< ၁ ရာဇဝင်ချုပ် 12 >
1 ၁ ဒါဝိဒ်သည် ကိရှ၏သားရှောလုကို ရှောင်၍ ဇိကလတ်မြို့၌ နေစဉ်၊ သူ့ဘက်သို့ဝင်စားသောသူ၊
၁
2 ၂ လေး လက်နက်ကို ဆောင်၍လက်ျာဘက်လက်ဝဲလက်မရွေး၊ ကျောက်နှင့်မြှားကို ပစ်တတ်သော စစ်သူရဲကြီး၊ ရှောလု ပေါက်ဘော် ဗင်္ယာမိန်အမျိုးသားဟူမူကား၊
၂ဒါဝိဒ် သည် ကိရှ ၏သား ရှောလု ကိုရှောင် ၍ ဇိကလတ် မြို့၌ နေစဉ်၊ သူ့ဘက်သို့ ဝင်စား သောသူ၊ လေး လက်နက် ကိုဆောင်၍ လက်ျာ လက် လက်ဝဲ လက်မရွေး၊ ကျောက် နှင့် မြှား ကိုပစ်တတ်သောစစ်သူရဲကြီး ၊ ရှောလု ပေါက်ဘော် ဗင်္ယာမိန် အမျိုးသားဟူမူကား၊
3 ၃ အကြီးအကဲ အဟေဇာ၊ သူ့နောက်ယောရှ၊ ဂိဗာမြို့သားရှေမာ၊ အာဇမာဝက်သား ယေဇေလနှင့် ပေလက်၊ ဗေရာခ၊ အန္တောသိအမျိုး ယေဟု၊
၃အကြီးအကဲ အဟေဇာ ၊ သူ့နောက်ယောရှ ၊ ဂိဗာ မြို့သားရှေမာ ၊ အာဇမာဝက် သား ယေဇေလ နှင့် ပေလက် ၊ ဗေရာခ ၊ အန္တောသိ အမျိုး ယေဟု ၊
4 ၄ ဗိုလ်စုတွင် ထူးဆန်း၍အကြီးအကဲလုပ်သော ဂိဗောင်မြို့သား ဣရှမာယ၊ ယေရမိ၊ ယဟာဇေလ၊ ယောဟနန်၊ ဂေဒရသိအမျိုးယောဇဗဒ်၊
၄ဗိုလ်စုတွင် ထူးဆန်း၍အကြီးအကဲ လုပ်သော ဂိဗောင် မြို့သားဣရှမာယ ၊ ယေရမိ ၊ ယဟာဇေလ ၊ ယောဟနန် ၊ ဂေဒရသိ အမျိုးယောဇဗဒ်၊
5 ၅ ဧလုဇဲ၊ ယေရိမုတ်၊ ဗာလျာ၊ ရှေမရိ၊ ဟရုဖိ အမျိုးရှေဖတိ၊
၅ဧလုဇဲ ၊ ယေရိမုတ် ၊ ဗာလျာ ၊ ရှေမရိ ၊ ဟရုဖိ အမျိုးရှေဖတိ၊
6 ၆ ဧလကာန၊ ယေရှာ၊ အာဇရေလ၊ ယောဇာ၊ ကောရသိအမျိုး ယာရှောဗ၊
၆ဧလကာန ၊ ယေရှာ ၊ အာဇရေလ ၊ ယောဇာ ၊ ကောရသိ အမျိုး ယာရှောဗ၊
7 ၇ ဂေဒေါ်မြို့နေ၊ ယေရောဟံသား ယောလာနှင့် ဇေဗဒိတည်း။
၇ဂေဒေါ် မြို့နေ၊ ယေရောဟံ သား ယောလာ နှင့် ဇေဗဒိ တည်း။
8 ၈ ထိုမှတပါး၊ ဒါဝိဒ်ရှိရာ တောရဲတိုက်သို့ ထွက် သွားသောသူ၊ ခွန်အားကြီး၍ ဒိုင်းလွှားဆောင်လျက် စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ၊ ခြင်္သေ့ကဲ့သို့ မျက်နှာရဲ၍ တောင်ပေါ်မှာ ဒရယ်ကဲ့သို့ လျင်မြန်သော သူဂဒ်အမျိုးသားဟူမူကား၊
၈ထိုမှတပါး ၊ ဒါဝိဒ် ရှိရာ တော ရဲတိုက် သို့ ထွက်သွား သောသူ၊ ခွန်အား ကြီး၍ ဒိုင်း လွှားဆောင် လျက် စစ်တိုက် ခြင်းငှါ တတ်စွမ်း နိုင်သောသူ၊ ခြင်္သေ့ ကဲ့သို့မျက်နှာ ရဲ၍ တောင် ပေါ် မှာ ဒရယ် ကဲ့သို့ လျင်မြန် သော သူဂဒ် အမျိုးသားဟူမူကား၊
