< ၁ ရာဇဝင်ချုပ် 22 >
1 ၁ သို့ဖြစ်၍၊ ဒါဝိဒ်က ဤအရပ်သည် ထာဝရ အရှင်ဘုရားသခင်၏အိမ်တော်ဖြစ်၏။ ဤယဇ်ပလ္လင်သည် ဣသရေလ အမျိုး၏ ယဇ်ပလ္လင်ဖြစ်၏ဟုဆိုလျက်၊
E disse David: Esta será a casa do Senhor Deus, e este será o altar do holocausto para Israel.
2 ၂ ဣသရေလပြည်၌ရှိသော တပါးအမျိုးသားတို့ကို စုဝေးစေခြင်း ငှါမိန့်တော်မူ၏။ ဘုရားသခင်၏အိမ်တော် တည်စရာဘို့ ကျောက်ဆစ်ရသော ပန်းရန်သမားတို့ကို လည်း စေခိုင်းတော်မူ၏။
E deu ordem David que se ajuntassem os estranhos que estavam na terra de Israel: e ordenou cortadores de pedras, para que lavrassem pedras de cantaria, para edificar a casa de Deus.
3 ၃ တံခါးလုပ်စရာ သံချွန်အဘို့နှင့် သစ်သား ဆက်စရာအဘို့များစွာသောသံကို၎င်း၊ အချိန်မမှတ် နိုင်အောင် များစွာသော ကြေးဝါကို၎င်း၊
E apparelhou David ferro em abundancia, para os pregos das portas das entradas, e para as junturas: como tambem cobre em abundancia, sem peso;
4 ၄ များစွာသော အာရဇ်သစ်သားကို၎င်း၊ ပြင်ဆင် တော်မူ၏။ ဇိဒုန်မြို့သားနှင့် တုရုမြို့သားတို့သည်၊ အာရဇ် သစ်သားအများကို အထံတော်သို့ ဆောင်ခဲ့ကြ၏။
E madeira de cedro sem conta: porque os sidonios e tyrios traziam a David madeira de cedro em abundancia.
5 ၅ ဒါဝိဒ်ကလည်း၊ ငါ့သားရှောလမုန်သည် အသက် ငယ်၍ နုသေး၏။ ထာဝရဘုရားအဘို့ တည်ရသော အိမ်မူကား အလွန်ထူးဆန်းသောအိမ်၊ အတိုင်းတိုင်း အပြည်ပြည်၌ ဘုန်းအသရေကျော်စောသော အိမ်ဖြစ်ရ မည်။ ယခုပင်အိမ်တော်အဘို့ ငါပြင်ဆင်မည်ဟု အကြံရှိ လျက် အနိစ္စမရောက်မှီများစွာ ပြင်ဆင်တော်မူ၏။
Porque dizia David: Salomão, meu filho, ainda é moço e tenro, e a casa que se ha de edificar para o Senhor se ha de fazer magnifica em excellencia, para nome e gloria em todas as terras; eu pois agora lhe prepararei materiaes. Assim preparou David materiaes em abundancia, antes da sua morte.
6 ၆ သားတော်ရှောလုမုန်ကိုလည်း ခေါ်၍ ဣသ ရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဘို့ အိမ်တော်ကို တည်ဆောက်ရမည်အကြောင်းမှာ ထားလေ သည်မှာ၊
Então chamou a Salomão seu filho, e lhe ordenou que edificasse uma casa ao Senhor Deus de Israel.
7 ၇ ငါ့သား၊ ငါ၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိပြီ။
E disse David a Salomão: Filho meu, quanto a mim, tive em meu coração o edificar casa ao nome do Senhor meu Deus.
8 ၈ သို့ရာတွင် ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါသို့ရောက်သည်ကား၊ သင်သည် များစွာ စစ်တိုက် ၍ လူအများတို့ကို သတ်လေပြီ။ မြေကြီးပေါ်မှာ ငါ့မျက်မှောက်၌ များစွာသောအသွေးကို သွန်းသော ကြောင့်၊ ငါ့နာမအဘို့ အိမ်ကို မတည်မဆောက်ရ။
Porém a mim a palavra do Senhor veiu, dizendo: Tu derramaste sangue em abundancia, e fizeste grandes guerras; não edificarás casa ao meu nome; porquanto muito sangue tens derramado na terra, perante a minha face.
9 ၉ သင်မြင်သော သားတယောက်သည် ငြိမ်ဝပ်သော သူဖြစ်လိမ့်မည်။ သူ၏အမည်ကား ရှောလမုန် ဖြစ်၍၊ သူ့ပတ်လည်၌ ရန်သူမရှိ။ ငြိမ်ဝပ်သောအခွင့်ကို၎င်း၊ သူ၏ လက်ထက်၌ ဣသရေလအမျိုးသည် စစ်တိုက်ခြင်းမရှိ။ ငြိမ်ဝပ်စွာနေရသော အခွင့်ကို၎င်း၊ ငါပေးမည်။
Eis que o filho que te nascer será homem de repouso; porque repouso lhe hei de dar de todos os seus inimigos em redor; portanto Salomão será o seu nome, e paz e descanço darei a Israel nos seus dias.
10 ၁၀ ထိုသားသည် ငါ့နာမအဘို့ အိမ်ကို တည် ဆောက်ရလိမ့်မည်။ သူသည် ငါ့သားဖြစ်လိမ့်မည်။ ငါသည်လည်း သူ၏အဘဖြစ်မည်။ သူထိုင်သော ဣသရေလနိုင်ငံရာဇပလ္လင်ကို အစဉ်အမြဲငါတည်စေမည်ဟု မိန့်တော်မူပြီ။
Este edificará casa ao meu nome, e elle me será por filho, e eu a elle por pae; e confirmarei o throno de seu reino sobre Israel, para sempre.
