< ၁ ရာဇဝင်ချုပ် 15 >

1 ထိုနောက်ဒါဝိဒ်မြို့၌ အိမ်တော်တို့ကို ဆောက် တော်မူ၏။ ဘုရားသခင်၏ သေတ္တာတော်ဌာနကို ပြင်၍ တဲတော်ကိုလည်း တည်တော်မူပြီးမှ၊
ထိုနောက် ဒါဝိဒ် မြို့ ၌ အိမ် တော်တို့ကို ဆောက် တော်မူ၏။ ဘုရားသခင် ၏ သေတ္တာ တော်ဌာန ကို ပြင် ၍ တဲ တော်ကိုလည်း တည်တော်မူပြီးမှ၊
2 ဒါဝိဒ်က၊ ဘုရားသခင်၏ သေတ္တာတော်ကို ထမ်း၍ ရှေ့တော်၌ အမှုတော်ကို အစဉ်စောင့်စေခြင်းငှါ ထာဝရဘုရားသည် လေဝိသားတို့ကို ရွေးချယ်တော်မူ သောကြောင့်၊ အခြားတပါးသော သူတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို မထမ်းရကြဟုဆိုလျက်၊
ဒါဝိဒ် က၊ ဘုရားသခင် ၏ သေတ္တာ တော်ကို ထမ်း ၍ ရှေ့တော်၌ အမှု တော်ကို အစဉ် စောင့်စေခြင်းငှါ ထာဝရဘုရား သည် လေဝိ သားတို့ကို ရွေးချယ် တော်မူသောကြောင့် ၊ အခြားတပါးသောသူတို့ သည် ဘုရားသခင် ၏ သေတ္တာ တော်ကို မ ထမ်း ရကြဟုဆို လျက်၊
3 ထာဝရဘုရား၏ သေတ္တာတော်အဘို့ ပြင်ဆင် သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ဣသရေလအမျိုး သားအပေါင်းတို့ကို ယေရုရှလင်မြို့၌ စုဝေးစေသောအခါ၊
ထာဝရဘုရား ၏ သေတ္တာ တော်အဘို့ ပြင်ဆင် သော အရပ် ဌာနသို့ ဆောင် ခဲ့ခြင်းငှါ ဣသရေလ အမျိုးသားအပေါင်း တို့ကို ယေရုရှလင် မြို့၌ စုဝေး စေသောအခါ၊
4 အာရုန်သားတို့နှင့် လေဝိသားတို့ကိုလည်း စုဝေး စေတော်မူ၍ ရောက်လာသောသူဟူမူကား၊
အာရုန် သား တို့နှင့် လေဝိ သားတို့ကိုလည်း စုဝေး စေတော်မူ၍ ရောက်လာသောသူဟူမူကား၊
5 ကောဟတ်အမျိုးတွင် အကြီးဖြစ်သော ဥရေလ နှင့် သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊
ကောဟတ် အမျိုး တွင် အကြီး ဖြစ်သော ဥရေလ နှင့် သူ ၏ညီအစ်ကို တရာ နှစ်ဆယ်၊
6 မေရာရိအမျိုးတွင် အကြီးဖြစ်သော အသာယ နှင့်သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊
မေရာရိ အမျိုး တွင် အကြီး ဖြစ်သော အသာယ နှင့် သူ ၏ညီအစ်ကို တရာ နှစ်ဆယ်၊
7 ဂေရရှုံအမျိုးတွင် အကြီးဖြစ်သော ယောလနှင့် သူ၏ညီအစ်ကို တရာသုံးဆယ်၊
ဂေရရှုံ အမျိုး တွင် အကြီး ဖြစ်သော ယောလ နှင့် သူ ၏ညီအစ်ကို တရာ သုံးဆယ်၊
8 ဧလိဇဖန်အမျိုးတွင် အကြီးဖြစ်သော ရှေမာယ နှင့်သူ၏ညီအစ်ကိုနှစ်ရာ
ဧလိဇဖန် အမျိုး တွင် အကြီး ဖြစ်သော ရှေမာယ နှင့် သူ ၏ညီအစ်ကို နှစ် ရာ
9 ဟေဗြုန်အမျိုးတွင် အကြီးဖြစ်သော ဧလျေလ နှင့် သူ၏ညီအစ်ကိုရှစ်ဆယ်၊
ဟေဗြုန် အမျိုး တွင် အကြီး ဖြစ်သော ဧလျေလ နှင့် သူ ၏ညီအစ်ကို ရှစ် ဆယ်၊
10 ၁၀ ဩဇေလအမျိုးတွင် အကြီးဖြစ်သော အမိနဒပ် နှင့်သူ၏ညီအစ်ကို တရာတဆယ်နှစ်ယောက်တည်း။
