< ဇေဖနိ 1 >

1 ယုဒ ရှင်ဘုရင် အာမုန် သား ယောရှိ မင်းလက်ထက် ၊ ဟိဇကိ ၊ အာမရိ ၊ ဂေဒလိ တို့မှ ဆင်းသက်သော ကုရှိ ၏သား ဇေဖနိ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
Neno la Bwana lililomjia Sefania mwana wa Kushi, mwana wa Gedalia, mwana wa Amaria, mwana wa Hezekia, wakati wa utawala wa Yosia mwana wa Amoni mfalme wa Yuda:
2 ပြည် တပြည်လုံး ၌ ရှိလေသမျှ တို့ကို အကုန်အစင် ငါသုတ်သင်ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Bwana asema, “Nitafagia kila kitu kutoka kwenye uso wa dunia.”
3 လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ရှင်း မည်။ မိုဃ်း ကောင်းကင် ငှက် နှင့် ပင်လယ် ငါး တို့ကို၎င်း၊ အဓမ္မ လူတို့ နှင့်တကွ ပြစ်မှား စရာအကြောင်းတို့ကို၎င်းငါပယ်ရှင်းမည်။ မြေ တပြင်လုံး ၌ ရှိသောလူ သတ္တဝါတို့ကိုလည်း ငါ ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
“Nitafagilia mbali watu na wanyama; nitafagilia mbali ndege wa angani na samaki wa baharini. Wafanyao maovu watapata tu kokoto, nami nitamkatilia mbali mwanadamu atoke katika dunia,” asema Bwana.
4 ယုဒ ပြည်သူ၊ ယေရုရှလင် မြို့ သားအပေါင်း တို့ကို ငါတိုက် ၍ ၊ ဤ အရပ် ၌ ကျန် ကြွင်းသော ဗာလ ဘုရား၏ တပည့်တို့နှင့် ယဇ် ပုရောဟိတ်အမျိုးမျိုးတို့ကို၎င်း ၊
“Nitaiadhibu Yuda na wote wakaao Yerusalemu. Kutoka mahali hapa nitakatilia mbali kila mabaki ya Baali, majina ya wapagani na makuhani waabuduo sanamu:
5 ကောင်းကင် တန်ဆာ များကို အိမ်မိုး ပေါ် မှာ ကိုးကွယ် သောသူ၊ ထာဝရဘုရား နှင့် မာလခံ ဘုရားကို တိုင်တည် လျက် ကျိန်ဆိုကိုးကွယ် သောသူတို့ ကို၎င်း ၊
wale ambao husujudu juu ya mapaa kuabudu jeshi la vitu vya angani, wale ambao husujudu na kuapa kwa Bwana na ambao pia huapa kwa Malkamu,
6 ထာဝရဘုရား ၏နောက် တော်သို့ မလိုက်၊ ဆုတ် သွားသောသူ၊ ထာဝရဘုရား ကို မ ရှာဖွေ ၊ မ မေးမြန်း သောသူတို့ ကို၎င်း ငါပယ်ရှင်း မည်။
wale wanaoacha kumfuata Bwana, wala hawamtafuti Bwana wala kutaka shauri lake.
7 အရှင် ထာဝရဘုရား ၏ရှေ့ တော်၌ ငြိမ်ဝပ် စွာ နေကြလော့။ ထာဝရဘုရား ၏နေ့ နီး ပြီ။ ထာဝရဘုရား သည် မိမိယဇ် ပွဲတော်ကို ပြင်ဆင် ၍၊ ပွဲဝင် သောသူတို့ ကို သန့်ရှင်းစေတော်မူပြီ။
Nyamazeni mbele za Bwana Mwenyezi, kwa maana siku ya Bwana iko karibu. Bwana ameandaa dhabihu, amewaweka wakfu wale aliowaalika.
8 ထာဝရဘုရား ပွဲခံတော်မူသောနေ့ ၌ မင်း များ၊ ဆွေ တော် မျိုးတော်များနှင့် ထူးခြားစွာ ဝတ် သောသူများ အပေါင်း တို့ကို ငါစစ်ကြော မည်။
Katika siku ya dhabihu ya Bwana nitawaadhibu wakuu na wana wa mfalme na wale wote wanaovaa nguo za kigeni.
9 သူတပါး၏အိမ်တံခါးခုံ ကို ကျော် ၍ အနိုင်အထက် ပြုခြင်း၊ လှည့်စား ခြင်းအားဖြင့်ရသောဥစ္စာနှင့် မိမိ သခင် ၏ အိမ် ကို ပြည့် စေသောသူအပေါင်း တို့ကိုလည်း ထို နေ့ ၌ ငါစစ်ကြော မည်။
Katika siku hiyo nitaadhibu wote ambao hukwepa kukanyaga kizingiti, ambao hujaza hekalu la miungu yao kwa dhuluma na udanganyifu.”
10 ၁၀ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို နေ့ ၌ ငါး တံခါးဝ မှာ အော်ဟစ် သံ ကို၎င်း ၊ ဒုတိယ မြို့၌ ငိုကြွေး မြည်တမ်းသံကို၎င်း ၊ တောင်ရိုး ၌ ပြင်း စွာချိုးဖျက် သံကို၎င်း ကြားရ၏။
Bwana asema, “Katika siku hiyo kilio kitapanda juu kutoka lango la Samaki, maombolezo kutoka mtaa wa pili, na mshindo mkubwa kutoka vilimani.
