< ၁ ကောရိန္သု 11 >
1 ၁ ငါသည်ခရစ်တော်၏ နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့နည်းတူ ကျင့်ကြလော့။
Кэлкаць пе урмеле меле, ынтрукыт ши еу калк пе урмеле луй Христос.
2 ၂ ညီအစ်ကိုတို့၊ သင်တို့သည် အရာရာ၌ ငါ့ကို အောက်မေ့၍၊ ငါအပ်ပေးသောနည်းဥပဒေတို့ကို စွဲလမ်း ကြသည်ဖြစ်၍ သင်တို့ကို ငါချီးမွမ်း၏။
Вэ лауд кэ ын тоате привинцеле вэ адучець аминте де мине ши кэ цинець ынвэцэтуриле ынтокмай кум ви ле-ам дат.
3 ၃ ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည် ကို၎င်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကို၎င်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကို၎င်း၊ သင်တို့ သိမှတ်စေခြင်းငှါ ငါအလိုရှိ၏။
Дар вряу сэ штиць кэ Христос есте Капул орькэруй бэрбат; кэ бэрбатул есте капул фемеий ши кэ Думнезеу есте Капул луй Христос.
4 ၄ ယောက်ျားမည်သည်ကား၊ မိမိခေါင်းကို ဖုံးလျက် ဆုတောင်းသော်၎င်း၊ ပရောဖက်ပြုသော်၎င်း၊ မိမိခေါင်း အသရေကို ရှုတ်ချ၏။
Орьче бэрбат каре се роагэ сау пророчеште ку капул акоперит ышь нечинстеште Капул сэу.
5 ၅ မိန်းမမည်သည်ကား၊ မိမိခေါင်းကို မဖုံးဘဲ ဆုတောင်းသော်၎င်း၊ ပရောဖက်ပြုသော်၎င်း၊ မိမိခေါင်း အသရေကိုရှုတ်ချ၏။
Димпотривэ, орьче фемее каре се роагэ сау пророчеште ку капул дезвелит ышь нечинстеште капул ей, пентру кэ есте ка уна каре ар фи расэ.
6 ၆ ထိုသို့ပြုလျှင် ဆံပင်ရိတ်သည်နှင့်တူ၏။ မိန်းမသည် မိမိခေါင်းကို မဖုံးလျှင် ဆံပင်ကိုဖြတ်စေ။ ဆံပင် ဖြတ်ခြင်း၊ ဆံပင်ရိတ်ခြင်းအရာသည် ရှက်စရာရှိလျှင် ခေါင်းကိုဖုံးစေ။
Дакэ о фемее ну се ынвелеште, сэ се ши тундэ! Яр дакэ есте рушине пентру о фемее сэ фие тунсэ орь расэ, сэ се ынвеляскэ.
7 ၇ ယောက်ျားသည် ဘုရားသခင်၏ ပုံသဏ္ဌာန်၊ ဘုန်းအသရေတော်ဖြစ်သောကြောင့် မိမိခေါင်းကို မဖုံးရ။ မိန်းမမူကား ယောက်ျား၏ဘုန်းအသရေဖြစ်၏။
Бэрбатул ну есте датор сэ-шь акопере капул, пентру кэ ел есте кипул ши слава луй Думнезеу, пе кынд фемея есте слава бэрбатулуй.
8 ၈ ယောက်ျားသည် မိန်းမကြောင့်ဖြစ်သည် မဟုတ်။ မိန်းမသည် ယောက်ျားကြောင့်ဖြစ်၏။
Ын адевэр, ну бэрбатул а фост луат дин фемее, чи фемея дин бэрбат,
9 ၉ ယောက်ျားကို မိန်းမတို့ဖန်ဆင်းသည်မဟုတ်။ မိန်းမကို ယောက်ျားဘို့ ဖန်ဆင်း၏။
ши ну бэрбатул а фост фэкут пентру фемее, чи фемея пентру бэрбат.
10 ၁၀ ထိုကြောင့်၊ ကောင်းကင်တမန်များကို ထောက်၍၊ မိန်းမသည် မိမိခေါင်းကို ဖုံးရမည်။
Де ачея, фемея, дин причина ынӂерилор, требуе сэ айбэ пе кап ун семн ал стэпынирий ей.
11 ၁၁ သို့သော်လည်း သခင်ဘုရား၌ ယောက်ျားမပါဘဲ မိန်းမ ဖြစ်သည်မဟုတ်။ မိန်းမပါဘဲ ယောက်ျားဖြစ်သည် မဟုတ်။
Тотушь, ын Домнул, фемея ну есте фэрэ бэрбат, нич бэрбатул фэрэ фемее.
12 ၁၂ မိန်းမသည် ယောက်ျားကြောင့်ဖြစ်သကဲ့သို့ ယောက်ျားသည်လည်း မိန်းမအားဖြင့်ဖြစ်၏။ အလုံးစုံ တို့သည်လည်း ဘုရားသခင်ကြောင့် ဖြစ်ကြ၏။
Кэч дакэ фемея есте дин бэрбат, тот аша ши бэрбатул, прин фемее, ши тоате сунт де ла Думнезеу.
