< ၁ ရာဇဝင်ချုပ် 28 >
1 ၁ တဖန်ဒါဝိဒ်မင်းသည် ဣသရေလမင်းများတည်း ဟူသော အမျိုးအသီးအသီးကို အုပ်သောမင်း၊ အလှည့် လှည့်အမှုတော်ကို စောင့်သော တပ်မှူးဗိုလ်မင်း၊ လူ တထောင်အုပ်၊ တရာအုပ်၊ ရှင်ဘုရင်၏ဘဏ္ဍာစိုး၊ သား တော်၏ဘဏ္ဍာစိုး၊ ခွန်အားရှိသောသူရဲ အကြီးအကဲ အရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့မှာ စုဝေးစေတော် မူ၏။
ダビデはイスラエルのすべての長官、すなわち部族の長、王に仕えた組の長、千人の長、百人の長、王とその子たちのすべての財産および家畜のつかさ、宦官、有力者、勇士などをことごとくエルサレムに召し集めた。
2 ၂ ထိုအခါဒါဝိဒ်မင်းကြီးသည်ရပ်၍၊ ငါ့ညီအစ်ကို၊ ငါ့လူတို့ နားထောင်ကြလော့။ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ငြိမ်ဝပ်ရာ အိမ်တည်းဟူသော ဘုရားသခင် ၏ ခြေတော်တင်ရာခုံကို တည်လုပ်မည်ဟု ငါအကြံရှိ၍ တည်လုပ်ခြင်းငှါ ပြင်ဆင်နှင့်ပြီ။
そしてダビデ王はその足で立ち上がって言った、「わが兄弟たち、わが民よ、わたしに聞きなさい。わたしは主の契約の箱のため、われわれの神の足台のために安住の家を建てようとの志をもち、すでにこれを建てる準備をした。
3 ၃ သို့ရာတွင် ဘုရားသခင်က သင်သည် စစ်တိုက် သောသူ၊ လူအသက်ကို သတ်သောသူဖြစ်၍၊ ငါ့နာမ အဘို့အိမ်တော်ကို မတည်မဆောက်ရဟု မိန့်တော်မူ၏။
しかし神はわたしに言われた、『おまえはわが名のために家を建ててはならない。おまえは軍人であって、多くの血を流したからである』と。
4 ၄ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား သည် ငါ့အဆွေအမျိုးများထဲက ငါ့ကိုရွေးကောက်၍ ဣသရေလရှင်ဘုရင်အရာ၌ အမြဲချီးမြှောက်တော်မူ၏။ ယုဒအမျိုးကို ရွေးကောက်၍ အခြားသော အမျိုး တို့ကို အုပ်စိုးရသောအခွင့်ကို ပေးတော်မူ၏။ ယုဒအမျိုးတွင် ငါ့အဘ၏ အိမ်ထောင်ကို၎င်း၊ ငါ့အဘ၏သားတို့တွင် ငါ့ကို၎င်း၊ နှစ်သက်၍ဣသရေ လနိုင်ငံလုံးကို စိုးစံရသော အခွင့်ကို ပေးတော်မူ၏။
それにもかかわらず、イスラエルの神、主はわたしの父の全家のうちからわたしを選んで長くイスラエルの王とせられた。すなわちユダを選んでかしらとし、ユダの家のうちで、わたしの父の家を選び、わたしの父の子らのうちで、わたしを喜び、全イスラエルの王とせられた。
5 ၅ ထာဝရဘုရားသည် ငါ့အားများစွာသော သား တို့ကို ပေးတော်မူသည်ဖြစ်၍၊ ငါ့သားအပေါင်းတို့တွင် သားရှောလမုန်ကို ရွေးကောက်၍ ဣသရေလအမျိုးကို အုပ်စိုးလျက်၊ ထာဝရဘုရား၏ နိုင်ငံတော်ရာဇပလ္လင် ပေါ်မှာထိုင်စေခြင်းငှါ ခန့်ထားတော်မူပြီ။
そして主はわたしに多くの子を賜わり、そのすべての子らのうちからわが子ソロモンを選び、これを主の国の位にすわらせて、イスラエルを治めさせようとせられた。
6 ၆ ငါ့အားလည်း သင့်သားရှောလမုန်သည် ငါ့အိမ် နှင့်ငါ့တန်တိုင်းတို့ကို တည်ရမည်။ ငါသည်ထိုသူကို သား အရာ၌ခန့်ထားခြင်းငှါ ရွေးကောက်ပြီ။ ငါသည် သူ၏ အဘဖြစ်မည်။
主はまたわたしに言われた、『おまえの子ソロモンがわが家およびわが庭を造るであろう。わたしは彼を選んでわが子となしたからである。わたしは彼の父となる。
