< ၁ ရာဇဝင်ချုပ် 26 >
1 ၁ အသီးအသီးသင်းဖွဲ့သော တံခါးစောင့်များဟူ မူကား။ ကောရဟိအမျိုးဧဗျာသပ်အနွှယ်၊ ကောရသား မေရှလေမိ၊
Quanto às repartições dos porteiros: Dos coraítas: Meselemias filho de Coré, dos filhos de Asafe.
2 ၂ မေရှလေမိ၏သားဦးဇာခရိ၊ ဒုတိယသား ယေဒျေလ၊ တတိယ သားဇေဗဒိ၊ စတုတ္ထသား ယာသ နေလ၊
Os filhos de Meselemias: Zacarias o primogênito, Jediael o segundo, Zebadias o terceiro, Jatniel o quarto;
3 ၃ ပဥ္စမသားဧလံ၊ ဆဋ္ဌမသားယေဟနန်၊ သတ္တမ သားဧလဲဩနဲတည်း။
Elão o quinto, Joanã o sexto, Elioenai o sétimo.
4 ၄ ဩဗဒေဒုံ၏သားဦးရှေမာယ၊ ဒုတိယသား ယောဇဗပ်၊ တတိယသားယောအာ၊ စတုတ္ထသားစာကာ၊ ပဥ္စမသားနာ သနေလ၊
Os filhos de Obede-Edom: Semaías o primogênito, Jozabade o segundo, Joabe o terceiro, o quarto Sacar, o quinto Natanael;
5 ၅ ဆဋ္ဌမသားအမျေလ၊ သတ္တမသားဣသခါ၊ အဌမသားပုလသဲတည်း။ ဩဗဒေဒုံကို ဘုရားသခင် သည် ကောင်းကြီးပေးတော်မူ၏။
O sexto Amiel, o sétimo Issacar, o oitavo Peuletai: porque Deus havia abençoado a Obede-Edom.
6 ၆ သားဦးရှေမာယ၏သား ဩသနိ၊ ရေဖေလ၊ ဩဗက်၊ ဧလာဇာဗဒ်နှင့် ခွန်အားကြီးသော ညီလိဟု၊ သေမခိတို့သည် ခွန်အားကြီးသားသူရဲ၊ မိမိတို့အဆွေအမျိုး ၌ အစိုးရသောသူဖြစ်ကြ၏။
Também de Semaías seu filho nasceram filhos que foram senhores sobre a casa de seus pais; porque eram varões muito valentes.
Os filhos de Semaías: Otni, Rafael, Obede, Elzabade, e seus irmãos, homens esforçados; assim Eliú, e Semaquias.
8 ၈ အမှုတော်ကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်းနိုင် အောင်ခွန်အားကြီး သောဩဗဒေဒုံ အမျိုးသားချင်း ယောက်ျားပေါင်းကား ခြောက်ကျိပ်နှစ်ယောက်တည်း။
Todos estes dos filhos de Obede-Edom: eles com seus filhos e seus irmãos, homens robustos e fortes para o ministério; sessenta e dois, de Obede-Edom.
9 ၉ ခွန်အားကြီးသော မေရှလေမိသားညီ ယောက်ျားပေါင်းကား တကျိပ်ရှစ်ယောက်တည်း။
E os filhos de Meselemias e seus irmãos, dezoito homens valentes.
10 ၁၀ မေရာရိအမျိုး၊ ဟောသ၏သားတို့တွင် ရှိမရိ သည် သားဦးမဟုတ်သော်လည်း၊ အဘခန့်ထားသော ကြောင့် သားအကြီးဖြစ်သတည်း။
De Hosa, dos filhos de Merari: Sinri o principal, (ainda que não fosse o primogênito, mas seu pai o pôs para que fosse cabeça);
11 ၁၁ ဒုတိယသားကားဟိလခိ၊ တတိယသားတေဗလိ၊ စတုတ္ထသား ဇာခရိအစရှိသော ဟေဝသသားညီပေါင်း ကား တကျိပ်သုံးယောက်တည်း။
O segundo Hilquias, o terceiro Tebalias, o quarto Zacarias: todos os filhos de Hosa e seus irmãos foram treze.
12 ၁၂ ဤရွေ့ကား ထာဝရဘုရား၏ အိမ်တော်၌ အလှည့်လှည့်စောင့်ခြင်းငှါ သင်းဖွဲ့သော တံခါးစောင့် အကြီးအကဲဖြစ်သတည်း။
Entre estes se fez a distribuição dos porteiros, alternando os principais dos varões na guarda com seus irmãos, para servir na casa do SENHOR.
