< ဇေဖနိ 3 >
1 ၁ ဆန့်ကျင် ဘက်ပြု၍ ညစ်ညူး လျက် ညှဉ်းဆဲ တတ်သော မြို့ သည် အ မင်္ဂလာရှိ၏။
vae provocatrix et redempta civitas columba
2 ၂ နှုတ်ကပတ်တော်အသံ ကို နား မ ထောင်၊ ဆုံးမ တော်မူခြင်း ကိုမ ခံ ၊ ထာဝရဘုရား ကို မ ခိုလှုံ ၊ မိမိ ဘုရား သခင့်ထံ တော်သို့ မ ချဉ်းကပ် ၊
non audivit vocem et non suscepit disciplinam in Domino non est confisa ad Deum suum non adpropiavit
3 ၃ မြို့ အလယ် ၌ မင်း များတို့သည် ဟောက် သော ခြင်္သေ့ ဖြစ်ကြ၏။ တရားသူကြီး တို့သည် နံနက် တိုင်အောင် အဘယ်အရာကိုမျှမ ချန် မထား၊ ညဉ့် ၌ လှည့်လည်တတ် သောတောခွေး ဖြစ်ကြ၏။
principes eius in medio eius quasi leones rugientes iudices eius lupi vespere non relinquebant in mane
4 ၄ ပရောဖက် တို့သည် လျှပ်ပေါ် သောသူ၊ သစ္စာ ပျက်သောသူ ဖြစ်ကြ၏။ ယဇ် ပုရောဟိတ်တို့သည် သန့်ရှင်း ရာဌာနတော်ကို ညစ်ညူး စေ၍ တရား တော်ကိုလည်း ရှုတ်ချ ကြ၏။
prophetae eius vesani viri infideles sacerdotes eius polluerunt sanctum iniuste egerunt contra legem
5 ၅ သို့သော်လည်း၊ ထာဝရဘုရား သည် မြို့ အလယ် ၌ တရားသဖြင့် ပြုတော်မူ၏။ မ တရားသော အမှုကို ပြု တော်မ မူ။ နံနက် အစဉ်အတိုင်းမိမိ ဖြောင့်မတ် ကြောင်း ကို မချွတ်မယွင်း ဘော်ပြ တော်မူ၏။ သို့သော်လည်း ၊အဓမ္မ လူတို့သည် ရှက်ကြောက် ခြင်းမ ရှိ ကြ။
Dominus iustus in medio eius non faciet iniquitatem mane mane iudicium suum dabit in luce et non abscondetur nescivit autem iniquus confusionem
6 ၆ လူ အမျိုးမျိုးတို့ကို ငါပယ် ဖြတ်၍ သူ တို့ရဲတိုက် များကို ဖျက်ဆီး လေပြီ။ လမ်း တို့၌ အဘယ်သူ မျှမသွား မလာစေခြင်းငှါ လူဆိတ်ညံ စေပြီ။ မြို့ တို့ကိုလည်း လူ တစုံတယောက်မျှ မနေ စေခြင်းငှါ ဖျက်ဆီး လေပြီ။
disperdi gentes et dissipati sunt anguli earum desertas feci vias eorum dum non est qui transeat desolatae sunt civitates eorum non remanente viro nec ullo habitatore
7 ၇ ထိုအခါ ငါက၊ အကယ်စင်စစ်ဤမျှလောက်ငါဆုံးမ ပြီးမှ သင်သည် ကိုယ် နေရာ ကို မ ပယ်ရှင်း စေ ခြင်းငှါ၊ ငါ့ ကို ကြောက်ရွံ့ ၍ နည်းခံ လိမ့်မည်ဟု ဆို သော်လည်း၊ သူတို့သည် ကြိုးစား ၍ မှားယွင်း သောအကျင့် ကိုသာ ကျင့်ကြ၏။
dixi attamen timebis me suscipies disciplinam et non peribit habitaculum eius propter omnia in quibus visitavi eam verumtamen diluculo surgentes corruperunt omnes cogitationes suas
