< ဇာခရိ 9 >
1 ၁ ထာဝရဘုရား ၏ဗျာဒိတ် နှုတ်ကပတ် တော်သည် ဟာဒရက် ပြည် နှင့် ဒမာသက် မြို့၌ သင့် ရောက်ပေ၏။ ထာဝရဘုရား သည် လူမျိုးကို၎င်း၊ ဣသရေလ အမျိုး အနွယ်အပေါင်း တို့ကို၎င်းကြည့်ရှု လျက် ရှိတော်မူ၏။
၁ထာဝရဘုရား၏ဗျာဒိတ် နှုတ်ကပတ်တော်သည် ဟာဒရက်ပြည်နှင့် ဒမာသက်မြို့၌ သင့်ရောက်ပေ၏။ ထာဝရဘုရားသည် လူမျိုးကို၎င်း၊ ဣသရေလအမျိုး အနွှယ်အပေါင်းတို့ကို၎င်း ကြည့်ရှုလျက် ရှိတော်မူ၏။
2 ၂ ထိုပြည်နှင့် နီးစပ် သော ဟာမတ် ပြည်၌ ၎င်း ၊ တုရု မြို့သည် လိမ္မာ သောကြောင့် ထိုမြို့ နှင့် ဇိဒုန် မြို့၌၎င်း သင့်ရောက်ပေ၏။
၂ထိုပြည်နှင့် နီးစပ်သော ဟာမတ်ပြည်၌၎င်း၊ တုရုမြို့သည် လိမ္မာသောကြောင့် ထိုမြို့နှင့် ဇိဒုန်မြို့၌၎င်း သင့်ရောက်ပေ၏။
3 ၃ တုရု မြို့သည် မိမိ အဘို့ ရဲတိုက် ကို တည်ဆောက် ၍ ၊ ငွေ ကို မြေမှုန့် ကဲ့သို့ ၎င်း ၊ ရွှေစင် ကိုလမ်း ၌ရှိသောရွံ့ ကဲ့သို့ ၎င်း စုပုံ သော်လည်း ၊
၃တုရုမြို့သည် မိမိအဘို့ ရဲတိုက်ကို တည်ဆောက် ၍၊ ငွေကို မြေမှုန့်ကဲ့သို့၎င်း၊ ရွှေစင်ကိုလမ်း၌ရှိသော ရွံ့ ကဲ့သို့၎င်း စုပုံသော်လည်း၊
4 ၄ ထာဝရ ဘုရားသည် သူတပါး လက်သို့ သူ့ ကိုအပ် ၍ ၊ သူ့ ခွန်အား ကို ပင်လယ် ထဲသို့ ချ တော်မူသဖြင့် ၊ မြို့ သည် မီး ဖြင့် ကျွမ်းလောင် လိမ့်မည်။
၄ထာဝရဘုရားသည် သူတပါးလက်သို့ သူ့ကိုအပ် ၍၊ သူ့ခွန်အားကို ပင်လယ်ထဲသို့ ချတော်မူသဖြင့်၊ မြို့ သည် မီးဖြင့် ကျွမ်းလောင်လိမ့်မည်။
5 ၅ ထိုအမှုကို အာရှကေလုန် မြို့သည် မြင် ၍ ကြောက် လိမ့်မည်။ ဂါဇ မြို့သည် မြင်၍ အလွန် တုန်လှုပ် လိမ့်မည်။ ဧကြုန် မြို့လည်း မြော်လင့် ၍ အရှက်ကွဲ သောကြောင့် ထိုအတူဖြစ်လိမ့်မည်။ ဂါဇ မင်းကြီး သည် ဆုံး လိမ့်မည် ။ အာရှကေလုန် မြို့သည်လည်း အစိုး မ ရ။
၅ထိုအမှုကို အာရှကေလုန်မြို့သည် မြင်၍ ကြောက်လိမ့်မည်။ ဂါဇမြို့သည် မြင်၍ အလွန်တုန်လှုပ် လိမ့်မည်။ ဧကြုန်မြို့လည်း မြော်လင့်၍ အရှက်ကွဲသော ကြောင့် ထိုအတူဖြစ်လိမ့်မည်။ ဂါဇမင်းကြီးသည် ဆုံးလိမ့် မည်။ အာရှကေလုန်မြို့သည်လည်း အစိုးမရ။
