< ၁ ရာဇဝင်ချုပ် 8 >
1 ၁ ဗင်္ယာမိန်သားဦးကား ဗေလ၊ ဒုတိယသား အာရှဗေလ၊ တတိယသားအဟိရံ၊
၁ဗင်္ယာမိန်တွင်ဗေလ၊ အာရှဗေလ၊ အဟိရံ၊-
2 ၂ စတုတ္ထသား နောဟ၊ ပဥ္စမသား ရာဖတည်း။
၂နောဟ၊ ရာဖဟူ၍ကြီးစဉ်ငယ်လိုက်သား ငါးယောက်ရှိ၏။
3 ၃ ဗေလသားကား အဒ္ဒါ၊ ဂေရ၊ အဘိဟုဒ်၊
၃ဗေလ၏သားများမှာ အဒ္ဒါ၊ ဂေရ၊ အဘိဟုဒ်၊- အဘိရွှ၊ နေမန်၊ အာဟော၊ ဂေရာ၊ ရှေဖုဖံ၊ ဟုရံတို့ဖြစ်၏။
4 ၄ အဘိရွှ၊ နေမန်၊ အာဟော၊
၄
5 ၅ ဂေရာ၊ ရှေဖုဖံ၊ ဟုရံတည်း၊
၅
6 ၆ မာနဟက်မြို့သို့ နေရာပြောင်းသော ဂေဗမြို့သား အဆွေအမျိုးသူကြီး ဖြစ်သော ဧဟုဒ်သားကား၊ နေမန်၊ အဟိယ၊ ဂေရတည်း။
၆ဧဟုဒ်၏သားများမှာနေမန်၊ အဟိယနှင့် ဂေရဖြစ်၏။-သူတို့သည်ဂေဗမြို့တွင်နေထိုင် သူတို့၏အိမ်ထောင်ဦးစီးများဖြစ်ကြ၏။ သို့ရာတွင်ထိုမြို့မှနှင်ထုတ်ခြင်းခံရကြ သောအခါသူတို့သည်မာနဟက်မြို့သို့ သွားရောက်နေထိုင်ကြလေသည်။ ယင်းသို့ ပြောင်းရွှေ့ရာတွင်သြဇနှင့်အဟိဟုဒ်တို့၏ အဖဖြစ်သူဂေရသည်သူတို့အား ဦးစီးခေါင်းဆောင်ပြု၏။
7 ၇ နေရာပြောင်းသောနောက်၊ ဩဇနှင့် အဟိဟုဒ် ကိုလည်း မြင်၏။
၇
8 ၈ ရှဟာရိမ်သည် မယားဟုရိမ်နှင့် ဗာရာကိုစွန့်ပြီး မှ၊ မောဘပြည်၌ နေ၍၊
၈ရှဟာရိမ်သည်မိမိ၏ဇနီးဟုရှိမ်နှင့် ဗာရာတို့ကိုကွာရှင်းပြီးနောက်မောဘ ပြည်တွင်နေထိုင်သောအခါ-
9 ၉ မယားဟောဒေရှတွင် ယောဗပ်၊ ဇိဘိ၊ မေရှ၊ မာလခံ၊
၉ဟောဒေရှနှင့်အိမ်ထောင်ပြု၍ယောဗပ်၊ ဇိဘိ၊ မေရှ၊ မာလခံ၊-
10 ၁၀ ယုဇ၊ ရှာခိ၊ မိရမတို့ကို မြင်၍၊ ဤသူတို့သည် အဆွေအမျိုးသူကြီးဖြစ်ကြ၏။
၁၀ယုဇ၊ ရှာခိ၊ မိရမဟူသောသားခုနစ်ယောက် ကိုရလေသည်။ သူ၏သားများအားလုံးပင် အိမ်ထောင်ဦးစီးများဖြစ်လာကြ၏။
11 ၁၁ အရင်မယား ဟုရှိမ်တွင်၊ အဘိတုပ်နှင့် ဧလပါလကို မြင်၏။
၁၁သူသည်ယခင်ဇနီးဟုရှိမ်နှင့်လည်းအဘိ တုပ်နှင့်ဧလပါလဟူသောသားနှစ်ယောက် ကိုရ၏။
12 ၁၂ ဧလပါလသားကား ဧဗာ၊ မိရှဟံ၊ ရှာမက် တည်း။ ရှာမက်သည် ဩနောမြို့၊ လောဒမြို့နှင့် ကျေးလက်များကို ပြုစုသောသူဖြစ်၏။
၁၂ဧလပါလတွင်ဧဗာ၊ မိရှဟံ၊ ရှာမက်၊ ဟူ၍ သားသုံးယောက်ရှိ၏။ သြနောမြို့၊ လောဒမြို့ နှင့်အနီးတစ်ဝိုက်ရှိကျေးရွာများကိုတည် ထောင်သူမှာရှာမက်ဖြစ်၏။
13 ၁၃ ဗေရိယနှင့် ရှေမတို့သည် ဂါသမြို့သားတို့ကို နှင်ထုတ်သော အာဇလုန်မြို့သား အဆွေအမျိုးသူကြီး ဖြစ်ကြ၏။
