< ဇာခရိ 5 >

1 တဖန် ငါမျှော် ကြည့်၍ ၊ ပျံဝဲ လျက်ရှိသောစာစောင် ကို မြင် ၏။
တဖန် ငါမျှော်ကြည့်၍၊ ပျံဝဲလျက်ရှိသော စာ စောင်ကို မြင်၏။
2 ကောင်းကင်တမန်ကလည်း၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး လျှင် ၊ ပျံဝဲ လျက်ရှိသောစာစောင် ကို မြင် ပါ၏။ အလျား အတောင် နှစ်ဆယ် ၊ အနံ အတောင် တဆယ် ရှိပါသည်ဟု လျှောက် ၏။
ကောင်းကင်တမန်ကလည်း၊ သင်သည် အဘယ် အရာကို မြင်သနည်းဟု မေးလျှင်၊ ပျံဝဲလျက်ရှိသော စာစောင်ကို မြင်ပါ၏။ အလျားအတောင်နှစ်ဆယ်၊ အနံ အတောင်တဆယ်ရှိပါသည်ဟု လျှောက်၏။
3 ကောင်းကင်တမန်ကလည်း၊ ထို စာစောင်သည် တပြည်လုံး ကို နှံ့ပြား သော ကျိန် ခြင်းဖြစ်၏။ ခိုး တတ်သောသူ ရှိသမျှ တို့သည်၊ ထို စာစောင်တဘက် ၌ ပါသည်အတိုင်း ပယ်ဖြတ် ခြင်းကိုခံရကြမည်။ အကျိန် ရဲသောသူ ရှိသမျှ တို့ သည်၊ ထို စာစောင်တဘက် ၌ ပါသည်အတိုင်း ပယ်ဖြတ် ခြင်းကိုခံရကြမည်။
ကောင်းကင်တမန်ကလည်း၊ ထိုစာစောင်သည် တပြည်လုံးကို နှံ့ပြားသော ကျိန်ခြင်းဖြစ်၏။ ခိုးတတ်သော သူရှိသမျှတို့သည်၊ ထိုစာစောင်တဘက်၌ ပါသည်အတိုင်း ပယ်ဖြတ်ခြင်းကို ခံရကြမည်။ အကျိန်ရဲသော သူရှိသမျှ တို့သည်၊ ထိုစာစောင်တဘက်၌ ပါသည်အတိုင်း ပယ် ဖြတ်ခြင်းကို ခံရကြမည်။
4 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို စာစောင်ကို ငါထုတ်ဘော် မည်။ ခိုး တတ်သောသူ ၏အိမ် ထဲ သို့၎င်း ၊ ငါ့ နာမ ကို တိုင်တည် ၍ မ မှန်သောကျိန်ဆိုခြင်းကို ပြုသောသူ၏ အိမ် ထဲသို့ ၎င်း ဝင် ၍ နေရာ ကျသဖြင့် ၊ သစ်သား များ၊ ကျောက် များနှင့်တကွ ထို အိမ် ကိုစား လိမ့်မည်ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ထိုစာစောင်ကို ငါထုတ်ဘော်မည်။ ခိုး တတ်သော သူ၏အိမ်ထဲသို့၎င်း၊ ငါ့နာမကို တိုင်တည်၍ မမှန်သောကျိန်ဆိုခြင်းကို ပြုသောသူ၏ အိမ်ထဲသို့၎င်း ဝင်၍ နေရာကျသဖြင့်၊ သစ်သားများ၊ ကျောက်များနှင့် တကွ ထိုအိမ်ကိုစားလိမ့်မည်ဟု မိန့်တော်မူ၏။
5 တဖန် ငါ နှင့် ပြောဆို သော ကောင်းကင် တမန် သည် ထွက် ၍ ၊ ယခု ထွက် လာသောအရာ ကို မျှော်ကြည့် လော့ဟု ငါ့ အား ဆို လျှင် ၊
