< ၁ ကောရိန္သု 10 >

1 ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုဃ်းတိမ်အောက်မှာရှိ၍၊ ပင်လယ်အလယ်၌ ရှောက်သွား ကြသည်ဟူ၍၎င်း၊
In dinin su iyinin, nuana nilime nin nishono, achifbite vat wa chinu kadas kuwut idi kata nan nya kurawa,
2 မိုဃ်းတိမ်နှင့်ပင်လယ်ထဲမှာ မောရှေ၌ ဗတ္တိဇံကို ခံကြသည် ဟူ၍၎င်း၊
vat mine iwa shitin Nani nmeng nan nya musa nin kuwut a kurawa,
3 ဓမ္မအစာကိုအတူစားကြသည်ဟူ၍၎င်း၊ ဓမ္မရေကို အတူသောက်ကြသည်ဟူ၍၎င်း၊ သင်တို့ မသိမမှတ် ဘဲနေစေခြင်းငှါ ငါအလိုမရှိ၊
vat mine tutung wali imonli ilau irumwe,
4 ထိုသူတို့နောက်၌ လိုက်သောဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ် တော်ဖြစ်သတည်း။
vat sono nmeng nsonu mi lau mirumme. Bara na iwa sono kiti kuparan Kongo Na kuwa dortu nani, kuparan kone wa di Kristi ari.
5 သို့သော်လည်း ထိုသူတို့တွင် များစွာသော သူတို့ကို ဘုရားသခင်သည် အားရနှစ်သက်တော်မမူ။ သူတို့သည် တော၌သေကြေပျက်စီးခြင်းသို့ ရောက်ကြ၏။
Among mine gwardan na Kutellẹ wa lanza nman mine kan ba, unare wati abimine yita bú nan nya kushoẹ.
6 ထိုသူတို့သည် မကောင်းသောအရာတို့ကို တပ်မက်သကဲ့သို့ ငါတို့သည် မတပ်မက်စေခြင်းငှါ၊ ထိုအကြောင်းအရာတို့သည် ငါတို့အဘို့ ပုံသက်သေ ဖြစ်ကြ၏။
Nene ilẹ imone inin so nari imon yenju, bara arik wa dortu imon inanza nafo na inughe wa su.
7 လူတို့သည် စားသောက်လျက် ထိုင်နေကြ၏။ နောက်တဖန် ကခုန်မြူးထူးခြင်းငှါ ထကြ၏ဟု ကျမ်းစာ လာသည်အတိုင်း၊
Nati waso anan chip ba, nafo na amon mine wadi-nafo Na iyerti di “Anit wa so ileu isono, imon fits nin nibinayin nozu nan nawani, izu avu.”
8 ထိုသူအချို့တို့သည် ရုပ်တုကို ကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့်။ ထိုသူအချို့တို့သည် မတရားသော မေထုန်အမှုကိုပြု၍ တနေ့ခြင်းတွင် လူနှစ်သောင်း သုံးထောင်လဲ၍သေသကဲ့သို့ မပြုဘဲ၊ မတရားသော မေထုန်ကိုရှောင်ကြကုန်အံ့။
Na tiwa nozo nin nawani buu ba, nafo na amon mine gwardan wa sunani, anit amoi akut aba nin Na tat nin ku liri lirume.
9 ထိုသူအချို့တို့သည် စုံစမ်းနှောင့်ရှက်ခြင်းကို ပြု၍၊ မြွေဖြင့် ပျက်စိးသကဲ့သို့ ငါတို့သည်မပြု၊ ခရစ်တော် ကို မစုံစမ်းမနှောင့်ရှက်ဘဲနေကြကုန်အံ့။
Nati wa mala Kristi ku ba, nafo na gwardan namon mine wasu iyii ini wa kifizin nani ikuzu.
10 ၁၀ ထိုသူအချို့တို့သည် မြည်တမ်းခြင်းကိုပြု၍၊ ဖျက်ဆီးသောသူ၏ လက်ဖြင့် ပျက်စီးသကဲ့သို့မဟုတ်၊ မြည်တမ်းခြင်းကိုမပြုကြနှင့်။
Tutun na tiwasu ugwonduluba, nafo na amon mine gwardan wa su, unan kadura Kutellẹ ulẹ wa molu nani.
