< ဇာခရိ 6 >

1 တဖန် ငါ မျှော်ကြည့် ၍ ၊ ကြေးဝါ ဖြင့် ပြီးသော တောင် နှစ် လုံးကြား မှ ရထား လေး စီးထွက် လာ၏။
And again I lifted up my eyes and saw four chariots coming out from between two mountains—mountains of bronze.
2 ပဌမ ရထား ၌ မြင်း နီ ၊ ဒုတိယ ရထား ၌ မြင်း နက် ၊
The first chariot had red horses, the second black horses,
3 တတိယ ရထား ၌ မြင်း ဖြူ ၊ စတုတ္ထ ရထား ၌ ခွန်အား ကြီးသော မြင်း ကျားတို့သည် ကလျက်ရှိကြ၏။
the third white horses, and the fourth dappled horses—all of them strong.
4 အကျွန်ုပ် သခင် ၊ ထို ရထားတို့ကား အဘယ် သို့နည်းဟု ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ငါမေး သော် ၊
So I inquired of the angel who was speaking with me, “What are these, my lord?”
5 ကောင်းကင် တမန်က၊ ထို ရထားတို့သည်၊ မြေကြီး တပြင်လုံး ကို အစိုးပိုင်တော်မူသောအရှင် ၏ရှေ့ တော်၌ ရပ် နေရာမှ ထွက်သွား သော မိုဃ်း ကောင်းကင်လေ လေး ပါးဖြစ်၏။
And the angel told me, “These are the four spirits of heaven, going forth from their station before the Lord of all the earth.
6 ကသော မြင်း နက် တို့သည် မြောက် ပြည် သို့ သွား ကြ၏။ မြင်းဖြူ တို့သည် မြင်းနက် နောက် သို့ လိုက် ကြ၏။ မြင်းကျား တို့သည် တောင် ပြည် သို့ သွား ကြ၏ဟု ဆို ၏။
The one with the black horses is going toward the land of the north, the one with the white horses toward the west, and the one with the dappled horses toward the south.”
7 ခွန်အား ကြီးသော မြင်းတို့သည် ထွက် ၍ ၊ မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ခြင်းငှါ အားထုတ် ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား ၍ မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ကြလော့ဟုဆို သည် အတိုင်း ၊ သူတို့သည် မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ကြ၏။
As the strong horses went out, they were eager to go and patrol the earth; and the LORD said, “Go and patrol the earth.” So they patrolled the earth.
8 ကောင်းကင်တမန်သည်လည်း ငါ့ ကို ခေါ် ၍ ၊ ကြည့် လော့။ မြောက် ပြည် သို့ သွား သော မြင်းတို့သည် ငါ့ အမျက် ကို မြောက် ပြည် ၌ တည် စေကြပြီဟု ဆို ၏။
Then the LORD summoned me and said, “Behold, those going to the land of the north have given rest to My Spirit in the land of the north.”
9 တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာသည်ကား၊
The word of the LORD also came to me, saying,
10 ၁၀ အရင်သိမ်းသွား ခြင်းကို ခံ ရ၍ ယခု ဗာဗုလုန် မြို့မှ ပြန် လာသောဟေလဒဲ အမျိုး၊ တောဘိယ အမျိုး၊ ယေဒါယ အမျိုးအချို့တို့ကို ခေါ် ၍ ၊ တနေ့ ခြင်းတွင် ဇေဖနိ ၏သား ယောရှိ အိမ် သို့ သွား ပြီး သော်၊
“Take an offering from the exiles—from Heldai, Tobijah, and Jedaiah, who have arrived from Babylon—and go that same day to the house of Josiah son of Zephaniah.
11 ၁၁ ရွှေ ငွေ တို့ကို ယူ ၍ သရဖူ ကို လုပ် ပြီးလျှင် ယောဇဒက် သား ယဇ်ပုရောဟိတ် မင်း ယောရှု ၏ ခေါင်း ပေါ် မှာ တင် လော့။
Take silver and gold, make an ornate crown, and set it on the head of the high priest, Joshua son of Jehozadak.
12 ၁၂ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ အမိန့် တော်ကို ထိုသူ အား ဆင့်ဆို ရမည်မှာ၊ အညွန့် အမည် ရှိသောသူ ကို ကြည့်ရှု လော့။ မိမိ ဒေသ အရပ်၌ ပေါက် ၍ ထာဝရဘုရား ၏ဗိမာန် တော်ကို တည်ဆောက် လိမ့်မည်။
And you are to tell him that this is what the LORD of Hosts says: ‘Here is a man whose name is the Branch, and He will branch out from His place and build the temple of the LORD.
13 ၁၃ ထာဝရဘုရား ၏ဗိမာန် တော်ကို တည်ဆောက် ပြီးလျှင် ၊ ဘုန်း ကြီး၍ မိမိ ရာဇပလ္လင် ပေါ် မှာ ထိုင် လျက် စိုးစံ လိမ့်မည်။ ရာဇပလ္လင် တော် ပေါ် မှာ ယဇ်ပုရောဟိတ် လည်း ဖြစ်၍၊ ထို နှစ် ပါးတို့သည် မိဿဟာယ ပဋိညာဉ် ကို ဖွဲ့ ကြ လိမ့်မည်။
Yes, He will build the temple of the LORD; He will be clothed in splendor and will sit on His throne and rule. And He will be a priest on His throne, and there will be peaceful counsel between the two.’
14 ၁၄ ထိုသရဖူ သည်ဟေလင် ၊ တောဘိယ ၊ ယေဒါယ ၊ ဇေဖနိ ၏သား ဟင် တို့အဘို့ ၊ ထာဝရဘုရား ၏ ဗိမာန် တော်၌ သက်သေ ဖြစ်ရမည်။
The crown will reside in the temple of the LORD as a memorial to Helem, Tobijah, Jedaiah, and the gracious son of Zephaniah.
15 ၁၅ ဝေး သောသူတို့ သည်လည်း လာ ၍ ထာဝရဘုရား ၏ ဗိမာန် တော်၌ တည်ဆောက် ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင် တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့သိ ရကြလိမ့်မည်။ သင်တို့သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ၏အမိန့် တော်ကို စေ့စေ့နားထောင် လျှင် ၊ ဤသို့ဖြစ် ရလိမ့်မည်ဟု မိန့်တော်မူ ၏။
Even those far away will come and build the temple of the LORD, and you will know that the LORD of Hosts has sent Me to you. This will happen if you diligently obey the voice of the LORD your God.”

< ဇာခရိ 6 >