< ဇာခရိ 8 >
1 ၁ တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ဆီသို့ ရောက် လာ၍၊
A HIKI hou mai la ka olelo a Iehova o na kaua, i mai la,
2 ၂ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါသည် ဇိအုန် တောင်အဘို့ အလွန် စိတ် အားကြီးပြီ။ အလွန် အမျက် ထွက်၍ သူ့ အဘို့ စိတ် အားကြီးပြီ။
Penei ka Iehova o na kaua e olelo mai nei, I lili no au ia Ziona me ka manao nui, A i lili hoi au nona me ka inaina nui.
3 ၃ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဇိအုန် တောင်သို့ ငါပြန် လာပြီ။ ယေရုရှလင် မြို့ထဲမှာ နေ မည်။ ယေရုရှလင် မြို့ ကို သမ္မာ မြို့ဟူ၍၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ တောင် တော်ကို သန့်ရှင်း သောတောင် ဟူ၍၎င်း သမုတ် ကြ လိမ့်မည်။
Ke olelo mai nei Iehova penei, Ua hoi mai nei au i Ziona, a e noho auanei au iwaena o Ierusalema; A e kapaia o Ierusalema, he kulanakauhale no ka oiaio, A o ka mauna o Iehova o na kaua, he mauna hoano.
4 ၄ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အို သော ယောက်ျားမိန်းမ၊ အသက်ကြီး၍ တောင်ဝေး ကိုင် သောသူ အပေါင်း တို့သည် ယေရုရှလင် မြို့လမ်း တို့၌ နေ ကြလေဦးမည်။
Ke olelo mai nei o Iehova o na kaua, Ma ia hope e noho na elemakule a me na luwahine ma na kuamoo o Ierusalema, A e lawe kela kanaka keia kanaka i kona kookoo ma kona lima no ka nui o na la;
5 ၅ မြို့ လမ်း တို့သည်လည်း ကစား သော သူငယ် ယောက်ျားမိန်းမ တို့နှင့် အပြည့်ရှိကြလိမ့်မည်။
A e paapu na kuamoo o ua kulanakauhale nei i na keikikane, A me na kaikamahine e paani ana ma na alanui ona.
6 ၆ တဖန် မိန့်တော်မူသည်ကား၊ ထို အမှုသည် ယခု ကာလ တွင် ကျန်ကြွင်း သော ဤ လူ တို့ မျက်မှောက် ၌ အံ့ဩဘွယ် ဖြစ်သော်လည်း ၊ ငါ့မျက်မှောက် ၌ အံ့ဩဘွယ် ဖြစ်ရာသလောဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
Ke olelo mai nei o Iehova o na kaua penei, Ina he paakiki keia imua o keia koena kanaka i kela manawa, He mea paakiki hoi anei ia imua o'u? Wahi a Iehova o na kaua.
7 ၇ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏လူ တို့ကို အရှေ့ ပြည် မှ ၎င်း ၊ အနောက် ပြည် မှ ၎င်း ငါ ကယ်တင် ၍ ၊
Ke olelo mai nei o Iehova o na kaua, Aia hoi, e hoopakele auanei au i o'u poe kanaka, Mai ka aina hikina mai, a mai ka aina komohana mai:
8 ၈ ဆောင် ခဲ့သဖြင့် သူ တို့သည် ယေရုရှလင် မြို့ထဲမှာ နေ ရကြလိမ့်မည်။ သစ္စာ တရားနှင့် ဖြောင့်မတ် ခြင်း တရားအားဖြင့် ၊ သူတို့သည် ငါ ၏ လူ ဖြစ် ၍ ငါ သည်လည်း သူ တို့၏ဘုရား သခင်ဖြစ် လိမ့်မည်။
A e alakai mai au ia lakou, e noho lakou iwaena o Ierusalema: E lilo mai no lakou i kanaka no'u, A owau auanei ko lakou Akua ma ka oiaio a ma ka pono.
9 ၉ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗိမာန် တော်ကို တည်ဆောက် ခြင်းငှါ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အိမ် တော် တိုက်မြစ် ကို ချသောကာလ ၌ရှိသောပရောဖက် တို့ ဟောပြော သော ဤ စကား ကို ယခု ကာလ၌ ကြား သောသူတို့ ၊ သင် တို့လက် ကို အားကြီး စေကြလော့။
Ke olelo mai nei o Iehova o na kaua penei, E hooikaika i ka oukou mau lima, E ka poe lohe i keia mau la ia mau olelo, Ma ka waha o na kaula, O ka poe e noho ana i ka wa i hookumuia'i ka hale o Iehova o na kaua, I kukuluia'i ka luakini.