6 ၆ အာဇုတ် မြို့၌ တကျွန်း တနိုင်ငံသားတို့သည် နေ ကြလိမ့်မည်။ ဖိလိတ္တိ အမျိုး၏ မာန ကိုလည်း ငါချိုးဖဲ့ မည်။
၆အာဇုတ်မြို့၌ တကျွန်းတနိုင်ငံသားတို့သည် နေကြလိမ့်မည်။ ဖိလိတ္တိအမျိုး၏ မာနကိုလည်း ငါချိုးဖဲ့ မည်။
7 ၇ သူ စားသော အသွေး ကို သူ ၏ပါးစပ် ထဲမှ ၎င်း ၊ သူ ကိုက်သော ရွံ့ရှာဘွယ် တို့ကို သူ ၏သွား ကြား မှ ၎င်း ငါနှုတ်ပယ် မည်။ ကျန်ကြွင်းသောသူသည်လည်း ငါ တို့ ဘုရား သခင်အဘို့ ကျန်ကြွင်း ၍ ၊ ယုဒ ပြည်၌ မင်း ကဲ့သို့ နေလိမ့်မည်။ ဧကြုန် မြို့သားလည်း ယေဗုသိ လူကဲ့သို့ ဖြစ် လိမ့်မည်။
၇သူစားသော အသွေးကို သူ၏ပစပ်ထဲမှ၎င်း၊ သူကိုက်သော ရွံ့ရှာဘွယ်တို့ကို သူ၏သွားကြားမှ၎င်း ငါနှုတ်ပယ်မည်။ ကျန်ကြွင်းသောသူသည်လည်း ငါတို့ ဘုရားသခင်အဘို့ ကျန်ကြွင်း၍၊ ယုဒပြည်၌ မင်းကဲ့သို့ နေလိမ့်မည်။ ဧကြုန်မြို့သားလည်း ယေဗုသိလူကဲ့သို့ ဖြစ်လိမ့်မည်။
8 ၈ အဘယ်ရန်သူ မျှ မထွက် မဝင်စေခြင်းငှါ၊ ငါ့ အိမ် တော်ပတ်လည်၌ တပ်ချ မည်။ ညှဉ်းဆဲ သောသူသည် ငါ့ လူတို့ကို နောက် တဖန် မ နှိပ်နင်း ရ။ အကြောင်း မူကား၊ ငါ သည် ယခု ကိုယ်တိုင်ကြည့် ၍ မြင် ပြီ။
၈အဘယ်ရန်သူမျှ မထွက်မဝင်စေခြင်းငှါ၊ ငါ့အိမ် တော်ပတ်လည်၌ တပ်ချမည်။ ညှဉ်းဆဲသောသူသည် ငါ့ လူတို့ကို နောက်တဖန် မနှိပ်နင်းရ။ အကြောင်းမူကား၊ ငါသည် ယခု ကိုယ်တိုင်ကြည့်၍ မြင်ပြီ။
9 ၉ အိုဇိအုန် သတို့သမီး ၊ အလွန် ဝမ်းမြောက် လော့။ အိုယေရုရှလင် မြို့သတို့သမီး ၊ ကြွေးကြော် ကြလော့။ တရား သဖြင့် စီရင်၍ ကယ်တင် ခြင်းသို့ ရောက်သော သခင် ၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်း ကလေး ကို စီး ၍ နူးညံ့ သိမ်မွေ့သောစိတ် နှင့် သင် ရှိရာသို့ ကြွ လာတော်မူသည်ကို ကြည့်ရှု လော့။
၉အိုဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။ အိုယေရုရှလင်မြို့သတို့သမီး၊ ကြွေးကြော်ကြလော့။ တရားသဖြင့် စီရင်၍ ကယ်တင်ခြင်းသို့ ရောက်သော သခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်း ကလေးကို စီး၍ နူးညံ့သိမ်မွေ့သော စိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့။
