungu.
10 ၁၀ သို့သော်လည်း ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသော ကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ်။ အခြား သော တမန်တော်အပေါင်းတို့ထက်၊ ငါသည် သာ၍ ကြိုးစားခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း၊ ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူရှိသော ဘုရားသခင်၏ ကျေးဇူး တော်သည် ကြိုးစားတော်မူ၏။
Koma mwachisomo cha Mulungu, ndili mmene ndililimu, ndipo chisomo chake kwa ine sichinali chopanda ntchito. Ndinagwira ntchito kuposa ena onse a iwo. Choncho sindine koma chisomo cha Mulungu chimene chinali ndi ine.
11 ၁၁ ထိုကြောင့်၊ ငါဖြစ်စေ၊ သူတို့ဖြစ်စေ၊ ဤသို့ ငါတို့သည် ဟောပြောကြ၏။ ဤသို့လည်းသင်တို့သည် ယုံကြည်ကြ၏။
Tsono kaya ndi ineyo kapena iwowo, izi ndi zomwe timalalikira, ndipo izi ndi zimene munakhulupirira.
12 ၁၂ ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက် တော်မူကြောင်းကို ဟောပြောရသည်ဖြစ်၍၊ သေသော သူတို့သည် ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့် ဆိုရကြသနည်း။
Koma ngati timalalikira kuti Khristu anaukitsidwa kwa akufa, zikutheka bwanji kuti ena mwa inu azinena kuti kulibe kuuka kwa akufa?
13 ၁၃ သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။
Ngati kulibe kuuka kwa akufa, ndiye kuti ngakhale Khristu sanaukenso.
14 ၁၄ ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။
Ndipo ngati Khristu sanaukitsidwe, ndiye kuti kulalikira kwathu nʼkopanda ntchito, ndipo chikhulupiriro chanu nʼchopandanso ntchito.
15 ၁၅ ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ၏။
Kuwonjezera pamenepa, ndiye kuti ndife mboni zabodza pa za Mulungu, pakuti tikuchita umboni kuti Mulungu anaukitsa Khristu kwa akufa. Ngati nʼzoona kuti akufa saukitsidwa, ndiye kuti Mulungu sanaukitsenso Khristu.
16 ၁၆ အကြောင်းမူကား၊ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော်မမူ၊ ယခုမှာ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏အကြောင်းကို သက်သေခံကြ၏။ သေလွန်သောသူတို့သည် ထမြောက် ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။
Pakuti ngati akufa saukitsidwa, ndiye kuti nayenso Khristu sanaukitsidwe.
17 ၁၇ ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက် အပြစ်အောက်၌ ရှိကြသေး၏။
Ndipo ngati Khristu sanaukitsidwe, chikhulupiriro chanu nʼchopanda ntchito; mukanali mu machimo anu.
18 ၁၈ ထိုမှတပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော် သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။
Ndiye kuti nawonso amene agona tulo mwa Ambuye ndi otayika.
19 ၁၉ ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ ၌သာ မြော်လင့်စရာရှိလျှင်၊ အခြားသော သူအပေါင်းတို့ ထက်သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။
Ngati kukanakhala kuti tili ndi chiyembekezo mwa Khristu mʼmoyo uno wokha, tikanakhala omvetsa chisoni kuposa anthu ena onse.
20 ၂၀ ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီး သော အသီးဖြစ်တော်မူပြီ။
Koma nʼzoonadi kuti Khristu anaukitsidwa kwa kufa, chipatso choyamba cha onse ogona tulo.
21 ၂၁ သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်းတရား သည် လူအားဖြင့် တည်လျက်ရှိ၏။
Pakuti monga imfa inadza kudzera mwa munthu, kuuka kwa akufa kwabweranso kudzera mwa munthu.
22 ၂၂ လူအပေါင်းတို့သည် အာဒံအားဖြင့်သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အား ဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။
Pakuti monga mwa Adamu onse amafa, chomwechonso mwa Khristu onse adzakhala ndi amoyo.
23 ၂၃ သို့ရာတွင် လူအသီးအသီးတို့သည် မိမိတို့ အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးအသီးသော အသီးဖြစ်တော်မူ၏၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့ သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။
Koma aliyense adzauka pa nthawi yake. Khristu ndiye woyambirira, pambuyo pake, pamene Khristu adzabwera, iwo amene ali ake adzauka.
