< ဇာခရိ 14 >

1 ထာဝရဘုရား ၏ နေ့ရက် သည် ရောက် သောအခါ ၊ သူတပါးတို့သည် သင် ၏ဥစ္စာ ကို လုယူ၍ သင့် အလယ် ၌ ဝေဖန် ကြလိမ့်မည်။
Behold, the day of the LORD cometh, and thy spoil shall be divided in the midst of thee.
2 ယေရုရှလင် မြို့ကို တိုက် စေခြင်းငှါ ၊ လူမျိုး အပေါင်း တို့ကို ငါစုဝေး စေမည်။ မြို့ ကို တိုက် ယူပြီးလျှင် ၊ အိမ် တို့ကို လုယက် ၍ မိန်းမ တို့ကို အဓမ္မ ပြုကြလိမ့်မည်။ မြို့ သားတဝက် ကို သိမ်း သွား၍ တဝက် သာမြို့ ၌ ကျန်ကြွင်းလိမ့်မည်။
For I will gather all nations against Jerusalem to battle; and the city shall be taken, and the houses rifled, and the women ravished; and half of the city shall go forth into captivity, and the rest of the people shall not be cut off from the city.
3 ထာဝရဘုရား သည်လည်း စစ်တိုက် ရာကာလ ၌ တိုက် သကဲ့သို့ ၊ ထို လူမျိုး တို့ကို တိုက် သွားတော်မူမည်။
Then shall the LORD go forth, and fight against those nations, as when he fought in the day of battle.
4 ထိုနေ့ရက် ၌ ခြေ တော်သည် ယေရုရှလင် မြို့ အရှေ့ ၊ သံလွင် တောင် ပေါ် မှာရပ် ၍ ၊ သံလွင် တောင် သည် အရှေ့ ဘက်မှ အနောက် ဘက်တိုင်အောင် အလယ်၌ ကွဲ သဖြင့် ၊ အလွန် ကြီး သော ချိုင့် ဖြစ်လိမ့်မည်။ တောင် တဝက် သည် မြောက် ဘက်သို့ ၎င်း ၊ တဝက် သည် တောင် ဘက်သို့ ၎င်း ရွှေ့ ရလိမ့်မည်။
And his feet shall stand in that day upon the mount of Olives, which is before Jerusalem on the east, and the mount of Olives shall cleave in the midst of it toward the east and toward the west, and there shall be a very great valley; and half of the mountain shall remove toward the north, and half of it toward the south.
5 သင် တို့သည် ငါ့ တောင် ကြားချိုင့် လမ်းဖြင့် ပြေး ကြလိမ့်မည်။ ထိုချိုင့် သည် အာဇလ မြို့တိုင်အောင် မှီ လိမ့်မည်။ ယုဒ ရှင်ဘုရင် ဩဇိ မင်းလက်ထက် ၊ မြေကြီးလှုပ် ၍ သင်တို့သည် ပြေး သကဲ့သို့ တဖန် ပြေး ကြလိမ့်မည်။ ငါ ၏ ဘုရား သခင်ထာဝရဘုရား ကြွလာ တော်မူ၍ ၊ မိမိ သန့်ရှင်း သူအပေါင်း တို့သည် ပါ ကြလိမ့်မည်။
And ye shall flee to the valley of the mountains; for the valley of the mountains shall reach to Azal: yea, ye shall flee, as ye fled from before the earthquake in the days of Uzziah king of Judah: and the LORD my God shall come, and all the saints with thee.
6 ထိုနေ့ရက် ၌ အလင်း မ ရှိ ၊ မြတ် သောအရာတို့ သည် ယုတ်လျော့ လိမ့်မည်။
And it shall come to pass in that day, that the light shall not be clear, nor dark:
7 နေ့ မ ဟုတ်၊ ညဉ့် မ ဟုတ်၊ ထာဝရဘုရား သိ တော်မူသော နေ့ရက် တရက် ဖြစ် ၍ ၊ ညဦးယံ အချိန် ရောက် မှ လင်း လိမ့်မည်။
But it shall be one day which shall be known to the LORD, not day, nor night: but it shall come to pass, that at evening it shall be light.