9 ၉ ဧဇာတပါး၊ ဩဗဒိတပါး၊ ဧလျာဘတပါး၊
၉ဧဇာ တပါး၊ ဩဗဒိ တပါး၊ ဧလျာဘ တပါး၊
10 ၁၀ မိရှမန္နတပါး၊ ယေရမိတပါး၊
၁၀မိရှမန္န တပါး၊ ယေရမိ တပါး၊
11 ၁၁ အတ္တဲတပါး၊ ဧလျေလတပါး၊
၁၁အတ္တဲ တပါး၊ ဧလျေလ တပါး၊
12 ၁၂ ယောဟနန်တပါး၊ ဧလဇာဗဒ်တပါး၊
၁၂ယောဟနန် တပါး၊ ဧလဇာဗဒ် တပါး၊
13 ၁၃ ယေရမိတပါး၊ မာခဗာနဲတပါး၊ ပေါင်းတကျိပ် တပါးတည်း။
၁၃ယေရမိ တပါး၊ မာခဗာနဲ တပါး၊ ပေါင်းတကျိပ် တပါးတည်း။
14 ၁၄ ဤသူတို့သည် ဂဒ်အမျိုးသားတွင် ဗိုလ်လုပ်၍၊ အငယ်ကား လူတရာ၊ အကြီးကားလူတထောင်ကို အုပ်သောသူဖြစ်ကြ၏။
၁၄ဤ သူတို့သည် ဂဒ် အမျိုးသား တွင် ဗိုလ် လုပ်၍၊ အငယ် ကား လူတရာ ၊ အကြီး ကားလူတထောင် ကို အုပ်သောသူဖြစ်ကြ၏။
15 ၁၅ ယော်ဒန်မြစ်ရေသည် ကမ်းတရှောက်လုံးကို လွှမ်းမိုးသော ကာလပဌမလတွင်၊ သူတို့သည် ကူး၍ မြေညီရာအရပ်အရှေ့အနောက်၌ နေသောသူအပေါင်း တို့ကို ပြေးစေကြ၏။
၁၅ယော်ဒန် မြစ်ရေသည် ကမ်း တရှောက်လုံး ကို လွှမ်းမိုး သော ကာလပဌမ လ တွင် ၊ သူတို့သည် ကူး ၍ မြေညီရာအရပ်အရှေ့ အနောက် ၌ နေသောသူအပေါင်း တို့ကို ပြေး စေကြ၏။
16 ၁၆ ဗင်္ယာမိန်အမျိုးသားနှင့် ယုဒအမျိုးသားအချို့တို့ သည် ဒါဝိဒ်ရှိရာ ရဲတိုက်သို့လာသောအခါ၊
၁၆ဗင်္ယာမိန် အမျိုးသား နှင့် ယုဒ အမျိုးသားအချို့တို့ သည် ဒါဝိဒ် ရှိရာ ရဲတိုက် သို့ လာ သောအခါ၊
17 ၁၇ ဒါဝိဒ်သည် ကြိုဆိုခြင်းငှါ ထွက်သွား၍၊ ငါ့ကို မစခြင်းငှါ မေတ္တာစိတ်နှင့်လာလျှင် ငါသဘောတူ၏။ သို့မဟုတ် ငါ့ကိုရန်သူလက်သို့ အပ်ခြင်းငှါ လာလျှင် ငါ၌ အပြစ်မရှိသောကြောင့်၊ ဘိုးဘေးတို့၏ ဘုရားသခင်သည် ကြည့်ရှု၍ ဆုံးမတော်မူပါစေသောဟုဆိုသော်၊
၁၇ဒါဝိဒ် သည် ကြိုဆိုခြင်းငှါထွက်သွား ၍ ၊ ငါ့ ကို မစ ခြင်းငှါ မေတ္တာ စိတ်နှင့် လာ လျှင် ငါသဘော တူ ၏။ သို့မဟုတ် ငါ့ ကိုရန်သူ လက် သို့ အပ်ခြင်းငှါ လာလျှင် ငါ ၌ အပြစ် မ ရှိသောကြောင့် ၊ ဘိုးဘေး တို့၏ ဘုရားသခင် သည် ကြည့်ရှု ၍ ဆုံးမ တော်မူပါစေသောဟုဆိုသော်၊