11 ၁၁ ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့သောငှါ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလ အဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း။ (aiōn g165)
Nene Ile imone wase nani inan so arikeku imon yenju, inani wa yertu inin inan sonari imon wunnu natuff bara kitene bitere kubin nmalu iyii (aiōn g165)
12 ၁၂ ထိုကြောင့် အကြင်သူသည် မိမိတည်ကြည် လျက်နေသည်ဟု မိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှါ သတိပြုစေ။
Bara nani ame ule na adin yenju ayisin Na asu sen bara awa diu.
13 ၁၃ လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေး တော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။
Na imonmon duku ilenge na idi inmaluzu madamu irika na anit yiruba; Kutelle unan kidegenari udu ligan: na ama sun minu ise umalun indiu ule na ukati likara mineba, vat nani nin nimon malun indiuwe ama punu nari Libau nnuzu bara tinan se uteru nibinayi mun.
14 ၁၄ ထိုကြောင့် ငါ့ချစ်သူတို့၊ ရုပ်တို့ကို ကိုးကွယ်ခြင်း အမှုကို ကြဉ်ရှောင်ကြလော့။
Bara nani nuana insu kibinayi nin, con pit kitin chil.
15 ၁၅ သင်တို့ကို ပညာရှိသကဲ့သို့မှတ်၍ ပြောမည်။ ငါ့စကားကို ဆင်ခြင်ကြလော့။
Ndin liru nan ghinu nafo anan kpilizu bara inan wutu kimal nimon ile na in belle.
16 ၁၆ ငါတို့သည် ကျေးဇူးတော်ကို ချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား၊ ခရစ်တော်၏အသွေးကို ဆက်ဆံခြင်း ဖြစ်သည် မဟုတ်လော။ ငါတို့ဖဲ့သောမုန့်မူကား၊ ခရစ်တော်၏ ကိုယ်ကို ဆက်ဆံခြင်းဖြစ်သည် မဟုတ်လော။
Kakuk nmari na asa tita nmari ku, ikosuzoari nan nya nmii in Kristi ba? Likalan nfungul na tidin pucu, ukosuzoari nan nya kidowon Kristiba?
17 ၁၇ မုန့်တလုံးတည်းရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တလုံးတည်း ဖြစ်သောထိုမုန့်ကို ဆက်ဆံလျက် ခံယူကြ သောကြောင့်၊ အများဖြစ်သော ငါတို့သည် တလုံးတကိုယ်တည်းဖြစ်ကြ၏။
Bara na likalan nfungul lirumari, arik alenge nati karin kidowo kirumari, vat bite din li likalan nfungul lirume ligowe.
18 ၁၈ ဇာတိအားဖြင့် ဣသရေလအမျိုးဖြစ်သော သူတို့ကို ကြည့်ရှုကြလော့။ ယဇ်ကောင်ကိုစားသော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံသောသူဖြစ်ကြသည် မဟုတ်လော။
Yenen anutin Israila nburnu: na asa ileo ujuju ulauwe, na uso limununari nin nimon ile na isu napik alaunwe ba?
19 ၁၉ ထိုသို့ဆိုသော် အဘယ်သို့ ငါဆိုလိုသနည်း။ ရုပ်တုကား မှတ်စရာရှိသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကား မှတ်စရာရှိသည်ဟု ဆိုလိုသလော။
Iyaghari ndin bellu nene? Au inchil imoimonaria? Sa imon ile na ikanja kiti inchil imoimonari?
20 ၂၀ ထိုသို့မဆိုလို။ သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အား ပူဇော်ကြ၏။ သင်တို့သည် နတ်ဆိုးတို့နှင့် ဆက်ဆံစေခြင်းငှါ ငါအလိုမရှိ။
Nbelle nenge, imon ile na alumai din duzu idi nakwiza natala na Kutellẹri idin nizughe ba, agwargenuari. Na ndinin su imunu ati nin nagwergonu ba!
21 ၂၁ သခင်ဘုရား၏ ခွက်ဖလား၊ နတ်ဆိုးတို့၏ ခွက်ဖလားနှစ်ပါးကို သင်တို့မသောက်နိုင်ကြ။ သခင်ဘုရား၏ စားပွဲ၊ နတ်ဆိုးတို့၏စားပွဲနှစ်ပါးကို သင်တို့ဝင်၍ မစားနိုင်ကြ။
Na iwasa isono kakkuk Ncikilari ini kuru ida sono kakkuk nagwergenu ba. Na uwasa uyita nin Cikilari bite kutebul me ukuru uyita kiti kutebul nagwergenu ba.
