< ၁ ရာဇဝင်ချုပ် 15 >
1 ၁ ထိုနောက်ဒါဝိဒ်မြို့၌ အိမ်တော်တို့ကို ဆောက် တော်မူ၏။ ဘုရားသခင်၏ သေတ္တာတော်ဌာနကို ပြင်၍ တဲတော်ကိုလည်း တည်တော်မူပြီးမှ၊
And David made for him houses in the city of David. And he prepared a place for the ark of God, and pitched a tent for it.
2 ၂ ဒါဝိဒ်က၊ ဘုရားသခင်၏ သေတ္တာတော်ကို ထမ်း၍ ရှေ့တော်၌ အမှုတော်ကို အစဉ်စောင့်စေခြင်းငှါ ထာဝရဘုရားသည် လေဝိသားတို့ကို ရွေးချယ်တော်မူ သောကြောင့်၊ အခြားတပါးသော သူတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို မထမ်းရကြဟုဆိုလျက်၊
Then David said, None ought to carry the ark of God but the Levites, for Jehovah has them chosen to carry the ark of God, and to minister to him forever.
3 ၃ ထာဝရဘုရား၏ သေတ္တာတော်အဘို့ ပြင်ဆင် သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ဣသရေလအမျိုး သားအပေါင်းတို့ကို ယေရုရှလင်မြို့၌ စုဝေးစေသောအခါ၊
And David assembled all Israel at Jerusalem to bring up the ark of Jehovah to its place, which he had prepared for it.
4 ၄ အာရုန်သားတို့နှင့် လေဝိသားတို့ကိုလည်း စုဝေး စေတော်မူ၍ ရောက်လာသောသူဟူမူကား၊
And David gathered together the sons of Aaron, and the Levites:
5 ၅ ကောဟတ်အမျိုးတွင် အကြီးဖြစ်သော ဥရေလ နှင့် သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊
of the sons of Kohath, Uriel the chief, and his brothers a hundred and twenty;
6 ၆ မေရာရိအမျိုးတွင် အကြီးဖြစ်သော အသာယ နှင့်သူ၏ညီအစ်ကိုတရာနှစ်ဆယ်၊
of the sons of Merari, Asaiah the chief, and his brothers two hundred and twenty;
7 ၇ ဂေရရှုံအမျိုးတွင် အကြီးဖြစ်သော ယောလနှင့် သူ၏ညီအစ်ကို တရာသုံးဆယ်၊
of the sons of Gershom, Joel the chief, and his brothers a hundred and thirty;
8 ၈ ဧလိဇဖန်အမျိုးတွင် အကြီးဖြစ်သော ရှေမာယ နှင့်သူ၏ညီအစ်ကိုနှစ်ရာ
of the sons of Elizaphan, Shemaiah the chief, and his brothers two hundred;
9 ၉ ဟေဗြုန်အမျိုးတွင် အကြီးဖြစ်သော ဧလျေလ နှင့် သူ၏ညီအစ်ကိုရှစ်ဆယ်၊
of the sons of Hebron, Eliel the chief, and his brothers eighty;
10 ၁၀ ဩဇေလအမျိုးတွင် အကြီးဖြစ်သော အမိနဒပ် နှင့်သူ၏ညီအစ်ကို တရာတဆယ်နှစ်ယောက်တည်း။
of the sons of Uzziel, Amminadab the chief, and his brothers a hundred and twelve.
11 ၁၁ ဒါဝိဒ်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာ၊ လေဝိသား ဩရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကို ခေါ်၍၊
And David called for Zadok and Abiathar the priests, and for the Levites, for Uriel, Asaiah, and Joel, Shemaiah, and Eliel, and Amminadab.
12 ၁၂ သင်တို့သည် လေဝိသားအဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၏ သေတ္တာတော်အဘို့ ငါပြင်ဆင်သော အရပ် ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ကိုယ်ကို၎င်း၊ ညီအစ်ကိုတို့ ကို၎င်း၊ သန့်ရှင်းစေကြလော့။
And said to them, Ye are the heads of the fathers of the Levites. Sanctify yourselves, both ye and your brothers, that ye may bring up the ark of Jehovah, the God of Israel, to the place that I have prepared for it.
13 ၁၃ အရင်ကမသန့်ရှင်း၊ တရားလမ်းသို့ မလိုက်ဘဲ ငါတို့ဘုရားသခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်ဟု သတိပေး၏။
For because ye did not at the first, Jehovah our God made a breach upon us, because we did not seek him according to the ordinance.
14 ၁၄ ထိုအခါ ယဇ်ပုရောဟိတ်တို့နှင့် လေဝိသား တို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား ၏သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ ကိုယ်ကိုသန့်ရှင်းစေ ကြ၏။
So the priests and the Levites sanctified themselves to bring up the ark of Jehovah, the God of Israel.
15 ၁၅ ထာဝရဘုရားအမိန့်တော်နှင့်အညီ မောရှေ မှာထားခဲ့သည်အတိုင်း၊ လေဝိသားတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းဘိုးဖြင့် ထမ်းကြ ၏။
And the sons of the Levites bore the ark of God upon their shoulders with the staves thereon, as Moses commanded according to the word of Jehovah.
16 ၁၆ လေဝိသားအကြီးအကဲတို့သည် စောင်း၊ တယော၊ ခွက်ကွင်းအစရှိသော တုရိယာမျိုးနှင့် သီချင်းဆိုတတ် သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိ သည်အတိုင်း၊
And David spoke to the chief of the Levites to appoint their brothers the singers, with instruments of music, psalteries and harps and cymbals, sounding aloud and lifting up the voice with joy.