11 ၁၁ မတ္တေရှ အရပ် သားတို့၊ ငိုကြွေး မြည်တမ်းကြလော့ ။ ကုန်သည် အပေါင်း တို့သည် ပြတ် ကြပြီ။ ငွေ ကို ဆောင် သောသူအပေါင်း တို့သည် ဆုံး ကြပြီ။
Ombolezeni, ninyi mnaoishi katika eneo la sokoni; wafanyabiashara wenu wote wameangamizwa, wote ambao wanafanya biashara ya fedha wataangamizwa.
12 ၁၂ ထို ကာလ ၌ ငါသည် မီးခွက် ကို ကိုင်၍ ယေရုရှလင် မြို့ကို စစ်ကြောမည်။ ထာဝရဘုရား သည် ကျေးဇူး ကိုလည်း မ ပြု၊ အပြစ် ကိုလည်း မ ပေးဟု အောက်မေ့ လျက်၊ မိမိ တို့အနည် အဖတ်ပေါ် ၌ နေရာ ကျသောသူ တို့ ကို ငါစစ်ကြော မည်။
Wakati huo nitasaka mji wa Yerusalemu kwa taa, na kuwaadhibu wale ambao wanakaa katika hali ya kuridhika, ambao ni kama divai iliyobaki kwenye machicha, ambao hudhani, ‘Bwana hatafanya lolote, jema au baya.’
13 ၁၃ ထိုသူ တို့၏ဥစ္စာ ကို သူတပါးလုယူ ၍ ၊ သူ တို့၏ နေရာ သည် လူဆိတ်ညံ လျက် ရှိ လိမ့်မည်။ အိမ် ကို ဆောက် သော်လည်း မ နေ ရကြ။ စပျစ် ဥယျာဉ်ကို စိုက် သော်လည်း စပျစ်ရည် ကို မ သောက် ရကြ။
Utajiri wao utatekwa nyara, nyumba zao zitabomolewa. Watajenga nyumba, lakini hawataishi ndani yake; watapanda mizabibu lakini hawatakunywa divai yake.
14 ၁၄ ထာဝရဘုရား ၏နေ့ ကြီး နီး ပြီ။ နီး ပြီ။ အလျင်အမြန် လာ၏။ ထာဝရဘုရား ၏ နေ့ သိတင်း သည် နား၌ ခါး ၏။ ထိုနေ့၌ သူရဲ သည် အော်ဟစ် လိမ့်မည်။
“Siku kubwa ya Bwana iko karibu: iko karibu na inakuja haraka. Sikilizeni! Kilio katika siku ya Bwana kitakuwa kichungu, hata shujaa atapiga kelele.
15 ၁၅ ထို နေ့ သည် အမျက် ထွက်သောနေ့ ၊ ဆင်းရဲ ပူပန် ခြင်းကို ခံရသောနေ့ ၊ သုတ်သင် ပယ်ရှင်းဖျက်ဆီး ရာနေ့ ၊ အလင်း ကွယ်၍ မှောင်မိုက် သောနေ့ ၊ မိုဃ်းအုံ့ ၍ ထူထပ် သောမှောင်မိုက် ဖုံးလွှမ်းသောနေ့ ၊
Siku ile ni siku ya ghadhabu, siku ya fadhaa na dhiki, siku ya uharibifu na ukiwa, siku ya giza na utusitusi, siku ya mawingu na giza nene,
16 ၁၆ ခိုင်ခံ့ သောမြို့ ၊ မြင့် သောရဲတိုက် တို့တဘက် ၌ တံပိုး မှုတ်၍ ကြွေးကြော် ရာနေ့ ဖြစ်၏။
siku ya tarumbeta na mlio wa vita dhidi ya miji yenye ngome na dhidi ya minara mirefu.
17 ၁၇ သူတို့သည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ သူ တို့ကို ငါညှဉ်းဆဲ သဖြင့် မျက်စိ မမြင်သော သူကဲ့သို့ သွား ကြလိမ့်မည်။ သူ တို့အသွေး ကို မြေမှုန့် ကဲ့သို့ သွန်း ၍ အသား ကိုလည်း မစင် ကဲ့သို့ မှတ်ကြလိမ့်မည်။
Nitawaletea watu dhiki, nao watatembea kama vipofu, kwa sababu wametenda dhambi dhidi ya Bwana. Damu yao itamwagwa kama vumbi na matumbo yao kama taka.
18 ၁၈ ထာဝရဘုရား အမျက် ထွက်တော်မူသောနေ့ ၌ သူ တို့ရွှေ ငွေ သည် သူ တို့ကို မ ကယ်တင် နိုင် ရာ။ ဒေါသ အမျက်တော်မီး သည် တပြည်လုံး ကို လောင် လိမ့်မည်။ ပြည်သူ ပြည်သားအပေါင်း တို့ကို အလျင်အမြန် စီရင် ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။
Fedha yao wala dhahabu yao hazitaweza kuwaokoa katika siku hiyo ya ghadhabu ya Bwana. Katika moto wa wivu wake dunia yote itateketezwa, kwa maana ataleta mwisho wa wote wanaoishi katika dunia ghafula.”

< ဇေဖနိ 1 >