13 ၁၃ မိန်းမသည် ခေါင်းကိုမဖုံးဘဲလျက် ဘုရားသခင်ကို ဆုတောင်းလျှင်၊ လျောက်ပတ်သည် မလျောက်ပတ် သည်ကို သင်တို့ အလိုအလျောက် ဆင်ခြင်စီရင်ကြလော့။
Жудекаць вой сингурь: есте кувиинчос ка о фемее сэ се роаӂе луй Думнезеу дезвелитэ?
14 ၁၄ ယောက်ျားသည် ရှည်သောဆံပင်ရှိလျှင်၊ ရှက်ဘွယ်သော အကြောင်းဖြစ်သည်ကို သင်တို့အား ပကတိတရားပင် ဆုံးမသွန်သင်သည် မဟုတ်လော။
Ну вэ ынвацэ кяр ши фиря кэ есте рушине пентру ун бэрбат сэ поарте пэрул лунг,
15 ၁၅ မိန်းမမူကား၊ ရှည်သောဆံပင်ရှိလျှင်၊ သူ၏ ဘုန်းအသရေ ဖြစ်၏။ အကြောင်းမူကား၊ မိန်းမဆံပင် သည် မိမိခြုံစရာတို့ ဖြစ်၏။
пе кынд пентру о фемее есте о подоабэ сэ поарте пэрул лунг? Пентру кэ пэрул й-а фост дат ка ынвелитоаре а капулуй.
16 ၁၆ သို့သော်လည်း တစုံတယောက်သောသူသည် ငြင်းခုံလျှင်၊ ငါတို့၌၎င်း၊ ဘုရားသခင်၏ အသင်းတော်၌ ၎င်း၊ ထိုသို့သော ထုံးစံမရှိ၏။
Дакэ юбеште чинева чарта де ворбе, ной н-авем ун астфел де обичей ши нич Бисеричиле луй Думнезеу.
17 ၁၇ တဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှါ စည်းဝေးကြသည်မဟုတ်။ အကျိုးကို နည်းစေခြင်းငှါ စည်းဝေးကြသည်ဖြစ်၍၊ ငါသည် ပညတ်ထားစဉ်တွင် သင်တို့ကို မချီးမွမ်းရ။
Вэ дау ачесте ынвэцэтурь, дар ну вэ лауд, пентру кэ вэ адунаць лаолалтэ ну ка сэ вэ фачець май бунь, чи ка сэ вэ фачець май рэй.
18 ၁၈ ပဌမ အကြောင်းဟူမူကား၊ သင်တို့သည် အသင်းတော်၌ စည်းဝေးကြသောအခါ၊ အချင်းချင်း ကွဲပြားခြင်းရှိသည်ကို ငါကြားရ၏။
Май ынтый де тоате, ауд кэ, атунч кынд вениць ла адунаре, ынтре вой сунт дезбинэрь. Ши ын парте о кред,
19 ၁၉ ကြားရသည်အတိုင်း မှန်ကောင်းမှန်လိမ့်မည်။ အကြောင်းမူကား၊ သင်တို့တွင် ကောင်းမွန်သော သူတို့ကို ထင်ရှားစိမ့်သောငှါ သင်းခွဲခြင်းရှိရမည်။
кэч требуе сэ фие ши партиде ынтре вой, ка сэ ясэ ла луминэ чей гэсиць бунь.
20 ၂၀ သင်တို့သည် အတူစည်းဝေးကြသောအခါ၊ သခင်ဘုရား၏ ပွဲတော်ကို စားအံ့သောငှါ စည်းဝေးကြ သည်မဟုတ်။
Кынд вэ адунаць дар ын ачелашь лок, ну есте ку путинцэ сэ мынкаць Чина Домнулуй.
21 ၂၁ အကြောင်းမူကား၊ သင်တို့သည် စားကြသည် တွင် ကိုယ်စီ ကိုယ်စီမိမိအစာကို အရင်ယူ၍၊ တချို့ကား ဆာမွတ်လျက်၊ တချို့ကား စားသောက်ကြူးလျက်ရှိကြ၏။
Фииндкэ атунч кынд стаць ла масэ, фиекаре се грэбеште сэ-шь я чина адусэ де ел ынаинтя алтуя; аша кэ унул есте флэмынд, яр алтул есте бят.
22 ၂၂ သင်တို့သည် စားသောက်ရာဘို့ ကိုယ်အိမ်မရှိ သလော။ သို့မဟုတ်လျှင်၊ ဘုရားသခင်၏ အသင်းတော် ကို မထီမဲ့မြင်ပြု၍၊ ဆင်းရဲသောသူတို့ကို ရှက်ကြောက် စေသလော။ အဘယ်သို့ ငါဆိုရမည်နည်း။ ဤအမှုမှာ သင်တို့ကို ချီးမွမ်းရမည်လော။ မချီးမွမ်းရ။
Че? Н-авець касе пентру ка сэ мынкаць ши сэ бець аколо? Сау диспрецуиць Бисерика луй Думнезеу ши врець сэ фачець де рушине пе чей че н-ау нимик? Че сэ вэ зик? Сэ вэ лауд? Ын привинца ачаста ну вэ лауд.
