< ၁ ရာဇဝင်ချုပ် 21 >
1 ၁ နောက်တဖန်စာတန်သည် ဣသရေလအမျိုး တဘက်၌ထ၍ ဣသရေလအမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ်ကို တိုက်တွန်းလေ၏။
इस्राएलको विरुद्ध एउटा दुश्मन खडा भयो र आफ्ना मानिसहरूको सङ्ख्या गन्नलाई दाऊदलाई सुर्यायो ।
2 ၂ ဒါဝိဒ်ကလည်း၊လူပေါင်းမည်မျှ ရှိသည်ကို ငါသိ မည်အကြောင်း၊ ဗေရရှေဘမြို့မှသည် ဒန်မြို့တိုင်အောင် သွား၍ ဣသရေလအမျိုးသားတို့ ကိုရေတွက်ပြီးလျှင်၊ စာရင်းကို ငါ့ထံသို့ သွင်းလော့ဟု ဗိုလ်ချုပ်မင်းယွာဘနှင့် အရာရှိတို့အား မိန့်တော်မူ၏။
दाऊदले योआब र आफ्ना फौजका कमान्डरहरूलाई भने, “जाओ, बेर्शेबादेखि दानसम्मका इस्राएलका मानिसहरूको सङ्खया गन्ती गर र मलाई बताओ, ताकि म तिनीहरूको संख्या जान्न सकूँ ।”
3 ၃ ယွာဘကလည်း၊ ထာဝရဘုရားသည် မိမိလူတို့ကို ထပ်၍ အဆတရာ တိုးပွါးစေခြင်းငှါ ပြုတော်မူပါစေ သော။ သို့ရာတွင် အရှင်မင်းကြီး၊ ဣသရေလလူအပေါင်း တို့သည် သခင်၏ကျွန်ဖြစ်ပါသည် မဟုတ်လော။ သို့ဖြစ် ၍ ကျွန်တော်သခင်သည် ဤအမှုကိုအဘယ်ကြောင့် စီရင်တော်မူသနည်း။ ဣသရေလအမျိုး ပြစ်မှားစရာ အကြောင်းကို အဘယ်ကြောင့် ပြုတော်မူသနည်းဟု လျှောက်လေ၏။
योआबले भने, “परमप्रभुले आफ्ना फौजलाई सय गुणा बढाउनुभएको होस् । तर हे मेरा मालिक राजा, के तिनीहरूले मेरा मालिकको सेवा गर्दैनन् र? इस्राएलमाथि किन दोष ल्याउनुहुन्छ?”
4 ၄ သို့သော်လည်း အမိန့်တော်သည် ယွာဘစကား ကို နိုင်သဖြင့်၊ ယွာဘသည်ထွက်၍ ဣသရေလပြည် တရှောက်လုံးသို့ သွားပြီးမှ၊ ယေရုရှလင်မြို့သို့ ပြန်လာ၏။
तर राजाको वचन योआबको विरुद्धमा लागू भयो । त्यसैले योआब त्यहाँबाट हिंडे र सारा इस्राएलभरी गए । तब तिनी यरूशलेममा फर्केर आए ।
5 ၅ လူပေါင်းစာရင်းကို ဒါဝိဒ်အား ဆက်၍၊ ဣသ ရေလအမျိုး၌ ထားကိုင်သူရဲတသန်းနှင့် တသိန်း၊ ယုဒ အမျိုး၌ ထားကိုင်သူရဲလေးသိန်းနှင့် ခုနစ်သောင်းရှိ၏။
त्यसपछि योआबले दाऊदलाई योद्धाहरूको जम्मा संख्या बताए । इस्राएलमा तरवार चलाउन सक्नेहरू इस्राएलमा ११ लाख थिए । यहूदामा मात्र ४ लाख ७० हजार सेना थिए ।
6 ၆ သို့ရာတွင် ယွာဘသည် အမိန့်တော်ကို ရွံ့သော ကြောင့်၊ လေဝိအမျိုးနှင့်ဗင်္ယာမိန်အမျိုးကို အခြားသော အမျိုးထဲသို့သွင်း၍ မရေတွက်။
तर लेवी र बेन्यामीनलाई तिनीहरूसँग गन्ती गरिएन, किनकि राजाको हुकुमले योआबलाई साह्रै खिन्न पारेको थियो ।
