< ၁ ရာဇဝင်ချုပ် 23 >
1 ၁ ဒါဝိဒ်မင်းသည် အသက်ကြီး၍ ကာလပြည့်စုံရာ အချိန်ရောက်သောအခါ၊ သားတော်ရှောလမုန်ကို ဣသ ရေလရှင်ဘုရင်အရာ၌ ခန့်ထား၍၊
Der David var gammel og mæt af Dage, da gjorde han Salomo, sin Søn, til Konge over Israel.
2 ၂ ဣသရေလမင်း ယဇ်ပုရောဟိတ်၊ လေဝိသား အပေါင်းတို့ကို စုဝေးစေတော်မူ၏။
Og han samlede alle Israels Fyrster, Præsterne og Leviterne.
3 ၃ လေဝိသားတို့တွင် အသက်သုံးဆယ် လွန်၍ စာရင်းဝင်သော ယောက်ျားပေါင်းကား၊ သုံးသောင်း ရှစ်ထောင်တည်း။
Og Leviterne bleve talte fra tredive Aar gamle og derover, og deres Tal var, Hoved for Hoved, Mand for Mand, otte og tredive Tusinde.
4 ၄ ထိုသူတို့တွင် နှစ်သောင်းလေးထောင်တို့သည် ထာဝရဘုရား၏ အိမ်တော်အမှုကို ဆောင်ရွက်ရကြ၏။ ခြောက်ထောင်တို့သည် အရာရှိ၊ တရားသူကြီး လုပ်ရ ကြ၏။
Af dem skal der til at forestaa Gerningen ved Herrens Hus være fire og tyve Tusinde, og til Fogeder og Dommere seks Tusinde;
5 ၅ လေးထောင်တို့သည် တံခါးကိုစောင့်ရကြ၏။ လေးထောင်တို့သည် ဂုဏ်တော်ကို ချီးမွမ်းစရာတုရိယာ တို့နှင့် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းရကြ၏။
og fire Tusinde til Portnere og fire Tusinde til at love Herren med Instrumenterne, som jeg har gjort til Lovsangen.
6 ၆ လေဝိသားဂေရရှုံ၊ ကောဟတ်၊ မေရာရိအမျိုး အသီးအသီးတို့ကို ဒါဝိဒ်ခွဲထား၍ တမျိုးတခြားစီ သင်းဖွဲ့ စေ၏။
Og David delte dem i Skifter efter Levis Sønner, Gerson, Kahath og Merari.
7 ၇ ဂေရရှုံအမျိုးသားကား၊ လာဒန်နှင့်ရှိမိတည်း။
Af Gersoniterne vare Ladan og Simei.
8 ၈ လာဒန်သားအကြီးကား၊ ယေဟေလ၊ သူ၏ညီ ဇေသံနှင့် ယောလ၊ ပေါင်းသုံးယောက်တည်း။
Ladans Sønner vare: Jehiel den første og Setham og Joel, i alt tre.
9 ၉ ရှိမိသားကား ရှေလောမိတ်၊ ဟာဇေလ၊ ဟာရန်၊ ပေါင်းသုံးယောက်တည်း။ ဤသူတို့သည်လာဒန်အဆွေ အမျိုးသူကြီးဖြစ်ကြ၏။
Simeis Sønner vare: Selomith og Hasiel og Haran, i alt tre; disse vare Øverster for Ladans Fædrenehuse.
10 ၁၀ ရှိမိသားကား ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိ၊ ပေါင်း လေးယောက်တည်း။
Og Simeis Sønner vare: Jahath, Sisa og Jeus og Beria; disse fire vare Simeis Sønner.
11 ၁၁ ယာဟတ်ကားအကြီးဖြစ်၏။ ဇိဇကား ဒုတိယ အရာကို ရ၏။ ယုရှနှင့်ဗေရိ၌ကားသားများစွာမရှိ။ သို့ဖြစ်၍ အဆွေအမျိုးအလိုက် စာရင်းတခုတည်း၌ ပေါင်းကြ၏။
Og Jahath var den første og Sisa den anden; men Jeus og Beria havde ikke mange Sønner, derfor bleve de regnede for eet Fædrenehus.
