< ၁ ရာဇဝင်ချုပ် 19 >

1 ထိုနောက် အမ္မုန်ရှင်ဘုရင်နာဟတ်သည် သေ၍၊ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
ထို​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော အ​ခါ အမ္မုန်​ဘု​ရင်​နာ​ဟတ်​ကွယ်​လွန်​၍ သူ​၏​သား​ဟာ​နုန်​မင်း​ဖြစ်​လေ​၏။-
2 ဒါဝိဒ်ကလည်း၊ ဟာနုန်အဘ နာဟတ်သည် ငါ့အားကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြု မည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်း ငှါ သံတမန်တို့ကိုစေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် ဟာနုန်မင်းကို နှစ်သိမ့်စေခြင်းငှါ သူရှိရာ အမ္မုန်ပြည်သို့ ရောက်ကြ၏။
ဒါ​ဝိဒ်​က``ဟာ​နုန်​၏​အ​ဖ​နာ​ဟတ်​သည်​သစ္စာ ရှိ​သော​မိတ်​ဆွေ​ဖြစ်​ကြောင်း ငါ့​အား​ပြ​သ​ခဲ့ သည့်​နည်း​တူ​ငါ​သည်​လည်း​ဟာနုန်​အား​ပြ​သ ရ​ပေ​မည်'' ဟု​ဆို​လျက်​သူ​၏​ထံ​သို့​ဝမ်း​နည်း ကြေ​ကွဲ​ကြောင်း​သ​ဝဏ်​လွှာ​ကို​စေ​တ​မန်​များ နှင့်​ပေး​ပို့​တော်​မူ​လိုက်​၏။ ထို​သူ​တို့​အမ္မုန်​ပြည်​သို့​ရောက်​ရှိ​ကြ​သော အ​ခါ ဟာ​နုန်​မင်း​၏​ရှေ့​သို့​ဝင်​ကြ​၏။-
3 အမ္မုန်အမျိုး မှူးမတ်တို့သည် ဟာနုန်မင်းထံသို့ ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင်၊ ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ ပြည်တော်ကို စစ်ဆေးစူး စမ်း၍ ဖျက်ဆီးခြင်းငှါသာ၊ သူ၏ကျွန်တို့သည် အထံတော် သို့ ရောက်သည် မဟုတ်လောဟု လျှောက်ကြလျှင်၊
အမ္မုန်​အ​မျိုး​သား​ခေါင်း​ဆောင်​များ​က``ဒါ​ဝိဒ် သည်​အ​ရှင်​မင်း​ကြီး​၏​ခမည်း​တော်​ကို​ဂုဏ်​ပြု သည့်​အ​နေ​ဖြင့် ဤ​စေ​တ​မန်​များ​ကို​စေ​လွှတ် ၍​ဝမ်း​နည်း​ကြေ​ကွဲ​ကြောင်း​သ​ဝဏ်​လွှာ​ကို ပေး​ပို့​ခြင်း​ဖြစ်​သည်​ဟု​မှတ်​တော်​မူ​ပါ သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဟုတ်​ပါ။ ဤ နိုင်​ငံ​ကို​ချင်း​နင်း​ဝင်​ရောက်​သိမ်း​ပိုက်​နိုင်​ရန် အ​ခြေ​အ​နေ​ကို​လေ့​လာ​စုံ​စမ်း​ရန် ထို​သူ တို့​အား​သူ​လျှို​များ​အ​ဖြစ်​ဖြင့်​စေ​လွှတ် လိုက်​ခြင်း​သာ​လျှင်​ဖြစ်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။
4 ဟာနုန်သည် ဒါဝိဒ်၏ ကျွန်တို့ကို ယူပြီးလျှင်၊ မုဆိတ်ကိုရိတ်၍ အဝတ်ကိုတင်ပါးတိုင်အောင်ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။
ဟာ​နုန်​သည်​ဒါ​ဝိဒ်​၏ စေ​တ​မန်​တို့​ကို​ဖမ်း ဆီး​ကာ​မုတ်​ဆိတ်​များ​ကို​ရိတ်​၍ အ​ဝတ်​များ ကို​တင်​ပါး​အ​ထိ​ဖြတ်​ပြီး​လျှင်​သူ​တို့ အား​ပြန်​၍​လွှတ်​လိုက်​၏။-