7 ၇ ဒါဝိဒ်ပြုသောအမှုကို ဘုရားသခင်သည် အလိုတော်မရှိသဖြင့်၊ ဣသရေလအမျိုးကို ဒဏ်ခတ်တော် မူမည်ဖြစ်၍၊
यो कामबाट परमेश्वर अप्रसन्न हुनुभयो, अनि उहाँले इस्राएललाई आक्रमण गर्नुभयो ।
8 ၈ ဒါဝိဒ်က၊ အကျွန်ုပ်ပြုမိသော အမှု၌အလွန် ပြစ်မှားပါပြီ။ ကိုယ်တော်ကျွန်၏ အပြစ်ကို ဖြေရှင်း တော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်သော အမှုကို ပြုမိပါပြီဟု ဘုရားသခင်အား တောင်းပန်လေ၏။
दाऊदले परमेश्वरलाई भने, “मैले यसो गरेर ठुलो पाप गरेको छु । अब आफ्नो दासको दोषलाई हटाउनुहोस्, किनकि मैले धेरै मूर्खतापूर्ण काम गरेको छु ।”
9 ၉ ထာဝရဘုရားသည် ဒါဝိဒ်၏ ပရောဖက်ဂဒ်ကို ခေါ်၍၊
परमप्रभुले दाऊदका अगमवक्ता गादलाई भन्नुभयो,
10 ၁၀ ဒါဝိဒ်ထံသို့သွားလော့။ အရာသုံးပါးကို သင့်အား ငါပြ၏။ သင်၌ ငါပြုစရာဘို့ တပါးပါးကိုရွေးလော့ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊
“गएर दाऊदलाई भन्, ‘परमप्रभु यसो भन्नुहुन्छः तँलाई म तिनवटा कुरा रोज्न दिन्छु । तिमध्ये एउटा रोज ।’”
11 ၁၁ ဂဒ်သည်ဒါဝိဒ်ထံသို့သွား၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊
यसैले गाद दाऊदकहाँ गए र तिनलाई भने, “परमप्रभु यही भन्नुहुन्छ, ‘यिमध्ये एउटा रोज:
12 ၁၂ သုံးနှစ်ပတ်လုံး အစာအာဟာရခေါင်းပါးသော ဘေး၊ သုံးလပတ်လုံး သင့်ကို ရန်သူလိုက်မှီ၍ ထားဖြင့် လုပ်ကြံသောဘေး၊ သုံးရက်ပတ်လုံး ပြည်တော် ၌ ကာလနာတည်းဟူသောထာဝရဘုရား၏ ထားတော် ကို၊ ထာဝရဘုရား၏ကောင်းကင်တမန်သည် ကိုင်၍ ဣသရေလပြည် တရှောက်လုံးကို ဖျက်ဆီးသော ဘေးတို့တွင် တပါးပါးကိုရွေးလော့ဟု မိန့်တော်မူသည် ဖြစ်၍၊ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အဘယ်သို့ ပြန်လျှောက်ရမည်ကို ဆင်ခြင်တော်မူပါဟု လျှောက်လေ၏။
तिन वर्षसम्मको अनिकालको कुरा, वा तेरा शत्रुहरूले तीन महिनासम्म खेद्ने र उनीहरूका तरवारले मारिने कुरा, वा तिन दिनको लागि परमप्रभुको तरवार, अर्थात् परमप्रभुका दूतले इस्राएलका सम्पूर्ण ठाउँमा विनाश ल्याउने एउटा विपत्तिको कुरा ।’ त्यसो हो भने, मलाई पठाउनुहुनेकहाँ मैले के जवाफ लानुपर्ने हो सो अब निर्णय गर्नुहोस् ।”
13 ၁၃ ဒါဝိဒ်ကလည်း၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား၏လက်တော်သို့ ရောက်ပါစေ။ ကရုဏတော်ကြီးလှ၏။ လူလက်သို့ မရောက်ပါစေနှင့်ဟုဂဒ်အားပြန်ပြော၏။