10 ၁၀ ထို ကာလ အထက် ၌ လူ ခံရသောအကျိုး မ ရှိ ။ တိရစ္ဆာန် ခံရသောအကျိုး မ ရှိ။ ထွက် ဝင် သော သူတို့ သည် ရန်သူ ရှိသောကြောင့် ချမ်းသာ မ ရကြ။ ငါသည် လူ အပေါင်း တို့ကို တယောက် နှင့်တယောက် ရန်ဘက် ဖြစ်စေ ၏။
No ka mea, mamua o ia mau la, Aole i loaa i ke kanaka ka uku, Aole hoi he uku no ka holoholona; Aole hoi i maluhia ka mea i hele aku iwaho a i hoi mai iloko, no ka enemi; No ka mea, hookuee aku la au i na kanaka a pau i ko lakou mau hoalauna.
11 ၁၁ ယခု မူကား ၊ ကျန်ကြွင်း သော ဤ လူ တို့၌ ငါ သည် အရင် ကဲ့သို့ မ ပြုဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Aka, i neia manawa, aole au e hana aku i keia koena kanaka, E like me ka'u i na la mamua, wahi a Iehova o na kaua.
12 ၁၂ မျိုးစေ့ ကို ငြိမ်ဝပ် စွာ ကြဲ ရလိမ့်မည်။ စပျစ် ပင် သည် အသီး ကို၎င်း ၊ မြေ သည် မိမိ စီးပွား ကို၎င်း၊ မိုဃ်းကောင်းကင် သည် နှင်း ရည်ကို၎င်း ၊ ပေး ရ လိမ့်မည်။ ကျန်ကြွင်း သော ဤ လူ တို့သည် ဤ အရာအလုံးစုံ တို့ကို ရ တတ်စေခြင်းငှါ ငါပြုမည်။
No ka mea, e maluhia ka hua kanu, A e hua mai ke kumuwaina i kona hua, A e hooulu mai hoi ka honua i kana mea ulu, A e haawi mai hoi ka lani i kona hau, A e haawi auanei au i keia mau mea a pau no keia koena kanaka.
13 ၁၃ အိုယုဒ အမျိုး နှင့် ဣသရေလ အမျိုး တို့၊ သင်တို့သည် တပါး အမျိုးတို့တွင် ကျိန်ဆဲ ရာဖြစ် ဘူးသကဲ့သို့ ၊ ကောင်းကြီး ခံရာဖြစ် စေခြင်းငှါငါကယ်တင် မည်။ မ စိုးရိမ် ဘဲ လက် အားကြီး ကြလော့။
No ka mea, me oukou i hoinoia iwaena o ko na aina e, E ka ohana a Iuda, a me ka ohana a Iseraela, Pela no au e hoola ai ia oukou, a e hoopomaikai ia oukou; Mai makau oukou, e hooikaika hoi i ko oukou mau lima.
14 ၁၄ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့၏ ဘိုးဘေး တို့သည် ငါ့ အမျက် ကို နှိုးဆော်ကြသောအခါအပြစ် ပြုမည်ဟု ငါသည် နောင်တ မ ရဘဲ ကြံ သကဲ့သို့ ၊
No ka mea, penei ka olelo ana mai a Iehova o na kaua, Me ka'u i manao ai e hoopai aku i ko oukou hewa, I ka wa o ko oukou mau makua i hoonaukiuki mai ai ia'u, wahi a Iehova o na kaua, Aole hoi au i hoololi hou i ka manao;
15 ၁၅ တဖန် ယခု ကာလ ၌ ယေရုရှလင် မြို့နှင့် ယုဒ အမျိုး ကို ကျေးဇူး ပြုမည်ဟု ငါကြံ ပြန် ၏။ မ စိုးရိမ် ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Pela hoi, manao iho au i neia mau la, E lokomaikai aku ia Ierusalema, A i ka ohana a Iuda; mai makau oukou.
16 ၁၆ သင်တို့ကျင့် ရမည်အကျင့် ဟူမူကား ၊ သင် တို့ရှိသမျှသည် တယောက် နှင့်တယောက်မှန် သော စကားကို ပြော ကြလော့။ မြို့တံခါးဝ မှာ ဖြောင့်မတ် စွာ စီရင်၍ ၊ တရား တွေ့သည့်အမှုကို ငြိမ်း စေခြင်းငှါဆုံးဖြတ် ကြလော့ ။
Eia na mea a oukou e hana'i; E olelo oiaio aku kela kanaka keia kanaka i kona hoalauna; A e hookolokolo ma ka oiaio, a ma ka mea e malu ai iloko o na ipuka o oukou.