5 ထိုသူတို့၌ အဘယ်သို့ပြုသည်ကို ဒါဝိဒ်သည် သိတင်းကြားသောအခါ၊ သူတို့သည် အလွန်ရှက်သော ကြောင့် ဆီးကြိုစေခြင်းငှါ စေလွှတ်၍၊ သင်တို့သည် မုဆိတ်မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှ ပြန်လာကြလော့ဟု မှာထားတော်မူ၏။
သူ​တို့​သည်​အ​လွန်​ပင်​ရှက်​သ​ဖြင့်​မိ​မိ​တို့ တိုင်း​ပြည်​သို့​မ​ပြန်​ဘဲ​နေ​ကြ​၏။ ဤ​အ​ဖြစ် အ​ပျက်​ကို​ဒါ​ဝိဒ်​ကြား​သိ​သော​အ​ခါ​သူ တို့​အား``သင်​တို့​သည်​ယေ​ရိ​ခေါ​မြို့​တွင်​နေ ကြ​လော့။ မုတ်​ဆိတ်​များ​ပြန်​၍​မ​ရှည်​မ​ချင်း မိ​မိ​တို့​ပြည်​သို့​မ​ပြန်​ခဲ့​ကြ​နှင့်'' ဟု အ​ကြောင်း​ကြား​တော်​မူ​၏။
6 ဟာနုန်မင်းနှင့် အမ္မုန်အမျိုးသားတို့က၊ ငါတို့ သည် ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ်ဖြစ်လိမ့်မည်ဟု သိလျှင်၊ မေသောပေါတာမိပြည်၊ ရှုရိမာခါပြည်၊ ဇောဘပြည်တို့၌ မြင်းရထားတို့ကိုငှါးခြင်းငှါ ငွေအခွက် တသောင်းကို ထုတ်၍၊
ဟာ​နုန်​မင်း​နှင့်​အမ္မုန်​အ​မျိုး​သား​တို့​သည် ဒါ​ဝိဒ်​မင်း​အား မိ​မိ​တို့​ရန်​ဖက်​ပြု​မိ​ကြ ကြောင်း​သိ​ရှိ​လာ​ကြ​သော​အ​ခါ​မေ​သော ပေါ​တာ​မိ​ပြည်​အ​ထက်​ပိုင်း​နှင့် ရှု​ရိ​ပြည် ဖြစ်​ကြ​သော​မာ​ခါ​ပြည်၊ ဇော​ဘ​ပြည်​တို့ မှ​စစ်​တပ်​တစ်​တပ်​ကို​ငွေ​တန်​ချိန်​လေး ဆယ်​မျှ​ပေး​၍​ငှား​ရမ်း​ကြ​၏။-
7 မြင်းရထားသူရဲသုံးသောင်းနှစ်ထောင်ကို၎င်း၊ မာခါမင်းကြီးနှင့် သူ၏လူတို့ကို၎င်း ငှါးသဖြင့်၊ ထိုသူတို့ သည် မေဒဘမြို့ရှေ့မှာ တပ်ချကြ၏။ အမ္မုန်အမျိုးသား တို့သည်လည်း စုဝေး၍ အမြို့မြို့တို့မှ စစ်ချီကြ၏။
သူ​တို့​သည်​မိ​မိ​တို့​ငှား​ရမ်း​ထား​သည့်​စစ် ရထား​သုံး​သောင်း​နှစ်​ထောင်​နှင့် မာ​ခါ​ပြည် ဘု​ရင်​၏​တပ်​မ​တော်​ကို​ခေါ်​ဆောင်​ကာ မေ ဒဘ​မြို့​အ​နီး​သို့​လာ​၍​စ​ခန်း​ချ​လေ​သည်။ အမ္မုန်​အမျိုး​သား​တို့​သည်​လည်း​မိ​မိ​တို့​၏ မြို့​အ​ပေါင်း​မှ​ထွက်​၍​စစ်​တိုက်​ရန်​အ​သင့် ပြင်​ကြ​ကုန်​၏။
8 ထိုသိတင်းကို ဒါဝိဒ်သည် ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသော သူရဲအလုံးအရင်းအပေါင်းကို စေလွှတ် ၏။
ဒါ​ဝိဒ်​သည်​ဤ​အ​ကြောင်း​အ​ရာ​ကို​ကြား သော​အ​ခါ ယွာ​ဘ​နှင့်​တပ်​မ​တော်​ကြီး တစ်​ခု​လုံး​ကို​စေ​လွှတ်​တော်​မူ​၏။-
9 အမ္မုန်အမျိုးသားတို့သည် ထွက်၍မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ စစ်ကူသော မင်းကြီးတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။
အမ္မုန်​အ​မျိုး​သား​တို့​သည်​လာ​ရောက်​၍ မိ​မိ တို့​၏​မြို့​တော်​ရဗ္ဗာ​မြို့​အ​ဝင်​တွင်​နေ​ရာ​ယူ ကြ​၏။ စစ်​ကူ​ရောက်​ရှိ​လာ​ကြ​သော​ဘု​ရင် တို့​သည်​လည်း​ကွင်း​ပြင်​တွင်​နေ​ရာ​ယူ ကြ​ကုန်​၏။