तब दाऊदले गादलाई भने, “म साह्रै सङ्कष्टमा परेको छु! मानिसको हातमा पर्नुभन्दा मलाई परमप्रभुको हातमा नै पर्न देऊ, किनकि उहाँका करुणामय कामहरू धेरै महान् छन् ।”
14 ၁၄ ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၌ ကာလနာကို လွှတ်လိုက်တော်မူ၍ လူခုနစ်သောင်း သေကြ၏။
त्यसैले परमप्रभुले इस्राएलमा एउटा विपत्ति पठाउनुभयो, र सत्तरी हजार मानिसहरू मरे ।
15 ၁၅ ယေရုရှလင်မြို့ကို ဖျက်ဆီးစေခြင်းငှါ ဘုရား သခင်သည် ကောင်းကင်တမန်ကို စေလွှတ်တော်မူသည် အတိုင်း၊ ကောင်းကင်တမန် ဖျက်ဆီးမည်ဟု အားထုတ် သောအခါ၊ ထာဝရဘုရားသည် ကြည့်ရှုလျက်၊ ထိုဘေး ကြောင့် နောင်တရတော်မူ၍၊ တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု ဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရား၏ ကောင်းကင် တမန်သည်၊ ယေဗုသိလူအရောန၏ ကောက်နယ်တလင်း အနားမှာ ရပ်နေ၏။
परमेश्वरले यरूशलेम विनाश गर्न एउटा स्वर्गदूत पठाउनुभयो । तिनले त्यो नाश गर्न लाग्दा परमप्रभुले त्यो देखेर त्यस सर्वनाशदेखि मन बदल्नुभयो । ती नाश गर्ने स्वर्गदूतलाई उहाँले भन्नुभयो, “अब भयो! तिम्रो हात थाम ।” त्यस बेला ती स्वर्गदूत यबूसी अरौनाका खलाको छेउमा उभिरहेका थिए ।
16 ၁၆ ဒါဝိဒ်သည် မျှော်ကြည့်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန် သည်ယေရုရှလင်မြို့အပေါ် မှာထား ကို မိုးလျက်မိုဃ်းကောင်းကင်နှင့် မြေကြီးကြားမှာ ရပ်နေ သည်ကိုမြင်လျှင်၊ ကိုယ်တိုင်မှစ၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက် မြေပေါ်မှာ ပြပ်ဝပ်လျက်နေကြ၏။
दाऊदले मास्तिर हेरे र परमप्रभुका स्वर्गदूतले आफ्नो हातमा नाङ्गो तरवार लिएर यरूशलेममाथि ताकेर आकाश र पृथ्वीका बीचमा खडा भएको देखे । तब भाङ्ग्रा लागाएका दाऊद र धर्म-गुरुहरू भूइँमा घोप्टो परे ।
17 ၁၇ ဒါဝိဒ်ကလည်း၊ ပြည်သားတို့ကို ရေတွက်စေခြင်း ငှါ စီရင်သော သူကား အကျွန်ုပ်ဖြစ်ပါသည်မဟုတ်လော။ အကျွန်ုပ်ပြစ်မှားပါပြီ။ အလွန်ဒုစရိုက်ကို ပြုမိပါပြီ။ ဤသို့ တို့မူကား အဘယ်သို့ ပြုမိပါသနည်း။ အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ကို ဒဏ် ခတ်ခြင်းငှါ လက်တော်ကိုသူတို့အပေါ်သို့ ရောက်စေ တော်မမူပါနှင့်။ အကျွန်ုပ် နှင့်အကျွန်ုပ်အဆွေအမျိုး အပေါ်သို့ ရောက်စေတော်မူပါဟု ဘုရားသခင်အား တောင်းပန်လေ၏။