18 ၁၈ ဝိညာဉ်တော်သည် ဗိုလ်ချုပ်အာမသဲအပေါ်မှာ သက်ရောက်၍၊ အိုဒါဝိဒ်၊ ကျွန်တော်တို့သည် ကိုယ်တော် ၏လူ၊ အိုယေရှဲ၏သားတော်၊ ကိုယ်တော်ဘက်သို့ ဝင်စား သောသူဖြစ်ပါ၏။ ကိုယ်တော်၌ မင်္ဂလာရှိပါစေသော။ မင်္ဂလာရှိပါစေသော။ ကိုယ်တော်ကိုမစသောသူ၌ မင်္ဂလာ ရှိပါစေသော။ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ် တော်ကို မစတော်မူပါစေသောဟု ပြန်ပြောလေသော်၊ ဒါဝိဒ်သည် သူတို့ကို လက်ခံ၍ ဗိုလ်အရာ၌ ခန့်ထား လေ၏။
၁၈ဝိညာဉ် တော်သည် ဗိုလ်ချုပ် အာမသဲ အပေါ်မှာ သက်ရောက် ၍၊ အိုဒါဝိဒ် ၊ ကျွန်တော်တို့သည် ကိုယ်တော် ၏လူ၊ အိုယေရှဲ ၏သား တော်၊ ကိုယ်တော် ဘက်သို့ ဝင်စား သောသူဖြစ်ပါ၏။ ကိုယ်တော်၌ မင်္ဂလာ ရှိပါစေသော။ မင်္ဂလာရှိပါစေသော။ ကိုယ်တော် ကိုမစ သောသူ၌ မင်္ဂလာ ရှိပါစေသော။ ကိုယ်တော် ၏ဘုရားသခင် သည် ကိုယ်တော် ကို မစ တော်မူပါစေသောဟု ပြန်ပြောလေသော်၊ ဒါဝိဒ်သည် သူ တို့ကို လက်ခံ ၍ ဗိုလ် အရာ၌ ခန့်ထား လေ၏။
19 ၁၉ ထိုမှတပါး၊ ဒါဝိဒ်သည် ရှောလုကို စစ်တိုက်သွား သော ဖိလိတ္တိလူတို့နှင့် လိုက်သောအခါ၊ ဖိလိတ္တိမင်းတို့က၊ ဤသူသည် ငါတို့ကိုအပ်၍ မိမိသခင်ရှောလုဘက်သို့ ဝင်စားမည်ဟု တိုင်ပင်ပြီးမှ ပြန်စေသောကြောင့်၊ ဒါဝိဒ် သည် စစ်မကူဘဲ ဇိကလတ်မြို့သို့ သွားသောကာလ၊ သူ့ဘက်သို့ ဝင်စားသော မနာရှေအမျိုးသားဟူမူကား၊
၁၉ထိုမှတပါး ၊ ဒါဝိဒ်သည် ရှောလု ကို စစ်တိုက် သွား သော ဖိလိတ္တိ လူတို့နှင့် လိုက် သောအခါ ၊ ဖိလိတ္တိ မင်း တို့က၊ ဤသူသည် ငါ တို့ကိုအပ်၍ မိမိ သခင် ရှောလု ဘက်သို့ ဝင်စားမည်ဟု တိုင်ပင် ပြီးမှ ပြန် စေသောကြောင့် ၊ ဒါဝိဒ် သည် စစ်မ ကူ ဘဲ ဇိကလတ် မြို့သို့ သွား သောကာလ ၊ သူ့ဘက် သို့ ဝင်စားသော မနာရှေ အမျိုးသားဟူမူကား၊
20 ၂၀ မိမိအမျိုးသားတို့တွင် လူတထောင်ကို အုပ် သော ဗိုလ်၊ အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု၊ ဇိလသဲတည်း။
၂၀မိမိအမျိုးသားတို့တွင် လူတထောင် ကို အုပ် သော ဗိုလ် ၊ အာဒန ၊ ယောဇဗဒ် ၊ ယေဒယေလ ၊ မိက္ခေလ ၊ ယောဇဗဒ် ၊ ဧလိဟု ၊ ဇိလသဲ တည်း။
21 ၂၁ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဗိုလ်ကြီးဖြစ်၍၊ ထားပြလုပ်သော သူတို့တဘက်၌ ဒါဝိဒ်ကို မစကြ၏။
