< ၁ ရာဇဝင်ချုပ် 10 >
1 ၁ ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက် ၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာ ပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။
A Filisteji se pobiše s Izrailjem, i pobjegoše Izrailjci ispred Filisteja, i padahu mrtvi na gori Gelvuji.
2 ၂ ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ၏သား တို့ကို ပြင်းထန်စွာ လိုက်၍၊ ရှောလု၏သား ယောနသန်၊ အဘိနဒပ်၊ မေလခိရွှတို့ကို သတ်ကြ၏။
I stigoše Filisteji Saula i sinove njegove, i pogubiše Filisteji Jonatana i Avinadava i Malhisuja, sinove Saulove.
3 ၃ စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ၏။ လေးသမားတို့ ပစ်သောမြှားမှန်၍ အလွန်နာသော ကြောင့်၊
I boj posta žešæi oko Saula, i naðoše ga strijelci, i on se uplaši od strijelaca.
4 ၄ လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင်၊ သင့်ထားကို ထုတ်၍ ငါ့ကိုထိုးလော့။ သို့မဟုတ် အရေ ဖျားလှီးခြင်းကို မခံသောလူတို့သည်လာ၍၊ ငါ့ကိုမရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟုဆိုသော်လည်း၊ လက်နက်ဆောင် လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုထားကို ယူ၍ ထောင်ပြီးလျှင်၊ ထားဖျား ပေါ်မှာ လှဲ၍သေ၏။
I reèe Saul momku koji mu nošaše oružje: izvadi maè svoj, i probodi me da ne doðu ti neobrezani i narugaju mi se. Ali ne htje momak koji mu nošaše oružje, jer ga bješe vrlo strah. Tada Saul uze maè i baci se na nj.
5 ၅ ရှောလုသေသည်ကို လက်နက်ဆောင်လုလင် မြင်လျှင်၊ သူသည်လည်း ထိုထားကို ထောင်၍ထားဖျား ပေါ်မှာ လှဲ၍သေ၏။
A kad momak koji mu nošaše oružje vidje gdje umrije Saul, baci se i on na svoj maè, i umrije.
6 ၆ ထိုသို့ရှောလုနှင့် သူ၏သားသုံးယောက်မှစ၍ နန်းတော်သားအပေါင်းတို့သည် အတူသေကြ၏။
Tako pogibe Saul; i tri sina njegova i sva èeljad njegova pogiboše zajedno.
7 ၇ ဣသရေလလူပြေးကြောင်း၊ ရှောလုနှင့်သူ၏ သားများသေကြောင်းကို၊ ချိုင့်၌နေသော ဣသရေလ လူအပေါင်းတို့သည် သိမြင်လျှင်၊ မြို့ရွာတို့ကို စွန့်ပစ် သဖြင့်၊ ဖိလိတ္တိလူတို့သည်လာ၍ နေကြ၏။
A kad svi Izrailjci koji bijahu u dolini vidješe gdje pobjegoše Izrailjci i gdje pogibe Saul i sinovi njegovi, ostaviše gradove svoje i pobjegoše, te doðoše Filisteji i ostaše u njima.
8 ၈ နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင် တို့၌၊ အဝတ်တန်ဆာကို ချွတ်ခြင်းငှါ လာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ ရှောလုနှင့် သူ၏သား သုံး ယောက်တို့သည် သေလျက်ရှိသည်ကို တွေ့မြင်ကြ၏။
A sjutradan doðoše Filisteji da svlaèe mrtve, i naðoše Saula i sinove njegove gdje leže na gori Gelvuji.
9 ၉ အဝတ်တန်ဆာတော်ကို ချွတ်ပြီးမှ ခေါင်းတော်၊ လက်နက်တော်ကို ယူ၍ သူတို့ရုပ်တုအိမ်များ၌၎င်း၊ လူများတို့၌၎င်း၊ သိတင်းကျော်စောစေခြင်းငှါ၊ ဖိလိတ္တိ ပြည်အရပ်ရပ်သို့ ပေးလိုက်ကြ၏။
I svukavši ga uzeše glavu njegovu i oružje njegovo, i poslaše u zemlju Filistejsku na sve strane da se objavi kod lažnijeh bogova njihovijeh i po narodu.
10 ၁၀ လက်နက်တော်ကိုလည်း သူတို့ဘုရားကျောင်း၌ ထား၍၊ ခေါင်းတော်ကို ဒါဂုန်ဗိမာန်၌ ဆွဲထားကြ၏။
I ostaviše oružje njegovo u kuæi bogova svojih, a glavu mu objesiše u kuæi Dagonovoj.
11 ၁၁ ဖိလိတ္တိလူတို့သည် ရှောလု၌ပြုသမျှကို ဂိလဒ် ပြည် ယာဗက်မြို့သားများကြားလျှင်၊
A kad èuše svi u Javisu Galadskom sve što uèiniše Filisteji od Saula,
12 ၁၂ သူရဲအပေါင်းတို့သည် ရှောလု၏ အလောင်းနှင့် သူ၏သားအလောင်းတို့ကို ယူသွား၍၊ ယာဗက်မြို့သို့ ဆောင်ခဲ့သဖြင့်၊ အရိုးတို့ကို ယာဗက်မြို့မှာသပိတ်ပင် အောက်၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံးအစာ ရှောင်ကြ ၏။
Podigoše se svi junaci i uzeše tijelo Saulovo i tjelesa sinova njegovijeh, i donesoše ih u Javis, i pogreboše kosti njihove pod hrastom u Javisu, i postiše sedam dana.
13 ၁၃ ထိုသို့ရှောလုသည် ထာဝရဘုရား၏ စကား တော်ကို နားမထောင်၊ လွန်ကျူး၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၎င်း၊
I tako pogibe Saul za bezakonje svoje, koje uèini Gospodu što ne sluša rijeèi Gospodnje i što traži da pita duh vraèarski,
14 ၁၄ ထာဝရဘုရားကို မမေးမြန်းဘဲနတ်ဝင်မိန်းမကို ရှာဖွေမေးမြန်းသောကြောင့်၎င်း၊ ထာဝရဘုရားသည် သူ့ကိုကွပ်မျက်၍၊ နိုင်ငံတော်ကို ယေရှဲသားဒါဝိဒ်၌ လွှဲအပ်တော်မူ၏။
A ne pita Gospoda; zato ga ubi, i prenese carstvo na Davida sina Jesejeva.