दाऊदले परमेश्वरलाई भने, “सेनाको गन्ती गर् भनेर हुकुम दिने म होइनँ र? मैले यो दुष्ट काम गरें । तर बिचरा यी भेडाहरूले के नै पो गरेका छन् र? हे परमप्रभु मेरा परमेश्वर!, तपाईंको हातले म र मेरो घरानालाई प्रहार गरोस्, तर तर यो विपत्ति तपाईंका मानिसहरूमाथि नरहोस् ।”
18 ၁၈ ထိုအခါဒါဝိဒ်သည် သွား၍၊ ယေဗုသိလူ အရော န၏ကောက်နယ်တလင်း၌ထာဝရဘုရား အဘို့ယဇ်ပလ္လင် ကို တည်စေခြင်းငှါ ပြောရမည်အကြောင်း၊ ထာဝရဘုရား ၏ကောင်းကင်တမန်သည် ဂဒ်ကိုမှာထားသဖြင့်၊
यसैले दाऊदलाई यबूसी अरौनाको खलामा गएर परमप्रभुको निम्ति एउटा वेदी बनाउन भन् भनी परमप्रभुका स्वर्गदूतले गादलाई भने ।
19 ၁၉ ဂဒ်ဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော် အတိုင်း ဒါဝိဒ်သည် သွားလေ၏။
यसैले परमप्रभुको नाउँमा गादले हुकुम गरेझैं गर्नलाइ दाऊद त्यहाँ उक्लेर गए ।
20 ၂၀ အရောနသည်စပါးကိုနယ်စဉ်တွင်၊ လှည့်ကြည့် ၍ ရှင်ဘုရင်ကို မြင်သောအခါ၊ သားလေးယောက်နှင့် တကွ ပုန်းရှောင်၍နေ၏။
अरौनाले आफ्नो गहूँ चुट्दै गरेका समयमा, तिनी पछि फर्के, र स्वर्गदूतलाई देखे । तिनी र तिनका चार जना छोराहरू आफूलाई लुकाए ।
21 ၂၁ ဒါဝိဒ်သည် အရောနရှိရာသို့ ရောက်သောအခါ၊ အရောနကြည့်၍ ဒါဝိဒ်ကိုမြင်လျှင်၊ ကောက်နယ်တလင်း မှဆင်း၍ ဒါဝိဒ်ရှေ့မှာဦးချပြပ်ဝပ်လေ၏။
दाऊद अरौनाकहाँ आउँदा, अरौनाले हेरे र दाऊदलाई देखे । तिनी खलाबाट बाहिर आए र आफ्नो अनुहार भुइँमा घोप्टो पारेर दाऊदको अघि घुँडा टेके ।
22 ၂၂ ဒါဝိဒ်ကလည်း၊ လူတို့တွင် ကာလနာဘေးကို ငြိမ်းစေမည်အကြောင်း၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင် ကို ငါတည်လိုသည်ဖြစ်၍၊ ဤကောက်နယ်တလင်းအရပ် ကို အဘိုးထိုက်သည်အတိုင်း ရောင်းပါဟု အမိန့်ရှိသော်၊
तब दाऊदले अरौनालाई भने, “मलाई यो खला बेच ताकि यहाँ म परमप्रभुको निम्ति एउटा वेदी बनाउन सकूँ । म पुरै दाम तिर्नेछु, ताकि मानिसहरूबाट यो विपत्ति हटिजाओस् ।”
23 ၂၃ အရောနက၊ ကျွန်တော်သခင် အရှင်မင်းကြီး ယူတော်မူပါ။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ။ မီးရှို့ရာယဇ်ဘို့နွားများ၊ ထင်းဘို့ ကောက်နယ်တန်ဆာ များ၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ဂျုံစပါးများအလုံးစုံကို ကျွန် တော်ဆက်ပါ၏ဟု ဒါဝိဒ်အားလျှောက်လျှင်၊
अरौनाले दाऊदलाई भने, “त्यो तपाईंको आफ्नै ठानेर लिनुहोस्, मेरा मालिक महाराजा । हजुरो नजरमा जस्तो असल लाग्छ सो त्यहाँ गर्नुहोस् । हेर्नुहोस्, म तपाईंलाई होमबलिको निम्ति गोरुहरू, दाउराको निम्ति काठहरू र अन्नबलिको निम्ति गहूँ दिन्छु । यो सबै थोक म तपाईंलाई दिनेछु ।”