၂၁ထိုသူ အပေါင်း တို့သည် ခွန်အား ကြီးသော စစ်သူရဲ ဗိုလ်ကြီး ဖြစ် ၍ ၊ ထားပြ လုပ်သောသူတို့ တဘက် ၌ ဒါဝိဒ် ကို မစ ကြ၏။
22 ၂၂ ထိုကာလ၌ဘုရားသခင်၏ ဗိုလ်ခြေကဲ့သို့ ကြီးစွာသော ဗိုလ်ခြေဖြစ်သည်တိုင်အောင် တနေ့ထက် တနေ့ ဒါဝိဒ်ကို ကူညီ၍ဝင်စားကြ၏။
၂၂ထိုကာလ ၌ ဘုရားသခင် ၏ ဗိုလ်ခြေ ကဲ့သို့ ကြီးစွာ သော ဗိုလ်ခြေ ဖြစ်သည်တိုင်အောင် တနေ့ ထက် တနေ့ဒါဝိဒ် ကို ကူညီ ၍ဝင်စား ကြ၏။
23 ၂၃ ထာဝရဘုရား၏ အမိန့်တော်အတိုင်း၊ ရှောလု၏ နိုင်ငံကို ဒါဝိဒ်လက်သို့လွှဲခြင်းငှါ ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ လာသောသူ၊ စစ်တိုက်လက်နက်စုံနှင့်ပြည့်စုံသော တပ်သားစာရင်းဟူမူကား၊
၂၃ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ၊ ရှောလု ၏ နိုင်ငံ ကို ဒါဝိဒ်လက်သို့လွှဲ ခြင်းငှါ ဒါဝိဒ် ရှိရာ ဟေဗြုန် မြို့သို့ လာ သောသူ၊ စစ်တိုက် လက်နက် စုံနှင့်ပြည့်စုံသော တပ်သားစာရင်း ဟူမူကား၊
24 ၂၄ ဒိုင်းနှင့်လှံကိုဆောင်၍ စစ်တိုက်လက်နက်စုံ နှင့်ပြည့်စုံသော ယုဒအမျိုးသား ခြောက်ထောင်ရှစ်ရာ၊
၂၄ဒိုင်း နှင့် လှံ ကိုဆောင် ၍ စစ်တိုက် လက်နက်စုံ နှင့်ပြည့်စုံသော ယုဒ အမျိုးသား ခြောက် ထောင် ရှစ် ရာ၊
25 ၂၅ ခွန်အားကြီးသော စစ်သူရဲ၊ ရှိမောင်အမျိုးသား ခုနစ်ထောင်တရာ၊
၂၅ခွန်အား ကြီးသော စစ်သူရဲ ၊ ရှိမောင် အမျိုးသား ခုနစ် ထောင် တရာ၊
26 ၂၆ လေဝိအမျိုးသားလေးထောင်ခြောက်ရာ၊
၂၆လေဝိ အမျိုးသား လေး ထောင် ခြောက် ရာ၊
27 ၂၇ အာရုန်အမျိုးအုပ်၊ ယောယဒနှင့်အတူပါသော အာရုန်အမျိုးသား သုံးထောင်ခုနစ်ရာ၊
၂၇အာရုန် အမျိုးအုပ် ၊ ယောယဒ နှင့်အတူ ပါသော အာရုန်အမျိုးသားသုံး ထောင် ခုနစ် ရာ၊
28 ၂၈ ခွန်အားကြီးသောသူရဲ၊ လူပျိုဇာဒုတ်နှင့် သူ၏ အဆွေအမျိုးတပ်မှူးနှစ်ကျိပ်နှစ်ပါး၊
၂၈ခွန်အား ကြီးသောသူရဲ ၊ လူပျို ဇာဒုတ် နှင့် သူ ၏ အဆွေအမျိုး တပ်မှူး နှစ်ကျိပ် နှစ် ပါး၊
29 ၂၉ ရှောလုပေါက်ဘော်ဖြစ်သော ဗင်္ယာမိန်အမျိုး သားသုံးထောင်၊ ထိုအမျိုးသားအများတို့သည် ရှောလု ဘက်မှာစောင့်နေကြ၏။