8 ထိုနေ့ရက် ၌ အသက် ရေ သည် ယေရုရှလင် မြို့မှ ထွက် ၍ ၊ နွေ ကာလဖြစ်စေ ၊ ဆောင်း ကာလဖြစ်စေ ၊ အရှေ့ ပင်လယ် သို့ တဝက် ၊ အနောက် ပင်လယ် သို့ တဝက် စီး သွား လိမ့်မည်။
And it shall be in that day, that living waters shall go out from Jerusalem; half of them toward the former sea, and half of them toward the hinder sea: in summer and in winter shall it be.
9 ထာဝရဘုရား သည် တပြည်လုံး တွင် ရှင်ဘုရင် ဖြစ် တော်မူမည်။ ထိုနေ့ရက် ၌ ထာဝရဘုရား တပါး တည်း၊ နာမတော် တပါး တည်းဖြစ် တော်မူမည်။
And the LORD shall be king over all the earth: in that day shall there be one LORD, and his name one.
10 ၁၀ ဂေဘ မြို့မှ သည် ယေရုရှလင် မြို့ တောင် ဘက်၊ ရိမ္မုန် မြို့တိုင်အောင် တပြည်လုံး ကို ချိုင့် ကဲ့သို့ တညီတည်း ဖြစ်စေတော်မူမည်။ မြို့သည်လည်း ဗင်္ယာမိန် တံခါး မှ သည် အရင် တံခါး ရာ၊ မြို့ထောင့် တံခါး တိုင်အောင် ၎င်း ၊ ဟာနနေလ ရဲတိုက် မှ သည် စပျစ်သီးနယ်ရာ တန်ဆာတော်တိုင်အောင်၎င်း ချီးမြှောက်ခြင်းကိုခံ၍၊ မြို့ဟောင်း ရာ၌ တဖန်တည်ရလိမ့်မည်။
All the land shall be turned as a plain from Geba to Rimmon south of Jerusalem: and it shall be lifted up, and inhabited in her place, from Benjamin’s gate to the place of the first gate, to the corner gate, and from the tower of Hananeel to the king’s winepresses.
11 ၁၁ နောက် တဖန် ယေရုရှလင် မြို့သည် ကျိန် ခြင်းဘေးကိုမ ခံ ၊ မြို့သား တို့သည် နေရာ ကျ၍ စိုးရိမ် စရာမရှိ ဘဲနေ ကြလိမ့်မည်။
And men shall dwell in it, and there shall be no more utter destruction; but Jerusalem shall be safely inhabited.
12 ၁၂ ယေရုရှလင် မြို့ကို တိုက် လာသောလူမျိုး အပေါင်း တို့၌ ထာဝရဘုရား ပေးတော်မူသောဘေးဒဏ် ဟူမူကား ၊ ခြေ ဖြင့် ရပ် လျက်ပင်သူ တို့အသား လျော့ ပျက် လိမ့်မည်။ မျက်အိမ် ၌ မျက်လုံး လျော့ ပျက်လိမ့်မည်။ လျှာ သည်လည်း ခံတွင်း ၌ လျော့ ပျက်လိမ့်မည်။
And this shall be the plague with which the LORD will smite all the people that have fought against Jerusalem; Their flesh shall consume away while they stand upon their feet, and their eyes shall consume away in their holes, and their tongue shall consume away in their mouth.
13 ၁၃ ထို နေ့ရက် ၌ ထာဝရဘုရား ၏ တန်ခိုးတော် ကြောင့် သူ တို့သည် အလွန် ရုန်းရင်းခတ် မျှပြု ၍ ၊ တယောက် ကိုတယောက်လက် ချင်းရိုက် သော်လည်း ၊ တယောက် ကိုတယောက်တိုက် ၍ သတ်ကြလိမ့်မည်။
And it shall come to pass in that day, that a great tumult from the LORD shall be among them; and they shall lay hold every one on the hand of his neighbour, and his hand shall rise up against the hand of his neighbour.
14 ၁၄ ယုဒ အမျိုးသားတို့လည်း ယေရုရှလင် မြို့၌ တိုက် ကြလိမ့်မည်။ ပတ်လည် ၌နေသောတပါးအမျိုးသား အပေါင်း တို့၏ဥစ္စာ စည်းစိမ်တည်းဟူသော ၊ များစွာ သော ရွှေ ငွေ အဝတ် တန်ဆာစုပုံ လျက်ရှိကြလိမ့်မည်။
And Judah also shall fight at Jerusalem; and the wealth of all the heathen on every side shall be gathered together, gold, and silver, and apparel, in great abundance.
