< ၁ ရာဇဝင်ချုပ် 17 >
1 ၁ ဒါဝိဒ်မင်းသည် နန်းတော်၌ ငြိမ်ဝပ်စွာနေရသော အခါ၊ ပရောဖက်နာသန်ကိုခေါ်၍ကြည့်ရှုလော့။ ငါသည် အာရဇ်သစ်သားအိမ်နှင့် နေ၏။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်မူကား ကုလားကာဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆိုသော်၊
Kwasekusithi uDavida esehlezi endlini yakhe, uDavida wathi kuNathani umprofethi: Khangela, mina ngihlala endlini yemisedari, kodwa umtshokotsho wesivumelwano seNkosi ungaphansi kwamakhetheni.
2 ၂ နာသန်ကအကြံတော်ရှိသမျှအတိုင်း ပြုတော် မူပါ။ ဘုရားသခင်သည် ကိုယ်တော်နှင့် အတူရှိတော်မူ သည်ဟု ပြန်လျှောက်၏။
UNathani wasesithi kuDavida: Yenza konke okusenhliziyweni yakho, ngoba uNkulunkulu ulawe.
3 ၃ ထိုညဉ့်တွင် ဘုရားသခင်၏နှုတ်ကပတ်တော် သည် ပရောဖက်နာသန်သို့ ရောက်၍၊
Kodwa kwathi ngabona lobobusuku ilizwi likaNkulunkulu lafika kuNathani, lisithi:
4 ၄ ငါ့ကျွန် ဒါဝိဒ်ထံသို့သွားလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါနေစရာဘို့အိမ်ကို မဆောက်ရ။
Hamba utshele uDavida inceku yami: Itsho njalo iNkosi: Wena kawuyikungakhela indlu yokuhlala.
5 ၅ ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော နေ့ကစ၍ ယနေ့တိုင်အောင်အိမ်နှင့်ငါမနေ။ တဲတခုမှတခုသို့ပြောင်း၍ တဲများတို့နှင့် နေပြီ။
Ngoba kangihlalanga endlini kusukela osukwini engenyusa ngalo uIsrayeli kuze kube lamuhla, kodwa ngasuka ethenteni ngaya ethenteni njalo ngasuka ethabhanekeleni ngaya kwelinye.
6 ၆ ဣသရေလအမျိုးအပေါင်းနှင့် ငါလှည့်လည်ရာ အရပ်တို့၌ ငါ၏လူမျိုးကို ကျွေးမွေးစေခြင်းငှါ၊ ငါစေခိုင်း သော ဣသရေလတရားသူကြီးတစုံ တယောက်အား၊ သင်သည် ငါ့အဘို့ အာရဇ်သစ်သားအိမ်ကို အဘယ် ကြောင့် မဆောက်သနည်းဟု ငါဆိုဘူးသလော။
Loba ngaphi engihambe khona loIsrayeli wonke ngake ngakhuluma ilizwi yini komunye wabahluleli bakoIsrayeli, engabalaya ukwelusa abantu bami ngisithi: Yini lingangakhelanga indlu yemisedari?
7 ၇ ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံထဲက သင့် ကို ငါနှုတ်ယူ၍၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အုပ်စိုး သော မင်းအရာ၌ ငါခန့်ထားပြီ။
Ngakho-ke uzakutsho njalo encekwini yami uDavida uthi: Itsho njalo iNkosi yamabandla: Mina ngakuthatha esibayeni sezimvu ekulandeleni izimvu ukuze ube ngumbusi phezu kwabantu bami uIsrayeli.
8 ၈ သင်သွားလေရာရာ၌ ငါလိုက်၍၊ သင်၏ရန်သူ အပေါင်းတို့ကို သင့်ရှေ့မှာ ပယ်ရှားသဖြင့်၊ မြေကြီးသား လူကြီးဂုဏ်အသရေကဲ့သို့ သင်၌ ဂုဏ်အသရေကို ငါပေး ပြီ။
Njalo ngaba lawe loba ngaphi oya khona, ngaquma zonke izitha zakho zasuka phambi kwakho, ngakwenzela ibizo njengebizo labakhulu abasemhlabeni.
9 ၉ ထိုမှတပါး၊ ငါ၏လူဣသရေလအမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ။ သူတို့သည်နောက်တဖန်မပြောင်း မလဲ၊ မိမိတို့နေရာ၌ နေစေခြင်းငှါ ငါမြဲမြံစေမည်။ မတရားသော သူတို့သည် ရှေးကာလ၌၎င်း၊
Njalo ngizabamisela indawo abantu bami uIsrayeli, ngibagxumeke ukuze bahlale endaweni yabo, bangabe besanyikinywa; labantwana bobubi kabasayikubamotsha njengakuqala,
10 ၁၀ ငါ၏လူ ဣသရေလအမျိုး တရားသူကြီးတို့ကို ခန့်ထားသော ကာလ၌၎င်း၊ ညှဉ်းဆဲသကဲ့သို့ နောက် တဖန် မညှဉ်းဆဲရ။ သင့်ကိုလည်း ရန်သူအပေါင်းတို့ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုး အနွှယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။
njalo kusukela kulezonsuku engalaya abahluleli ukuthi babe phezu kwabantu bami uIsrayeli; ngazehlisela phansi zonke izitha zakho; njalo ngiyakutshela ukuthi iNKOSI izakwakhela indlu.