10 ၁၀ ယွာဘသည်လည်းရှေ့၌၎င်း၊ နောက်၌၎င်း၊ စစ်မျက်နှာနှစ်ဘက်ရှိသည်ကိုမြင်လျှင်၊ ဣသရေလလူတို့ တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူ တို့တဘက်၌ စစ်ခင်းကျင်း၏။
၁၀ယွာ​ဘ​သည်​မိ​မိ​အား​အ​ရှေ့​မှ​လည်း​ကောင်း၊ အ​နောက်​မှ​လည်း​ကောင်း၊ ရန်​သူ​တပ်​သား​တို့ တိုက်​ခိုက်​ကြ​လိမ့်​မည်​ကို​သိ​မြင်​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​အ​တော် ဆုံး​စစ်​သူ​ရဲ​တို့​ကို​ရွေး​ချယ်​ကာ​ရှုရိ​တပ် ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​၏။-
11 ၁၁ ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့ တဘက်၌ စစ်ခင်းကျင်းစေခြင်းငှါ ညီအဘိရှဲလက်သို့ အပ်လျက်၊
၁၁ကြွင်း​သော​သူ​တို့​ကို​မူ​မိ​မိ​၏​ညီ​အ​ဘိ​ရှဲ အား​ကွပ်​ကဲ​စေ​၏။ အ​ဘိ​ရှဲ​သည်​လည်း​သူ တို့​အား​အမ္မုန်​တပ်​သား​တို့​ကို​မျက်​နှာ​မူ ၍​နေ​ရာ​ယူ​စေ​၏။-
12 ၁၂ ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါ့အားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အား ငါကူမည်။
၁၂ယွာ​ဘ​က``ရှု​ရိ​တပ်​သား​တို့​သည်​ငါ​တို့ အား​အ​နိုင်​ရ​လျက်​နေ​ပါ​မူ သင်​သည်​လာ ၍​ငါ့​အား​ကူ​ညီ​လော့။ အ​ကယ်​၍​အမ္မုန် တပ်​သား​တို့​က​သင့်​ကို​အ​နိုင်​ရ​လျက် နေ​ပါ​မူ​ငါ​သည်​လာ​၍​သင့်​ကို​ကူ​ညီ​မည်။-
13 ၁၃ ရဲရင့်သော စိတ်ရှိ၍ ငါတို့လူမျိုးနှင့် ငါတို့ ဘုရား သခင့်မြို့ရွာတို့အဘို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည်အတိုင်း စီရင် တော်မူစေသတည်းဟုဆိုပြီးမှ၊
၁၃စွမ်း​ရည်​သတ္တိ​ရှိ​စေ​ကြ​လော့။ ငါ​တို့​သည် မိ​မိ​တို့​၏​လူ​မျိုး၊ မိ​မိ​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​၏​မြို့​များ​အ​တွက်​ကြိုး စား​၍​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​အ​လို​တော်​ရှိ​သည် အ​တိုင်း​ဖြစ်​ပါ​စေ​သော'' ဟု​အ​ဘိ​ရှဲ အား​ဆို​၏။
14 ၁၄ သူ၌ပါသောလူများနှင့်တကွ၊ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။
၁၄ယွာ​ဘ​နှင့်​သူ​၏​တပ်​သား​တို့​သည်​ရှေ့​သို့ ချီ​တက်​တိုက်​ခိုက်​လျှင် ရှု​ရိ​တပ်​သား​တို့ သည်​ထွက်​ပြေး​ကြ​ကုန်​၏။-
15 ၁၅ ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း ညီအဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ဝင်ကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။
၁၅ယင်း​သို့​ထွက်​ပြေး​သည်​ကို​အမ္မုန်​တပ်​သား တို့​မြင်​သော​အ​ခါ သူ​တို့​သည်​လည်း​အ​ဘိ​ရှဲ ၏​ရှေ့​မှ​ထွက်​ပြေး​ကာ​မြို့​တွင်း​သို့​ဆုတ် ခွာ​သွား​ကြ​ကုန်​၏။ ထို​အ​ခါ​ယွာဘ​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လေ​၏။