15 ၁၅ မြင်း ၊ လား ၊ ကုလားအုပ် ၊ မြည်း မှစ၍ ရန်သူတပ် တွင် ရှိသမျှ သော တိရစ္ဆာန် တို့၌ပေးသော ဘေးဒဏ် သည်၊ အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့် တူလိမ့်မည်။
And so shall be the plague of the horse, of the mule, of the camel, and of the donkey, and of all the beasts that shall be in these tents, as this plague.
16 ၁၆ ယေရုရှလင် မြို့ကို တိုက်လာ သောလူမျိုး အပေါင်း တို့တွင် ကျန်ကြွင်း သမျှ သောသူတို့ သည်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား တည်းဟူသောရှင်ဘုရင် ကို ကိုးကွယ် ၍ ၊ သကေနေ ပွဲ ခံ အံ့သောငှါ မြို့တော်သို့ နှစ် တိုင်းအစဉ်တက် လာကြလိမ့်မည်။
And it shall come to pass, that every one that is left of all the nations which came against Jerusalem shall even go up from year to year to worship the King, the LORD of hosts, and to keep the feast of tabernacles.
17 ၁၇ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟူသော ရှင်ဘုရင် ကို ကိုးကွယ် အံ့သောငှါ ၊ မြို့ တော်သို့ တက် ၍ မ လာသောမြေကြီး သား အဆွေအမျိုး ရှိသမျှအပေါ် သို့ မိုဃ်း မ ရွာရ။
And it shall be, that whoever will not come up of all the families of the earth to Jerusalem to worship the King, the LORD of hosts, even upon them shall be no rain.
18 ၁၈ အဲဂုတ္တု ပြည်သား အဆွေအမျိုး သည် မ တက် မလာလျှင် ၊ မိုဃ်း မ ရွာဘဲနေ သဖြင့် ၊ သကေနေ ပွဲ ကို ခံ အံ့သောငှါ တက် ၍ မ လာသောလူမျိုး တို့၌ ၊ ထာဝရဘုရား ပေး တော်မူသောဘေးဒဏ် သည် ထိုသူ တို့ကိုလည်း ထိလိမ့်မည်။
And if the family of Egypt shall not go up, and shall not come, that have no rain; there shall be the plague, with which the LORD will smite the heathen that come not up to keep the feast of tabernacles.
19 ၁၉ ဤ ရွေ့ကား၊ သကေနေ ပွဲ ကို ခံ အံ့သောငှါ တက် ၍ မ လာသော အဲဂုတ္တု အမျိုးသား၊ တပါးအမျိုးသား အပေါင်း တို့ ခံရ သောအပြစ် ပေတည်း။
This shall be the punishment of Egypt, and the punishment of all nations that come not up to keep the feast of tabernacles.
20 ၂၀ ထို နေ့ရက်ကာလ တွင် ထာဝရဘုရား အား သန့်ရှင်း ခြင်းဟု၊ မြင်း ၌ဆွဲသော ဆည်းလည်း အပေါ် မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား ၏အိမ် တော်၌ အိုး တို့သည် ယဇ် ပလ္လင်ရှေ့ မှာ ရှိသော ဖလား ကဲ့သို့ ဖြစ် ကြလိမ့်မည်။
In that day there shall be upon the bells of the horses, HOLINESS TO THE LORD; and the pots in the LORD’S house shall be like the bowls before the altar.
21 ၂၁ ထိုမျှမက ၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်၌ ရှိသမျှ သော အိုး တို့သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အား သန့်ရှင်း ကြလိမ့်မည်။ ယဇ်ပူဇော် သောသူအပေါင်း တို့သည်လာ ၍ ၊ ထို အိုးတို့ကို ယူ ပြီးလျှင် ချက်ပြုတ် ကြလိမ့်မည်။ ထို နေ့ မှစ၍ နောက် တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏အိမ် တော်၌ ခါနနိ လူမ ရှိ ရ။
Yea, every pot in Jerusalem and in Judah shall be holiness to the LORD of hosts: and all they that sacrifice shall come and take of them, and boil in them: and in that day there shall be no more the Canaanite in the house of the LORD of hosts.

< ဇာခရိ 14 >