တဖန် ငါနှင့်ပြောဆိုသော ကောင်းကင်တမန် သည် ထွက်၍၊ ယခုထွက်လာသောအရာကို မျှော်ကြည့် လော့ဟု ငါ့အားဆိုလျှင်၊
6 ထို အရာကား အဘယ် အရာနည်းဟု ငါမေး သော် ၊ ထို အရာသည် ထွက်သွား သော ဧဖာ ဖြစ်သည်ဟူ၍၎င်း ၊ ထိုအရာသည် တပြည်လုံး ၌ သူ တို့၏အကြံ အစည်ဖြစ် သည်ဟူ၍၎င်း ဆို ၏။
ထိုအရာကား အဘယ်အရာနည်းဟု ငါမေး သော်၊ ထိုအရာသည် ထွက်သွားသော ဧဖာဖြစ်သည်ဟူ၍ ၎င်း၊ ထိုအရာသည် တပြည်လုံး၌ သူတို့၏အကြံအစည်ဖြစ် သည်ဟူ၍၎င်း ဆို၏။
7 ခဲ အခွက် တဆယ်ကိုလည်း အထက်သို့ ချီမြှောက် ၍ မိန်းမ တယောက် သည် ဧဖာ ထဲ ၌ ထိုင် သည်ကို ငါမြင် ၏။
ခဲအခွက်တဆယ်ကိုလည်း အထက်သို့ ချီ မြှောက်၍ မိန်းမတယောက်သည် ဧဖာထဲ၌ ထိုင်သည်ကို ငါမြင်၏။
8 ကောင်းကင်တမန်ကလည်း၊ ထို မိန်းမသည် ဒုစရိုက် အပြစ်ဖြစ်၏ဟုဆို လျက် ၊ သူ့ ကို ဧဖာ ထဲ ကို ချ ထား ၍ ဧဖာ အဝ ပေါ် မှာ ခဲပြား ကို တင် လေ၏။
ကောင်းကင်တမန်ကလည်း၊ ထိုမိန်းမသည် ဒုစရိုက်အပြစ်ဖြစ်၏ဟုဆိုလျက်၊ သူ့ကို ဧဖာထဲကို ချထား ၍ ဧဖာအဝပေါ်မှာ ခဲပြားကို တင်လေ၏။
9 တဖန် ငါ မျှော်ကြည့် ၍ ၊ တောငန်း ၏အတောင် ကဲ့သို့ ၊ အတောင်ရှိသောမိန်းမ နှစ် ယောက်တို့သည်၊ အတောင် တို့၌ ဝိညာဉ် ပါ လျက် ထွက် လာ၍ ၊ ထိုဧဖာ ကို မြေကြီး နှင့် မိုဃ်း ကောင်းကင်စပ်ကြား သို့ ချီသွား ကြ၏။
တဖန် ငါမျှော်ကြည့်၍၊ တောငန်း၏အတောင် ကဲ့သို့၊ အတောင်ရှိသော မိန်းမနှစ်ယောက်တို့သည်၊ အတောင်တို့၌ ဝိညာဉ်ပါလျက် ထွက်လာ၍၊ ထိုဧဖာကို မြေကြီးနှင့် မိုဃ်းကောင်းကင်စပ်ကြားသို့ ချီသွားကြ၏။
10 ၁၀ ထိုဧဖာ ကို အဘယ် သို့ချီသွား ကြသနည်းဟု ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ငါမေး သော် ၊
၁၀ထိုဧဖာကို အဘယ်သို့ ချီသွားကြသနည်းဟု ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊
11 ၁၁ ရှိနာ ပြည် ၌ ဧဖာ အဘို့ အိမ် ဆောက် ခြင်းငှါ ချီသွားကြ၏။ ထို ပြည် ၌ သူ၏ခုံပေါ်မှာ တင် ထား၍ နေရာ ချကြလိမ့်မည်ဟု ဆို ၏။
၁၁ရှိနာပြည်၌ ဧဖာအဘို့ အိမ်ဆောက်ခြင်းငှါ ချီသွားကြ၏။ ထိုပြည်၌ သူ၏ခုံပေါ်မှာ တင်ထား၍ နေရာချကြလိမ့်မည်ဟု ဆို၏။

< ဇာခရိ 5 >