16 ၁၆ ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ သံတမန်တို့ကို စေလွှတ်၍ မြစ်တဘက်၌နေသော ရှုရိလူတို့ကို ခေါ်သဖြင့်၊ ဟာဒ ဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။
၁၆ရှု​ရိ​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​နိုင်​ရ​သွား​ကြောင်း​ကို​သိ​ရှိ​လာ ကြ​သ​ဖြင့် သူ​တို့​သည်​ဥ​ဖ​ရတ်​မြစ်​အ​ရှေ့ ဘက်​ကမ်း​ရှိ​ရှု​ရိ​ပြည်​နယ်​မှ​စစ်​သား​တို့​ကို ခေါ်​ယူ​ကာ ဇော​ဘ​ပြည်​မှ​ဟာ​ဒ​ဒေ​ဇာ​မင်း တပ်​မ​တော်​တပ်​မှူး​ရှော​ဗက်​၏​လက်​အောက် တွင်​ထား​ရှိ​ကြ​၏။-
17 ၁၇ ထိုသိတင်းကိုကြားလျှင် ဒါဝိဒ်သည် ဣသရေလ အမျိုးသား အပေါင်းတို့ကို စုဝေးစေ၍ ယော်ဒန်မြစ်ကို ကူးသဖြင့်၊ ရန်သူတပ်သို့ရောက်၍ စစ်ခင်းကျင်းလေ၏။ ထိုသို့ဒါဝိဒ်သည် စစ်ခင်းကျင်း၍ ရှုရိလူတို့သည် တိုက် သောအခါ၊
၁၇ဤ​အ​ကြောင်း​ကို​ဒါ​ဝိဒ်​ကြား​လေ​သော် ဣ​သ​ရေ​လ​တပ်​သား​များ​ကို​စု​ရုံး​စေ​လျက် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် ရှု​ရိ​တပ် များ​ကို​မျက်​နှာ​မူ​၍​နေ​ရာ​ယူ​စေ​တော် မူ​၏။ စစ်​ပွဲ​ကား​အ​စ​ပြု​လေ​ပြီ။-
18 ၁၈ ဣသရေလအမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ် သည်လည်း ရှုရိမြင်းရထားစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲလေးသောင်းတို့ကို သတ်၍ ဗိုလ်ချုပ်မင်းရှောဗက်ကို လည်း လုပ်ကြံလေ၏။
၁၈ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှု​ရိ​အ​မျိုး​သား​တို့​အား​တပ်​လှန့်​ထွက်​ပြေး စေ​ကြ​၏။ ဒါ​ဝိဒ်​နှင့်​သူ​၏​တပ်​မ​တော်​သည် ရ​ထား​စီး​စစ်​သူ​ရဲ​ခု​နစ်​ထောင်​နှင့်​ခြေ​လျင် တပ်​သား​လေး​သောင်း​တို့​ကို​သုတ်​သင်​ပစ် လိုက်​ကြ​သ​တည်း။ သူ​တို့​သည်​ရှု​ရိ​တပ်​မှူး ရှော​ဗက်​အား​လည်း​သုတ်​သင်​လိုက်​ကြ​သည်။-
19 ၁၉ ဟာဒဒေဇာမင်း၏ ကျွန်တို့သည် ဣသရေလ အမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ ဒါဝိဒ်နှင့် မိဿဟာယဖွဲ့၍ ကျွန်ခံကြ၏။ နောက်တဖန် ရှုရိလူတို့ သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူကြ။
၁၉ဟာ​ဒ​ဒေ​ဇာ​၏​လက်​အောက်​ခံ​ဘု​ရင်​တို့ သည် မိ​မိ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​ပြီ​ဖြစ် ကြောင်း​သိ​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ်​နှင့် စစ်​ပြေ​ငြိမ်း​ရန်​ဆောင်​ရွက်​ကြ​လျက် ဒါ​ဝိဒ်​၏​လက်​အောက်​ခံ​များ​ဖြစ်​လာ ကြ​၏။ ရှု​ရိ​အ​မျိုး​သား​တို့​သည်​နောင် အ​ဘယ်​အ​ခါ​၌​မျှ အမ္မုန်​အ​မျိုး​သား တို့​အား​စစ်​ကူ​လို​စိတ်​မ​ရှိ​ကြ​တော့​ပေ။

< ၁ ရာဇဝင်ချုပ် 19 >