11 ၁၁ သင်သည် အသက်ကာလစေ့၍ ဘိုးဘေးနေရာ သို့ သွားရသောအခါ၊ သင်မှဆင်းသက်သော သားစုတွင်၊ သားတယောက်ကို ငါချီးမြှောက်၍ သူ၏နိုင်ငံကို တည် ထောင်မည်။
Kuzakuthi-ke lapho insuku zakho sezigcwalisekile ukuthi uhambe laboyihlo, ngizavusa inzalo yakho emva kwakho, ezavela emadodaneni akho, ngiqinise umbuso wayo.
12 ၁၂ ထိုသားသည်ငါ့အဘို့ အိမ်ကိုဆောက်လိမ့်မည်။ သူထိုင်သော ရာဇပလ္လင်ကိုအစဉ်အမြဲငါတည်စေမည်။
Yena uzangakhela indlu, ngizaqinisa isihlalo sakhe sobukhosi kuze kube nininini.
13 ၁၃ ငါသည်သူ၏ အဘဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ သင့်ရှေ့မှာရှိသော သူ၌ ငါ၏ ကရုဏာကို နှုတ်သကဲ့သို့ သင်၏သား၌ ငါမနှုတ်။
Mina ngizakuba nguyise, yena abe yindodana yami; njalo kangiyikususa uthandolomusa wami kuye njengalokho ngalususa kulowo owayengaphambi kwakho.
14 ၁၄ ထိုသားကိုငါ့အိမ်၊ ငါ့နိုင်ငံ၌ အစဉ်အမြဲနေရာ ချမည်။သူ၏ ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်ရ လိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အား ပြောလော့ဟု မိန့်တော် မူ၏။
Kodwa ngizamqinisa endlini yami lembusweni wami kuze kube nininini, lesihlalo sakhe sobukhosi sizaqiniswa kuze kube nininini.
15 ၁၅ ထိုဗျာဒိတ်တော်စကားအလုံးစုံတို့ကို နာသန် သည် ဒါဝိဒ်အားပြန် ပြောလေ၏။
Njengawo wonke lamazwi lanjengawo wonke lumbono, ngokunjalo uNathani wakhuluma kuDavida.
16 ၁၆ ထိုအခါဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ထိုင်လျက်၊ အိုထာဝရအရှင် ဘုရားသခင်၊ အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော် မူမည်အကြောင်း အကျွန်ုပ်သည် အဘယ်သို့သော သူဖြစ် ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သော အမျိုးဖြစ်ပါသနည်း။
Inkosi uDavida yasingena yahlala phambi kweNkosi, yathi: Mina ngingubani, Nkosi Nkulunkulu, lendlu yami iyini, ukuthi ungilethe kuze kube lapha?
17 ၁၇ သို့ရာတွင် အိုဘုရားသခင်၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသော ကာလနှင့်ယှဉ်လျက် မိန့်တော်မူပါသည်တကား။ အို ထာဝရအရှင်ဘုရားသခင်၊ အကျွန်ုပ်ကို ဘုန်းကြီးသော သူကဲ့သို့ မှတ်တော်မူပါသည်တကား။
Lokhu bekukuncinyane emehlweni akho, Nkulunkulu; usukhulumile ngendlu yenceku yakho kusesekhatshana, wangibona ngokwesikhundla somuntu ophakemeyo, Nkosi Nkulunkulu.
18 ၁၈ ကိုယ်တော်ကျွန်ဒါဝိဒ်သည် ကိုယ်ဘုန်းကြီးစေ ခြင်းငှါ၊ အဘယ်သို့ တိုးတက်၍ လျှောက်ရပါမည်နည်း။ ကိုယ်တော်သည် ကိုယ်တော်ကျွန်ကို သိတော်မူ၏။
UDavida angenzani okunye kuwe ngodumo lwenceku yakho? Ngoba wena uyayazi inceku yakho.
19 ၁၉ အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်အကျိုးကို ထောက်၍ အလိုတော်ရှိသည်အတိုင်း ဤကြီးစွာသော အမှုအလုံးစုံတို့ကို ထင်ရှားစေခြင်းငှါ အလုံစုံတို့ကို ပြုတော်မူပြီ။
Nkosi, ngenxa yenceku yakho langokwenhliziyo yakho wenzile zonke lezizinto ezinkulu ukwazisa zonke lezizinto ezinkulu.
20 ၂၀ သို့ဖြစ်၍ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ ကြားသမျှအတိုင်း ကိုယ်တော်နှင့် တူသောဘုရား၊ ကိုယ်တော်မှတပါးအခြားသော ဘုရားမည်မျှ မရှိပါ။
Nkosi, kakho onjengawe, njalo kakho uNkulunkulu ngaphandle kwakho, njengakho konke esikuzwileyo ngendlebe zethu.