17 ၁၇ ထိုလေဝိသားတို့သည် ယောလသားဟေမန်၊ သူ၏ညီစုထဲက ဗေရခိသားအာသပ်၊ မိမိတို့ညီစု၊ မေရာရိ အမျိုးထဲက ကုရှာယသားဧသန်တို့ကို၎င်း၊
So the Levites appointed Heman the son of Joel. And of his brothers, Asaph the son of Berechiah. And of the sons of Merari their brothers, Ethan the son of Kushaiah.
18 ၁၈ မိမိတို့ညီဒုတိယအရာရှိဖြစ်သော ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့ကို၎င်း ခန့်ထားကြ၏။
And with them their brothers of the second degree, Zechariah, Ben, and Jaaziel, and Shemiramoth, and Jehiel, and Unni, Eliab, and Benaiah, and Maaseiah, and Mattithiah, and Eliphelehu, and Mikneiah, and Obed-edom, and Jeiel, the porters.
19 ၁၉ သီချင်းဆရာဟေမန်၊ အာသပ်၊ ဧသန်တို့သည် ကြေးဝါခွက်ကွင်းကို တီးရကြ၏။
So the singers, Heman, Asaph, and Ethan, were appointed with cymbals of brass to sound aloud.
20 ၂၀ ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ မာသေယ၊ ဗေနာယတို့သည် အာလမုတ် တယောကို ထိုးရကြ၏။
And Zechariah, and Aziel, and Shemiramoth, and Jehiel, and Unni, and Eliab, and Maaseiah, and Benaiah, with psalteries set to Alamoth.
21 ၂၁ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့သည် အသံစုံလင်စွာ ရှေမိနိတ်စောင်း ကို တီးရကြ၏။
And Mattithiah, and Eliphelehu, and Mikneiah, and Obed-edom, and Jeiel, and Azaziah, with harps set to the Sheminith, to lead.
22 ၂၂ လေဝိသားအကြီးအကဲဖြစ်သော ခေနနိသည် သီချင်းအတတ်၌ လေ့ကျက်သောကြောင့် သီချင်း ဆရာကြီးဖြစ်၏။
And Chenaniah, chief of the Levites, was over the song. He instructed about the song because he was skilful.
23 ၂၃ ဗေရခိနှင့် ဧလကာနသည် သေတ္တာတော်တံခါး စောင့်ဖြစ်၏။
And Berechiah and Elkanah were porters for the ark.
24 ၂၄ ယဇ်ပုရောဟိတ်ရှေဗနိ၊ ယောရှဖတ်၊ နာသ နေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏ သေတ္တာတော်ရှေ့မှာ တံပိုးမှုတ်ရကြ၏။ ဩဗဒေဒုံနှင့် ယေဟိသည်လည်း သေတ္တာတော်တံခါး စောင့်ဖြစ်၏ ။
And Shebaniah, and Joshaphat, and Nethanel, and Amasai, and Zechariah, and Benaiah, and Eliezer, the priests, blew the trumpets before the ark of God. And Obed-edom and Jehiah were porters for the ark.
25 ၂၅ ထိုသို့ဒါဝိဒ်မင်းနှင့် ဣသရေလအမျိုးအသက် ကြီးသူ၊ လူတထောင်အုပ်တို့သည် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို၊ ဩဗဒေဒုံအိမ်မှ ဝမ်းမြောက် သောစိတ်နှင့် ဆောင်ခဲ့ခြင်းငှါ သွားကြ၏။
So David, and the elders of Israel, and the captains over thousands, went to bring up the ark of the covenant of Jehovah out of the house of Obed-edom with joy.
26 ၂၆ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော် ကို ထမ်းသော လေဝိသားတို့ကို ဘုရားသခင် မစတော် မူသည်ဖြစ်၍၊ သူတို့သည် နွားခုနစ်ကောင်နှင့် သိုးခုနစ် ကောင်တို့ကို ယဇ်ပူဇော်ကြ၏။
And it came to pass, when God helped the Levites who bore the ark of the covenant of Jehovah, that they sacrificed seven bullocks and seven rams.
27 ၂၇ ဒါဝိဒ်နှင့် သေတ္တာတော်ကို ထမ်းသော လေဝိ သားများ၊ သီချင်းဆရာခေနနိနှင့် သီချင်းဆိုသူများတို့ သည် ပိတ်ချောကိုဝတ်ကြ၏။ ဒါဝိဒ်သည် ပိတ်သင်တိုင်း ကိုလည်း ထပ်၍ဝတ်၏။
And David was clothed with a robe of fine linen, and all the Levites who bore the ark, and the singers, and Chenaniah the master of the song with the singers. And David had upon him an ephod of linen.
28 ၂၈ ထိုသို့ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ နှဲခရာ၊ တံပိုး၊ ခွက်ကွင်း၊ တယော၊ စောင်းတို့ကို တီးမှုတ်လျက်၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။
Thus all Israel brought up the ark of the covenant of Jehovah with shouting, and with sound of the cornet, and with trumpets, and with cymbals, sounding aloud with psalteries and harps.
29 ၂၉ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည်။ ဒါဝိဒ်မြို့နထဲသို့ဝင်သောအခါ၊ ရှောလု၏ သမီးမိခါလ သည် ပြတင်းပေါက်ကကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ကလျက်တီးမှုတ်လျက်လာသည်ကို မြင်သဖြင့် စိတ်နှလုံး ထဲ၌ မထီမဲ့မြင်ပြု၏။
And it came to pass, as the ark of the covenant of Jehovah came to the city of David, that Michal the daughter of Saul looked out at the window, and saw king David dancing and playing. And she despised him in her heart.