၁၀ဩဇေလ အမျိုး တွင် အကြီး ဖြစ်သော အမိနဒပ် နှင့် သူ ၏ညီအစ်ကို တရာ တဆယ် နှစ် ယောက်တည်း။
11 ၁၁ ဒါဝိဒ်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာ၊ လေဝိသား ဩရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကို ခေါ်၍၊
၁၁ဒါဝိဒ် သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် အဗျာသာ ၊ လေဝိ သား ဩရေလ ၊ အသာယ ၊ ယောလ ၊ ရှေမာယ ၊ ဧလျေလ ၊ အမိနဒပ် တို့ကို ခေါ် ၍၊
12 ၁၂ သင်တို့သည် လေဝိသားအဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၏ သေတ္တာတော်အဘို့ ငါပြင်ဆင်သော အရပ် ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ကိုယ်ကို၎င်း၊ ညီအစ်ကိုတို့ ကို၎င်း၊ သန့်ရှင်းစေကြလော့။
၁၂သင် တို့သည် လေဝိ သားအဆွေအမျိုး သူကြီး ဖြစ်ကြ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ သေတ္တာ တော်အဘို့ ငါပြင်ဆင် သော အရပ် ဌာနသို့ ဆောင် ခဲ့ခြင်းငှါကိုယ် ကို၎င်း ၊ ညီအစ်ကို တို့ ကို၎င်း၊ သန့်ရှင်း စေကြလော့။
13 ၁၃ အရင်ကမသန့်ရှင်း၊ တရားလမ်းသို့ မလိုက်ဘဲ ငါတို့ဘုရားသခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်ဟု သတိပေး၏။
၁၃အရင် ကမသန့်ရှင်း၊ တရား လမ်းသို့ မ လိုက် ဘဲ ငါ တို့ဘုရားသခင် ထာဝရဘုရား ကို ရှာသောကြောင့်ဒဏ်ခတ် တော်မူသည်ဟု သတိပေး၏။
14 ၁၄ ထိုအခါ ယဇ်ပုရောဟိတ်တို့နှင့် လေဝိသား တို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား ၏သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ ကိုယ်ကိုသန့်ရှင်းစေ ကြ၏။
၁၄ထိုအခါ ယဇ်ပုရောဟိတ် တို့နှင့် လေဝိ သား တို့သည်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏သေတ္တာ တော်ကို ဆောင် ခဲ့ခြင်းငှါ ကိုယ်ကိုသန့်ရှင်း စေကြ၏။
15 ၁၅ ထာဝရဘုရားအမိန့်တော်နှင့်အညီ မောရှေ မှာထားခဲ့သည်အတိုင်း၊ လေဝိသားတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းဘိုးဖြင့် ထမ်းကြ ၏။
၁၅ထာဝရဘုရား အမိန့် တော်နှင့်အညီ မောရှေ မှာထား ခဲ့သည်အတိုင်း ၊ လေဝိ သား တို့သည် ဘုရားသခင် ၏ သေတ္တာ တော်ကို သေတ္တာတော်ထမ်းဘိုး ဖြင့် ထမ်း ကြ ၏။
16 ၁၆ လေဝိသားအကြီးအကဲတို့သည် စောင်း၊ တယော၊ ခွက်ကွင်းအစရှိသော တုရိယာမျိုးနှင့် သီချင်းဆိုတတ် သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိ သည်အတိုင်း၊