22 ၂၂ သခင်ဘုရား အမျက်တော်ထွက်စေခြင်းငှါ ငါတို့ ပြုရကြသလော။ ငါတို့သည် သခင်ဘုရားထက်သာ၍ တန်ခိုးကြီးကြသလော။
Sa timananzu Cikilare ayi asu liyarina? Akara bite katin ame?
23 ၂၃ ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည် မှန်စေတော့။ ခပ်သိမ်းသော အမှုအရာတို့သည် သူတပါးကို တည်ဆောက်တတ်သည်မဟုတ်။
“Imon vat inseruari” na vat nimonari di in libunba.
24 ၂၄ ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ။
Na umon wa pizurru nman litime ba. Nani, na kogha pizuru nmang ndon lisosin me.
25 ၂၅ ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ ဈေး၌ ရောင်းသမျှကို မစစ်ကြောမမေးမြန်းဘဲ စားကြလော့။
Uwasa uleu imon ilenge na idin lessu nkasau sa utirunu.
26 ၂၆ အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီး နှင့် မြေကြီးတန်ဆာကို ပိုင်တော်မူ၏။
“Uyẹ nin nimon ilenge na idin nan nyẹ in Kutellẹari.''
27 ၂၇ မယုံကြည်သောသူသည် သင်တို့ကိုခေါ်ဘိတ်၍ သင်တို့သည် သွားလိုလျှင်၊ ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ သင်တို့ရှေ့၌ ထည့်သမျှကို မစစ်ကြော မမေးမြန်းဘဲ စားကြလော့။
Asa unan salin yinnun nin Kutellẹ nyichilafi ndi li nimonli, fe ta kibinayi umadu, leu imon ilenge na iceu nbunfe sa utirunu.
28 ၂၈ သို့သော်လည်း ဤမည်သောအရာသည် ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ဖြစ်၏ဟု တစုံတယောက် သောသူဆိုလျှင်၊ ထိုသို့ဆိုသော သူ၏မျက်နှာကို၎င်း၊ ဩတ္တပ္ပစိတ်ကို၎င်း၊ ထောက်၍ မစားကြနှင့်။
Vat nani, adi umon worofi, “imoli ilele inuzumun kiti ncillari nari uli ninin. Nane bara ulenge na abellin fiari, a bara ukpilluzu kibinayi tutun.
29 ၂၉ ဩတ္တပ္ပစိတ် ဟုဆိုသော် ကိုယ်စိတ်ကိုမဆိုလို၊ သူ့စိတ်ကို ဆိုလို၏။ အခြားသောသူ၏စိတ်သည် ငါ၏အခွင့်ကို အဘယ် ကြောင့် စစ်ကြောစီရင်ရမည်နည်း။
Ndin bellu ni kpiluzu kibinayi inlelere, a na kinfe ba. Bara iyari bati nfang kibinayi nighe umoghari kpilizai muna?
30 ၃၀ ကျေးဇူးတော်အားဖြင့် ငါသုံးဆောင်ရလျှင်၊ ကျေးဇူးတော်ကို ချီးမွမ်း၍ သုံးဆောင်သည်တွင် အဘယ် ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရမည်နည်းဟု ဆိုလျှင် မူကား၊
Nwali imonli ilele nin liburi libo bara iyaghari iliri nanzan kitene nimon ilenge na nta nlira ku?
31 ၃၁ သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။
Bara nani, sa idin li sa idin so, sa vat nimon ile na idin su, sun vat bara uzazunu Kutellẹ.
32 ၃၂ လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှါ၊ ငါသည် ကိုယ်အကျိုးကိုမရှာဘဲ သူ့အကျိုးကို ရှာ၍၊
Na iwati umon se imon ntiruba, sa nan nya na Yahudawa sa a Hellenawa, sa nan nya kilari Kutellẹ.
33 ၃၃ ခပ်သိမ်းသောလူတို့၏ အလိုသို့အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့သည်လည်း ယုဒလူ၊ ဟေလသ လူ၊ ဘုရားသခင်၏ အသင်းတော်ဝင်သူတို့၌ ထိမိ၍ လဲစရာ အကြောင်းကို မပြုဘဲ၊
Tan kayiri isu nafo na nna su kayir npo vat nanit ayi nan nya vat nimon, na nin pizuru nimoimon in litinin ba, bara anit gwardan nan se utuchu.

< ၁ ကောရိန္သု 10 >