17 ၁၇ တယောက် ကိုတယောက်အဘယ်သူမျှမ ကောင်းသောအကြံကို မ ကြံ ကြနှင့်။ မ မှန်သော ကျိန်ဆို ခြင်းကို မ နှစ်သက် ကြနှင့်။ ထိုသို့ သော အမှု ရှိသမျှ တို့ကို ငါမုန်း သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Mai manao ino aku kekahi o oukou i kona hoalauna maloko o ko oukou naau: Mai makemake hoi i ka hoike wahahee ana: No ka mea, o keia mau mea o pau ka'u e inaina nei, wahi a Iehova.
18 ၁၈ တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
Hiki mai la hoi ka olelo a Iehova i o'u nei, i ana mai,
19 ၁၉ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ စတုတ္ထ လတွင် အစာရှောင် ခြင်း၊ ပဉ္စမ လတွင် အစာရှောင် ခြင်း၊ သတ္တမ လတွင် အစာရှောင် ခြင်း၊ ဒသမ လတွင် အစာရှောင် ခြင်းတို့သည် ယုဒ အမျိုး ဝမ်းမြောက် ရွှင်လန်း ၍ ပွဲ လုပ်ရာ ကာလဖြစ် ကြလိမ့်မည်။ ဖြောင့်မတ် ခြင်းတရား၊ ငြိမ်ဝပ် ခြင်းတရားကို နှစ်သက် ကြလော့။
Penei ka Iehova a na kaua e olelo nei, O ka hookeai ana o ka malama aha, me ka hookeai ana o ka alima. Me ka hookeai ana o ka ahiku, a me ka hookeai ana o ka umi, E lilo ia i mea olioli a me ka hauoli, A i mau ahaaina olioli i ka ohana a Iuda; Nolaila e makemake oukou i ka oiaio a me ke kuikahi
20 ၂၀ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ များစွာ သော မြို့ သူရွာသား၊ လူ အမျိုးမျိုးတို့သည် လာ ကြလိမ့်မည်။
Penei ka olelo ana a Iehova o na kaua, Ma ia hope aku no, E hele mai ai na kanaka, A me na kamaaina o na kulanakauhale he nui;
21 ၂၁ မြို့တမြို့ ၌နေ သောသူသည် အခြား မြို့တမြို့၌ နေသောသူတို့ ဆီသို့ သွား ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ဆုတောင်း ခြင်းငှါ ၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို ရှာ ခြင်းငှါ ၎င်း ဧကန် အမှန် သွား ကြကုန်အံ့။ ငါလည်း သွား မည်ဟု ခေါ် ကြလိမ့်မည်။
A e hele aku na kamaaina o kekahi wahi i kekahi, me ka i aku, E haele pu kakou e pule imua o Iehova, A e imi aku ia Iehova o na kaua: Owau hoi kekahi e hele.
22 ၂၂ ကြီး သော တိုင်း နိုင်ငံသား၊ လူ အမျိုးမျိုး တို့သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို ယေရုရှလင် မြို့၌ ရှာ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ဆုတောင်း ခြင်းငှါ လာ ကြလိမ့်မည်။
A e hele mai na kanaka he nui loa, A me na lahuikanaka ikaika, E imi ia Iehova o na kaua ma Ierusalema, A e pule imua o Iehova.
23 ၂၃ ထိုကာလ ၌ ဘာသာ အသီး အသီးကို ပြော တတ် သော လူ အမျိုးမျိုးတို့တွင် တကျိပ် သော လူ တို့သည်။ ယုဒ လူဖြစ်သောသူ ၏အဝတ်စွန်း ကို ကိုင် လျက် ၊ ဘုရား သခင်သည် သင် နှင့်အတူ ရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ ၍ ၊ သင် တို့နှင့်အတူ လိုက် ပါမည်ဟု ဆို ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
Penei ka olelo ana mai o Iehova o na kana, ia manawa, E lalau mai na kanaka he umi no na lahuikanaka o na olelo a pau, E lalau mai auanei lakou i ke kapa o ke kanaka Iudaio, Me ka i ana mai, E hele pu makou me oe; No ka mea, ua lohe makou, me oe pu no ke Akua.