13 ၁၃ ထိုသူအကြီးအငယ်တို့သည်၊ မိမိတို့အဆွေ အမျိုးအလိုက် တံခါးအသီးအသီး စောင့်စေခြင်းငှါ စာရေးတံ ပြုကြ၍၊
E lançaram sortes, o pequeno com o grande, pelas casas de seus pais, para cada porta.
14 ၁၄ အရှေ့မျက်နှာကို ရှေလမိရ၏။ ရှေလမိသား ပညာရှိဇာခရိသည် စာရေးတံအားဖြင့် မြောက်မျက်နှာ ကို ရ၏။
E caiu a sorte ao oriente a Selemias. E a Zacarias seu filho, conselheiro entendido, lançaram as sortes, e sua sorte foi para o norte.
15 ၁၅ ဩဗဒေဒုံသည် တောင်မျက်နှာကို၎င်း၊ သူ၏ သားတို့သည် အသုပိမ်အိမ်ကို၎င်း ရ၏။
E por Obede-Edom, ao sul; e por seus filhos, a casa dos depósitos.
16 ၁၆ ရှုပိန်နှင့်ဟောသသည် အနောက်မျက်နှာနှင့် ဗိမာန်တော်သို့ တက်ရာလမ်းဝ၌ရှလ္လေခက်တံခါးကိုရ၍ တဘက်တချက်၌ စောင့်ရ၏။
Por Supim e Hosa ao ocidente, com a porta de Salequete ao caminho da subida, guarda contra guarda.
17 ၁၇ နေ့ရက်အစဉ်အတိုင်း အရှေ့မျက်နှာ၌ လေဝိသားခြောက်ယောက်၊ မြောက်မျက်နှာ၌လေးယောက်၊ တောင်မျက်နှာ၌လေးယောက်၊ အသုပိမ်ဘက် မှာနှစ်ယောက်၊ တန်တိုင်းတော်ပြင်မှာနှစ်ယောက်၊
Ao oriente seis levitas, ao norte quatro de dia; ao sul quatro de dia; e à casa dos depósitos, de dois em dois.
18 ၁၈ အနောက်မျက်နှာ လမ်းဝမှာလေးယောက်၊ တန်တိုင်းတော်ပြင်မှာ နှစ်ယောက်စောင့်ရကြ၏။
Em a câmara dos vasos ao ocidente, quatro ao caminho, e dois na câmara.
19 ၁၉ ဤရွေ့ကား၊ တံခါးစောင့်အရာရှိသော ကောရ အမျိုးသားနှင့် မေရရိအမျိုးသားဖွဲ့သော အသင်းအသီး အသီးပေတည်း။
Estes são as repartições dos porteiros, filhos dos coraítas, e dos filhos de Merari.
20 ၂၀ လေဝိသားတို့တွင်၊ အဟိယသည် ဘုရားသခင် ၏ အိမ်တော်ဘဏ္ဍာနှင့် ပူဇော်သောဘဏ္ဍာများကို အုပ်ရ၏။
E dos levitas, Aías tinha cargo dos tesouros da casa de Deus, e dos tesouros das coisas santificadas.
21 ၂၁ အဆွေအမျိုးသူကြီးဖြစ်သော ဂေရရှုံအမျိုး လာဒန်သားတို့တွင် ယေဟေလိနှင့်၊
Quanto a os filhos de Ladã, filhos de Gérson: de Ladã, os príncipes das famílias de Ladã foram Gérson, e Jeieli.
22 ၂၂ သူ၏သားဇေသံ ယောလတို့သည်လည်း ဘုရား သခင်၏ အိမ်တော်ဘဏ္ဍာကိုအုပ်ရ၏။
Os filhos de Jeieli, Zetã e Joel seu irmão, tiveram cargo dos tesouros da casa do SENHOR.
23 ၂၃ အာမရံအမျိုး၊ ဣဇဟာအမျိုး၊ ဟေဗြုန်အမျိုး၊ ဩဇေလအမျိုးသားအချို့ပါကြ၏။
Acerca dos anramitas, dos izaritas, dos hebronitas, e dos uzielitas,
24 ၂၄ မောရှေသားဂေရရှုံ၏သား ရှေဗွေလသည် လည်း ဘဏ္ဍာတော်တို့ကို အုပ်ရ၏။
Sebuel filho de Gérson, filho de Moisés, era principal sobre os tesouros.
