< ၁ ရာဇဝင်ချုပ် 11 >
1 ၁ ထိုအခါ ဣသရေလ အမျိုးသားအပေါင်းတို့ သည် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့၌ စည်းဝေး၍၊ ကျွန်တော် တို့သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြ ပါ၏။
Kaj kunvenis ĉiuj Izraelidoj al David en Ĥebronon, kaj diris: Jen ni estas via osto kaj via karno.
2 ၂ အထက်က ရှောလုသည် ရှင်ဘုရင်ဖြစ်သော အခါ၊ ကိုယ်တော်သည် ဣသရေလအမျိုးကို ဆောင်သွား လျက်၊ သွင်းပြန်လျက် နေတော်မူပြီ။ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကလည်း၊ သင်သည်ငါ၏လူ ဣသရေလအမျိုးကိုလုပ်ကျွေး အုပ်စိုးရမည်ဟု ကိုယ် တော်အား မိန့်တော်မူပြီဟု လျှောက်ဆိုကြ၏။
Ankaŭ hieraŭ kaj antaŭhieraŭ, kiam Saul estis ankoraŭ reĝo, vi elkondukadis kaj enkondukadis Izraelon; kaj la Eternulo, via Dio, diris al vi: Vi paŝtos Mian popolon Izrael, kaj vi estos estro de Mia popolo Izrael.
3 ၃ ထိုသို့ ဣသရေလအမျိုးအသက်ကြီးသူအပေါင်း တို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင်၊ ဒါဝိဒ်သည် ဟေဗြုန်မြို့၊ ထာဝရဘုရားရှေ့တော်မှာ သူတို့ နှင့် မိဿဟာယဖွဲ့၍၊ ရှမွေလအားဖြင့် ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ၊ သူတို့သည် ဒါဝိဒ်ကို ဘိသိတ်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက် ကြ၏။
Kaj ĉiuj plejaĝuloj de Izrael venis al la reĝo en Ĥebronon, kaj David faris kun ili interligon en Ĥebron antaŭ la Eternulo; kaj ili sanktoleis Davidon reĝo super Izrael, konforme al la vorto de la Eternulo per Samuel.
4 ၄ တဖန်ဒါဝိဒ်သည် ဣသရေလလူအပေါင်းတို့ကို ခေါ်၍၊ ပြည်သားရင်း ယေဗုသိလူတို့နေရာ ယေဗုတ်မြို့ တည်းဟူသော ယေရုရှလင်မြို့သို့သွားလျှင်၊
Kaj David kaj ĉiuj Izraelidoj iris en Jerusalemon (tio estas, en Jebuson). Tie la Jebusidoj estis la loĝantoj de la lando.
5 ၅ ယေဗုတ်မြို့သားတို့က၊ သင်သည် ဤမြို့သို့ မဝင်ရဟု ဆိုကြသော်လည်း၊ ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်း ဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။
Kaj la loĝantoj de Jebus diris al David: Vi ne eniros ĉi tien. Sed David venkoprenis la fortikaĵon Cion, tio estas, la urbon de David.
6 ၆ ဒါဝိဒ်ကလည်း၊ ယေဗုသိလူတို့ကို အဦးလုပ်ကြံ သောသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည် အတိုင်း၊ ဇေရုယာသားယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။
Kaj David diris: Kiu la unua venkobatos la Jebusidojn, tiu estos ĉefo kaj estro. Kaj la unua supreniris Joab, filo de Ceruja, kaj li fariĝis ĉefo.
7 ၇ ထိုနောက် ဒါဝိဒ်သည်ရဲတိုက်၌နေသောကြောင့်၊ ဒါဝိဒ်မြို့ဟူသောအမည်ဖြင့် သမုတ်ကြ၏။
Kaj David ekloĝis en tiu fortikaĵo; pro tio oni donis al ĝi la nomon: Urbo de David.
8 ၈ မိလ္လောအရပ်နှင့်တကွ မြို့ပတ်လည်၌ တည် ဆောက်ပြီးမှ ကျန်ကြွင်းသောမြို့ကိုယွာဘပြုပြင်လေ၏။
Kaj li ĉirkaŭkonstruis la urbon ĉiuflanke, de Milo en la tuta ĉirkaŭo; kaj Joab restarigis la ceterajn partojn de la urbo.
9 ၉ ဒါဝိဒ်သည် တိုးပွား၍ အားကြီးသဖြင့်၊ ကောင်း ကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။
Kaj David fariĝadis ĉiam pli kaj pli granda, kaj la Eternulo Cebaot estis kun li.
