< ၁ ရာဇဝင်ချုပ် 18 >
1 ၁ ထိုနောက်ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ ၍အောင်မြင်သဖြင့်၊ ဂါသမြို့နှင့် ကျေးလက်များကို သိမ်းယူလေ၏။
И бысть по сих, и порази Давид иноплеменники, и прогна их: и взя Геф и веси его от руки иноплеменничи.
2 ၂ မောဘပြည်ကိုလည်း လုပ်ကြံ၍ မောဘအမျိုး သားတို့သည် ဒါဝိဒ်၌ ကျွန်ခံလျက်အခွန်ဆက်ရကြ၏။
И порази Давид Моава, и бяху Моавити раби Давиду приносяще ему дань.
3 ၃ ဇောဘမင်းကြီးဟာ ဒဒေဇာသည်၊ ဥဖရတ်မြစ် နားမှာ မိမိနိုင်ငံကို တည်စေခြင်းငှါ သွားသောအခါ၊ ဒါဝိဒ်သည် ဟာမတ်မြို့တိုင်အောင် တိုက်ဖျက်၍၊
И порази Давид Адраазара царя Сувска во Емафе, идущу ему поставити руку свою над рекою Евфратом:
4 ၄ ရထားတထောင်၊ မြင်းစီးသူရဲခုနစ်ထောင်၊ ခြေသည်သူရဲနှစ်သောင်းကို ဘမ်းဆီး၍ ရထားတရာကို သိမ်းထားပြီးမှ အခြားသော မြင်းရထားရှိသမျှတို့ကို ဖျက်ဆီးလေ၏။
и взя от него Давид тысящу колесниц и седмь тысящ конник и двадесять тысящ мужей пешцев, и разби Давид вся колесницы, и остави от них сто колесниц, (ихже удержа себе).
5 ၅ ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကို သတ်ပြီးမှ၊
И прииде Сир от Дамаска, да помощь даст Адраазару царю Сувску, и порази Давид от Сировых двадесять две тысящы мужей:
6 ၆ ရှုရိပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထား သဖြင့်၊ ရှုရိလူတို့သည်ဒါဝိဒ်၌ ကျွန်ခံ၍ အခွန်ဆက်ရ ကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။
и постави Давид стражу в Сирии, яже близ Дамаска, и бяху Давиду в рабы приносяще дани: и спасе Господь Давида во всех, в нихже хождаше.
7 ၇ ဟာဒဒေဇာ၏ကျွန်တို့ စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။
И взя Давид гривны златыя, ихже имеша раби Адраазаровы, и принесе я во Иерусалим.
8 ၈ ဟာဒဒေဇာအစိုးရသော တိဗဟတ်မြို့နှင့် ခုန်မြို့မှ၊ ဒါဝိဒ်သည် များစွာသော ကြေးဝါကို သိမ်းသွား ၏။ ရှောလမုန်သည် ကြေးဝါရေကန်၊ ကြေးဝါတိုင်၊ ကြေးဝါတန်ဆာများကို ထိုကြေးဝါဖြင့် လုပ်သတည်း။
И из Метавефа и от избранных градов Адраазаровых взя Давид меди много зело, из неяже сотвори Соломон море медяно, и столпы, и сосуды медяныя.
9 ၉ ဇောဘမင်းကြီးဟာဒဒေဇာ၏ တပ်အလုံး အရင်းကို ဒါဝိဒ်လုပ်ကြံကြောင်းကိုဟာမတ်မင်းကြီး တောဣသည်ကြားလျှင်၊
И услыша Фоа царь Емафский, яко порази Давид всю силу Адраазара царя Сувска,
10 ၁၀ မိမိရန်သူဟာဒဒေဇာကို ဒါဝိဒ်သည် စစ်တိုက်၍ လုပ်ကြံသောကြောင့်၊ မိဿဟာယဖွဲ့၍ ကောင်းကြီးပေး စေခြင်းငှါ မိမိသားဟဒေါရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ်၍၊ ဟဒေါရံသည် ရွှေဖလား၊ ငွေဖလား၊ ကြေးဝါ ဖလားအမျိုးမျိုးတို့ကို ဆောင်ခဲ့လေ၏။
и посла Адурама сына своего к царю Давиду, да вопросит его, яже о мире, и благословити его о сем, яко победи Адраазара и порази его, понеже муж противен бяше Фоа Адраазару.
11 ၁၁ ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရ ဘုရားအား ပူဇော်၏။ ထိုအတူရှုရိပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်၊ အပြည်ပြည် တို့မှ ဆောင်ခဲ့သော ရွှေငွေကိုလည်း ပူဇော်၏။
И вся сосуды златыя и сребряныя и медяныя, и сия освяти царь Давид Господу со сребром и златом, яже взя от всех язык, от Идумеи и Моава, и от сынов Аммоних и от иноплеменник и от Амалика.
12 ၁၂ ထိုမှတပါး၊ဇေရုယာသားအဘိရှဲသည် ဆားချိုင့် တွင် ဧဒုံလူတသောင်းရှစ်ထောင်တို့ကို လုပ်ကြံလေ၏။
Авесса же сын Саруиев порази Идумею во юдоли Сланей, осмьнадесять тысящ:
13 ၁၃ ဧဒုံပြည်၌မြို့စောင့်တပ်တို့ကို ထား၍၊ ဧဒုံပြည် သားအပေါင်းတို့သည် ဒါဝိဒ်၌ ကျွန်ခံကြ၏။ ဒါဝိဒ် သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။
и постави во юдоли стражу, и беша вси Идумеане раби Давиду. И спасаше Господь Давида во всех, в нихже хождаше.
14 ၁၄ ထိုသို့ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကိုစိုးစံ၍၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ်တော် မူ၏။
И воцарися Давид над всем Израилем, и бе творя суд и правду всем людем своим.
15 ၁၅ ဇေရုယာ၏သားယွာဘသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ အဟိလုဒ်၏သား ယောရှဖတ်သည် အတွင်းဝန် ဖြစ်၏။
Иоав же сын Саруиев (бысть) над воинством, и Иосафат сын Ахилудов памятописец,
16 ၁၆ အဟိတုပ်၏သား ဇာဒုတ်နှင့်အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။
и Садок сын Ахитов и Авимелех сын Авиафаров священницы, и Суса книгочий,
17 ၁၇ ယောယဒ၏သားဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့သည် လည်း အထံတော်၌ မင်းသားအရာနှင့်နေကြ၏။
и Ванеа сын Иодаев над Херефием и над Фелефием: сынове же Давидовы первии преемницы царевы.