< ဇာခရိ 12 >

1 ထာဝရဘုရား ၏ ဗျာဒိတ် နှုတ်ကပတ် တော် တည်းဟူသော၊ မိုဃ်းကောင်းကင် ကို ကြက် ၍ မြေကြီး တိုက်မြစ် ကို ချတော်မူထသော၊ လူ အထဲ ၌ လူ ၏ဝိညာဉ် ကို ဖန်ဆင်း တော်မူသောထာဝရဘုရား သည် ဣသရေလ အမျိုးကို ရည်မှတ်၍ မိန့် တော်မူသည်ကား၊
ဤ​ဗျာ​ဒိတ်​တော်​သည်​မိုး​ကောင်း​ကင်​ကို ဖြန့်​ကြက်​၍​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​ပြီး လျှင် လူ​သတ္တဝါ​အား​အ​သက်​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​စပ်​ဆိုင် သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။-
2 ငါ သည် ယေရုရှလင် မြို့ကို ပတ်လည် ၌ရှိသောလူမျိုး အပေါင်း တို့အား တုန်လှုပ် စေသော ဖလား ဖြစ်စေမည် ။ ယေရုရှလင် မြို့ကို ဝိုင်း ထားကြစဉ်တွင်ယုဒ ပြည်ကိုလည်း ထိုအတူ ဖြစ် စေမည်။
ကိုယ်​တော်​က``ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို စ​ပျစ်​ရည်​ခွက်​ဖ​လား​နှင့်​တူ​စေ​မည်။ မြို့ ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့​သည် ထို​စ​ပျစ်​ရည်​ကို​သောက်​၍ သေ​သောက်​ကြူး များ​ကဲ့​သို့​ယိမ်း​ယိုင်​လျက်​နေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ တိုက်​ခိုက်​ကြ​သော​အ​ခါ အ​ခြား​ယု​ဒ​မြို့ တို့​သည်​လည်း​အ​ဝိုင်း​ခံ​ရ​ကြ​လိမ့်​မည်။-
3 ထိုကာလ အခါ၌ လည်း ထို မြို့ကို လူမျိုး အပေါင်း တို့အား လေး သော ကျောက် ဖြစ် စေမည်။ ထို ကျောက်ကို ချီ သော သူအပေါင်း တို့သည် ကျိုးပဲ့ ကြေမွကြလိမ့်မည်။ လောကီ သားအမျိုးမျိုး တို့သည် ယေရုရှလင် မြို့တဘက် ၌ စုဝေး လျက် ရှိကြလိမ့်မည်။
သို့​ရာ​တွင်​ထို​အ​ချိန်​အ​ခါ​၌​ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို လေး​လံ​သော​ကျောက်​တုံး ကြီး​သ​ဖွယ်​ဖြစ်​စေ​မည်။ ထို​ကျောက်​ကို​ကြိုး စား​၍​ချီ​မ​သည့်​လူ​မျိုး​သည်​အ​နာ​တ​ရ ဖြစ်​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သည်​ထို​မြို့​ကို​ဝိုင်း​ဝန်း​တိုက်​ခိုက်​ကြ လိမ့်​မည်။-
4 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ ၌ ရှိသမျှ သော မြင်း တို့ကို မိန်းမော တွေဝေစေခြင်းငှါ ၎င်း ၊ မြင်းစီး သူရဲအပေါင်းတို့ကို အရူး ဖြစ်စေခြင်းငှါ ၎င်း ငါသည် ဒဏ်ခတ် မည်။ ယုဒ အမျိုး ကို ငါကြည့်ရှု ၍ ၊ တပါး အမျိုးသားတို့၌ရှိသမျှ သော မြင်း တို့ကို မျက်စိ ကန်း စေခြင်းငှါ ဒဏ်ခတ် မည်။
ထို​အ​ခါ​ငါ​သည်​သူ​တို့​၏​မြင်း​များ​ကို ခြောက်​လှန့်​ကာ​မြင်း​စီး​သူ​ရဲ​အ​ပေါင်း​ကို ရူး​သွတ်​သွား​စေ​မည်'' ``ယု​ဒ​ပြည်​သား တို့​ကို​ငါ​ကြည့်​ရှု​မည်။ ရန်​သူ​တို့​၏​မြင်း များ​ကို​မူ​ကား​မျက်​စိ​ကန်း​စေ​မည်။-
5 ယုဒ မင်း တို့ကလည်း ၊ ယေရုရှလင် မြို့သား တို့၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အားဖြင့် သူ တို့သည် ငါ့ ခွန်အား ဖြစ်ကြ၏ဟုစိတ် ထဲမှာ ဆို ကြလိမ့်မည်။