၂၉ရှောလု ပေါက်ဘော် ဖြစ်သော ဗင်္ယာမိန် အမျိုးသား သုံး ထောင် ၊ ထိုအမျိုးသားအများ တို့သည် ရှောလု ဘက်မှာစောင့် နေကြ၏။
30 ၃၀ ခွန်အားကြီး၍ အဆွေအမျိုးတို့တွင် ထင်ရှား သော ဧဖရိမ်အမျိုးသား နှစ်သောင်းရှစ်ရာ၊
၃၀ခွန်အား ကြီး၍ အဆွေအမျိုး တို့တွင် ထင်ရှားသော ဧဖရိမ် အမျိုးသား နှစ် သောင်းရှစ် ရာ၊
31 ၃၁ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ချီးမြှောက်ခြင်းငှါ စာရင်းဝင်သော မနာရှေအမျိုးဝက်ထဲက လူတသောင်း ရှစ်ထောင်၊
၃၁ဒါဝိဒ် ကို ရှင် ဘုရင်အရာ၌ချီးမြှောက်ခြင်းငှါ စာရင်း ဝင်သော မနာရှေ အမျိုး ဝက် ထဲက လူတသောင်း ရှစ်ထောင်၊
32 ၃၂ ကာလအချိန်တို့ကို နားလည်၍ ဣသရေလ အမျိုးသည် အဘယ်သို့ပြုသင့်သည်ကို သိတတ်သော ဣသခါအမျိုးသားသူကြီးနှစ်ရာ၊ သူတို့အမျိုးသားချင်း အပေါင်းတို့သည် အသင့်ရှိကြ၏။
၃၂ကာလ အချိန်တို့ကို နားလည် ၍ ဣသရေလ အမျိုးသည် အဘယ်သို့ ပြု သင့်သည်ကို သိ တတ်သော ဣသခါ အမျိုးသား သူကြီး နှစ် ရာ၊ သူ တို့အမျိုးသား ချင်း အပေါင်း တို့သည် အသင့်ရှိကြ၏။
33 ၃၃ စိတ်နှစ်ခွမရှိ၊ တပ်အခင်းအကျင်းမပျက်၊ စစ်တိုက်လက်နက်စုံနှင့် ပြည့်စုံလျက် စစ်ချီ၍ တိုက်တတ် သော ဇာဗုလုန်အမျိုးသား ငါးသောင်း၊
၃၃စိတ် နှစ်ခွမ ရှိ၊ တပ် အခင်းအကျင်း မပျက်၊ စစ်တိုက် လက်နက်စုံ နှင့် ပြည့်စုံလျက် စစ်ချီ ၍ တိုက်တတ် သော ဇာဗုလုန် အမျိုးသားငါး သောင်း၊
34 ၃၄ နဿလိအမျိုးသား ဗိုလ်တထောင်၊ ဒိုင်းနှင့်လှံ ကို ဆောင်သော သူသုံးသောင်းခုနစ်ထောင်၊
၃၄နဿလိ အမျိုးသားဗိုလ် တထောင် ၊ ဒိုင်း နှင့် လှံ ကို ဆောင်သော သူသုံးသောင်း ခုနစ်ထောင်၊
35 ၃၅ ဒန်အမျိုးထဲက စစ်မှူးစစ်ရေး၌ လေ့ကျက်သော သူနှစ်သောင်းရှစ်ထောင်ခြောက်ရာ၊
၃၅ဒန် အမျိုးထဲက စစ်မှူး စစ်ရေး၌ လေ့ကျက် သော သူနှစ်သောင်း ရှစ်ထောင်ခြောက် ရာ၊
36 ၃၆ အာရှာအမျိုးထဲက ထိုအတူ လေ့ကျက်၍ စစ်ချီ တတ်သော သူလေးသောင်း၊
၃၆အာရှာ အမျိုးထဲက ထိုအတူ လေ့ကျက် ၍ စစ် ချီ တတ်သောသူ လေးသောင်း ၊
37 ၃၇ ယော်ဒန်မြစ်တဘက်ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ထဲက စစ်တိုက်လက်နက်စုံ အမျိုးမျိုး နှင့်ပြည့်စုံသောသူ တသိန်းနှစ်သောင်းတည်း၊