24 ၂၄ ထိုအခါ ခရစ်တော်သည် အထွဋ်အမြတ် အာဏာတန်ခိုးအမျိုးမျိုးကို ပယ်ရှင်း၍၊ မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော် မူပြီးမှ ကမ္ဘာကုန်ရလတံ့။
Pamenepo chimaliziro chidzafika, pamene Iye adzapereka ufumu kwa Mulungu Atate, atathetsa ufumu wonse, ulamuliro wonse ndi mphamvu zonse.
25 ၂၅ ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဘဝါး တော်အောက်၌ ချထားတော်မမူမှီတိုင်အောင် အုပ်စိုး တော်မူရမည်။
Pakuti Iye ayenera kulamulira mpaka Mulungu atayika pansi pa mapazi ake adani ake onse.
26 ၂၆ နောက်ဆုံးသော ရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတံ့။
Mdani wotsiriza kuwonongedwa ndi imfa.
27 ၂၇ ခပ်သိမ်းသောအရာတို့ကို လူသား၏ ခြေအောက်၌ ချထားတော်မူသည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိကြောင်းကို ဆိုသော်၊ ခပ်သိမ်းသောအရာတို့ကို လူသားအောက်၌ ချထား တော်မူသောသူသည် ကြွင်းတော်မူကြောင်း ထင်ရှားသတည်း။
Pakuti Mulungu “wayika zinthu zonse pansi pa mapazi ake.” Ponena kuti wayika “zinthu zonse pansi pa mapazi ake,” nʼchodziwikiratu kuti sakuphatikizapo ndi Mulungu yemwe, amene anayika zinthu zonse pansi pa Khristu.
28 ၂၈ ခပ်သိမ်းသော အရာတို့သည် လူသားအောက်၌ ချထားလျက် ရှိသောအခါ၊ ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ ချထားတော်မူသော သူ၏ အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံ ဖြစ်တော်မူမည် အကြောင်းတည်း။
Pamene adzatsiriza kuchita zimenezi, Mwana weniweniyo adzakhala pansi pa ulamuliro wa Iye amene anayika zinthu zonse pansi pake, kuti Mulungu akhale zonse mu zonse.
29 ၂၉ သေလွန်သောသူတို့သည် ထမြောက်ခြင်း အလျှင်းမရှိလျှင်၊ သေလွန်သော သူတို့၏ ကိုယ်စား ဗတ္တိဇံကိုခံသော သူတို့သည် အဘယ်သို့ ပြုရမည်နည်း။ သေလွန်သော သူတို့၏ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံ ကို ခံရကြသနည်း။
Tsono ngati kulibe kuuka kwa akufa, kodi iwo amene akubatizidwa chifukwa cha akufa, adzatani? Ngati akufa saukitsidwa nʼkomwe, bwanji nanga anthu akubatizidwa mʼmalo mwawo?
30 ၃၀ ငါတို့သည်လည်း ဘေးရောက်အံ့သော အခြင်း အရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။
Ndipo kwa ife, tikuyikiranji moyo wathu pachiswe nthawi ndi nthawi?
31 ၃၁ ငါသည် နေ့တိုင်းအသေခံရ၏ဟု ငါတို့သခင် ယေရှုခရစ်၌ သင်တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။
Abale, ndimafa tsiku ndi tsiku, ndikunenetsa zimenezi, mongotsimikizira monga ndimakunyadirani mwa Khristu Yesu Ambuye athu.
32 ၃၂ သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌ လောကီဝေါဟာရအားဖြင့်၊ အထက် က ငါသည်သားရဲတို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။
Ngati ndinalimbana ndi zirombo za kuthengo ku Efeso pa zifukwa za umunthu chabe, ndapindulanji? Ngati akufa sadzaukitsidwa, “Tiyeni tidye ndi kumwa, pakuti mawa tifa.”
33 ၃၃ အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဘော်ခြင်းအားဖြင့် ကောင်းသော အကျင့်ဓလေ့ ယိုယွင်းတတ်၏။
Musasocheretsedwe, “Kukhala mʼmagulu oyipa kumawononga makhalidwe abwino.”
34 ၃၄ တရားသဖြင့် နိုးကြလော့။ ဒုစရိုက်ကိုမပြုကြနှင့်။ အချို့သော သူတို့သည် ဘုရားသခင်ကို မသိကြ။ ထိုသို့ဆိုသော်၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှါ ငါဆို၏။
Ganizani bwino monga kuyenerera, ndiye lekani kuchimwa; pakuti pali ena amene sadziwa Mulungu. Ndikunena izi kuti muchite manyazi.
35 ၃၅ သေလွန်သောသူတို့သည် အဘယ်သို့ ထမြောက်ကြမည်နည်း။ အဘယ်သို့သော ကိုယ်နှင့်ပေါ်လာကြမည် နည်းဟု တစုံတယောက်သောသူ မေးလိမ့်မည်။
Koma wina akhoza kufunsa kuti, “Kodi akufa amaukitsidwa motani? Adzauka ndi thupi la mtundu wanji?”