10 ၁၀ ငါသည် ဧဖရိမ် ပြည်၌ ရထား ကို၎င်း၊ ယေရုရှလင် မြို့၌ မြင်း ကို၎င်း ပယ်ဖြတ် မည်။ စစ် လေး ကိုလည်း ပယ်ဖြတ် မည်။ တပါးအမျိုးသား တို့သည် စစ်ငြိမ်း မည် အကြောင်း ကို ထို အရှင်သည် မိန့် တော်မူမည်။ အာဏာ တော်လည်း ပင်လယ် တပါးမှ သည် ပင်လယ် တပါးတိုင်အောင် ၎င်း ၊ မြစ် မှ သည် မြေကြီး စွန်း တိုင်အောင် ၎င်း တည်လိမ့်မည်။
၁၀ငါသည် ဧဖရိမ်ပြည်၌ ရထားကို၎င်း၊ ယေရု ရှလင်မြို့၌ မြင်းကို၎င်း ပယ်ဖြတ်မည်။ စစ်လေးကိုလည်း ပယ်ဖြတ်မည်။ တပါးအမျိုးသားတို့သည် စစ်ငြိမ်းမည် အကြောင်းကို ထိုအရှင်သည် မိန့်တော်မူမည်။ အာဏာ တော်လည်း ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင် အောင်၎င်း၊ မြစ်မှသည် မြေကြီးစွန်းတိုင်အောင်၎င်း တည်လိမ့်မည်။
11 ၁၁ သင် ၏အမှုမူကား ၊ ချုပ်ထား လျက်ရှိသောသင် ၏လူတို့ကို၊ ရေ မ ရှိသော မြေတွင်း ထဲက ၊ သင် နှင့် ဖွဲ့သော ပဋိညာဉ် အသွေး ကြောင့် ငါကယ်လွှတ် မည်။
၁၁သင်၏အမှုမူကား၊ ချုပ်ထားလျက်ရှိသော သင် ၏လူတို့ကို၊ ရေမရှိသော မြေတွင်းထဲက၊ သင်နှင့် ဖွဲ့သော ပဋိညာဉ်အသွေးကြောင့် ငါကယ်လွှတ်မည်။
12 ၁၂ အချုပ် ခံ၍ မြော်လင့် သောသူတို့ ၊ ရဲတိုက် သို့ ပြန်လာ ကြလော့။ ငါသည် နှစ်ဆ သော ကျေးဇူး ကို ပြုဦးမည်ဟု ယနေ့ ပင် ပြော ထား၏။
၁၂အချုပ်ခံ၍ မြော်လင့်သော သူတို့၊ ရဲတိုက်သို့ ပြန်လာကြလော့။ ငါသည် နှစ်ဆသော ကျေးဇူးကို ပြုဦး မည်ဟု ယနေ့ပင် ပြောထား၏။
13 ၁၃ ယုဒ လေးကို ငါ တင် ၍ ၊ ဧဖရိမ် လေး ကို ဆွဲငင် လျက်၊ ဇိအုန် သား တို့ကို ဟေလသ သား တို့တဘက် ၌ နှိုးဆော် ၍ ၊ သင့် ကို သူရဲ ၏ထား ကဲ့သို့ ဖြစ် စေမည်။
၁၃ယုဒလေးကို ငါတင်၍၊ ဧဖရိမ်လေးကို ဆွဲငင် လျက်၊ ဇိအုန်သားတို့ကို ဟေလသသားတို့တဘက်၌ နှိုး ဆော်၍၊ သင့်ကို သူရဲ၏ထားကဲ့သို့ ဖြစ်စေမည်။
