< ၁ ရာဇဝင်ချုပ် 13 >

1 တဖန်ဒါဝိဒ်သည် လူတထောင်အုပ်၊ တရာအုပ် အစရှိသော အကြီးအကဲအပေါင်းတို့နှင့် တိုင်ပင်ပြီးလျှင်၊
І ра́дився Давид із тисячниками та з сотниками, зо всіма́ значни́ми.
2 ဣသရေလအမျိုး ပရိသတ်အပေါင်းတို့အား၊ သင်တို့သည် အလိုရှိ၍ ငါတို့၏ဘုရားသခင်ထာဝရဘုရား အခွင့်ပေးတော်မူလျှင်၊ ဣသရေလနိုင်ငံအရပ်ရပ်၌ ကျန်ကြွင်းသေးသော ငါတို့ညီအစ်ကိုများ၊ မြို့နှင့်မြို့နယ်၌ နေသော ယဇ်ပုရောဟိတ်၊ လေဝိသားများတို့သည် ငါတို့ နှင့်အတူ စည်းဝေးစေခြင်းငှါ အနှံ့အပြားစေလွှတ်ကြ ကုန်အံ့။
І сказав Давид до всієї Ізраїлевої грома́ди: „Якщо вам це добре, а від Господа, Бога нашого вподо́бане, пошлі́мо до наших братів, позосталих по всіх Ізраїлевих края́х, а з ними до священиків та Левитів, по містах та по їхніх пасовиськах, і нехай зберу́ться до нас.
3 ငါတို့၏ဘုရားသခင် သေတ္တာတော်ကို တဖန် ဆောင်ခဲ့ကြကုန်အံ့။ ရှောလုလက်ထက်၌ ထိုသေတ္တာ တော်ရှေ့မှာ မေးမြန်းလေ့မရှိပါတကားဟု မိန့်တော်မူ သောစကားကို၊
І вернімо ковчега нашого Бога до нас, бо не зверта́лися ми до нього за Саулових днів“.
4 စည်းဝေးသော ပရိသတ်အပေါင်းတို့သည် နှစ်သက်သောကြောင့်၊ အမိန့်တော်အတိုင်းပြုပါမည်ဟု ဝန်ခံကြ၏။
І сказала вся громада, щоб зробити так, бо слу́шна була та річ в оча́х усього народу.
5 ထိုသို့ဒါဝိဒ်သည် ဘုရားသခင်၏ သေတ္တာတော် ကို၊ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့ခြင်းငှါ အဲဂုတ္တုပြည် အနား၊ ရှိဟောရမြစ်မှစ၍ ဟာမတ်မြို့လမ်းဝတိုင်အောင် နေသောဣသရေလ အမျိုးသားအပေါင်းတို့ကို စုဝေး စေပြီးလျှင်၊
І зібрав Давид усього Ізраїля від єгипетського Шіхору й аж туди, де йде́ться до Хамату, щоб спрова́дити Божого ковчега з Кір'ят-Єаріму.
6 ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ထာဝရ ဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ၊ ဣသရေလ အမျိုးသား အပေါင်းတို့နှင့်တကွ၊ ယုဒပြည်ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာမြို့သို့ သွားလေ၏။
І пішов Давид та ввесь Ізра́їль у Баалу, в Юдин Кір'ят-Єарім, щоб ви́нести звідти ковчега Бога, Господа, що сидить на херувимах, що ім'я́ Його приклика́ється.
7 ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ် ပေါ်မှာတင်၍ အဘိနဒပ်အိမ်ထဲက ထုတ်ကြ၏။ ဩဇနှင့်အဟိဩသည်လှည်းကို နှင်ကြ၏။
І пове́зли Божого ковчега на ново́му возі з Авінадавового дому, а Узза та Ахйо прова́дили того воза.
8 ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့ သည် သီချင်းဆို လျက်စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်း၊ တံပိုးတို့ကို ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။
А Давид та ввесь Ізраїль грали перед Божим лицем з усієї сили, — із пісня́ми, і на ци́трах, і на а́рфах, і на бу́бнах, і на цимба́лах, і на су́рмах.
9 ခိဒုန်ကောက်နယ်တလင်းသို့ ရောက်သောအခါ၊ နွားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှား သောကြောင့်၊ ဩဇသည် လက်ကိုဆန့်၍ သေတ္တာတော် ကို ကိုင်၏။
І прийшли вони аж до Кідонового то́ку, і простяг Узза свою руку, щоб підхопи́ти ковчега, бо воли нахили́ли його.
10 ၁၀ ထိုသို့သေတ္တာတော်ကို ကိုင်သောကြောင့်၊ ထာဝရဘုရားသည် ဩဇကို အမျက်ထွက်၍၊ ဒဏ်ခတ် တော်မူသဖြင့်၊ ဩဇသည် ဘုရားသခင်ရှေ့တော်၌ သေလေ၏။
І запалився на Уззу гнів Господній, і Він убив його за те, що простяг руку свою до ковчега. І помер він там перед Господнім лицем...
11 ၁၁ ဩဇကိုထာဝရဘုရား ဒဏ်ခတ်တော်မူသော ကြောင့် ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ၏။ ထိုအရပ် သည် ယနေ့တိုင်အောင် ပေရဇောဇအမည်ဖြင့် တွင် သတည်း။
І зажури́вся Давид тим, що Господь убив Уззу, і він назвав ім'я тому місцю: Перец-Узза, і так воно зветься аж до цього дня.
12 ၁၂ ထိုနေ့၌ဒါဝိဒ်သည် ဘုရားသခင်ကို ကြောက်၍၊ ဘုရားသခင်၏ သေတ္တာတော်ကို အဘယ်ကြောင့် ငါ့ထံသို့ ဆောင်ခဲ့ရမည်နည်းဟုဆိုလျက်၊
І того дня Давид злякався Бога, говорячи: „Як я внесу́ до се́бе Божого ковчега?“
13 ၁၃ မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကို မဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လွှဲ၍ ဆောင်သွား လေ၏။
І не повіз Давид ковчега до се́бе, до Давидового Міста, а напра́вив його до дому гатянина Овед-Едома.
14 ၁၄ ဘုရားသခင်၏သေတ္တာတော်သည် သုံးလ ပတ်လုံး၊ ဩဗေဒုံအိမ်တွင် အိမ်သူအိမ်သားများဆီမှာ ရှိ၏။ ထာဝရဘုရားသည် ဩဗဒေဒုံနှင့် အိမ်သူအိမ်သား အပေါင်းတို့ကို ကောင်းကြီးပေးတော်မူ၏။
І пробува́в Божий ковчег із домом Овед-Едома в його домі три місяці. А Господь поблагослови́в дім Овед-Едома, та все, що було його́.

< ၁ ရာဇဝင်ချုပ် 13 >