24 ၂၄ ဒါဝိဒ်မင်းကြီးက၊ ထိုသို့ငါမယူရ။ စင်စစ်အဘိုး ထိုက်သည်အတိုင်း ပေး၍ငါဝယ်မည်။ သင့်ဥစ္စာကို ထာဝရဘုရားအဘို့ ငါမသိမ်း။ ကိုယ်ငွေမကုန်ဘဲ မီးရှို့ရာ ယဇ်ကို မပူဇော်လိုဟု အရောနအားဆိုသဖြင့်၊
दाऊद राजाले औरानलाई भने, “होइन, पुरै दाम तिरेर नै म यसलाई किन्छु । तिम्रो जे छ त्यो लिने अनि मेरो दाम नपरी त्यो सित्तैंमा परमप्रभुलाई होमबलीको रूपमा चढाउने काम म गर्दिन ।”
25 ၂၅ ရွှေခြောက်ပိဿာကို ချိန်ပေး၍ ထိုအရပ်ကို ဝယ်ပြီးမှ၊
यसैले त्यस जग्गाको निम्ति दाऊदले अरौनालाई छ सय सुनका सिक्का तिरे ।
26 ၂၆ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်၍၊ မီးရှို့ ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်လေ၏။ ထိုသို့ ထာဝရဘုရားကို ပဌနာပြုသောအခါ၊ မီးရှို့ရာယဇ်ပလ္လင် ပေါ်သို့ မီကျသဖြင့် ကောင်းကင်ထဲက ထူးတော်မူ၏။
दाऊदले त्यहाँ परमप्रभुको निम्ति एउटा वेदी बनाए र त्यसमाथि होमबलि र मेलबलि चढाए । तिनले परमप्रभुमा पुकारा गरे, जसले तिनलाई स्वर्गबाट होमबलिको वेदीमा आगो बर्साएर जवाफ दिनुभयो ।
27 ၂၇ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ကောင်းကင်တမန်သည် မိမိထားကို ထားအိမ်၌သွင်းထား ပြန်၏။
तब परमप्रभुले त्यो स्वर्गदूतलाई आज्ञा दिनुभयो र स्वर्गदूतले आफ्नो तरवारलाई त्यसको म्यानमा राखे ।
28 ၂၈ ထာဝရဘုရားသည် ယေဗုသိလူ အရောန၏ ကောက်နယ်တလင်း၌ ထူးတော်မူသည်ကို ဒါဝိဒ်သိမြင် လျှင်၊ ထိုအရပ်၌ ယဇ်ပူဇော်ခြင်းအမှုကို ပြုလေ၏။
जब दाऊदले यबूसी अरौनाको खलामा परमप्रभुले जवाफ दिनुभएको देखे, तब तिनले त्यही बेला बलिदानहरू चढाए ।
29 ၂၉ တော၌မောရှေလုပ်ခဲ့သော ထာဝရဘုရား၏ တဲတော်နှင့် မီးရှို့ရာယဇ်ပလ္လင်သည်၊ ထိုကာလ၌ ဂိဗောင် မြို့၌ မြင့်သောအရပ်ပေါ်မှာရှိ၏။
त्यस बेला, मोशाले उजाड-स्थानमा बनाएको परमप्रभुको पवित्र वासस्थान र होमबलिको वेदी गिबोनको डाँडाको उच्च स्थानमा नै थिए ।
30 ၃၀ ဒါဝိဒ်သည်ထာဝရဘုရား၏ ကောင်းကင်တမန်ထားကို ကြောက်သောကြောင့်၊ ထိုယဇ် ပလ္လင်သို့ သွား၍ဘုရားသခင်ကို မမေးမလျှောက်ဝံ့။
तापनि परमप्रभुको अगुवाइ माग्न दाऊद त्यहाँ जान सकेनन्, किनकि ती स्वर्गदूतको तरवारसँग तिनी साह्रै डराएका थिए ।