< ဇာခရိ 11 >
1 ၁ အို လေဗနုန် တောင်၊ သင် ၏ အာရဇ် ပင်တို့ကို မီး လောင် စေခြင်းငှါ သင် ၏တံခါး တို့ကို ဖွင့် လော့။
Liban, ouvre tes portes, et que le feu dévore tes cèdres!
2 ၂ အိုထင်းရူး ပင်၊ အာရဇ် ပင်လဲ သောကြောင့် မြည်တမ်း လော့။ မြတ် သောအပင်တို့သည် ပျက်စီး ကြပြီ။ အို ဗာရှန် သပိတ် ပင်တို့၊ ခိုင်ခံ့ သောတော ကို ခုတ်လှဲ သောကြောင့် မြည်တမ်း ကြလော့။
Cyprès, gémis, car le cèdre tombe, ceux qui s'élèvent sont dévastés; gémissez, chênes de Basan, car la forêt inaccessible tombe!
3 ၃ သိုးထိန်း တို့သည် မိမိ တို့ အသရေ ပျက် သောကြောင့် ၊ မြည်တမ်း သောအသံ ကို ပြုကြ၏။ ယော်ဒန် မြစ် ၏ဂုဏ် အသရေပျက် သောကြောင့် ၊ ခြင်္သေ့ ပျိုဟောက် သောအသံ ကို ကြားရ၏။
Écoutez! les bergers gémissent, car leur gloire est anéantie. Écoutez! les lions rugissent, car la parure du Jourdain est anéantie.
4 ၄ ငါ ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သတ် ဘို့ရာထားသော ဤသိုးစု ကို ကျွေးမွေး လော့။
Ainsi parle l'Éternel, mon Dieu: Sois le pasteur des brebis à tuer,
5 ၅ ပိုင် သောသူ တို့သည် သတ် ၍ ကိုယ်အပြစ် ရှိသည် ကို မ သိကြ။ ရောင်း စားသောသူ တို့ကလည်း ၊ ငါရ တတ် သည်ဖြစ်၍ ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်းဟု ဆို ကြ၏။ သိုးထိန်း တို့သည်လည်း သနား ခြင်းကရုဏာမ ရှိကြ။
que leurs acheteurs égorgent sans être coupables, et dont les vendeurs disent: « Loué soit l'Éternel, car je me suis enrichi! » et que les pasteurs n'épargnent point.
6 ၆ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ပြည်သူ ပြည်သားတို့ကို နောက် တဖန်မ သနား ၊ မနှမြောဘဲ၊ လူ အသီးအသီး တို့ကို အိမ်နီးချင်း လက် သို့ ၎င်း ၊ ရှင်ဘုရင် လက် သို့ ၎င်း အပ် သဖြင့် ၊ သူတို့သည် တပြည်လုံး ကို နှိပ်စက် ကြလိမ့်မည်။ သူ တို့လက် မှ ငါမ ကယ်လွှတ် ဘဲ နေမည်ဟု မိန့်တော်မူ၏။
Car je n'épargnerai plus les habitants du pays, dit l'Éternel; et voici, je vais livrer les hommes aux mains les uns des autres, et aux mains de leur Roi, et ils extermineront le pays, et je ne délivrerai pas de leurs mains. –
7 ၇ ထိုသို့ သတ် ဘို့ရာထားသော သိုးစု တည်းဟူသော၊ ဆင်းရဲ သောသိုး တို့ကို ငါကျွေးမွေး ရ၏။ သိုးထိန်းတောင်ဝေး နှစ် စင်းကိုယူ ၍ ၊ တစင်း ကို ကျေးဇူး ဟူ၍၎င်း ၊ တစင်းကို အနှောင် အဖွဲ့ဟူ၍၎င်း ခေါ်ဝေါ် လျက်၊ သိုးစု ကို ကျွေးမွေး ၏။
Et je fus le pasteur des brebis à tuer, à cause de leur misère extrême. Et je pris deux houlettes: à l'une je donnai le nom de Grâce, et à l'autre le nom d'Union, et je fis paître les brebis.
8 ၈ သိုးထိန်း သုံး ယောက်ကိုလည်း တ လ တွင် ငါပယ်ဖြတ် ၏။ သူ တို့ကြောင့် ငါ့ စိတ် ငြီးငွေ့ ၏။ သူ တို့သည်လည်း ငါ့ ကို ရွံရှာ ကြ၏။
Et je détruisis les trois pasteurs en un mois; et j'étais las d'eux, et ils avaient aussi de l'aversion pour moi.
9 ၉ နောက် တဖန် သင် တို့ကို ငါမ ကျွေး ။ သေ သော အကောင်သည် သေ ပါလေစေ။ အသတ် ခံရသောအကောင်သည် ခံရ ပါလေစေ။ ကျန်ကြွင်း သောအကောင်တို့သည် တကောင် ကိုတကောင်စား ပါလေစေဟု ငါဆို လျက် ၊
Alors je dis: Je ne veux pas être votre pasteur. Meure qui doit mourir, et périsse qui doit périr, et que les survivantes dévorent la chair l'une de l'autre!
