< ဇာခရိ 3 >

1 ယဇ် ပုရောဟိတ်မင်း ယောရှု သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ရှေ့ ၌ ရပ် နေသည်ကို၎င်း၊ စာတန် သည် ရန်ဘက် ပြု၍ သူ ၏လက်ျာ ဘက်၌ ရပ် နေသည် ကို၎င်းငါ့ အားပြ တော်မူ၏။
ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ရှေ့​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​ရပ်​လျက်​နေ​သည် ကို အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​တွင်​ငါ့ အား​ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​၏။ ယော​ရှု ၏​နံ​ဘေး​တွင်​စာ​တန်​သည်​ရပ်​လျက်​နေ​၏။ သူ​သည်​ယော​ရှု​အား​ပြစ်​တင်​စွပ်​စွဲ​ရန် အ​သင့်​ရှိ​ပေ​သည်။-
2 ထာဝရဘုရား ၏ ကောင်းကင်တမန်ကလည်း၊ အိုစာတန် ၊ ထာဝရဘုရား သည် သင့် ကို ဆုံးမ တော်မူပါစေသော။ ယေရုရှလင် မြို့ကို ရွေးချယ် ပြီးသော ထာဝရဘုရား သည် သင့် ကို ဆုံးမ တော်မူပါစေသော။ ဤ သူသည် မီး ထဲ က နှုတ် သော ထင်းစ ဖြစ်သည်မ ဟုတ်လော ဟု စာတန် အား ဆို ၏။
ထာ​ဝ​ရ​ဘု​ရား​၏​ကောင်းကင်​တ​မန်​က​စာ​တန် အား``အို စာ​တန်၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော။ ယေ​ရု​ရှ​လင် မြို့​ကို​ချစ်​မြတ်​နိုး​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား သည် သင့်​အား​အပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ​စေ​သော။ ဤ​သူ​သည်​မီး​ထဲ​မှ​ဆွဲ​နုတ်​လိုက်​သည့်​တုတ် ချောင်း​နှင့်​တူ​ပါ​၏'' ဟု​ပြော​၏။
3 ယောရှု သည် ညစ်ညူး သော အဝတ် ကို ဝတ် လျက်၊ ကောင်းကင် တမန်ရှေ့ မှာ ရပ် နေသည်ဖြစ်၍ ၊
ယော​ရှု​သည်​ညစ်​ပေ​နေ​သော​အ​ဝတ်​များ​ကို ဝတ်​လျက် ထို​အ​ရပ်​တွင်​ရပ်​၍​နေ​၏။-
4 ကောင်းကင်တမန်က၊ ညစ်ညူး သော အဝတ် ကို ချွတ်ပယ် ကြလော့ဟု မိမိ ရှေ့ မှာ ရပ် နေသောအခြားသူတို့ အား ဆို ၏။ ယောရှုအားလည်း၊ သင့် အပြစ် ကို ငါဖြေရှင်း ပြီ။ တင့်တယ် သော အဝတ်ကို ဝတ် စေမည်ဟု ဆို ၏။
ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏​အ​စေ​အ​ပါး ကောင်း​ကင်​သား​တို့​အား``ဤ​သူ​ဝတ်​ဆင်​ထား သည့်​အ​ဝတ်​ညစ်​တို့​ကို​ချွတ်​ပစ်​လော့'' ဟု​ဆို ပြီး​လျှင်၊ ယော​ရှု​အား``ငါ​သည်​သင်​၏​အ​ပြစ် ကို​ဖယ်​ရှား​လိုက်​ပြီး​လျှင်​သင်​ဝတ်​ဆင်​ရန် အ​ဝတ်​သစ်​များ​ကို​ပေး​ပါ​အံ့'' ဟု​ပြော လေ​သည်။
5 ငါကလည်း၊ စင်ကြယ် သော ပေါင်း ကို သူ ၏ ခေါင်း ပေါ် မှာ တင် ကြစေဟု ဆို သည်အတိုင်း ၊ စင်ကြယ် သောပေါင်း ကို သူ ၏ခေါင်း ပေါ် မှာ တင် ၍ အဝတ် ကို ဝတ် စေကြ၏။ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် လည်း အနားမှာ ရပ် နေ၏။
သူ​သည်​မိ​မိ​၏​အ​စေ​အ​ပါး​တို့​အား​ယော​ရှု ၏​ဦး​ခေါင်း​ထက်​တွင်​ဖြူ​စင်​သန့်​ရှင်း​သည့် ပေါင်း​ထုပ်​တစ်​ခု​ကို​တပ်​ဆင်​ပေး​ရန်​ခိုင်း​စေ သ​ဖြင့် ထို​သူ​တို့​သည်​လည်း​ယင်း​သို့​ခိုင်း စေ​သည့်​အ​တိုင်း​ပြု​ကြ​၏။ ထို​နောက်​သူ​တို့ သည်​ယော​ရှု​အား​အ​ဝတ်​သစ်​များ​ကို​ဝတ် ဆင်​ပေး​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း ကင်​တ​မန်​သည်​လည်း​အ​နီး​တွင်​ရပ်​လျက် နေ​၏။