10 ၁၀ ဣသရေလအမျိုး၌ ထာဝရဘုရား၏ အမိန့် တော်အတိုင်း၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်း ငှါ ဣသရေလအမျိုးအပေါင်းတို့နှင့် ဝိုင်း၍ ဒါဝိဒ်မင်း ဘက်မှာ ကြိုးစားအားထုတ်သော အမှုတော်ထမ်းသူရဲကြီး တို့၏ စာရင်းဟူမူကား၊
Jen estas la ĉefaj herooj, kiuj estis ĉe David, kaj kiuj tenis sin forte kun li dum lia reĝado, kune kun la tuta Izrael, por reĝigi lin super Izrael konforme al la vorto de la Eternulo.
11 ၁၁ ဟခမောနိအမျိုးယာရှောဗံသည် ဗိုလ်ချုပ်ဖြစ် ၏။ ထိုသူသည် လှံကိုကိုင်လျက်၊ လူသုံးရာကို တခါတည်း တိုက်၍ လုပ်ကြံလေ၏။
Jen estas la nombro de la herooj, kiuj estis ĉe David: Jaŝobeam, filo de Ĥaĥmoni, estro de la tridek; li levis sian lancon kontraŭ tricent kaj mortigis ilin per unu fojo.
12 ၁၂ သူ့နောက်မှာ အဟောဟိအမျိုးဒေါဒေါသား ဧလာဇာသည် ဒါဝိဒ်နှင့်အတူပါ၊ သဒမ္မိမ်မြို့သို့လိုက်သော သူရဲသုံးယောက် အဝင်ဖြစ်၏။
Post li estis Eleazar, filo de Dodo, la Aĥoĥido; li estis el la tri herooj.
13 ၁၃ ဖိလိတ္တိလူတို့သည် စစ်တိုက်ခြင်းငှါ မုယော စပါးစိုက်သော လယ်ကွက်၌ စုဝေး၍ ဣသရေလလူတို့ သည် ရန်သူရှေ့မှာ ပြေးကြသော်လည်း၊
Li estis kun David en Pas-Damim, kie la Filiŝtoj kolektiĝis por batalo; tie estis kampoparto plena de hordeo; kaj la popolo forkuris antaŭ la Filiŝtoj.
14 ၁၄ ထိုသူတို့သည် လယ်ကွက်အလယ်၌ရပ်၍ စောင့် မလျက် ဖိလိတ္တိ လူတို့ကိုလုပ်ကြံသောအခါ၊ ထာဝရဘုရား သည် ကြီးစွာသော အောင်ခြင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ၏။
Sed tiuj stariĝis meze de la kampoparto, kaj savis ĝin kaj venkobatis la Filiŝtojn; kaj la Eternulo helpis per granda helpo.
15 ၁၅ ဗိုလ်စုအဝင်သုံးယောက်တို့သည် ဒါဝိဒ်ရှိရာ ကျောက်ကြား၊ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိလူတို့ သည် ရေဖိမ်ချိုင့်၌ တပ်ချလျက် ရှိကြ၏။
Kaj tri el la tridek ĉefoj iris sur la rokon al David, en la kavernon Adulam, dum la tendaro de la Filiŝtoj staris en la valo Refaim.
16 ၁၆ ထိုအခါ ဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိ လူတို့သည် ဗက်လင်မြို့၌လည်း တပ်ချကြ၏။
David tiam estis en la fortikaĵo, kaj la garnizono de la Filiŝtoj estis tiam en Bet-Leĥem.
17 ၁၇ ဒါဝိဒ်ကလည်း တစုံတယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲက ရေကို ခပ်၍ ငါ့အား ပေးပါစေသောဟု တောင့်တသောစိတ်နှင့် ဆိုသော်၊
Kaj David esprimis deziron kaj diris: Kiu trinkigus al mi akvon el la puto Bet-Leĥema, kiu estas apud la pordego?
18 ၁၈ ထိုသူသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖျက်၍၊ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်ယူပြီးလျှင် ဒါဝိဒ် ထံတော်သို့ဆောင်ခဲ့ကြ၏။ သို့သော်လည်း ဒါဝိဒ် သည် မသောက်ဘဲ ထာဝရဘုရား ရှေ့တော်၌ သွန်းလျက်၊
Tiam tiuj tri trarompe penetris en la tendaron de la Filiŝtoj, ĉerpis akvon el la puto Bet-Leĥema, kiu estis apud la pordego, prenis kaj alportis al David. Sed David ne volis trinki ĝin; li elverŝis ĝin al la Eternulo,
19 ၁၉ ဤရေကို သောက်သောအမှုသည် ငါနှင့်ဝေးပါ စေသော။ ကိုယ်အသက်ကို မနှမြောဘဲသွားသောသူတို့၏ အသွေးကို ငါသောက်ရမည်လော။ သူတို့သည် ကိုယ် အသက်ကို စွန့်စား၍ ဤရေကိုဆောင်ခဲ့ကြ ပြီဟုဆိုလျက် မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့ သော အမှုတို့ကိုပြုကြ၏။
kaj diris: Gardu min mia Dio, ke mi ne faru tion: ĉu mi trinku la sangon de tiuj viroj, kiuj riskis sian vivon? ĉar kun risko por sia vivo ili alportis ĝin. Kaj li ne volis trinki ĝin. Tion faris la tri herooj.