10 ၁၀ ခပ်သိမ်း သောလူမျိုး တို့နှင့် အရင် ဖွဲ့သော ပဋိညာဉ် ကို ဖျက် လို ၍၊ ကျေးဇူး အမည်ရှိသောငါ ၏ တောင်ဝေး ကို ယူ ၍ ချိုး ၏။
Et je pris ma houlette Grâce et la brisai, pour rompre mon alliance conclue par moi avec tous les peuples.
11 ၁၁ ထို ပဋိညာဉ်သည် ထို နေ့၌ ပျက် သောကြောင့် ၊ ငါ့ ကိုအမှီပြုသော သိုး ဆင်းရဲ တို့သည် ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားလည် ကြ၏။
Et elle fut rompue en ce jour-là, et par là les plus malheureuses brebis qui regardèrent vers moi, comprirent que c'était la parole de l'Éternel.
12 ၁၂ တဖန် ငါက၊ ငါရထိုက် သော အခကို ပေးအံ့သောငှါ ၊ သင်တို့သည် အလိုရှိလျှင် ပေး ကြလော့။ အလို မရှိလျှင် မ ပေး ကြနှင့်ဟုဆိုသော်၊ သူတို့သည် ငါ့ အား အခ ပေးအံ့သောငှါငွေ သုံး ဆယ်ကို ချိန် ကြ၏။
Et je leur dis: S'il vous semble bon, donnez-moi mon salaire; sinon, n'en faites rien! Et ils me pesèrent mon salaire, trente sicles d'argent.
13 ၁၃ ထာဝရဘုရား ကလည်း ၊ ထိုငွေကို အိုးထိန်း သမားရှေ့ မှာ ပစ်ချ လော့။ ငါ့ ကို အဘိုးပြတ်၍ ငွေများလှ သည်တကားဟု မိန့်တော်မူသည်အတိုင်း၊ ထိုငွေ သုံးဆယ် ကို ငါယူ ၍ ထာဝရဘုရား ၏ဗိမာန် တော်၌ အိုးထိန်း သမားရှေ့မှာ ပစ်ချ ၏။
Et l'Éternel me dit: Jette-le au potier, ce prix magnifique auquel ils m'évaluent. Et je pris les trente sicles d'argent et les jetai dans la maison de l'Éternel pour le potier.
14 ၁၄ ထိုအခါ ယုဒ အမျိုးနှင့် ဣသရေလ အမျိုးဖွဲ့ သော မိဿဟာယ ကို ဖျက် လို ၍၊ အနှောင် အဖွဲ့အမည်ရှိသော အခြား တောင်ဝေး ကို ငါချိုး ၏။
Et je brisai ma seconde houlette Union, pour rompre la fraternité entre Juda et Israël.
15 ၁၅ တဖန် ထာဝရဘုရား က၊ မိုက် သော သိုးထိန်း ၏ တန်ဆာ တို့ကို သိမ်းယူ လော့။
Et l'Éternel me dit: Prends encore l'équipement d'un pasteur insensé;
16 ၁၆ အကြောင်း မူကား၊ ဤပြည် ၌ သိုးထိန်း တဦးကို ငါ ပေါ်ထွန်း စေမည်။ သူသည် အသတ် ခံရသောအကောင်ကို မ ကြည့် မရှု၊ လမ်းလွဲသောအကောင် ကို မ ရှာ ၊ နာ သော အကောင်ကို အနာ ပျောက်စေခြင်းငှါမ ပြု၊ ရပ် နေသောအကောင်ကို မ မစ ၊ ဆူ သောအကောင် တို့ကို စား လိမ့်မည်။ သူ တို့ ခွာ ကိုလည်း ချိုးဖဲ့ လိမ့်မည်။
car voici, je susciterai un pasteur dans le pays, qui ne s'inquiétera pas des brebis perdues, n'ira pas à la recherche de celles qui s'égarent, et ne guérira pas les blessées, et ne sustentera pas les saines, et mangera la chair des grasses, et entr'ouvrira leur sabot.
17 ၁၇ သိုးစု ကို စွန့်ပစ် သော အချည်းနှီး သိုးထိန်း သည် အမင်္ဂလာ ရှိစေသတည်း။ သူ ၏လက်ရုံး နှင့် လက်ျာ မျက်စိ ၌ ထား ဘေးရောက်လိမ့်မည်။ လက်ရုံး သည် အကုန်အစင် ခြောက်ကပ်လိမ့်မည်။ လက်ျာ မျက်စိ သည် အကုန်အစင် မိုက်လိမ့်မည်ဟု မိန့်တော်မူ၏။
Malheur au méchant pasteur qui abandonne ses brebis! que l'épée fonde sur son bras et sur son œil droit! que son bras sèche, et que son œil droit s'éteigne.