36 ၃၆ အချင်းလူမိုက်၊ သင်စိုက်သောမျိုးစေ့မပျက်လျှင် မရှင်တတ်။
Wopusa iwe! Chimene mudzala sichikhala ndi moyo pokhapokha chitayamba chafa.
37 ၃၇ ထိုမှတပါး မျိုးစေ့ကို စိုက်သောအခါ၊ နောက် ဖြစ်လတံ့သော ကိုယ်ကိုမစိုက်၊ ဂျုံစပါးဖြစ်စေ၊ အခြား သောစပါးဖြစ်စေ၊ အစေ့သက်သက်ကို စိုက်တတ်၏။
Mukadzala, simudzala thupi limene lidzamere, koma mbewu chabe, mwina ya tirigu kapena ya china chake.
38 ၃၈ ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကို ပေးတော်မူ၏။ မျိုးစေ့အသီးအသီးတို့အား လည်း၊ မိမိတို့မျိုးအတိုင်း ကိုယ်ကိုပေးတော်မူ၏။
Koma Mulungu amayipatsa thupi monga Iye wafunira, ku mbewu ya mtundu uliwonse amapereka thupi lakelake.
39 ၃၉ အသားရှိသမျှတို့သည် တမျိုးတည်းမဟုတ်။ လူသားတမျိုး၊ အမဲသားတမျိုး၊ ငါးသားတမျိုး၊ ငှက်သား တမျိုး၊ အသီးအသီးရှိကြ၏။
Mnofu siwofanana. Anthu ali ndi mnofu wa mtundu wina, nyama zili ndi wina, mbalame zili ndi wina, nsomba zili ndi winanso.
40 ၄၀ ကောင်းကင်အကောင်အထည်လည်းရှိ၏။ မြေကြီးအကောင်အထည်လည်းရှိ၏။ ကောင်းကင် အကောင်အထည်၏ ဂုဏ်အသရေလည်းတမျိုး၊ မြေကြီး အကောင်အထည်၏ ဂုဏ်အသရေလည်းတမျိုးဖြစ်၏။
Palinso matupi akumwamba ndipo palinso matupi a dziko lapansi; koma ulemerero wa matupi akumwamba ndi wina, ndi wa matupi a dziko lapansi ndi winanso.
41 ၄၁ နေ၏ဂုဏ်အသရေတမျိုး၊ လ၏ဂုဏ်အသရေတမျိုး၊ ကြယ်တို့၏ ဂုဏ်အသရေတမျိုးအသီးအသီး ရှိကြ၏။ ကြယ်တို့၏ ဂုဏ်အသရေသည်လည်း အသီးသီး အခြားခြား ဖြစ်ကြ၏။
Dzuwa lili ndi ulemerero wake, ndipo pali ulemerero wina wa mwezi, palinso ulemerero winanso wa nyenyezi. Ulemerero wa nyenyezi ndi wosiyanasiyana.
42 ၄၂ ထိုနည်းတူ၊ သေသောသူတို့၏ ထမြောက်ခြင်း အကြောင်းအရာဖြစ်၏။ ကိုယ်သည်စိုက်သောအခါ၊ ပုပ်တတ်သောသဘေရှိ၏။ ထမြောက်သောအခါ မပုပ် နိုင်သောအဖြစ်၌ တည်၏။
Zidzaterenso pamene akufa adzauka. Thupi loyikidwa mʼnthaka ngati mbewu limavunda, koma likadzauka lidzakhala losavunda.
43 ၄၃ စိုက်သောအခါဂုဏ်အသရေပျက်၏။ ထမြောက်သောအခါ ဂုဏ်အသရေနှင့် ပြည့်စုံ၏။ စိုက်သောအခါ အစွမ်းမရှိ။ ထမြောက်သောအခါ အစွမ်းနှင့်ပြည့်စုံ၏။
Limayikidwa mʼmanda mopanda ulemu, koma likadzaukitsidwa lidzakhala ndi ulemerero. Limayikidwa mʼmanda lili lofowoka, koma likadzaukitsidwa lidzakhala ndi mphamvu.
44 ၄၄ စိုက်သောအခါ ဇာတိပကတိ ကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ်၏။ ဇာတိပကတိ ကိုယ်တမျိုး၊ ဝိညာဏကိုယ်တမျိုးရှိ၏။
Limayikidwa mʼmanda thupi la mnofu chabe, koma likadzaukitsidwa lidzakhala lauzimu. Ngati pali thupi la mnofu, palinso thupi lauzimu.