၃၇ယော်ဒန် မြစ်တဘက် ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် ထဲက စစ်တိုက် လက်နက်စုံ အမျိုးမျိုး နှင့်ပြည့်စုံသောသူ တသိန်း နှစ်သောင်းတည်း၊
38 ၃၈ စစ်အခင်းအကျင်းမပျက်၊ တိုက်တတ်သောသူ၊ အထက်ဆိုခဲ့ပြီး သောသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ကြည်ညိုသော စိတ်အားကြီး၍ ဟေဗြုန်မြို့သို့ လာကြ၏။ ကျန်ကြွင်း သော ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ချင်သော စိတ်သဘော တညီ တညွတ်တည်း ရှိကြ၏။
၃၈စစ်အခင်းအကျင်းမပျက်၊ တိုက် တတ်သောသူ၊ အထက်ဆိုခဲ့ပြီး သောသူ အပေါင်း တို့သည် ဒါဝိဒ် ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ကြည်ညိုသောစိတ် အားကြီး၍ ဟေဗြုန် မြို့သို့ လာ ကြ၏။ ကျန်ကြွင်း သော ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ဒါဝိဒ် ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ချင်သောစိတ် သဘောတညီတညွတ် တည်းရှိကြ၏။
39 ၃၉ ထိုသူအပေါင်းတို့သည် သုံးရက်ပတ်လုံး အထံ တော်၌ စားသောက်လျက် နေကြ၏။ အမျိုးသားချင်းတို့ သည် ပြင်ဆင်နှင့်ကြပြီ။
၃၉ထိုသူအပေါင်းတို့သည် သုံး ရက် ပတ်လုံးအထံ တော်၌ စား သောက် လျက် နေ ကြ၏။ အမျိုးသား ချင်းတို့ သည် ပြင်ဆင် နှင့်ကြပြီ။
40 ၄၀ အနီးအပါး၌ နေသောသူတို့သည်လည်း၊ သိုးနွား နှင့်တကွ အမဲသား၊ မုန့်ညက်သင်္ဘောသဖန်းသီး၊ စပျစ် သီး၊ စပျစ်ရည်၊ ဆီတည်းဟူသော ရိက္ခာများကို မြည်း၊ ကုလားအုပ်၊ လား၊ နွားအပေါ်မှာတင်လျက် ဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်မှ ပင့်ဆောင်ခဲ့၍ ဣသ ရေလအမျိုးသားတို့သည် ပျော်မွေ့ကြ၏။
၄၀အနီးအပါး ၌ နေသောသူတို့သည်လည်း ၊ သိုး နွား နှင့်တကွအမဲသား၊ မုန့်ညက် ၊ သင်္ဘော သဖန်းသီး၊ စပျစ်သီး ၊ စပျစ်ရည် ၊ ဆီ တည်းဟူသောရိက္ခါ များကို မြည်း ၊ ကုလားအုပ် ၊ လား ၊ နွား အပေါ် မှာတင်လျက် ဣသခါ ခရိုင်၊ ဇာဗုလုန် ခရိုင်၊ နဿလိ ခရိုင်မှ ပင့်ဆောင် ခဲ့၍ ဣသရေလ အမျိုးသားတို့သည် ပျော်မွေ့ ကြ၏။