11 ၁၁ သို့ဖြစ်၍ငါ့သား၊ ထာဝရဘုရားသည် သင့်ဘက် ၌ နေ၍ အကြံထမြောက်စေတော်မူသဖြင့်၊ အမိန့်တော် ရှိသည်အတိုင်းသင်သည် သင်၏ဘုရားသခင် ထာဝရ ဘုရား၏ အိမ်တော်ကို တည်ဆောက်ရလိမ့်မည်။
Agora pois, meu filho, o Senhor seja comtigo; e prospera, e edifica a casa do Senhor teu Deus, como elle disse de ti.
12 ၁၂ သို့ရာတွင် သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ တရားတော်ကို စောင့်ရှောက်မည် အကြောင်း၊ ထာဝရဘုရားသည် ဥာဏ်ပညာကို ပေး၍၊ ဣသရေလအမျိုးကို စီရင်ခြင်းအမှု၌ မှာထားတော် မူပါစေသော။
O Senhor te dê tão sómente prudencia e entendimento, e te instrua ácerca de Israel; e isso para guardar a lei do Senhor teu Deus.
13 ၁၃ ဣသရေလအမျိုး၏ အမှု၌ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသောစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ သတိပြုလျှင် အကြံထမြောက်ရ လိမ့်မည်။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ စိုးရိမ်ခြင်း၊ စိတ်ပျက်ခြင်း မရှိစေနှင့်။
Então prosperarás, se tiveres cuidado de fazer os estatutos e os juizos, que o Senhor mandou a Moysés ácerca de Israel: esforça-te, e tem bom animo; não temas, nem tenhas pavor
14 ၁၄ ငါသည်ဆင်းရဲခံစဉ်တွင်၊ ထာဝရဘုရား၏ အိမ်တော်အဘို့ ရွှေအခွက်တထောင်နှင့် ငွေအခွက် တသောင်းကို၎င်း၊ အချိန်မမှတ်နိုင်အောင် များစွာသော ကြေးဝါနှင့်သံကို၎င်း၊ သစ်သားများနှင့်ကျောက်များကို ၎င်းပြင်ဆင်ပြီ။ သင်သည်လည်း ထပ်၍ ပြင်ဆင်ရမည်။
Eis que na minha oppressão preparei para a casa do Senhor cem mil talentos de oiro, e um milhão de talentos de prata, e de cobre e de ferro sem peso, porque em abundancia é: tambem madeira e pedras preparei, e tu suppre o que faltar.
15 ၁၅ ထိုမှတပါးသင်၌များစွာသော လက်သမား၊ ပန်းရန်သမား၊ ကျောက်ဆစ်သမား၊ အမျိုးမျိုးသော အတတ်၌ လေ့ကျက်သော ဆရာသမားရှိကြ၏။
Tambem tens comtigo officiaes mechanicos em multidão, cortadores e artifices em obra de pedra e madeira; e toda a sorte de sabios em toda a sorte de obra.
16 ၁၆ ရွှေငွေကြေးဝါ သံအတိုင်းမသိများသည် ဖြစ်၍ ထလော့။ ကြိုးစားလော့။ ထာဝရဘုရားသည် သင်နှင့် အတူ ရှိတော်မူပါစေသောဟု မှာထားတော်မူ၏။
Do oiro, da prata, e do cobre, e do ferro não ha numero: levanta-te pois, e faze a obra, e o Senhor seja comtigo.
17 ၁၇ ဣသရေလမင်းအပေါင်းတို့သည် သားတော်နှင့် ဝိုင်းရမည်အကြောင်း မှာထားလေသည်မှာ၊
E David deu ordem a todos os principes de Israel que ajudassem a Salomão, seu filho, dizendo:
18 ၁၈ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည်မဟုတ်လော။ အရပ်ရပ်၌ ငြိမ်ဝပ်ရသော အခွင့်ကို ပေးတော်မူသည်မဟုတ်လော။ ပြည်သူပြည်သားတို့ကို ငါ့လက်၌အပ်တော်မူသဖြင့်၊ ထာဝရဘုရား၏ရှေ့၊ ထိုဘုရားသခင်၏ လူတို့ရှေ့မှာ တပြည်လုံးသည် နှိမ့်ချလျက်ရှိ၏။
Porventura não está comvosco o Senhor vosso Deus, e não vos deu repouso em roda? porque tem entregado na minha mão os moradores da terra; e a terra foi sujeita perante o Senhor e perante o seu povo.
19 ၁၉ သို့ဖြစ်၍သင်တို့၏ ဘုရားသခင်ထာဝရဘုရား ကို ရှာခြင်းငှါ ကိုယ်စိတ်နှလုံးကို နှိုးဆော်တွန်းကြလော့။ ထာဝရဘုရား၏နာမတော်အဘို့၊ တည်ရသော အိမ်တော် ထဲသို့ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်နှင့် ဘုရား သခင်၏ သန့်ရှင်းသောတန်ဆာတို့ကို သွင်းခြင်းငှါ ထကြ လော့။ ထာဝရအရှင်ဘုရားသခင်၏ သန့်ရှင်းရာဌာန တော်ကို တည်ဆောက်ကြလော့ဟု မှာထားတော်မူ၏။
Disponde pois agora o vosso coração e a vossa alma para buscardes ao Senhor vosso Deus; e levantae-vos, e edificae o sanctuario do Senhor Deus, para que a arca do concerto do Senhor, e os vasos sagrados de Deus se tragam a esta casa, que se ha de edificar ao nome do Senhor.