8 ၈ သို့သော်လည်း၊ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ဘမ်းဆီး လုယက်ခြင်းငှါ ငါ မထ မှီတိုင်အောင်ငါ့ ကို ငံ့လင့် ကြလော့။ တိုင်း နိုင်ငံပြည်သား အမျိုးမျိုးတို့ကို စုဝေး စေ၍၊ ငါ့ အမျက် ၊ ငါ့ ဒေါသ အရှိန် ကို အကုန်အစင် သွန်းလောင်း မည်ဟု ငါ အကြံ ရှိ၏။ ငါ့ ဒေါသ မီး သည် မြေ တပြင်လုံး ကို လောင် ရလိမ့်မည်။
quapropter expecta me dicit Dominus in die resurrectionis meae in futurum quia iudicium meum ut congregem gentes et colligam regna ut effundam super eas indignationem meam omnem iram furoris mei in igne enim zeli mei devorabitur omnis terra
9 ၉ အကယ် စင်စစ်လူမျိုး အပေါင်း တို့သည် ထာဝရဘုရား ၏အမှုတော်ကို တညီတညွတ် တည်းဆောင်ရွက် မည် အကြောင်း၊ နာမ တော်ကို ပဌနာ ပြုစေခြင်းငှါ သန့်ရှင်း သော ဘာသာ စကားကို သူ တို့အား ငါပြန် ပေးမည်။
quia tunc reddam populis labium electum ut vocent omnes in nomine Domini et serviant ei umero uno
10 ၁၀ ကုရှ ပြည်၏မြစ် တို့တဘက် ၊ အရပ်ရပ်၌ ကွဲပြား လျက်နေသောငါ ၏လူမျိုးသတို့သမီး ၊ ငါ့ ကို တောင်းပန် သောသူတို့ သည် ငါ့ အဘို့ ပူဇော် သက္ကာကို ဆောင် ခဲ့ကြ လိမ့်မည်။
ultra flumina Aethiopiae inde supplices mei filii dispersorum meorum deferent munus mihi
11 ၁၁ ငါ့ ကို ပြစ်မှား သောအပြစ် များကြောင့် ထိုအခါ သင်သည် အရှက်ကွဲ ခြင်းကို မ ခံရ။ သင် ၏ ဂုဏ်အသရေကြောင့် ဝါကြွား သောသူတို့ ကို သင့် အလယ် ၌ ငါပယ်ရှား မည်။ သင်သည်လည်း ငါ ၏သန့်ရှင်း သော တောင် ကို အမှီပြု ၍ နောက် တဖန်မာန မ ထောင်လွှားရ။
in die illa non confunderis super cunctis adinventionibus tuis quibus praevaricata es in me quia tunc auferam de medio tui magniloquos superbiae tuae et non adicies exaltari amplius in monte sancto meo
12 ၁၂ နှိမ့်ချ ဆင်းရဲ သော အမျိုး ကို သင့် အလယ် ၌ ငါချန် ထားမည်။ ထိုသူတို့သည် ထာဝရဘုရား ၏ နာမ တော် ကို ခိုလှုံ ကြလိမ့်မည်။
et derelinquam in medio tui populum pauperem et egenum et sperabunt in nomine Domini
13 ၁၃ ကျန် ကြွင်းသော ဣသရေလ အမျိုးသားတို့သည် မ တရားသောအမှုကို မ ပြု ရကြ။ မုသာ မ ပြော ရကြ။ သူ တို့ နှုတ် ၌ လှည့်စား တတ်သော လျှာ မ ရှိ ရ။ အဘယ်သူမျှမ ကြောက် စေဘဲ စားသောက် လျက် ၊ အိပ် လျက်နေရကြ လိမ့်မည်။
reliquiae Israhel non facient iniquitatem nec loquentur mendacium et non invenietur in ore eorum lingua dolosa quoniam ipsi pascentur et accubabunt et non erit qui exterreat
14 ၁၄ အိုဇိအုန် သတို့သမီး ၊ သီချင်းဆို လော့။ အို ဣသရေလ အမျိုး၊ ကြွေးကြော် လော့။ အိုယေရုရှလင် သတို့သမီး ၊ စိတ်နှလုံး အကြွင်းမဲ့ ဝမ်းမြောက် ရွှင်လန်းလော့။
