< ၁ ရာဇဝင်ချုပ် 24 >
1 ၁ အာရုန်အမျိုးသားအသီးအခြားသင်းဖွဲ့ရာမှာ၊ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တည်း။
Voici les divisions des fils d'Aaron. Fils d'Aaron: Nadab, Abihu, Éléazar et Ithamar.
2 ၂ နာဒပ်နှင့်အဘိဟုသည်သားမရှိ။ အဘ လက်ထက်တွင် သေသောကြောင့်၊ ဧလာဇာနှင့်ဣသမာ သည် ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ၏။
Mais Nadab et Abihu moururent avant leur père et n'eurent pas d'enfants; c'est pourquoi Éléazar et Ithamar furent sacrificateurs.
3 ၃ ဒါဝိဒ်သည် ဧလာဇာအမျိုးဇာဒုတ်နှင့် ဣသမာ အမျိုးအဟိမလက်ကို အသီးအသီးဆောင်သင့်သည် အတိုင်းခန့်ထားလေ၏။
David, avec Zadok des fils d'Éléazar et Achimélec des fils d'Ithamar, les répartit selon leur ordre dans leur service.
4 ၄ ဣသမာအမျိုးအကြီးအကဲထက် ဧလာဇာအမျိုး အကြီးအကဲ သာ၍များသောကြောင့်၊ ဧလာဇာအဆွေ အမျိုးအလိုက် အကြီးအကဲ တကျိပ်ခြောက်ယောက်၊ ဣသမာအဆွေအမျိုးအလိုက် အကြီးအကဲ ရှစ်ယောက် တို့ကို အသီးအသီးခွဲခန့်လေ၏။
Il se trouva plus de chefs parmi les fils d'Éléazar que parmi les fils d'Ithamar; et ils furent divisés ainsi: des fils d'Éléazar, il y en eut seize, chefs de maisons paternelles; et des fils d'Ithamar, selon leurs maisons paternelles, huit.
5 ၅ စာရေးတံပြုလျက် အသီးအခြား ခွဲခန့်၍ သန့်ရှင်းရာဌာနအုပ်၊ ဘုရားသခင်၏အမှုတော်အုပ်တို့ကို ဧလာဇာအမျိုးနှင့် ဣသမာအမျိုးထဲက ရွေးယူရ၏။
C'est ainsi qu'on les partagea impartialement par tirage au sort, car il y avait des chefs du sanctuaire et des chefs de Dieu, tant parmi les fils d'Éléazar que parmi les fils d'Ithamar.
6 ၆ လေဝိအမျိုးနာသနေလသား စာရေးတော် ရှေမာယသည် ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ် ဇာဒုတ်၊ အဗျာသာသား အဟိမလက်၊ ယဇ်ပုရောဟိတ် လေဝိသားအဆွေအမျိုးသူကြီးများ ရှေ့မှာနာမများကို မှတ်ရ၏။ စာရေးတံပြု၍ ဧလာဇာအမျိုးနှင့် ဣသမာ အမျိုးထဲက အလှည့်လှည့် ရွေးကောက်ခန့်ထားသော သူဟူမူကား၊
Schemaeja, fils de Nethaneel, le scribe, qui était d'entre les Lévites, les écrivit en présence du roi, des chefs, du sacrificateur Tsadok, d'Achimélec, fils d'Abiathar, et des chefs de famille des sacrificateurs et des Lévites; on prit une maison de famille pour Éléazar et une pour Ithamar.
7 ၇ ပဌမသူယောယာရိပ်၊ ဒုတိယသူယေဒါယ၊
Le premier lot échut à Jehoïarib, le second à Jedaja,
8 ၈ တတိယသူဟာရိမ်၊ စတုတ္ထသူစောရိမ်၊
le troisième à Harim, le quatrième à Seorim,
9 ၉ ပဥ္စမသူမာလခိယ၊ ဆဌမသူမိယမိန်၊
le cinquième à Malkija, le sixième à Mijamin,
10 ၁၀ သတ္တမသူဟက္ကုတ်၊ အဋ္ဌမသူအဘိယ၊
le septième à Hakkoz, le huitième à Abija,
11 ၁၁ နဝမသူယေရွှာ၊ ဒသမသူ ရှေကနိ၊
le neuvième à Josué, le dixième à Shecania,
12 ၁၂ ဧက ဒသမသူဧလျာရှိပ်၊ ဒွါဒသမသူယာကိမ်၊
le onzième à Eliaschib, le douzième à Jakim,
13 ၁၃ တကျိပ်သုံးယောက်မြောက်သော သူဟုပ္ပ၊ တကျိပ်လေးယောက်မြောက်သောသူ ယေရှေဗပ်၊
le treizième à Huppa, le quatorzième, à Jeshebeab,
14 ၁၄ တကျိပ်ငါးယောက်မြောက်သော သူဗိလဂ၊ တကျိပ်ခြောက်ယောက် မြောက်သောသူဣမ္မေရ၊
le quinzième, à Bilga, le seizième, à Immer,
15 ၁၅ တကျိပ်ခုနစ်ယောက်မြောက်သော သူဟေဇိရ၊ တကျိပ်ရှစ် ယောက်မြောက်သူအပ်ဇဇ်၊
le dix-septième, à Hezir, le dix-huitième, à Happizzez,
16 ၁၆ တကျိပ်ကိုးယောက်မြောက်သောသူပေသဟိ၊ နှစ်ကျိပ်မြောက်သောသူ ယေဇကျေလ၊
le dix-neuvième, à Pethahiah, le vingtième, à Jehezkel,
17 ၁၇ နှစ်ကျိပ်တယောက်မြောက်သောသူ ယာခိန်၊ နှစ်ကျိပ်နှစ်ယောက်မြောက်သောသူ ဂါမုလ၊
le vingt et unième, à Jakin, le vingt-deuxième, à Gamul,
18 ၁၈ နှစ်ကျိပ်သုံးယောက်မြောက်သော သူဒေလာယ၊ နှစ်ကျိပ်လေးယောက်မြောက်သောသူ မာဇိတည်း။
le vingt-troisième, à Delaia, et le vingt-quatrième, à Maaziah.