7 ၇ သူသည် ငါစီရင်ချက်ပညတ် တရားတို့ကို ယနေ့ ကဲ့သို့ အမြဲကျင့်လျှင် သူ၏နိုင်ငံကို ငါတည်စေမည်ဟု မိန့်တော်မူ၏။
彼がもし今日のように、わが戒めとわがおきてを固く守って行うならば、わたしはその国をいつまでも堅くするであろう』と。
8 ၈ သို့ဖြစ်၍ သင်တို့သည် ဤကောင်းသော ပြည်ကို ပိုင်၍ သင်တို့၏ သားမြေးအစဉ်အဆက် အမွေခံရာဘို့ ချဉ်ထားလိုသောငှါ၊ ထာဝရဘုရား၏ပရိသတ်တည်း ဟူသော ဣသရေလအမျိုးသားအပေါင်းတို့ရှေ့၌၎င်း၊ ငါတို့ဘုရားသခင့်အထံတော်၌၎င်း၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုရှာ၍ စောင့် ရှောက်ကြလော့။
それゆえいま、主の会衆なる全イスラエルの目の前およびわれわれの神の聞かれる所であなたがたに勧める。あなたがたはその神、主のすべての戒めを守り、これを求めなさい。そうすればあなたがたはこの良き地を所有し、これをあなたがたの後の子孫に長く嗣業として伝えることができる。
9 ၉ ငါ့သားရှောလမုန်၊ သင့်အဘ၏ဘုရားသခင်ကို သိလော့။ စုံလင်သောနှလုံး၊ ကြည်ညိုသော စိတ်သဘော နှင့် ဝတ်ပြုလော့။ ထာဝရဘုရားသည် ခပ်သိမ်းသော စိတ်နှလုံးတို့ကို စစ်၍အကြံအစည်ရှိလေသမျှတို့ကို သိတော်မူ၏။ ကိုယ်တော်ကို ရှာလျှင်အတွေ့ခံတော်မူမည်။ ကိုယ်တော်ကိုစွန့်လျှင် သင့်ကို အစဉ်အမြဲ စွန့်တော်မူမည်။
わが子ソロモンよ、あなたの父の神を知り、全き心をもって喜び勇んで彼に仕えなさい。主はすべての心を探り、すべての思いを悟られるからである。あなたがもし彼を求めるならば会うことができる。しかしあなたがもしかれを捨てるならば彼は長くあなたを捨てられるであろう。
10 ၁၀ သတိပြုလော့။ သန့်ရှင်းရာဌာနအဘို့ အိမ် တော်ကို တည်ဆောက်စေခြင်းငှါ သင့်ကို ထာဝရဘုရား ရွေးကောက်တော်မူသောကြောင့်၊ အားယူ၍ တည် ဆောက်လော့ဟုမှာထားတော်မူ၏။
それであなたは慎みなさい。主はあなたを選んで聖所とすべき家を建てさせようとされるのだから心を強くしてこれを行いなさい」。
11 ၁၁ ထိုအခါအိမ်တော်ဦး၊ အဆောင်ကြီး၊ ဘဏ္ဍာ တိုက်၊ အထက်ခန်း၊ အတွင်းခန်း၊ သေတ္တာတော်အဖုံး ထားရာ အခန်း၏ ပုံကို၎င်း၊
こうしてダビデは神殿の廊およびその家、その倉、その上の室、その内の室、贖罪所の室などの計画をその子ソロモンに授け、
12 ၁၂ ထာဝရဘုရား၏အိမ်တော်တန်တိုင်းများ၊ ပတ် လည်၌ ကာသောအခန်းများ၊ ဘုရားသခင်၏ အိမ်တော် ဘဏ္ဍာတိုက်များ၊ ပူဇော်သောအရာသိုထားရာ တိုက်များ တို့၏ပုံကို၎င်း၊ မိမိကြံစည်သမျှအတိုင်း၊ ဒါဝိဒ်သည် သားတောရှောလမုန်အား အပ်တော်မူ၏။
またその心にあったすべてのもの、すなわち主の宮の庭、周囲のすべての室、神の家の倉、ささげ物の倉などの計画を授け、
13 ၁၃ ယဇ်ပုရောဟိတ်၊ လေဝိသားသင်းဖွဲ့ခြင်း၊ ထာဝရဘုရား၏အိမ်တော်၌ အမှုတော်ကို ဆောင်ရွက် ခြင်း၊ ဆောင်ရွက်စရာ တန်ဆာရှိသမျှတို့ကိုလည်း စီရင် တော်မူ၏။
また祭司およびレビびとの組と、主の宮のもろもろの務の仕事と、主の宮のもろもろの勤めの器物について授け、
14 ၁၄ အမှုတော်အမျိုးမျိုးကို ဆောင်ရွက်စရာ ရွှေ တန်ဆာရှိသမျှတို့အဘို့ ရွှေကို၎င်း၊ ငွေတန်ဆာရှိသမျှတို့ အဘို့ ငွေကို၎င်းချိန်၍ အပ်တော်မူ၏။