ထို​အ​ခါ​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ယေရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ မိ​မိ​၏ လူ​မျိုး​တော်​အား​ခွန်​အား​ကို​ပေး​တော်​မူ ပါ​၏​ဟု​ယု​ဒ​နွယ်​သား​စု​များ​သည်​မိ​မိ တို့​အ​ချင်း​ချင်း​ပြော​ဆို​ကြ​လိမ့်​မည်။''
6 ထိုကာလ ၌ ငါသည် ယုဒ မင်း တို့ကို ထင်း ပုံတွင် မီး ဖို ကဲ့သို့ ၎င်း ၊ ကောက်လှိုင်း တွင် မီး စ ကဲ့သို့ ၎င်း ဖြစ်စေသဖြင့်၊ လက်ျာ ဘက်၊ လက်ဝဲ ဘက်၊ ပတ်လည် ၌ရှိသောလူမျိုး အပေါင်း တို့ကို မီးလောင် လိမ့်မည်။ ယေရုရှလင် မြို့ သည်လည်း မြို့ ရာဟောင်း၌ တည်မြဲ တည်လိမ့်မည်။
``ထို​အ​ခါ​ငါ​သည်​ယု​ဒ​နွယ်​သား​စု​များ ကို​တော​မီး​ကဲ့​သို့​လည်း​ကောင်း၊ စ​ပါး​မှည့် လျက်​နေ​သည့်​လယ်​ကွက်​တွင်​လောင်​သော​မီး ကဲ့​သို့​သော်​လည်း​ကောင်း​ဖြစ်​စေ​မည်။ သူ​တို့ သည်​မိ​မိ​တို့​အ​နီး​အ​နား​ရှိ​လူ​မျိုး​အ​ပေါင်း တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ကြ​လိမ့်​မည်။ ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​မူ​ကား မိ​မိ​တို့​မြို့ တွင်း​၌​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ကြ​လိမ့်​မည်။
7 ထာဝရဘုရား သည် ယုဒ တဲ တို့ကို ရှေ့ဦးစွာ ကယ်တင် တော်မူမည်။ ထို့ကြောင့် ဒါဝိဒ် မင်းမျိုး ၏ဘုန်း နှင့်ယေရုရှလင် မြို့သား တို့၏ဘုန်း သည် ယုဒ ပြည်တဘက် ၌ မ ဝါကြွား ရ။
``ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​တပ်​မ​တော် ကို​ဦး​စွာ​ပ​ထ​မ​အောင်​ပွဲ​ခံ​စေ​မည်။ ဤ​နည်း အား​ဖြင့်​ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက်​များ နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ခံ​ယူ​ရ ရှိ​မည့်​ဂုဏ်​အ​သ​ရေ​သည် အ​ခြား​ယု​ဒ အ​မျိုး​သား​တို့​၏​ဂုဏ်​အ​သ​ရေ​ထက် ကြီး​မြတ်​လိမ့်​မည်​မ​ဟုတ်။-
8 ထိုကာလ ၌ ထာဝရဘုရား သည် ယေရုရှလင် မြို့ သားတို့ကို ကွယ်ကာ စောင့်မတော်မူသဖြင့်၊ အားနည်း သောသူသည် ထိုကာလ ၌ ဒါဝိဒ် မင်းကဲ့သို့ ၎င်း ၊ ဒါဝိဒ် မင်း မျိုး သည် ဘုရား သခင်ကဲ့သို့ ၎င်း ၊ သူ တို့ရှေ့ မှာ ထာဝရဘုရား ၏ ကောင်းကင် တမန်ကဲ့သို့ ၎င်း ဖြစ် လိမ့်မည်။
ထို​ကာ​လ​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင် သူ​လူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​သည်​ကွယ် ကာ​စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်​၍ သူ​တို့​အ​နက်​အင်​အား​အ​ချိ​နဲ့​ဆုံး​သော သူ​များ​ပင်​လျှင် ဒါ​ဝိဒ်​ကဲ့​သို့​ကြံ့​ခိုင်​၍ လာ​လိမ့်​မည်။ ဒါ​ဝိဒ်​၏​သား​မြေး​များ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ကဲ့ သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​ကဲ့​သို့​လည်း​ကောင်း​သူ​တို့​အား​ဦး စီး​ခေါင်း​ဆောင်​ပြု​လိမ့်​မည်။-
9 ထိုကာလ ၌ ယေရုရှလင် မြို့ကို တိုက်လာ သောလူမျိုး အပေါင်း တို့ကို ဖျက်ဆီး ခြင်းငှါ ငါသည် အားထုတ် မည်။
ထို​အ​ခါ​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို တိုက် ခိုက်​သည့်​လူ​မျိုး​မှန်​သ​မျှ​တို့​အား​သုတ် သင်​ဖျက်​ဆီး​မည်။
