< ဇာခရိ 4 >
1 ၁ ငါ နှင့် ပြောဆို သော ကောင်းကင် တမန်သည် ပြန် လာ၍ ၊ အိပ်ပျော် သောသူ ကို နှိုး သကဲ့သို့ ငါ့ ကို နှိုး လျက် ၊
Then the angel who had been talking with me returned, and he called to me as though I had been asleep.
2 ၂ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး လျှင် ၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု ၍ ရွှေ အတိပြီးသော ဆီမီးခုံ ကို မြင် ပါ၏။ မီးခုံ တိုင်အဖျား ၌ ဆီအိုး တလုံး၊ မီးခွက် ခုနစ် လုံး၊ ဆီအိုးနှင့် မီးခွက် ခုနစ် လုံး ဆက်သော ပြွန်တံ ခုနစ် တံရှိပါ၏။
He asked me, “What do you see?” I replied, “I see a lampstand [made] completely of gold. There is a small bowl [for olive oil] at the top, and there are seven [small] lamps around the bowl, and a place for a wick on each lamp.
3 ၃ ဆီအိုး လက်ျာ ဘက်၌ သံလွင်ပင်တ ပင်၊ လက်ဝဲ ဘက်၌ တ ပင်၊ မီးခုံ ကို လွှမ်းမိုး သော သံလွင် ပင်နှစ် ပင် ရှိပါသည်ဟုဆို ပြီးမှ ၊
Furthermore, I see two olive trees, one at the right side of the lampstand and one at the left side.”
4 ၄ ငါ နှင့် ပြောဆို သော ကောင်းကင် တမန်အား ၊ အကျွန်ုပ် သခင် ၊ ဤ အရာတို့ကား အဘယ် အရာဖြစ်သနည်း ဟုမေး သော် ၊
I asked the angel who was talking with me, “Sir, what are these?”
5 ၅ ငါ နှင့် ပြောဆို သော ကောင်းကင် တမန်က၊ ဤ အရာတို့ကား၊ အဘယ် အရာဖြစ်သည်ကို နား မ လည် သလော ဟုမေး လျှင် ၊ အကျွန်ုပ် နားမ လည်ပါသခင် ဟု လျှောက် ၏။
He replied, “Surely you know [RHQ] what they are?” I replied, “No, I do not know.”
6 ၆ ကောင်းကင်တမန်ကလည်း၊ ဇေရုဗဗေလ သို့ ရောက်လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား ၊ ဤအမှုသည် ဗိုလ်ခြေ အားဖြင့် မ ဟုတ်၊ အာဏာ တန်ခိုး အားဖြင့် မ ဟုတ်၊ ငါ့ ဝိညာဉ် အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ ၏။
Then he said to me, “This is the message that Yahweh [says that you should give] to Zerubbabel [the governor of Judah: ‘You will do what I want you to do, but it will] not be by your own strength or power. It will be [done] by [the power of] my Spirit, says the Commander of the armies of angels.
7 ၇ အို တောင် ကြီး ၊ သင် သည် အဘယ် သို့နည်း။ ဇေရုဗဗေလ ရှေ့ မှာ ညီ သောအရပ် ဖြစ် ရလိမ့်မည်။ လူများ တို့က၊ ကျေးဇူး တော်ရှိပါစေသော။ ကျေးဇူး တော်ရှိပါ စေသောဟု ကြွေးကြော် လျက်၊ ထို မင်းသည် တိုက်ထောင့် အထွဋ် ကျောက် ကို တင်ထားရလိမ့်မည်။
Zerubbabel, you [have many difficult matters to handle. They are like] high mountains [MET]. But they will [become easy to handle, as though] they will become flat land. And you will bring [to the temple] the final stone [to complete the rebuilding of the temple]. When you do that, [all the people] will shout repeatedly, “It is beautiful! May God bless it!”’”
8 ၈ တဖန် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ ဆီ သို့ ရောက် လာသည်ကား၊
Then Yahweh gave me [another] message.
9 ၉ ဇေရုဗဗေလ သည် ဤ အိမ် တော်အမြစ် ကို ချထား ပြီ။ သူ သည်လည်း လက်စသတ် ရလိမ့်မည်။ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင် တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့သိ ရကြလိမ့်မည်။
He said [to me], “Zerubbabel [SYN] laid the first stone in the foundation of the temple, and he will put the last stone in its place. When that happens, the people will know that [it is I, the Commander of the armies of angels, who] have sent you to them.” And he said, “The seven bowls represent the eyes of Yahweh, who looks back and forth at everything [that happens] on the earth.”
10 ၁၀ အမှု ငယ်ပြုသော နေ့ရက် ကို အဘယ်သူ သည် မထီမဲ့မြင် ပြုရသနည်း။ ချိန်ကြိုး သည် ဇေရုဗဗေလ လက် ၌ ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင်၍ ဝမ်းမြောက် ကြ လိမ့်မည်။ ထို ခုနစ် ပါးတို့ကား၊ မြေကြီး တပြင်လုံး တွင် တောင်မြောက်ပြေး တတ်သော၊ ထာဝရဘုရား ၏မျက်စိ တော်များဖြစ်သတည်းဟု မိန့်တော်မူ၏။
No one [RHQ] should think that little things that are done at the beginning of a big project are unimportant. [When the temple is almost finished being rebuilt, ] Zerubbabel will use a (plumb line/string with a stone fastened to it) [to see if the walls they are building are straight]; so when the people see that, they will rejoice.”
11 ၁၁ ငါကလည်း၊ မီးခုံ လက်ျာ ဘက်၊ လက်ဝဲ ဘက်၌ ရှိသောထိုသံလွင် ပင်နှစ် ပင်ကား အဘယ် သို့နည်းဟူ၍၎င်း ၊
Then I asked the angel, “What is [the meaning of] the two olive trees, one on each side of the lampstand?
12 ၁၂ ဆီညှစ်ရာရွှေ စက်နှစ် ခုအားဖြင့်၊ မိမိ တို့ဆီကို သွန်းလောင်း သော ထို သံလွင် ကိုင်း နှစ် ကိုင်းကား အဘယ် သို့ နည်းဟူ၍၎င်း မေးလျှောက် သော် ၊
And what [the meaning of] the two olive branches, one alongside each of the gold pipes from which [olive] oil flows to the lamps?”
13 ၁၃ ကောင်းကင်တမန်က၊ ထို အကိုင်းတို့ကို နား မ လည်သလော ဟုမေး လျှင် ၊ အကျွန်ုပ် နားမ လည်ပါသခင် ဟု လျှောက် ၏။
He replied, “Surely [RHQ] you know what they are?” I replied, “No, sir, [I do not know.]”
14 ၁၄ ကောင်းကင်တမန်ကလည်း၊ ထို အကိုင်းတို့သည် မြေကြီး တပြင်လုံး ကို အစိုးပိုင်တော်မူသောအရှင် ၏ ရှေ့ တော်၌ ရပ် နေသောဘိသိက် ခံသူနှစ် ပါးဖြစ်သည်ဟု ဆို ၏။
So he said, “They represent the two [men who have been] appointed [MTY] to serve the Lord who [rules] the entire earth.”