19 ၁၉ ထိုသို့သူတို့အဘအာရုန်အား ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၍၊ အဘ အာရုန်စီရင်သည် အတိုင်းသူတို့သည် ထာဝရဘုရား၏ အိမ်တော်ကို ဝင်မြဲဝင်၍ အမှုတော်ကို ဆောင်ရွက် စေခြင်းငှါ ခွဲခန့်ခြင်းရှိသတည်း။
C'est ainsi qu'ils furent désignés pour leur service, afin d'entrer dans la maison de l'Éternel, selon l'ordonnance que leur avait donnée Aaron, leur père, comme l'Éternel, le Dieu d'Israël, le lui avait ordonné.
20 ၂၀ ကြွင်းသော လေဝိအမျိုးသားဟူမူကား၊ အာမရံ သားဖြစ်သော ရှုဗွေလ၏သားစုတွင် ယေဒေယ၊
Pour le reste des fils de Lévi: des fils d'Amram, Schubael; des fils de Schubael, Jehdija.
21 ၂၁ ရေဟဘိသားစုတွင် ဣရှယာ၊ ဣဇဟာသား ဖြစ်သော ရှေလောမိတ်၏သားစုတွင် ယာဟတ်၊
Pour Rehabia: des fils de Rehabia, Ischia, le chef.
Des Jitseharites: Schelomoth; des fils de Schelomoth: Jahath.
23 ၂၃ ဟေဗြုန်သားစုတွင် သားအကြီးယေရိ၊ ဒုတိယ သားအာမရိ၊ တတိယသားယဟာဇေလ၊ စတုတ္ထသား ယေကမံ၊
Fils d'Hébron: Jeria, Amaria, le second, Jahaziel, le troisième, et Jekameam, le quatrième.
24 ၂၄ ဩဇေလသားဖြစ်သော မိက္ခာ၏သားစုတွင် ရှမိရ၊
Fils d'Uzziel: Michée; des fils de Michée, Shamir.
25 ၂၅ မိက္ခာညီဣရှယာသားစုတွင် ဇာခရိတည်း။
Frère de Michée: Ischia; des fils de Ischia: Zacharie.
26 ၂၆ မေရာရိသားကား မဟာလိနှင့် မုရှိဖြစ်၍၊
Fils de Merari: Mahli et Mushi. Fils de Jaazia: Beno.
27 ၂၇ မေရာရိအမျိုးသားဖြစ်သော ယာဇိ၏သားကား ဗေနော၊ ရှောဟံ၊ ဇက္ကုရ၊ ဣဗရိတည်း။
Fils de Merari, par Jaazia: Beno, Shoham, Zaccur et Ibri.
28 ၂၈ မဟာလိသားဧလာဇာ၌သားမရှိ။
De Mahli: Éléazar, qui n'eut pas de fils.
29 ၂၉ ကိရှသားကား ယေရမေလတည်း။
De Kish, fils de Kish: Jerahmeel.
30 ၃၀ မုရှိသားကားမဟာလိ၊ ဧဒါ၊ ယေရိမုတ်တည်း။ ဤရွေ့ကား မိမိတို့ အဆွေအမျိုးအလိုက် လေဝိအမျိုး သားတည်း။
Fils de Mushi: Mahli, Eder et Jerimoth. Ce sont là les fils des Lévites, selon les maisons de leurs pères.
31 ၃၁ ဤသူတို့သည် ဒါဝိဒ်မင်းကြီး၊ ဇာဒုတ်၊ အဟိမ လက်အစရှိသော ယဇ်ပုရောဟိတ်လေဝိသားအဆွေ အမျိုးသူကြီးတို့ရှေ့မှာ မိမိတို့ညီအစ်ကို အာရုန်အမျိုးသား တို့က ဘက်တချက်အလှည့်လှည့်စားရေးတံပြုကြ၏။
Ceux-ci tirèrent au sort, comme leurs frères les fils d'Aaron, devant le roi David, Tsadok, Achimélec, les chefs de famille des sacrificateurs et des Lévites, les chefs de famille du chef comme ceux de son jeune frère.