၁၃ဗေရိယနှင့်ရှေမတို့သည်အာဇလုန်မြို့တွင် အခြေစိုက်နေထိုင်ကြသူတို့၏အိမ်ထောင် ဦးစီးများဖြစ်၍ ဂါသမြို့သားတို့ကိုနှင် ထုတ်ကြသူများဖြစ်၏။-
14 ၁၄ ထိုမှတပါး၊ အဟိဩ၊ ရှာရှက်၊ ယေရိမုတ်၊
၁၄ဗေရိယ၏သားမြေးတို့တွင်အဟိသြ၊ ရှာရှက်၊ ယေရိမုတ်၊-
15 ၁၅ ဇေဗဒိ၊ အာရဒ်၊ အာဒါ၊
၁၅ဇေဗဒိ၊ အာရဒ်၊ အာဒါ၊ မိက္ခေလ၊ ဣရှပ၊ ယောဟတို့ပါဝင်ကြ၏။
16 ၁၆ မိက္ခေလ၊ ဣရှပ၊ ယောဟတို့သည် ဗေရိယသား ဖြစ်ကြ၏။
၁၆
17 ၁၇ ဇေဗဒိ၊ မေရှုလံ၊ ဟေဇကိ၊ ဟေဗာ၊
၁၇ဧလပါလ၏သားမြေးတို့တွင်ဇေဗဒိ၊ မေရှုလံ၊ ဟေဇကိ၊-
18 ၁၈ ဣရှမေရဲ၊ ယေဇလိ၊ ယောဗပ်တို့သည် ဧလပါလ သားတည်း။
၁၈ဟေဗာ၊ ဣရှမေရဲ၊ ယေဇလိ၊ ယောဗပ်တို့ ပါဝင်ကြ၏။
19 ၁၉ ယာကိမ်၊ ဇိခရိ၊ ဇာဗဒိ၊
၁၉ရှိမဟိ၏သားမြေးတို့တွင်ယာကိမ်၊ ဇိခရိ၊ ဇာဗဒိ၊- ဧလျေနဲ၊ ဇိလသဲ၊ ဧလေလ၊- အဒါ ယ၊ ဗေရာယ၊ ရှိမရတ်တို့ပါဝင်ကြ၏။
20 ၂၀ ဧလျေနဲ၊ ဇိလသဲ၊ ဧလေလ၊
၂၀
21 ၂၁ အဒါယ၊ ဗေရာယ၊ ရှိမရတ်တို့သည် ရှိမဟိ သားတည်း။
၂၁
22 ၂၂ ဣရှပန်၊ ဟေဗာ၊ ဧလေလ၊
၂၂ရှာရှက်၏သားမြေးတို့တွင်ဣရှပန်၊ ဟေဗာ၊ ဧလေလ၊-
23 ၂၃ အာဗဒုန်၊ ဇိခရိ၊ ဟာနန်၊
၂၃အာဗဒုန်၊ ဇိခရိ၊ ဟာနန်၊
24 ၂၄ ဟာနနိ၊ ဧလံ၊ အန္တောသိယ၊
၂၄ဟာနနိ၊ ဧလံ၊ အေန္တောသိယ၊
25 ၂၅ ဣဖဒိယ၊ ပေနွေလတို့သည် ရှာရှက်သားတည်း။
၂၅ဣဖဒိယ၊ ပေနွေလတို့ပါဝင်ကြ၏။
26 ၂၆ ရှံရှရဲ၊ ရှေဟာရိ၊ အာသလိ၊
၂၆ယေရောဟံ၏သားမြေးတို့တွင်ရှံရှရဲ၊ ရှေဟာရိ၊ အာသလိ၊-
27 ၂၇ ယာရရှိ၊ ဧလိယ၊ ဇိခရိတို့သည် ယေရောဟံ သားတည်း။
၂၇ယာရရှိ၊ ဧလိယ၊ ဇိခရိ၊ တို့ပါဝင်ကြ၏။
28 ၂၈ ဤသူတို့သည် ယေရုရှလင်မြို့မှာနေ၍၊ အစဉ် အဆက်အဆွေအမျိုးသူကြီးမင်းဖြစ်ကြ၏။
၂၈ဤသူတို့သည်ဘိုးဘေးအစဉ်အဆက်မှ အိမ်ထောင်ဦးစီးများဖြစ်ကြ၍ သူတို့၏ သားမြေးများသည်ယေရုရှလင်မြို့တွင် နေထိုင်ကြလေသည်။
29 ၂၉ ဂိဗောင်မြို့မှာ ဂိဗေါင်အဘယေဟေလနေ၏။ သူ၏မယားကား မာခါအမည်ရှိ၏။
၂၉ယေဟေလသည်ဂိဗောင်မြို့ကိုတည်ထောင်၍ ထိုမြို့တွင်အခြေစိုက်နေထိုင်လေသည်။ သူ ၏ဇနီး၏နာမည်မှာမာခါဖြစ်၏။-
30 ၃၀ သူ၏သားဦးကား အာဗဒုန်၊ သူ၏ညီကား ဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊
၃၀သူ၏သားဦးကားအာဗဒုန်တည်း။ အခြား သားများမှာဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊-