20 ၂၀ ယွာဘညီအဘိရှဲသည်လည်း သူရဲသုံးယောက် တွင် အကြီးဖြစ်၏။ သူသည် လှံကိုကိုင်၍ လူသုံးရာ တို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲသုံးယောက် အဝင်နေရာရသတည်း။
Abiŝaj, frato de Joab, estis estro de tiuj tri; li mortigis per sia lanco tricent homojn, kaj li havis gloran nomon inter la tri.
21 ၂၁ သူရဲသုံးယောက်တွင် နှစ်ယောက်ထက်သာ၍ မြတ်သောကြောင့် ဗိုလ်ချုပ်အရာကိုရ၏။ သို့သော်လည်း ပဌမသူရဲသုံးယောက်တို့ကို မမှီ။
El la tri li estis honorata de du kaj estis ilia estro, sed en la trion li ne eniris.
22 ၂၂ အထူးသဖြင့် ပြုဘူးသောကပ်ဇေလမြို့သား၊ သူရဲယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့နှင့် တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်း ကာလ၌လည်း၊ အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကိုသတ်၏။
Benaja, filo de Jehojada, filo de homo kuraĝa, granda pro siaj faroj, el Kabceel: li mortigis la du fortulojn de Moab; li ankaŭ malsupreniris, kaj mortigis leonon en kavo en neĝa tago.
23 ၂၃ အရပ်ငါးတောင်မြင့်သော အဲဂုတ္တု လူကိုလည်း သတ်၏။ အဲဂုတ္တုလူသည် ရက်ကန်းလက်လိပ်နှင့်အမျှ ကြီးသော လှံကိုကိုင်သော်လည်း၊ ဗေနာယသည် တောင် ဝေးကိုသာ ကိုင်လျက်သွား၍၊ အဲဂုတ္တုလူလက်မှလှံကို လုယူပြီးလျှင် ထိုလှံနှင့်သူ့ကို သတ်၏။
Li ankaŭ mortigis Egipton, viron, kiu havis la alton de kvin ulnoj; en la mano de la Egipto estis lanco kiel rultrabo de teksisto; li aliris al li kun bastono, elŝiris la lancon el la mano de la Egipto, kaj mortigis lin per lia propra lanco.
24 ၂၄ ထိုသို့သော အမှုတို့ကို ယောယဒသား ဗေနာယ သည် ပြု၍ သူရဲသုံးယောက်အဝင်နေရာကိုရ၏။
Tion faris Benaja, filo de Jehojada. Kaj li havis gloran nomon inter la tri herooj.
25 ၂၅ ဗိုလ်များထက်သာ၍မြတ်သော်လည်း ပဌမ သူရဲသုံးယောက်တို့ကိုမမှီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ် အရာကိုလည်း ပေး၏။
Inter la tridek li estis plej honorata, sed en la trion li ne eniris. Kaj David faris lin lia korpogardistestro.