45 ၄၅ ကျမ်းစာလာသည်ကား၊ ရှေ့ဦးစွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်၏ဟု လာသတည်း။ ယခုတွင်နောက်ဆုံးဖြစ်သော အာဒံမူကား၊ အသက်ရှင် စေတတ်သော ဝိညာဉ်ဖြစ်၏။
Kwalembedwa kuti, “Munthu woyamba Adamu anakhala wamoyo,” Adamu wotsiriza anakhala wopatsa moyo.
46 ၄၆ ဝိညာဏကိုယ်သည် ရှေ့ဦးစွာဖြစ်သည်မဟုတ်၊ ဇာတိပကတိကိုယ်သည် ရှေ့ဦးစွာဖြစ်၏။ နောက်မှ ဝိညာဏကိုယ်ဖြစ်၏။
Zauzimu sizinabwere koyambirira, koma zachilengedwe, pambuyo pake zauzimu.
47 ၄၇ ရှေ့ဦးစွာသော လူသည်မြေကြီးကဖြစ်သော ကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား၊ ကောင်းကင် ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။
Munthu woyamba anali wa dziko lapansi, wochokera mʼnthaka koma munthu wachiwiri anali wochokera kumwamba.
48 ၄၈ မြေသားတို့သည် ထိုမြေသားကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်သားတို့သည် ထိုကောင်းကင်သားကဲ့သို့ ဖြစ်ကြလိမ့်မည်။
Monga analili munthu wa dziko lapansi, momwemonso anthu onse amene ndi a dziko lapansi. Ndipo monga alili munthu wakumwamba, momwemonso anthu onse amene ndi akumwamba.
49 ၄၉ ငါတို့သည် မြေသား၏ ပုံသဏ္ဌာန်ကို ဆောင်သကဲ့သို့၊ ကောင်းကင်သား၏ပုံသဏ္ဌာန်ကို ဆောင်ကြ လိမ့်မည်။
Ndipo monga momwe tinabadwa ofanana ndi munthu wa dziko lapansi uja, momwemonso tidzakhala ofanana ndi munthu wakumwamba.
50 ၅၀ ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ လူအသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်၊ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်ကို အမွေမခံနိုင်။
Ndikunenetsa, abale, kuti thupi ndi magazi sizingathe kulowa mu ufumu wa Mulungu, ndipo zimene zimavunda sizingathe kulowa kumene zinthu sizivunda.
51 ၅၁ နက်နဲသော အရာတခုကိုငါပြဦးမည်။ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။
Tamverani, ndikuwuzeni chinsinsi. Tonse sitidzagona tulo, koma tonse tidzasandulika.
52 ၅၂ သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင် သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။
Zidzachitika mwadzidzidzi, mʼkamphindi kochepa, monga ngati kuphethira kwa diso, pa lipenga lotsiriza. Pakuti lipenga lidzalira, akufa adzaukitsidwa opanda chovunda, ndipo ife tidzasandulika.
53 ၅၃ ယခုမျက်မှောက်ပုပ်တတ်သော အရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သော အရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။
Pakuti chovunda chiyenera kuvala chosavunda, ndi thupi ili lakufa liyenera kuvala losafa.
54 ၅၄ ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေနိုင် သောအဖြစ်သို့၎င်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက်ပြည့် စုံလိမ့်မည်။
Pamene thupi lovundali likadzasanduka losavunda, ndipo thupi lotha kufali likadzasanduka losatha kufa, pamenepo zidzakwaniritsidwa zimene zinalembedwa zakuti, “Imfa yogonjetsedwa kwathunthu.”
55 ၅၅ အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။ (Hadēs g86)
“Iwe imfa, kupambana kwako kuli kuti? Iwe imfa, ululu wako uli kuti?” (Hadēs g86)
56 ၅၆ သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏ တန်ခိုးကား၊ ပညတ်တရား ပေတည်း။
Ululu wa imfa ndi tchimo, ndipo mphamvu ya tchimo ndi lamulo.
57 ၅၇ ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။
Koma tiyamike Mulungu amene amatipambanitsa mwa Ambuye athu Yesu Khristu.
58 ၅၈ ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်၍ အကျိုး ကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား ၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။
Choncho, abale anga okondedwa imani njii. Musasunthike ndi chilichonse. Nthawi zonse mudzipereke kwathunthu ku ntchito ya Ambuye, chifukwa mukudziwa kuti ntchito zanu mwa Ambuye sizili zopanda phindu.

< ၁ ကောရိန္သု 15 >