12 ၁၂ ကောဟတ်သားကားအာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလ၊ ပေါင်းလေးယောက်တည်း။
Kahaths Sønner vare: Amram, Jizehar, Hebron og Ussiel, i alt fire.
13 ၁၃ အာမရံသားကား အာရုန်နှင့်မောရှေတည်း။ အာရုန်နှင့်သားစဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်း၊ နာမတော်ကိုမြွက်၍ အစဉ်ကောင်းကြီး ပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန်သန့်ရှင်း သောအရာတို့ကို သန့်ရှင်းစေခြင်းငှါ အခြားသူတို့နှင့် ခွဲထားသောသူဖြစ်ကြ၏။
Amrams Sønner vare: Aron og Mose; og Aron blev udtagen til at hellige det Højhellige, han og hans Sønner til evig Tid, til at gøre Røgelse for Herrens Ansigt, til at tjene ham og at velsigne i hans Navn til evig Tid.
14 ၁၄ ဘုရားသခင့်လူမောရှေ၏သားကိုကား၊ လေဝိ အမျိုးသားတို့၏ စာရင်း၌သွင်းရ၏။
Men Mose, den Guds Mand, hans Sønner regnedes til Levi Stamme.
15 ၁၅ မောရှေသားကားဂေရရှုံနှင့် ဧလျေဇာတည်း။
Moses Sønner vare: Gersom og Elieser.
16 ၁၆ ဂေရရှုံသားတို့တွင်၊ ရှေဗွေလသည် အကြီး ဖြစ်၏။
Og Gersoms Sønner vare: Sebuel den første.
17 ၁၇ ဧလျေဇာသားအကြီးရေဟဘိ တယောက်တည်း ရှိ၏။ ရေဟဘိ၌ကား သားအလွန်များ၏။
Og Eliesers Sønner vare: Rehabia den første; og Elieser havde ikke andre Sønner, men Rehabias Børn formerede sig overmaade.
18 ၁၈ ဣဇဟာသားအကြီးကားရှေလောမိတ်၊
Jizehars Sønner vare: Selomith den første.
19 ၁၉ ဟေဗြုန်သားအကြီးကားယေရိ၊ ဒုတိယသား အာမရိ၊ တတိယ သားယဟာဇေလ၊ စတုတ္ထသားယေကမံ၊
Hebrons Sønner vare: Jerija den første, Amaria den anden, Jehasiel den tredje og Jekameam den fjerde.
20 ၂၀ ဩဇေလသားအကြီးကားမိက္ခာ၊ ဒုတိယသား ယေရှိတည်း။
Ussiels Sønner vare: Mika den første, Jesija den anden.
21 ၂၁ မေရာရိသားကားမဟာလိနှင့် မုရှိတည်း။ မဟာလိသားကား ဧလာဇာနှင့် ကိရှတည်း။
Meraris Sønner vare: Maheli og Mufi; Mahelis Sønner vare: Eleasar og Kis.
22 ၂၂ ဧလာဇာသည်သားမရှိ။ သမီးသက်သက်ရှိ၍ သေ၏။ သူ့သမီးတို့နှင့်သူ့ညီကိရှသားတို့သည် စုံဘက် ကြ၏။
Og Eleasar døde og havde ingen Sønner, men Døtre; men Kis's Sønner, deres Brødre, toge dem til Ægte.
23 ၂၃ မုရှိသားကား မဟာလိ၊ ဧဒါ၊ ယေရိမုတ်၊ ပေါင်း သုံးယောက်တည်း။
Musis Sønner vare: Maheli og Eder og Jeremoth, i alt tre.
24 ၂၄ ဤရွေ့ကားအသက်နှစ်ဆယ်လွန်၍ ထာဝရ ဘုရား၏ အိမ်တော်အမှုကို ဆောင်ရွက်ရသော လေဝိ အမျိုးသား အဆွေအမျိုးအလိုက် စာရင်းဝင်သော အဆွေ အမျိုးသူကြီးဖြစ်သတည်း။
Disse ere Levis Børn efter deres Fædres Hus, Fædrenehusenes Øverster, som bleve regnede efter Navnes Tal, efter deres Hoveder, og som gjorde Gerningen til Herrens Hus's Tjeneste, fra tyve Aar gamle og derover.