31 ၃၁ ဂေဒေါ်၊ အဟိဩ၊ ဇာခရိ၊ မိကလုတ်တည်း။
၃၁ဂေဒေါ်၊ အဟိသြ၊ ဇာခရိနှင့်မိကလုတ် တို့ဖြစ်၏။-
32 ၃၂ မိကလုပ်သားကား ရှိမံတည်း။ ဤသူတို့သည် ယေရုရှင်လင်မြို့ မှာညီအစ်ကိုစုအနား၊ တဘက်တချက်၌ နေရာကျကြ၏။
၃၂မိကလုတ်၏သားသည်ရှိမံဖြစ်၏။ သူတို့ ၏သားမြေးများသည်မိမိတို့၏သားချင်း အခြားအိမ်ထောင်စုများအနီးယေရု ရှလင်မြို့တွင်နေထိုင်ကြလေသည်။
33 ၃၃ နေရသားကားကိရှ၊ ကိရှသားရှောလု၊ ရှောလု သား ယောနသန်၊ မေလခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလ တည်း။
၃၃နေရ၏သားသည်ကိရှ၊ ကိရှ၏သားမှာ ရှောလုဖြစ်၏။ ရှောလုတွင်ယောနသန်၊ မေလခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလဟူ၍ သားလေးယောက်ရှိ၏။-
34 ၃၄ ယောနသန်သားကား မေရိဗ္ဗာလ၊ မေရိဗ္ဗာလ သား မိက္ခာ၊
၃၄ယောနသန်၏သားသည်မေရိဗ္ဗာလဖြစ်၍ မေရိဗ္ဗာလ၏သားမှာမိက္ခာဖြစ်၏။
35 ၃၅ မိက္ခာသား ပိသုန်၊ မေလက်၊ တာရာ၊ အာခတ် တည်း။
၃၅မိက္ခာတွင်ပိသုန်၊ မေလက်၊ တာရာ၊ အာခတ် ဟူ၍သားလေးယောက်ရှိ၏။-
36 ၃၆ အာခတ်သား ကားယာရ၊ ယာရသားအာလ မက်၊ အာဇမာဝက်၊ ဇိမရိတည်း၊ ဇိမရိသားကား မောဇ၊
၃၆အာခတ်၏သားသည်ယုဒ္ဒါဖြစ်၏။ ယုဒ္ဒါတွင် အာလမက်၊ အာဇမာဝက်၊ ဇိမရိဟူ၍ သားသုံးယောက်ရှိ၏။ ဇိမရိ၏သားသည် မောဇ၊-
37 ၃၇ မောဇသားဗိနာ၊ ဗိနာသား ရေဖာယ၊ ရေဖာယ သား ဧလာသ၊ ဧလာသသား အာဇေလ၊
၃၇မောဇ၏သားမှာဗိနာ၊ ဗိနာ၏သားကား ရေဖာယဖြစ်၏။ ရေဖာယ၏သားသည် ဧလာသ၊ ဧလာသ၏သားမှာအာဇေလ ဖြစ်သတည်း။
38 ၃၈ အာဇေလသား ခြောက်ယောက်အမည်ကား အာဇရိကံ၊ ဗောခေရု၊ ဣရှမေလ၊ ရှရိယ၊ ဩဗဒိ၊ ဟာနန်တည်း။
၃၈အာဇေလတွင်အာဇရိကံ၊ ဗောခေရု၊ ဣရှ မေလ၊ ရှရိယ၊ သြဗဒိ၊ ဟာနန်၊ ဟူ၍သား ခြောက်ယောက်ရှိ၏။-
39 ၃၉ အာဇေလညီ ဧရှက်သားဦးကား ဥလံ၊ ဒုတိယ သား ယေဟုတ်၊ တတိယသား ဧလိဖလက်တည်း။
၃၉အာဇေလ၏ညီဧရှက်တွင်ဥလံ၊ ယေဟုတ်၊ ဧလိဖလက်ဟူ၍သားသုံးယောက်ရှိ၏။
40 ၄၀ ဥလံသားတို့သည် ခွန်အားကြီးသော လေးသူရဲ ဖြစ်ကြ၏။ သားမြေးများ၍ ပေါင်းတရာငါးဆယ်ရှိကြ၏။ ဤရွေ့ကား၊ ဗင်္ယာမိန်သားစဉ်မြေးဆက်ဖြစ်သတည်း။
၄၀ဥလံ၏သားများသည်ထူးချွန်သောစစ်သူရဲ များနှင့်လေးသည်တော်များဖြစ်ကြ၏။ သူ ၏သားမြေးပေါင်းတစ်ရာ့ငါးဆယ်ရှိ၏။ အထက်တွင်ဖော်ပြပါရှိသူအပေါင်းတို့ သည်ဗင်္ယာမိန်အနွယ်ဝင်များဖြစ်သတည်း။