23 ၂၃ အကြောင်းမူကား၊ သင်တို့၌ ငါအပ်ပေးသော အရာကို သခင်ဘုရားထံ၌ ငါခံရပြီ။ ခံရသောအရာဟူ မူကား၊ သခင်ယေရှုသည် ရန်သူလက်သို့ အပ်နှံခြင်းကို ခံသော နေ့ညမှာ မုန့်ကို ယူ၍၊
Кэч ам примит де ла Домнул че в-ам ынвэцат, ши ануме кэ Домнул Исус, ын ноаптя ын каре а фост вындут, а луат о пыне.
24 ၂၄ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား၊ သင်တို့အဘို့အလိုငှါ ချိုးဖဲ့သော ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့။ ငါ့ကို အောက်မေ့ဘို့ရာ ဤသို့ ပြုကြ လော့ဟု မိန့်တော်မူ၏။
Ши, дупэ че а мулцумит луй Думнезеу, а фрынт-о ши а зис: „Луаць, мынкаць; ачеста есте трупул Меу каре се фрынӂе пентру вой; сэ фачець лукрул ачеста спре помениря Мя.”
25 ၂၅ ထိုနည်းတူ၊ ညစာစာပြီးမှ ခွက်ကိုလည်း ယူ၍၊ ဤခွက်ကား ငါ၏အသွေး၌ တည်သောပဋိညာဉ်တရား သစ်ဖြစ်၏။ ဤခွက်ကို သောက်သောအခါခါ၊ ငါ့ကို အောက်မေ့ဘို့ရာ သောက်ကြလော့ဟု မိန့်တော်မူ၏။
Тот астфел, дупэ чинэ, а луат пахарул ши а зис: „Ачест пахар есте легэмынтул чел ноу ын сынӂеле Меу; сэ фачець лукрул ачеста спре помениря Мя, орь де кыте орь вець бя дин ел.”
26 ၂၆ အကြောင်းမူကား၊ သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကို သောက်သောအခါခါ၊ သခင်ဘုရားအသေခံ တော်မူခြင်းကို ကြွလာတော် မမူမှီတိုင်အောင် ပြကြ၏။
Пентру кэ, орь де кыте орь мынкаць дин пыня ачаста ши бець дин пахарул ачеста, вестиць моартя Домнулуй пынэ ва вени Ел.
27 ၂၇ ထိုကြောင့် သခင်ဘုရား၏ မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။
Де ачея, орьчине мэнынкэ пыня ачаста сау бя пахарул Домнулуй ын кип невредник ва фи виноват де трупул ши сынӂеле Домнулуй.
28 ၂၈ သို့ဖြစ်၍ လူတိုင်းကိုယ်ကိုကိုယ်စစ်ကြောပြီးမှ မုန့်ကိုစားစေ။ ထိုနည်းတူ ခွက်ကိုလည်း သောက်စေ။
Фиекаре сэ се черчетезе дар пе сине ынсушь, ши аша сэ мэнынче дин пыня ачаста ши сэ бя дин пахарул ачеста.
29 ၂၉ အကြောင်းမူကား၊ မထိုက်မတန်ဘဲ စားသောက် သောသူသည် သခင်ဘုရား၏ ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှါ စားသောက်သောသူဖြစ်၏။
Кэч чине мэнынкэ ши бя ышь мэнынкэ ши бя осында луй ынсушь, дакэ ну деосебеште трупул Домнулуй.
30 ၃၀ ထိုအကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမမာသော သူအများရှိကြ၏။ သေသော သူအများလည်း ရှိကြ၏။
Дин причина ачаста сунт ынтре вой мулць непутинчошь ши болнавь, ши ну пуцинь дорм.
31 ၃၁ ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြော စီရင်တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
Дакэ не-ам жудека сингурь, н-ам фи жудекаць.
32 ၃၂ စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။
Дар кынд сунтем жудекаць, сунтем педепсиць де Домнул, ка сэ ну фим осындиць одатэ ку лумя.
33 ၃၃ ထိုကြောင့် ငါ့ညီအစ်ကိုတို့၊ သင်တို့သည် စားအံ့သောငှါ စည်းဝေးသောအခါ၊ အချင်းချင်း တယောက်ကို တယောက်ငံ့လင့်ကြလော့။
Астфел, фраций мей, кынд вэ адунаць сэ мынкаць, аштептаци-вэ уний пе алций.
34 ၃၄ တစုံတယောက်သောသူသည် ဆာမွတ်လျှင်၊ သင်တို့သည် အပြစ်ခံလျက် မစည်းဝေးစေခြင်းငှါ ထိုသူ သည် မိမိအိမ်၌ စားစေ။ ကြွင်းသော အမှုများကို ငါလာသောအခါ စီရင်မည်။
Дакэ-й есте фоаме куйва, сэ мэнынче акасэ, пентру ка сэ ну вэ адунаць спре осындэ. Челелалте лукрурь ле вой рындуи кынд вой вени.