6 တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ၍ ယောရှု အား ပညတ် ထားသည်ကား ၊
ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ယော​ရှု​အား၊-
7 သင်သည် ငါ့ လမ်း သို့ လိုက် ၍ ငါ့ ပညတ် တရားကို စောင့်ရှောက် လျှင် ၊ ငါ့ အိမ် ကို စီရင် ရသောအခွင့်၊ ငါ့ တန်တိုင်း တို့ကို စောင့် ရသောအခွင့်ရှိလိမ့်မည်။ ရှေ့တော် ၌ ရပ် နေသောသူအချို့တို့ကို၊ သင့် အား လမ်းပြရသောသူဖြစ်မည်အကြောင်းငါခန့်ထား မည်။
အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ် ၍​သင်​သည်​ငါ​၏​ပ​ညတ်​တော်​တို့​ကို​လိုက်​နာ ၍ သင့်​အား​ငါ​ပေး​အပ်​သည့်​တာ​ဝန်​ဝတ္တ​ရား များ​ကို​ဆောင်​ရွက်​မည်​ဆို​ပါ​မူ ငါ​၏​ဗိ​မာန် တော်​နှင့်​ဗိ​မာန်​တော်​တံ​တိုင်း​တို့​ကို​ဆက်​လက် စောင့်​ထိန်း​ကြည့်​ရှု​ခွင့်​ရ​လိမ့်​မည်။ ငါ​သည်​လည်း မိ​မိ​၏​ရှေ့​တော်​တွင်​ရှိ​သည့်​ကောင်း​ကင်​တ​မန် တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​ကြား​တော် မူ​သည့်​နည်း​တူ​သင်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို လည်း​ကြား​တော်​မူ​မည်။-
8 အို ယဇ် ပုရောဟိတ်မင်းယောရှု ၊ သင့် ရှေ့ မှာနေ သော သင့် အပေါင်း အဘော်တို့နှင့်တကွ နားထောင် လော့။ သူ တို့သည် နိမိတ် လက္ခဏာနှင့်ယှဉ်သော သူ ဖြစ် ကြ၏။ ငါ ၏ကျွန် တည်းဟူသော အညွန့် ကို ငါ ပေါ်ထွန်း စေမည်။
သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သူ​ယောရှု၊ နား​ထောင်​လော့။ ယော​ရှု​၏​အ​ပေါင်း​အ​ဖော် ယဇ်​ပု​ရော​ဟိတ်​တို့၊ သာ​ယာ​သော​အ​နာ​ဂတ် ၏​နိ​မိတ်​လက္ခ​ဏာ​ကို​ဆောင်​သူ​တို့၊ နား​ထောင် ကြ​လော့။ ငါ​သည်``အ​ညွှန့်​အ​တက်'' ဟု​နာ​မည် တွင်​သော​မိ​မိ​၏​အ​စေ​ခံ​ကို​ပေါ်​ထွန်း​စေ မည်။-
9 ယောရှု ရှေ့ မှာ ငါထား သော ကျောက် ကို ကြည့်ရှု လော့။ ထိုကျောက် တခု ကို မျက်စိ ခုနစ် လုံး ကြည့်ရှု လျက် ရှိလိမ့်မည်။ ထို ကျောက် ကိုလည်း ငါ ထု လုပ်မည်။ တ နေ့ ခြင်းတွင် ဤ ပြည် ၏အပြစ် ကို ငါပယ်ရှင်း မည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
မှန်​ကူ​ကွက်​ခု​နစ်​ခု​ရှိ​သော​ကျောက်​တုံး​ကို လည်း ယော​ရှု​၏​ရှေ့​တွင်​ငါ​ချ​ထား​မည်။ ထို ကျောက်​ပေါ်​တွင်​ကမ္ပည်း​ရေး​ထိုး​ပြီး​လျှင် ဤ ပြည်​၏​အ​ပြစ်​ဒု​စ​ရိုက်​ကို​တစ်​နေ့​ချင်း တွင်း​ပယ်​ရှား​ပစ်​မည်။-''
10 ၁၀ ထို နေ့၌ သင်တို့သည် မိမိ တို့ အိမ်နီးချင်း တယောက် ကိုတယောက်စပျစ် ပင်အောက် ၊ သင်္ဘော သဖန်းပင်အောက် သို့ ခေါ် ဘိတ်ကြလိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၁၀``ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ သင်​တို့​ရှိ​သ​မျှ​သည်​စ​ပျစ်​ဥ​ယျာဉ်​များ၊ သ​ဖန်း​ပင်​များ​ခြံ​ရံ​လျက်​ငြိမ်း​ချမ်း​လုံ​ခြုံ စွာ​နေ​ထိုင်​နိုင်​ကြ​စေ​ရန် မိ​မိ​တို့​၏​အိမ်​နီး ချင်း​များ​ကို​ခေါ်​ဖိတ်​ကြ​လိမ့်​မည်'' ဟု​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

< ဇာခရိ 3 >