またもろもろの勤めに用いるすべての金の器を造る金の目方、およびもろもろの勤めに用いる銀の器の目方を定めた。
15 ၁၅ ရွှေမီးခုံနှင့်ရွှေမီးခွက်အသီးအသီးအဘို့၊ ငွေမီးခုံ နှင့် ငွေမီးခွက်အသီးအသီး သုံးစရာရှိသည်အတိုင်း ရွှေငွေကို ချိန်၍ အပ်တော်မူ၏။
すなわち金の燭台と、そのともしび皿の目方、おのおのの燭台と、そのともしび皿の金の目方を定め、また銀の燭台についてもおのおのの燭台の用法にしたがって燭台と、そのともしび皿の銀の目方を定めた。
16 ၁၆ ရှေ့တော်မုန့်တင်စရာရွှေစားပွဲနှင့် ငွေစားပွဲ အသီးအသီးအဘို့ ရွှေငွေကိုချိန်၍ အပ်တော်မူ၏။
また供えのパンの机については、そのおのおのの机のために金の目方を定め、また銀の机のためにも銀を定め、
17 ၁၇ အမဲသားချိတ်၊ အင်တုံ၊ ဖလားများအဘို့ ရွှေစင် ကို၎င်း၊ ရွှေလင်ပန်းနှင့် ငွေလင်ပန်းအသီးအသီးအဘို့ ရွှေငွေကို၎င်း၊ ချိန်၍အပ်တော်မူ၏။
また肉さし、鉢、かめに用いる純金の目方を定め、金の大杯についてもおのおのの目方を定め、銀の大杯についてもおのおのの目方を定め、
18 ၁၈ နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်အဘို့ ရွှေစင်ကို ၎င်း၊ အတောင်တို့ကို ဖြန့်၍ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို လွှမ်းမိုးသော ခေရုဗိမ်ရထားတော်ပုံ အဘို့ရွှေကို၎င်း၊ ချိန်၍အပ်တော်မူ၏။
また香の祭壇のために精金の目方を定め、また翼を伸べて主の契約の箱をおおっているケルビムの金の車のひな型の金を定めた。
19 ၁၉ ထိုပုံများရှိသမျှတို့ကို ရေးထားသည်အတိုင်း၊ နားလည်နိုင်သော ဥာဏ်ပညာကို ထာဝရဘုရားသည် ပေးတော်မူ၏။
ダビデはすべての工作が計画にしたがってなされるため、これについて主の手によって書かれたものにより、これをことごとく明らかにした。
20 ၂၀ သားတော်ရှောလမုန်အားလည်း၊ သင်သည် အားယူ၍ ရဲရင့်သော စိတ်နှင့်လုပ်ဆောင်လော့။ မစိုးရိမ် နှင့်။ စိတ်မပျက်နှင့်။ ငါ၏ဘုရားသခင် ထာဝရအရှင် ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်မှုကို ဆောင်ရွက်ရာဘို့ လုပ် ဆောင်၍ လက်စမသတ်မှီတိုင်အောင် သင့်ကို စွန့်တော် မမူ။ ပစ်ထားတော်မမူ။
ダビデはその子ソロモンに言った、「あなたは心を強くし、勇んでこれを行いなさい。恐れてはならない。おののいてはならない。主なる神、わたしの神があなたとともにおられるからである。主はあなたを離れず、あなたを捨てず、ついに主の宮の務のすべての工事をなし終えさせられるでしょう。
21 ၂၁ သင်းဖွဲ့သောယဇ်ပုရောဟိတ်၊ လေဝိသားတို့ သည်လည်း ဘုရားသခင်၏အိမ်တော်မှုကို ဆောင်ရွက် ရာဘို့ရှိကြ၏။ လိမ္မာသော ဆရာသမားအမျိုးမျိုးတို့ သည်လည်း အရာရာတို့ကို လုပ်ဆောင်စေဘို့ရှိကြ၏။ မင်းများနှင့် ပြည်သူပြည်သားများအပေါင်းတို့သည်လည်း သင့်လက်၌ရှိကြသည်ဟု မိန့်တော်မူ၏။
見よ、神の宮のすべての務のためには祭司とレビびとの組がある。またもろもろの勤めのためにすべての仕事を喜んでする巧みな者が皆あなたと共にある。またつかさたちおよびすべての民もあなたの命じるところをことごとく行うでしょう」。