< ဇာခရိ 13 >

1 ထိုကာလ ၌ ဒါဝိဒ် မင်းမျိုး နှင့် ယေရုရှလင် မြို့ သားတို့၏ ဒုစရိုက် အပြစ်အညစ် အကြေးကို ဆေးကြောစရာဘို့ စမ်းရေ တွင်းသည် ပွင့် လျက်ရှိ လိမ့်မည်။
On that day a spring will be opened and continually flow for the house of David and for the people of Jerusalem to wash away their sin and impurity.
2 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ပြည် တော်တွင် ရှိသောရုပ်တု တို့၏ နာမ များကို နောက် တဖန်အဘယ်သူမျှမ မှတ်မိ စေခြင်းငှါ၊ ထိုကာလ ၌ ငါသုတ်သင် ပယ်ရှင်းမည်။ ပရောဖက် လုပ် သောသူတို့ကို၎င်း ၊ ညစ်ညူး သော ဝိညာဉ် ကို၎င်း ပြည် တော်မှ နှင်ထုတ် မည်။
On that day, declares the Lord Almighty, I will wipe out idol worship from the land—the idols will not be remembered any longer. I will remove the false prophets and the spirit of impurity from the land.
3 လူ တစုံတယောက်သည် ပရောဖက် ပြုသေးလျှင် ၊ ဘွားမြင် သော မိဘ တို့က၊ သင်သည် ထာဝရဘုရား ၏ နာမ ကို အမှီပြု ၍ မုသာ စကားကို ဟောပြော သောကြောင့် အသေခံ ရမည်ဟုဆို လျက် ၊ ပရောဖက် ပြုစဉ်ပင် ကိုယ်မိဘ တို့ သည် သူ့ ကို ထုတ်ချင်းခပ်ထိုး ကြလိမ့်မည်။
If anyone continues to prophesy, his father and mother to whom he was born will tell him, “You shall not live, because you have told lies in the Lord's name.” Then his parents shall kill him because he has prophesied.
4 ထိုကာလ ၌ ပရောဖက် သည် ဟောပြော သောအခါ မိမိ မြင်သော ရူပါရုံ ကြောင့် ရှက် လိမ့်မည်။ သူတပါး ကို လှည့်စား မည့်အကြံနှင့် ကြမ်းတမ်း သော အဝတ် ကိုလည်း မ ဝတ် ရ။
On that day such prophets will be too humiliated to prophesy their supposed visions. In order to deceive they will not put on their prophet's clothes made of coarse hair.
5 အကျွန်ုပ် သည် ပရောဖက် မ ဟုတ်၊ လယ် လုပ် သောသူ ဖြစ် ပါ၏။ ငယ် သောအရွယ်မှစ၍ သူတပါး ၌ ကျွန် ခံရပါပြီဟု ဝန်ခံ လိမ့်မည်။
They will say, “I'm not a prophet, I'm a farmer. I've worked on the land since I was a child.”
6 သူတပါးကလည်း၊ သင့် လက် ၌ ပေါ်သော ဒဏ်ရာ ကား အဘယ်သို့ နည်းဟုမေး လျှင် ၊ ဤဒဏ်ရာကား၊ အကျွန်ုပ် ၏ အဆွေခင်ပွန်း အိမ် ၌ ခံရ သောဒဏ်ရာဖြစ်ပါသည်ဟု ပြန်ပြော လိမ့်မည်။
If somebody asks him, “What are those wounds on your back?” he will answer, “I was wounded in my friend's house.”
7 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုထား ၊ ငါ ၏သိုးထိန်း တဘက် ၊ ငါ ၏ အပေါင်း အဘော်ဖြစ်သောသူ တဘက် ၌ နိုး လော့။ သိုးထိန်း ကို ရိုက် သတ်လော့။ သို့ပြုလျှင်၊ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်။ သိုးသငယ် တို့အပေါ် ၌လည်း ငါသည် ငါ့ လက် ကို တင် ဦးမည်။
Wake up, my sword! Attack my shepherd, the man who stands beside me! declares the Lord. Strike the shepherd and the sheep will be scattered, and I will raise my hand against the lambs.
8 ထာဝရဘုရား မိန့် တော်မူသည်ကား၊ တပြည်လုံး သုံး စုတွင် နှစ် စု ကို ပယ်ဖြတ် ၍ အသေခံ ရသဖြင့်၊ တစုသာ ကျန်ကြွင်း ရလိမ့်မည်။
Two thirds of the people of the land will be cut down, only one third will remain, says the Lord.
9 ထိုတစုကို မီး အလယ်သို့ ငါရှောက်သွား စေမည်။ ငွေ ကိုချွတ် သကဲ့သို့ ချွတ် မည်။ ရွှေ ကို စုံစမ်း သကဲ့သို့ စုံစမ်း မည်။ သူတို့သည် ငါ့ နာမ ကို ပဌနာပြု ၍ ငါနားထောင် မည်။ သူ တို့ကို ငါ ၏လူမျိုး ဟူ၍ငါခေါ်ဝေါ် မည်။ သူ တို့ကလည်း ၊ ထာဝရဘုရား သည် ငါ တို့၏ဘုရား သခင်ဖြစ်တော်မူ၏ဟု ဝန်ခံ ကြလိမ့်မည်။
I will place this one third in the fire, and I will refine them as silver is refined, and test them as gold is tested. They will call on me for help, and I will answer them. I will say, “These are my people,” and they will say, “The Lord is my God.”

< ဇာခရိ 13 >