၁၆လေဝိ သားအကြီးအကဲ တို့သည် စောင်း ၊ တယော ၊ ခွက်ကွင်း အစရှိသော တုရိယာ မျိုးနှင့် သီချင်း ဆိုတတ် သော ညီအစ်ကို တို့ကို ဝမ်းမြောက် စွာ အသံ ပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်းအမိန့် တော်ရှိသည် အတိုင်း၊
17 ၁၇ ထိုလေဝိသားတို့သည် ယောလသားဟေမန်၊ သူ၏ညီစုထဲက ဗေရခိသားအာသပ်၊ မိမိတို့ညီစု၊ မေရာရိ အမျိုးထဲက ကုရှာယသားဧသန်တို့ကို၎င်း၊
၁၇ထိုလေဝိ သားတို့သည် ယောလ သား ဟေမန် ၊ သူ ၏ညီစု ထဲက ဗေရခိ သား အာသပ် ၊ မိမိ တို့ညီစု ၊ မေရာရိ အမျိုး ထဲက ကုရှာယ သား ဧသန် တို့ကို၎င်း၊
18 ၁၈ မိမိတို့ညီဒုတိယအရာရှိဖြစ်သော ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့ကို၎င်း ခန့်ထားကြ၏။
၁၈မိမိ တို့ညီ ဒုတိယ အရာရှိဖြစ်သော ဇာခရိ ၊ ဗင်္ယာဇေလ ၊ ရှေမိရာမုတ် ၊ ယေဟေလ ၊ ဥန္နိ ၊ ဧလျာဘ ၊ ဗေနာယ ၊ မာသေယ ၊ မတ္တိသိ ၊ ဧလိဖလေ ၊ မိတ်နေယ ၊ တံခါးစောင့် ဩဗဒေဒုံ ၊ ယေလ ၊ အာဇဇိတို့ကို၎င်းခန့်ထားကြ၏။
19 ၁၉ သီချင်းဆရာဟေမန်၊ အာသပ်၊ ဧသန်တို့သည် ကြေးဝါခွက်ကွင်းကို တီးရကြ၏။
၁၉သီချင်း ဆရာဟေမန် ၊ အာသပ် ၊ ဧသန် တို့သည် ကြေးဝါ ခွက်ကွင်း ကို တီး ရကြ၏။
20 ၂၀ ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ မာသေယ၊ ဗေနာယတို့သည် အာလမုတ် တယောကို ထိုးရကြ၏။
၂၀ဇာခရိ ၊ ဗင်္ယာဇေလ ၊ ရှေမိရာမုတ် ၊ ယေဟေလ ၊ ဥန္နိ ၊ ဧလျာဘ ၊ မာသေယ ၊ ဗေနာယ တို့သည် အာလမုတ် တယော ကို ထိုးရကြ၏။
21 ၂၁ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့သည် အသံစုံလင်စွာ ရှေမိနိတ်စောင်း ကို တီးရကြ၏။
၂၁မတ္တိသိ ၊ ဧလိဖလေ ၊ မိတ်နေယ ၊ ဩဗဒေဒုံ ၊ ယေလ ၊ အာဇဇိ တို့သည် အသံစုံလင်စွာ ရှေမိနိတ် စောင်း ကို တီးရကြ၏။
22 ၂၂ လေဝိသားအကြီးအကဲဖြစ်သော ခေနနိသည် သီချင်းအတတ်၌ လေ့ကျက်သောကြောင့် သီချင်း ဆရာကြီးဖြစ်၏။
၂၂လေဝိ သားအကြီးအကဲ ဖြစ်သော ခေနနိ သည် သီချင်း အတတ်၌ လေ့ကျက် သောကြောင့် သီချင်း ဆရာကြီးဖြစ်၏။
23 ၂၃ ဗေရခိနှင့် ဧလကာနသည် သေတ္တာတော်တံခါး စောင့်ဖြစ်၏။
၂၃ဗေရခိ နှင့် ဧလကာန သည် သေတ္တာ တော်တံခါးစောင့် ဖြစ်၏။
24 ၂၄ ယဇ်ပုရောဟိတ်ရှေဗနိ၊ ယောရှဖတ်၊ နာသ နေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏ သေတ္တာတော်ရှေ့မှာ တံပိုးမှုတ်ရကြ၏။ ဩဗဒေဒုံနှင့် ယေဟိသည်လည်း သေတ္တာတော်တံခါး စောင့်ဖြစ်၏ ။
၂၄ယဇ်ပုရောဟိတ် ရှေဗနိ ၊ ယောရှဖတ် ၊ နာသနေလ ၊ အာမသဲ ၊ ဇာခရိ ၊ ဗေနာယ ၊ ဧလျေဇာ တို့သည် ဘုရားသခင် ၏ သေတ္တာ တော်ရှေ့ မှာ တံပိုး မှုတ် ရကြ၏။ ဩဗဒေဒုံ နှင့် ယေဟိ သည်လည်း သေတ္တာ တော်တံခါးစောင့် ဖြစ်၏။
