< ၁ ရာဇဝင်ချုပ် 20 >
1 ၁ အခါလည်၍၊ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ၊ ယွာဘသည်ဗိုလ်ခြေအလုံး အရင်းနှင့် ချီသွားသဖြင့်၊ အမ္မုန်ပြည်ကို တိုက်ဖျက်၍ ရဗ္ဗာမြို့ကို ဝိုင်းထား၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့ ၌နေလေ၏။
၁အခါလည် ၍၊ ရှင် ဘုရင်တို့သည် စစ်တိုက် ချိန် ရောက်သောအခါ ၊ ယွာဘ သည်ဗိုလ်ခြေ အလုံးအရင်းနှင့် ချီသွား သဖြင့် ၊ အမ္မုန် ပြည် ကို တိုက်ဖျက် ၍ ရဗ္ဗာ မြို့ကို ဝိုင်းထား ၏။ ဒါဝိဒ် သည် ကိုယ်တိုင်ယေရုရှလင် မြို့ ၌ နေ လေ၏။
2 ၂ ယွာဘသည် ရဗ္ဗာမြို့ကို တိုက်ဖျက်ပြီးမှ၊ ဒါဝိဒ် သည် မင်းကြီး၏ သရဖူကိုချွတ်ယူ၍ ခေါင်းတော်ပေါ်မှာ တင်ကြ၏။ သရဖူအချိန်ကား၊ ကျောက်မြတ်ကိုမဆိုဘဲ ရွှေအခွက်တဆယ်ရှိသတည်း။ မြို့၌လုယူသော ဥစ္စာ အများကိုလည်း ထုတ်လေ၏။
၂ယွာဘ သည် ရဗ္ဗာ မြို့ကို တိုက်ဖျက် ပြီးမှ ၊ ဒါဝိဒ် သည် မင်းကြီး ၏ သရဖူ ကိုချွတ်ယူ ၍ ခေါင်း တော်ပေါ် မှာ တင်ကြ၏။ သရဖူအချိန် ကား၊ ကျောက် မြတ် ကိုမဆိုဘဲ ရွှေ အခွက် တဆယ်ရှိ သတည်း။ မြို့ ၌လုယူ သော ဥစ္စာ အများ ကိုလည်း ထုတ် လေ၏။
3 ၃ မြို့သားတို့ကိုလည်း ထုတ်၍လွှတိုက်မှု၊သံထွန်၊ သံပုဆိန်နှင့် လုပ်မှုကိုလုပ်စေ၏။ထိုသို့ ဒါဝိဒ်သည် အမ္မုန် မြို့သူရွာသားအပေါင်းတို့၌ ပြုပြီးမှ၊ လူအပေါင်းတို့နှင့် အတူ ယေရုရှလင်မြို့သို့ ပြန်လေ၏။
၃မြို့သား တို့ကိုလည်း ထုတ် ၍လွှတိုက်မှု ၊ သံ ထွန် ၊ သံပုဆိန် နှင့် လုပ်မှုကိုလုပ်စေ၏။ ထိုသို့ ဒါဝိဒ် သည် အမ္မုန် မြို့သူ ရွာသားအပေါင်း တို့၌ ပြု ပြီးမှ ၊ လူ အပေါင်း တို့နှင့်အတူ ယေရုရှလင် မြို့သို့ ပြန် လေ၏။
4 ၄ နောက်တဖန် ဂေဇာမြို့မှ ဖိလိတ္တိလူတို့နှင့် စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုး သာဖကို သတ်၍ ဖိလိတ္တိလူတို့ကို အောင်မြင်လေ၏။
၄နောက် တဖန် ဂေဇာ မြို့မှ ဖိလိတ္တိ လူတို့နှင့် စစ်တိုက် ကြစဉ် ၊ ဟုရှသိ လူသိဗေခဲ သည် ရေဖိမ် အမျိုး သာဖ ကို သတ် ၍ ဖိလိတ္တိလူတို့ကို အောင်မြင် လေ၏။
5 ၅ နောက်တဖန် ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ယာဣယသား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့် အမျှကြီးသော လှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျတ်၏ ညီလာခမိကို သတ်လေ၏။
၅နောက် တဖန် ဖိလိတ္တိ လူတို့ကို စစ်တိုက် ကြစဉ်၊ ယာဣယ သား ဧလဟာနန် သည် ရက်ကန်း လက်လိပ် နှင့်အမျှ ကြီးသော လှံ ရိုး ကိုသုံးစွဲသော ဂိတ္တိ အမျိုး ဂေါလျတ် ၏ ညီ လာခမိ ကို သတ် လေ၏။
6 ၆ နောက်တဖန်ဂါသမြို့မှာ စစ်တိုက်ကြစဉ်၊ အရပ် မြင့်၍ လက်တဘက်၌ လက်ခြောက်ချောင်းစီ၊ ခြေ တဘက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေး ချောင်းရှိသော ရေဖိမ်အမျိုးသားတယောက်သည်၊
၆နောက် တဖန်ဂါသ မြို့မှာ စစ်တိုက် ကြစဉ်၊ အရပ် မြင့်၍ လက်တဘက်၌ လက် ခြောက် ချောင်းစီ၊ ခြေ တဘက်၌ ခြေခြောက် ချောင်းစီ၊ ပေါင်းနှစ်ဆယ် လေး ချောင်းရှိသောရေဖိမ် အမျိုးသားတယောက်သည်၊
7 ၇ ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ် အစ်ကိုရှိမာ၏ သားယောနသန်သည် ထိုသူကို သတ်လေ ၏။
၇ဣသရေလ အမျိုးကို ကြိမ်းပ သောအခါ ၊ ဒါဝိဒ် အစ်ကို ရှိမာ ၏ သား ယောနသန် သည် ထိုသူ ကို သတ် လေ ၏။
8 ၈ ဤသူတို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီး သားဖြစ်၍ ဒါဝိဒ်နှင့်သူ၏ကျွန်တို့လက်ဖြင့်သေကြ၏။
၈ဤ သူတို့သည် ဂါသ မြို့၌ နေသောရေဖိမ် လူကြီး သား ဖြစ်၍ ဒါဝိဒ် နှင့် သူ ၏ကျွန် တို့လက် ဖြင့် သေ ကြ၏။