lauda filia Sion iubilate Israhel laetare et exulta in omni corde filia Hierusalem
15 ၁၅ ထာဝရဘုရား သည် သင် ၏အပြစ် ဒဏ်တို့ကို ပပျောက် စေ၍၊ သင် ၏ရန်သူ တို့ကို ပယ်ရှား တော်မူပြီ။ ဣသရေလ အမျိုး၏ ရှင် ဘုရင်ထာဝရဘုရား သည် သင့် အလယ် ၌ ရှိတော်မူ၏။ သင်သည် နောက် တဖန်ဘေးဥပဒ် နှင့်မ တွေ့ မကြုံရ။
abstulit Dominus iudicium tuum avertit inimicos tuos rex Israhel Dominus in medio tui non timebis malum ultra
16 ၁၆ မ စိုးရိမ် နှင့်ဟု၊ ယေရုရှလင် မြို့အား ၎င်း ၊ လက် အား မ လျှော့ စေနှင့်ဟု၊ ဇိအုန် တောင်အား၎င်း ထိုအခါ ဆို ရ၏။
in die illa dicetur Hierusalem noli timere Sion non dissolvantur manus tuae
17 ၁၇ သင် ၏ဘုရား သခင်ထာဝရဘုရား သည် သင့် အလယ် ၌ ရှိ၍၊ တန်ခိုး ကြီးသောဘုရားသည် သင့်ကို ကယ်တင် တော်မူ လိမ့်မည်။ သင် ၌ အားရ ၍ ဝမ်းမြောက် တော်မူလိမ့်မည်။ ချစ်ခြင်း မေတ္တာ၌ ကျိန်းဝပ် ၍၊ သီချင်း ဆို ခြင်းနှင့်တကွ သင် ၌ ဝမ်းမြောက် တော်မူလိမ့်မည်။
Dominus Deus tuus in medio tui Fortis ipse salvabit gaudebit super te in laetitia silebit in dilectione tua exultabit super te in laude
18 ၁၈ ကဲ့ရဲ့ ခြင်းဝန် ကို သင် ထမ်း ရာအကြောင်းတည်းဟူသော၊ သင် နှင့် ဝေး၍ ဓမ္မ ပွဲကို မခံရဘဲ ညှိုးငယ် လျက် ရှိသောသူတို့ ကို ငါစုဝေး စေမည်။
nugas qui a lege recesserant congregabo quia ex te erant ut non ultra habeas super eis obprobrium
19 ၁၉ သင့် ကို ညှဉ်းဆဲ သောသူအပေါင်း တို့ကို ထိုအခါ ငါ စီရင် မည်။ နာ သောသူကို ချမ်းသာ ပေးမည်။ နှင်ထုတ် ခြင်းကိုခံရသော သူကို သင်း ဖွဲ့စေမည်။ အရှက်ကွဲ ခြင်းကိုခံရရာ ပြည် အရပ် ရပ် တို့၌ ချီးမွမ်း ခြင်းဂုဏ် အသရေကို ပေး မည်။
ecce ego interficiam omnes qui adflixerunt te in tempore illo et salvabo claudicantem et eam quae eiecta fuerat congregabo et ponam eos in laudem et in nomen in omni terra confusionis eorum
20 ၂၀ ထို ကာလ ၌ သင် တို့ကို တဖန် ငါဆောင် ခဲ့၍ စုဝေး စေသဖြင့် ၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို သင် တို့ မျက်မှောက် ၌ တဖန် ဆောင် ခဲ့ပြန်သောအခါ ၊ မြေကြီး သား အမျိုးမျိုး တို့တွင် ချီးမွမ်း ခြင်းဂုဏ် အသရေကို သင် တို့အား ပေး မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
in tempore illo quo adducam vos et in tempore quo congregabo vos dabo enim vos in nomen et in laudem omnibus populis terrae cum convertero captivitatem vestram coram oculis vestris dicit Dominus