14 ၁၄ ထာဝရဘုရား သည် သူ တို့အပေါ် မှာ ထင်ရှား တော်မူ၍ ၊ မြှား တော်သည် လျှပ်စစ်ပြက် သကဲ့သို့ ပြေး လိမ့်မည်။ အရှင် ထာဝရဘုရား သခင်သည် တံပိုး မှုတ် ၍ ၊ တောင် လေဘွေ တို့နှင့် ကြွ သွားတော်မူလိမ့်မည်။
၁၄ထာဝရဘုရားသည် သူတို့အပေါ်မှာ ထင်ရှား တော်မူ၍၊ မြှားတော်သည် လျှပ်စစ်ပြက်သကဲ့သို့ ပြေး လိမ့်မည်။ အရှင်ထာဝရဘုရားသခင်သည် တံပိုးမှုတ်၍၊ တောင်လေဘွေတို့နှင့် ကြွသွားတော်မူလိမ့်မည်။
15 ၁၅ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် သူ တို့ကို ကွယ်ကာ တော်မူသဖြင့် ၊ သူတို့သည် ကိုက်စား ၍ လက် လွှဲကျောက် တို့ကို ကျော်နင်း ကြလိမ့်မည်။ သောက် ပြီးလျှင် ၊ စပျစ်ရည် နှင့် ဝသကဲ့သို့ ကြွေးကြော် ကြလိမ့်မည်။ အင်တုံ ကဲ့သို့ ၎င်း ၊ ယဇ် ပလ္လင်ထောင့် ကဲ့သို့ ၎င်း ပြည့်ဝ ကြ လိမ့်မည်။
၁၅ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သူတို့ကို ကွယ်ကာတော်မူသဖြင့်၊ သူတို့သည် ကိုက်စား၍ လက်လွှဲကျောက်တို့ကို ကျော်နင်းကြလိမ့်မည်။ သောက်ပြီး လျှင်၊ စပျစ်ရည်နှင့် ဝသကဲ့သို့ ကြွေးကြော်ကြလိမ့်မည်။ အင်တုံကဲ့သို့၎င်း၊ ယဇ်ပလ္လင်ထောင့်ကဲ့သို့၎င်း ပြည့်ဝကြ လိမ့်မည်။
16 ၁၆ ထို နေ့၌ သူ တို့၏ဘုရား သခင်ထာဝရဘုရား သည် မိမိ လူ တို့ကို သိုးစု ကဲ့သို့ ကယ်တင် တော်မူလိမ့်မည်။ သူ တို့သည် မြေ တော်၌ ထင်ရှား သော သရဖူ မျက်မွန် ကဲ့သို့ဖြစ်ကြလိမ့်မည်။
၁၆ထိုနေ့၌ သူတို့၏ဘုရားသခင် ထာဝရဘုရား သည် မိမိလူတို့ကို သိုးစုကဲ့သို့ ကယ်တင်တော်မူလိမ့်မည်။ သူတို့သည် မြေတော်၌ ထင်ရှားသော သရဖူမျက်မွန်ကဲ့သို့ ဖြစ်ကြလိမ့်မည်။
17 ၁၇ ကျေးဇူး တော်သည် အလွန်ကြီးစွတကား။ ဂုဏ် အသရေတော်လည်း အလွန် ကြီးစွတကား။ ဆန် စပါးသည် လုလင် တို့ကို၎င်း၊ စပျစ်ရည် သစ်သည် အပျိုမ တို့ကို၎င်း တိုးပွား များပြားစေလိမ့်မည်။
၁၇ကျေးဇူးတော်သည် အလွန်ကြီးစွတကား။ ဂုဏ် အသရေတော်လည်း အလွန်ကြီးစွတကား။ ဆန်စပါးသည် လုလင်တို့ကို၎င်း၊ စပျစ်ရည်သစ်သည် အပျိုမတို့ကို၎င်း တိုးပွားများပြားစေလိမ့်မည်။