< ဇာခရိ 13 >
1 ၁ ထိုကာလ ၌ ဒါဝိဒ် မင်းမျိုး နှင့် ယေရုရှလင် မြို့ သားတို့၏ ဒုစရိုက် အပြစ်အညစ် အကြေးကို ဆေးကြောစရာဘို့ စမ်းရေ တွင်းသည် ပွင့် လျက်ရှိ လိမ့်မည်။
“On that day a fountain will be opened to the house of David and the people of Jerusalem, to cleanse them from sin and impurity.
2 ၂ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ပြည် တော်တွင် ရှိသောရုပ်တု တို့၏ နာမ များကို နောက် တဖန်အဘယ်သူမျှမ မှတ်မိ စေခြင်းငှါ၊ ထိုကာလ ၌ ငါသုတ်သင် ပယ်ရှင်းမည်။ ပရောဖက် လုပ် သောသူတို့ကို၎င်း ၊ ညစ်ညူး သော ဝိညာဉ် ကို၎င်း ပြည် တော်မှ နှင်ထုတ် မည်။
And on that day, declares the LORD of Hosts, I will erase the names of the idols from the land, and they will no longer be remembered. I will also remove the prophets and the spirit of impurity from the land.
3 ၃ လူ တစုံတယောက်သည် ပရောဖက် ပြုသေးလျှင် ၊ ဘွားမြင် သော မိဘ တို့က၊ သင်သည် ထာဝရဘုရား ၏ နာမ ကို အမှီပြု ၍ မုသာ စကားကို ဟောပြော သောကြောင့် အသေခံ ရမည်ဟုဆို လျက် ၊ ပရောဖက် ပြုစဉ်ပင် ကိုယ်မိဘ တို့ သည် သူ့ ကို ထုတ်ချင်းခပ်ထိုး ကြလိမ့်မည်။
And if anyone still prophesies, his father and mother who bore him will say to him, ‘You shall not remain alive, because you have spoken falsely in the name of the LORD.’ When he prophesies, his father and mother who bore him will pierce him through.
4 ၄ ထိုကာလ ၌ ပရောဖက် သည် ဟောပြော သောအခါ မိမိ မြင်သော ရူပါရုံ ကြောင့် ရှက် လိမ့်မည်။ သူတပါး ကို လှည့်စား မည့်အကြံနှင့် ကြမ်းတမ်း သော အဝတ် ကိုလည်း မ ဝတ် ရ။
And on that day every prophet who prophesies will be ashamed of his vision, and he will not put on a hairy cloak in order to deceive.
5 ၅ အကျွန်ုပ် သည် ပရောဖက် မ ဟုတ်၊ လယ် လုပ် သောသူ ဖြစ် ပါ၏။ ငယ် သောအရွယ်မှစ၍ သူတပါး ၌ ကျွန် ခံရပါပြီဟု ဝန်ခံ လိမ့်မည်။
He will say, ‘I am not a prophet; I work the land, for I was purchased as a servant in my youth.’
6 ၆ သူတပါးကလည်း၊ သင့် လက် ၌ ပေါ်သော ဒဏ်ရာ ကား အဘယ်သို့ နည်းဟုမေး လျှင် ၊ ဤဒဏ်ရာကား၊ အကျွန်ုပ် ၏ အဆွေခင်ပွန်း အိမ် ၌ ခံရ သောဒဏ်ရာဖြစ်ပါသည်ဟု ပြန်ပြော လိမ့်မည်။
If someone asks him, ‘What are these wounds on your chest?’ he will answer, ‘These are the wounds I received in the house of my friends.’
7 ၇ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုထား ၊ ငါ ၏သိုးထိန်း တဘက် ၊ ငါ ၏ အပေါင်း အဘော်ဖြစ်သောသူ တဘက် ၌ နိုး လော့။ သိုးထိန်း ကို ရိုက် သတ်လော့။ သို့ပြုလျှင်၊ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်။ သိုးသငယ် တို့အပေါ် ၌လည်း ငါသည် ငါ့ လက် ကို တင် ဦးမည်။
Awake, O sword, against My Shepherd, against the man who is My Companion, declares the LORD of Hosts. Strike the Shepherd, and the sheep will be scattered, and I will turn My hand against the little ones.
8 ၈ ထာဝရဘုရား မိန့် တော်မူသည်ကား၊ တပြည်လုံး သုံး စုတွင် နှစ် စု ကို ပယ်ဖြတ် ၍ အသေခံ ရသဖြင့်၊ တစုသာ ကျန်ကြွင်း ရလိမ့်မည်။
And in all the land, declares the LORD, two-thirds will be cut off and perish, but a third will be left in it.
9 ၉ ထိုတစုကို မီး အလယ်သို့ ငါရှောက်သွား စေမည်။ ငွေ ကိုချွတ် သကဲ့သို့ ချွတ် မည်။ ရွှေ ကို စုံစမ်း သကဲ့သို့ စုံစမ်း မည်။ သူတို့သည် ငါ့ နာမ ကို ပဌနာပြု ၍ ငါနားထောင် မည်။ သူ တို့ကို ငါ ၏လူမျိုး ဟူ၍ငါခေါ်ဝေါ် မည်။ သူ တို့ကလည်း ၊ ထာဝရဘုရား သည် ငါ တို့၏ဘုရား သခင်ဖြစ်တော်မူ၏ဟု ဝန်ခံ ကြလိမ့်မည်။
This third I will bring through the fire; I will refine them like silver and test them like gold. They will call on My name, and I will answer them. I will say, ‘They are My people,’ and they will say, ‘The LORD is our God.’”