25 ၂၅ ထိုသို့ဒါဝိဒ်မင်းနှင့် ဣသရေလအမျိုးအသက် ကြီးသူ၊ လူတထောင်အုပ်တို့သည် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို၊ ဩဗဒေဒုံအိမ်မှ ဝမ်းမြောက် သောစိတ်နှင့် ဆောင်ခဲ့ခြင်းငှါ သွားကြ၏။
၂၅ထိုသို့ဒါဝိဒ် မင်းနှင့် ဣသရေလ အမျိုးအသက်ကြီး သူ၊ လူတထောင် အုပ် တို့သည် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို၊ ဩဗဒေဒုံ အိမ် မှ ဝမ်းမြောက် သောစိတ်နှင့် ဆောင် ခဲ့ခြင်းငှါ သွား ကြ၏။
26 ၂၆ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော် ကို ထမ်းသော လေဝိသားတို့ကို ဘုရားသခင် မစတော် မူသည်ဖြစ်၍၊ သူတို့သည် နွားခုနစ်ကောင်နှင့် သိုးခုနစ် ကောင်တို့ကို ယဇ်ပူဇော်ကြ၏။
၂၆ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော် ကို ထမ်း သော လေဝိ သားတို့ကို ဘုရားသခင် မစ တော်မူ သည်ဖြစ်၍ ၊ သူတို့သည် နွား ခုနစ် ကောင်နှင့် သိုး ခုနစ် ကောင်တို့ကို ယဇ် ပူဇော်ကြ၏။
27 ၂၇ ဒါဝိဒ်နှင့် သေတ္တာတော်ကို ထမ်းသော လေဝိ သားများ၊ သီချင်းဆရာခေနနိနှင့် သီချင်းဆိုသူများတို့ သည် ပိတ်ချောကိုဝတ်ကြ၏။ ဒါဝိဒ်သည် ပိတ်သင်တိုင်း ကိုလည်း ထပ်၍ဝတ်၏။
၂၇ဒါဝိဒ် နှင့် သေတ္တာ တော်ကို ထမ်း သော လေဝိ သားများ၊ သီချင်း ဆရာခေနနိ နှင့် သီချင်း ဆို သူများတို့ သည် ပိတ်ချော ကိုဝတ် ကြ၏။ ဒါဝိဒ် သည် ပိတ် သင်တိုင်း ကိုလည်း ထပ်၍ဝတ်၏။
28 ၂၈ ထိုသို့ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ နှဲခရာ၊ တံပိုး၊ ခွက်ကွင်း၊ တယော၊ စောင်းတို့ကို တီးမှုတ်လျက်၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။
၂၈ထိုသို့ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြွေးကြော် လျက် ၊ နှဲခရာ ၊ တံပိုး ၊ ခွက်ကွင်း ၊ တယော ၊ စောင်း တို့ကို တီးမှုတ် လျက်၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ဆောင် ခဲ့ကြ၏။
29 ၂၉ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည်။ ဒါဝိဒ်မြို့နထဲသို့ဝင်သောအခါ၊ ရှောလု၏ သမီးမိခါလ သည် ပြတင်းပေါက်ကကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ကလျက်တီးမှုတ်လျက်လာသည်ကို မြင်သဖြင့် စိတ်နှလုံး ထဲ၌ မထီမဲ့မြင်ပြု၏။
၂၉ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် ဒါဝိဒ် မြို့ ထဲသို့ ဝင် သောအခါ ၊ ရှောလု ၏ သမီး မိခါလ သည် ပြတင်းပေါက် က ကြည့် ၍ ၊ ဒါဝိဒ် မင်းကြီး သည် က လျက် တီးမှုတ် လျက်လာသည်ကို မြင် သဖြင့် စိတ် နှလုံးထဲ၌ မထီမဲ့မြင် ပြု၏။

< ၁ ရာဇဝင်ချုပ် 15 >