25 ၂၅ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရားသည် မိမိလူမျိုးအား ငြိမ်ဝပ်သောအခွင့်ကိုပေး၍ ကိုယ်တော်တိုင် ယေရုရှလင်မြို့၌ အစဉ်နေတော်မူသော ကြောင့်၊
Thi David havde sagt: Herren, Israels Gud, har skaffet sit Folk Rolighed, og det skal bo i Jerusalem ind til evig Tid,
26 ၂၆ လေဝိသားတို့သည် တဲတော်နှင့်တဲတော်အမှု ဆောင်ရွက်ရာ တန်ဆာများကို နောက်တဖန်မထမ်းရဟု ဒါဝိဒ်မိန့်တော်မူ၏။
og Leviterne behøve heller ikke at bære Tabernaklet eller noget af dets Redskaber, som høre til dets Tjeneste.
27 ၂၇ နောက်ဆုံးအမိန့်တော်အတိုင်း၊ အသက် နှစ်ဆယ်လွန်သော လေဝိသားတို့ကို စာရင်းယူရ၏။
Thi efter Davids sidste Ord vare de, som udgjorde Tallet af Levis Børn, de fra tyve Aar gamle og derover.
28 ၂၈ အကြောင်းမူကား၊ လေဝိသားတို့သည် အာရုန် သားတို့၏လက်ထောက်ဖြစ်သည်နှင့်အညီ၊ သန့်ရှင်းသော အရာရှိသမျှတို့ကို စင်ကြယ်စေ၍၊ ထာဝရဘုရား၏ အိမ်တော်နှင့်တန်တိုင်းများ၊ အခန်းများ၌အမှုကို ဆောင် ရွက်ရကြမည်။
Thi de bleve satte ved Siden af Arons Børn til Herrens Hus's Tjeneste, over Forgaardene og over Kamrene og over alle Haande hellige Tings Renselse og til Gerning ved Guds Hus's Tjeneste
29 ၂၉ ရှေ့တော်မုန့်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်ကို၎င်း၊ တဆေးမဲ့မုန့်ပြား၊ သံပြားနှင့်ဖုတ်သော မုန့်၊ မုန့်ဆီကြော်ကို၎င်းလုပ်၍ ဘုရားသခင်၏ အိမ်တော် အမှုကိုလည်း ဆောင်ရွက်ရကြမည်။ တိုင်းတွာ၊ ချိန်တွယ်၊ ခြင်တွက်ခြင်းအမှုအမျိုးမျိုးကိုလည်း စီရင်ရကြမည်။
og ved Skuebrødene og ved Melet til Madofferet og til de usyrede, tynde Kager og ved Panden og ved det, som æltedes, og ved Hulmaal og Længdemaal
30 ၃၀ နံနက်တိုင်း၊ ညဦးတိုင်းရပ်လျက်၊ ကျေးဇူးတော် ကြီးလှပါ၏ဟု ဝန်ခံ၍ထာဝရဘုရား၏ ဂုဏ်တော်ကို လည်း ချီးမွမ်းရကြမည်။
og til at staa hver Morgen for at takke og for at love Herren og ligesaa om Aftenen
31 ၃၁ ပညတ်တရားတော်အတိုင်းဥပုသ်နေ့၊ လဆန်း နေ့၊ ဓမ္မပွဲနေ့၊ အစဉ်မပြတ်ထာဝရဘုရားရှေ့တော်၌ မီးရှို့ရာ ယဇ်မျိုးတို့ကို ပူဇော်ရကြမည်။
og til at ofre Herren alle Brændofre paa Sabbaterne, paa Nymaanederne og paa de bestemte Højtider efter Tal, som deres Vis var, idelig for Herrens Ansigt.
32 ၃၂ ပရိသတ်စည်းဝေရာတဲတော်ကို၎င်း၊ သန့်ရှင်း ရာဌာနတော်ကို၎င်း၊ ထာဝရဘုရားအိမ်တော်၌ အမှု တော်ကို ဆောင်ရွက်သော ညီအစ်ကိုအာရုန်သားတို့ကို ၎င်း စောင့်ရကြမည်။
Og de skulde tage Vare paa, hvad der var at varetage ved Forsamlingens Paulun, og paa hvad der var at varetage ved Helligdommen, og paa hvad der var at varetage for Arons Børn, deres Brødre, til Herrens Hus's Tjeneste.