25 ၂၅ ဂေရရှုံညီဧလျေဇာ၊ ဧလျေဇာသားရေဟဗိ၊ သူ၏သားယေရှာယ၊ သူ၏သားယောရံ၊ သူ၏သားဇိခရိ၊ သူ၏သားရှေလောမိတ်တည်း။
Em ordem a seu irmão Eliézer, filho deste era Reabias, filho deste Jesaías, filho deste Jorão, filho deste Zicri, do que foi filho Selomote.
26 ၂၆ ထိုရှေလောမိတ်နှင့်သူ၏ညီတို့သည် ဒါဝိဒ် မင်းကြီး၊ အဆွေအမျိုးသူကြီး၊ လူတထောင်အုပ်၊ တရာ အုပ်၊ ဗိုလ်မင်းပူဇော်သော ဘဏ္ဍာရှိသမျှကို အုပ်ရ၏။
Este Selomote e seus irmãos tinham cargo de todos os tesouros de todas as coisas santificadas, que havia consagrado o rei Davi, e os príncipes das famílias, e os capitães de milhares e de centenas, e os chefes do exército;
27 ၂၇ ထိုမင်းတို့သည် စစ်တိုက်၍ရသောဥစ္စာတို့ကို မသိမ်း၊ ထာဝရဘုရား၏ အိမ်တော်ကိုပြုစုခြင်းငှါ ပူဇော် တတ်ကြ၏။
De o que haviam consagrado das guerras e dos despojos, para reparar a casa do SENHOR.
28 ၂၈ ပရောဖက်ရှမွေလ၊ ကိရှသားရှောလု၊ နေရသား အာဗနာ၊ ဇေရုယာသား ယွာဘမှစ၍ အခြားသောသူ ပူဇော်သမျှတို့ကို၊ ရှေလောမိတ်နှင့် သူ၏ညီတို့သည် ကြည့်ရှုအုပ်စိုးရကြ၏။
Assim todas as coisas que havia consagrado Samuel vidente, e Saul filho de Quis, e Abner filho de Ner, e Joabe filho de Zeruia: e todo o que qualquer um consagrava, estava sob a mão de Selomote e de seus irmãos.
29 ၂၉ ဣဇဟာအမျိုးခေနနိနှင့် သူ၏သားတို့သည် မင်းအရာရှိ၊ တရားသူကြီးဖြစ်၍၊ ဣသရေလနိုင်ငံတွင် ပြင်အမှုကို စောင့်ရကြ၏။
Dos izaritas, Quenanias e seus filhos eram governadores e juízes sobre Israel nas obras de fora.
30 ၃၀ ဟေဗြုန်အမျိုးဖြစ်သော သူရဲကြီးဟာရှဘိနှင့် သူ၏ညီတထောင်ခုနစ်ရာတို့သည်၊ ယော်ဒန်မြစ် အနောက်ဘက်မှာနေသော ဣသရေလလူတို့တွင် မင်းအရာရှိဖြစ်၍၊ ထာဝရဘုရား၏အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။
Dos hebronitas, Hasabias e seus irmãos, homens de vigor, mil e setecentos, governavam a Israel da outra parte do Jordão, ao ocidente, em toda a obra do SENHOR, e no serviço do rei.
31 ၃၁ ဟေဗြုန်အမျိုးသားတို့တွင်၊ အဆွေအမျိုးအလိုက် ယေရိယသည် အကြီးအကဲဖြစ်၏။ ဒါဝိဒ်မင်းနန်းစံ လေးဆယ်တွင်၊ ထိုအမျိုးသားတို့ကို စာရင်းယူ၍ ဂိလဒ် ပြည်ယာဇာမြို့၌ ခွန်အားကြီးသော သူရဲတို့ကို တွေ့၏။
Dos hebronitas, Jerias era o principal entre os hebronitas repartidos em suas linhagens por suas famílias. No ano quarenta do reinado de Davi se registraram, e acharam-se entre eles fortes e vigorosos em Jazer de Gileade.
32 ၃၂ ယေရိယ၏ပေါက်ဘော်တည်းဟူသော သူရဲကြီး၊ အဆွေအမျိုး သူကြီးနှစ်ထောင်ခုနစ်ရာတို့သည် ဒါဝိဒ် မင်းကြီးခန့်ထာသည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ကို အုပ်စိုး၍ ဘုရားသခင်၏ အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။
E seus irmãos, homens valentes, eram dois mil e setecentos, cabeças de famílias, os quais o rei Davi constituiu sobre os rubenitas, gaditas, e sobre a meia tribo de Manassés, para todas as coisas de Deus, e os negócios do rei.