21 ၂၁ အဲဂုတ္တုပြည်မှရွေးနှုတ်တော်မူသော ကိုယ်တော် ၏ လူမျိုးရှေ့မှလူအမျိုးမျိုးတို့ကို နှင်ထုတ်သဖြင့်၊ ကြီးမြတ်၍ ကြောက်မက်ဘွယ်သော နာမတော်ကို ကိုယ်တော်အဘို့ ထင်ရှားစေခြင်းငှါ၊ ဘုရားသခင်ကြွ၍ ကိုယ်တော်အဘို့ ရွေးနှုတ်တော်မူသော ကိုယ်တော်၏လူဣသရေလအမျိုး နှင့်တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော။
Njalo ngubani onjengabantu bakho uIsrayeli, isizwe esisodwa emhlabeni, uNkulunkulu owayazihlengela sona sibe ngabantu, ukuzenzela ibizo ngezenzo ezinkulu lezesabekayo, ngokuxotsha elifeni izizwe ukuzisusa phambi kwabantu bakho owabahlenga eGibhithe?
22 ၂၂ အကြောင်းမူကား၊ ကိုယ်တော်၏လူဣသရေလ အမျိုးသည် အစဉ်အမြဲ ကိုယ်တော်၏လူဖြစ်စေခြင်းငှါ ပြု၍၊ ကိုယ်တော်ထာဝရဘုရား သည်သူတို့ဘုရားသခင် ဖြစ်တော်မူ၏။
Ngoba wenza abantu bakho uIsrayeli ukuthi babe ngabantu bakho kuze kube nininini; lawe Nkosi waba nguNkulunkulu wabo.
23 ၂၃ ယခုမှာအိုထာဝရဘုရား၊ ကိုယ်တော်ကျွန်၌၎င်း၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်၌၎င်း၊ မိန့်တော်မူသော စကားတော် အစဉ်အမြဲ တည်ပါစေသော။ မိန့်တော်မူ သည်အတိုင်း ပြုတော်မူပါ။
Khathesi-ke, Nkosi, ilizwi owalikhuluma ngenceku yakho langendlu yayo kaliqiniswe kuze kube nininini, wenze njengokukhuluma kwakho.
24 ၂၄ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဣသရေလအမျိုး၏ဘုရားသခင်ဖြစ်တော်မူသည်ဟူ၍ နာမတော်သည် အစဉ်အမြဲ ချီးမြှောက်ခြင်းရှိမည် အကြောင်း၊ အမိန့်တော်သည် အစဉ်အမြဲတည် ပါစေ သော။ ကိုယ်တော်ကျွန်ဒါဝိဒ်၏ အမျိုးအနွယ်သည် ရှေ့တော်၌ တည်ပါစေသော။
Yebo kaliqiniswe, lebizo lakho kalibe likhulu kuze kube nininini, kuthiwa: INkosi yamabandla inguNkulunkulu kaIsrayeli, nguNkulunkulu koIsrayeli; lendlu kaDavida inceku yakho kayimiswe phambi kwakho.
25 ၂၅ အကြောင်းမူကား၊ အိုကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်က သင်၏အမျိုးအနွယ်ကို ငါတည်စေမည်ဟု ကိုယ်တော်ကျွန်အား ဗျာဒိတ်ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ပဌနာပြုချင်သော စိတ်ရှိပါ၏။
Ngoba wena, Nkulunkulu wami, wembule endlebeni yenceku yakho ukuthi uzayakhela indlu; ngenxa yalokho inceku yakho ithole enhliziyweni ukukhuleka phambi kwakho.
26 ၂၆ ယခုလည်း အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင်မှန်တော်မူ၏။ဤကျေးဇူးကို ကိုယ်တော်ကျွန် ၌ ဂတိထားတော်မူပြီ။
Khathesi-ke, Nkosi, wena unguye uNkulunkulu, ukhulume lokhu okuhle ngenceku yakho.
27 ၂၇ သို့ဖြစ်၍ကိုယ်တော်ကျွန်၏ အမျိုးအနွယ်သည် ရှေ့တော်၌ အစဉ်အမြဲတည်ပါမည်အကြောင်း ကောင်း ကြီးပေးခြင်းငှါ နူးညွတ်သော စိတ်ရှိတော်မူပါ။ အိုထာဝရ ဘုရား ကိုယ်တော်သည်ကောင်းကြီးပေးတော်မူလျှင်၊ ကောင်းကြီးမင်္ဂလာကို အစဉ်အမြဲခံရပါလိမ့်မည်ဟု ဆုတောင်းသတည်း။
Khathesi-ke, kukuthokozisile ukubusisa indlu yenceku yakho ukuze ibe phambi kwakho kuze kube nininini; ngoba, wena Nkosi, uyabusisa, njalo izabusiswa kuze kube nini lanini.