26 ၂၆ ယွာဘညီ အာသဟေလသည်လည်း ဗိုလ်စု အဝင်ဖြစ်၏။ ထိုအတူ၊ ဗက်လင်မြို့နေ၊ ဒေါဒေါ၏သား ဧလဟာနန်၊
La ĉefaj militistoj estis: Asahel, frato de Joab, Elĥanan, filo de Dodo, el Bet-Leĥem,
27 ၂၇ ဟေရောဒိအမျိုး ရှမ္မ၊ ဖာလတိအမျိုး ဟေလက်၊
Ŝamot, la Harorano, Ĥelec, la Pelonano,
28 ၂၈ တေကောအမျိုး ဣကေရှ၏သား ဣရ၊ အနေ သောသိအမျိုး အဗျေဇာ၊
Ira, filo de Ikeŝ, la Tekoaano, Abiezer, la Anatotano,
29 ၂၉ ဟုရှသိအမျိုးသိဗေကဲ၊ အဟောဟိအမျိုး ဣလဲ၊
Sibĥaj, la Ĥuŝaido, Ilaj, la Aĥoĥido,
30 ၃၀ နေတောဖာသိအမျိုး မဟာရဲ၊ နေတောဖာသိ အမျိုး ဗာန၏သား ဟေလက်၊
Maharaj, la Netofaano, Ĥeled, filo de Baana, la Netofaano,
31 ၃၁ ဗင်္ယာမိန်အမျိုး၊ ဂိဗာမြို့နေ၊ ရိဘဲ၏သားဣတ္တဲ၊ ပိရသောနိအမျိုး ဗေနာယ၊
Itaj, filo de Ribaj, el Gibea de la Benjamenidoj, Benaja, la Piratonano,
32 ၃၂ ဂါရှချိုင့်သားဟုရဲ၊ အာဗသိအမျိုးအဗျေလ၊
Ĥuraj, el Naĥale-Gaaŝ, Abiel, la Arbatano,
33 ၃၃ ဗာဟုမိအမျိုးအာဇမာဝက်၊ ရှာလဗောနိအမျိုး ဧလျာဘ၊
Azmavet, la Baĥurimano, Eljaĥba, la Ŝaalbonano;
34 ၃၄ ဂိဇောနိအမျိုးယာရှင်၏သားတို့တွင် ယောန သန်၊ ဟာရရိအမျိုး ရှမ္မ၊
el la filoj de Haŝem, la Gizonano: Jonatan, filo de Ŝage, la Hararano,
35 ၃၅ ဟာရရိအမျိုးရှာရ၏ သားအဟိအံ၊ ဥရ၏သား ဧလိဖလ၊
Aĥiam, filo de Saĥar, la Hararano, Elifal, filo de Ur,
36 ၃၆ မေခေရသိအမျိုးဟေဖာ၊ ပေလောနိအမျိုး အဟိယ၊
Ĥefer, la Meĥeratano, Aĥija, la Pelonano,
37 ၃၇ ကရမေလအမျိုးဟေဇရဲ၊ ဧဇဗဲ၏သားနာရဲ၊
Ĥecro, la Karmelano, Naaraj, filo de Ezbaj,
38 ၃၈ နာသန်၏ညီယောလ၊ ဟဂ္ဂေရိ၏သား မိဗဟာ၊
Joel, frato de Natan, Mibĥar, filo de Hagri,
39 ၃၉ အမ္မုန်အမျိုးဇေလက်၊ ဇေရုံယာသား ယွာဘ၏ လက်နက်ဆောင် လုလင်၊ ဗေရောသိအမျိုး နဟာရဲ၊
Celek, la Amonido, Naĥaraj, la Beerotano, armilportisto de Joab, filo de Ceruja,
40 ၄၀ ဣသရိအမျိုး ဣရ၊ ဣသရိအမျိုးဂါရက်၊
Ira, la Jetrido, Gareb, la Jetrido,
41 ၄၁ ဟိတ္တိအမျိုးဥရိယ၊ အာလဲ၏သား ဇာဗဒ်၊
Urija, la Ĥetido, Zabad, filo de Aĥlaj,
42 ၄၂ ရုဗင်အမျိုးသားသုံးကျိပ်ကို အုပ်သောဗိုလ်၊ ရှိဇ၏သား အဒိန၊
Adina, filo de Ŝiza, la Rubenido, ĉefo de Rubenidoj, kaj kun li estis tridek,
43 ၄၃ မာခါ၏သားဟာနန်၊ မိသနိအမျိုး ယောရှဖတ်၊
Ĥanan, filo de Maaĥa, Joŝafat, la Mitnido,
44 ၄၄ အာရှတယောသိအမျိုးဩဇိ၊ အာရော်အမျိုး ဟောသန်၏သား ရှာမနှင့်ယေဟေလ၊
Uzija, la Aŝterotano, Ŝama kaj Jeiel, filoj de Ĥotam, la Aroerano,
45 ၄၅ တိဇိအမျိုးရှိမရိ၏သား ယေဒျေလနှင့် သူ၏ညီ ယောဟ၊
Jediael, filo de Ŝimri, kaj lia frato Joĥa, la Ticano,
46 ၄၆ မဟာဝိအမျိုးဧလျေလ၊ ဧလနန်၏သား ယေရိဗဲနှင့် ယောရှဝိ၊ မောဘအမျိုးဣသမနှင့်တကွ၊
Eliel, la Maĥavido, Jeribaj kaj Joŝavja, filoj de Elnaam, Jitma, la Moabido,
47 ၄၇ ဧလျေလ၊ ဩဗက်၊ မေဇောဗိတ်အမျိုး ယာသေ လတည်း။
Eliel, Obed, kaj Jaasiel el Mecobaja.