10 ၁၀ ကျေးဇူး တော်ကိုခံ သောသဘော ၊ ဆုတောင်း ပဌနာပြုသောသဘောကို ဒါဝိဒ် မင်းမျိုး ၊ ယေရုရှလင် မြို့ သားတို့အပေါ် သို့ ငါသွန်းလောင်း သဖြင့် ၊ သူ တို့သည် မိမိတို့ ထိုးဖောက် သော ငါ့ ကို ရှုမြင် ရကြလိမ့်မည်။ တယောက် တည်းသော သားအတွက် အဘသည် ငိုကြွေး မြည်တမ်းသကဲ့သို့ ၊ ထိုသူ အတွက် ငိုကြွေး မြည်တမ်းရကြ လိမ့်မည်။ သားဦး အတွက် အဘသည် နာကြဉ်း ရကြ လိမ့်မည်။
၁၀``ငါ​သည်​ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက်​များ နှင့် အ​ခြား​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​အား​က​ရု​ဏာ​ထား​တတ်​သော​သ​ဘော၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​သော​သ​ဘော နှင့်​ပြည့်​ဝ​စေ​မည်။ သူ​တို့​သည်​မိ​မိ​တို့​ဋ္ဌား နှင့်​ထိုး​၍​သတ်​ခဲ့​သူ​ကို​ကြည့်​ပြီး​လျှင် တစ် ဦး​တည်း​သော​သား​၏​အ​တွက်​ငို​ကြွေး​မြည် တမ်း​ဘိ​သ​ကဲ့​သို့ ထို​သူ​၏​အ​တွက်​ငို​ကြွေး မြည်​တမ်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​သား​ဦး သေ​ဆုံး​ရ​သူ​များ​ကဲ့​သို့​ဝမ်း​နည်း​ပက် လက်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-
11 ၁၁ မေဂိဒ္ဒေါ ချိုင့် တွင် ဟာဒဒြိမ္မုန် မြို့မှာ ငိုကြွေး မြည်တမ်း သကဲ့သို့ ၊ ထိုကာလ ၌ ယေရုရှလင် မြို့မှာ ကြီးစွာ သော ငိုကြွေး မြည်တမ်းခြင်း ရှိလိမ့်မည်။
၁၁ထို​အ​ခါ​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ငို​ကြွေး မြည်​တမ်း​မှု​သည်​မေ​ဂိဒ္ဒေါ​လွင်​ပြင်​တွင် ဗာ​လ နတ်​ဘုရား​အ​တွက်​ငို​ကြွေး​မြည်​တမ်း​မှု​ကဲ့ သို့​ကြီး​ကျယ်​ပေ​လိမ့်​မည်။-
12 ၁၂ တပြည်လုံး အမျိုးအနွယ် အသီးအသီးတမျိုး တခြားစီ ငိုကြွေး မြည်တမ်းကြလိမ့်မည်။ ဒါဝိဒ် မင်း၏ အဆွေအမျိုး တခြား ၊ သူ တို့မိန်းမ များတခြား၊ နာသန် ၏ အဆွေအမျိုး တခြား၊ သူ တို့မိန်းမ များတခြား၊
၁၂တိုင်း​ပြည်​တွင်း​ရှိ​အိမ်​ထောင်​မိ​သား​စု​များ တစ်​ခု​စီ​ခွဲ​၍ ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်။ ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​သည့်​အိမ်​ထောင် မိ​သား​စု၊ နာ​သန်​မှ​ဆင်း​သက်​သည့်​အိမ် ထောင်​မိ​သား​စု၊-
13 ၁၃ လေဝိ ၏အဆွေအမျိုး တခြား၊ သူ တို့မိန်းမ များ တခြား၊ ရှိမိ ၏အဆွေအမျိုး တခြား၊ သူ တို့မိန်းမ များတခြား၊
၁၃လေ​ဝိ​မှ​ဆင်း​သက်​သည့်​အိမ်​ထောင်​မိ​သား​စု၊ ရှိ​မိ​မှ​ဆင်း​သက်​သည့်​အိမ်​ထောင်​မိ​သား​စု၊-
14 ၁၄ ကျန်ကြွင်း သော အဆွေအမျိုး အပေါင်း တို့သည် တမျိုးတခြားစီ၊ သူ တို့မိန်းမ များ တစုတခြားစီငိုကြွေးမြည်တမ်း ကြလိမ့်မည်။
၁၄အ​ခြား​အိမ်​ထောင်​မိ​သား​စု​များ​စ​သည် ဖြင့် တိုင်း​ပြည်​တွင်​ရှိ​သ​မျှ​သော​အိမ်​ထောင် မိ​သား​စု​တို့​သည်​သီး​သန့်​စွာ​ငို​ကြွေး မြည်​တမ်း​ကြ​လိမ့်​မည်။ အိမ်​ထောင်​မိ​သား​စု တစ်​ခု​စီ​၌​လည်း​အ​မျိုး​သား​များ​သီး သန့်၊ အ​မျိုး​သ​မီး​များ​သီး​သန့်​ဖြင့်​ငို ကြွေး​ကြ​လိမ့်​မည်။

< ဇာခရိ 12 >